iMyanmarHouse.com - Best Property Website for Myanmar
×


ဆံပင္အေရာင္ဆိုးတဲ့အခါ ဆံပင္ခြၽတ္ေဆးေတြဟာ အနည္းနဲ႔အမ်ား ဆိုသလို ဆံသားေတြကို မြဲေျခာက္ပ်က္စီးေစပါတယ္။ ဆံပင္အေရာင္ မၾကာခဏ ဆိုသလို ေျပာင္းတတ္သူေတြမွာေတာ့ ဆံသားေတြဟာ သာမန္ထက္ ပိုမိုပ်က္စီး တတ္တာေၾကာင့္ ျပန္လည္ေကာင္းမြန္လာေစမယ့္ နည္းလမ္းေကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေခါင္းေလွ်ာ္ရည္ အျပင္းစားေတြနဲ႔ မၾကာခဏ ေခါင္းေလွ်ာ္ျခင္းဟာ ဆံသားကို ပိုမိုမြဲေျခာက္ၾကမ္းတမ္းေစႏိုင္ပါတယ္။ ဒါေၾကာင့္မလို႔ ေခါင္းေလွ်ာ္ရည္ ေ႐ြးခ်ယ္ ဝယ္ယူတဲ့အခါမ်ိဳးမွာ Sulphate Free ဆိုတဲ့ စာသားပါတဲ့ ေခါင္းေလွ်ာ္ရည္မ်ိဳးေတြနဲ႔ သဘာဝပစၥည္းေတြကိုအေျခခံ ထုတ္လုပ္ထားတဲ့ ေခါင္းေလွ်ာ္ရည္မ်ိဳးကို ေ႐ြးခ်ယ္သုံးစြဲသင့္ပါတယ္။

(၂) ခြၽတ္ေဆးေၾကာင့္ ဆံသားေတြဟာ မြဲေျခာက္ ပ်က္စီးေနတာျဖစ္တဲ့အတြက္ ေခါင္းေလွ်ာ္ၿပီးတဲ့အခါ Dryer သုံးၿပီး အေျခာက္ခံျခင္းမ်ိဳးေတြနဲ႔ အပူေပးကိရိယာေတြကို သုံးၿပီး ဆံပင္ မၾကာခဏ ျပဳျပင္ျခင္းမ်ိဳးေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။

(၃) မြဲေျခာက္ၾကမ္းတမ္းေနတဲ့ ဆံသားေတြအတြက္ အေကာင္းဆုံးနည္းလမ္း တခုကေတာ့ ေခါင္းမေလွ်ာ္ခင္တိုင္း အုန္းဆီ ဒါမွမဟုတ္ သံလြင္ဆီတမ်ိဳးမ်ိဳးကို ဦးေရျပားနဲ႔ ဆံသားအရင္းကေန အဖ်ားအထိ ခပ္႐ႊဲ႐ႊဲလိမ္းၿပီးမွ ေခါင္းေလွ်ာ္ေပးျခင္းက အထိေရာက္ဆုံး နည္းလမ္းတခုပဲ ျဖစ္ပါတယ္။

(၄) ခြၽတ္ေဆးေၾကာင့္ ပ်က္စီးေနတဲ့ ဆံသားေတြအတြက္ ေနာက္ထပ္ အေကာင္းဆုံးနည္းလမ္းတခုကေတာ့ သဘာဝပစၥည္းေတြျဖစ္တဲ့ ငွက္ေပ်ာသီး၊ ေထာပတ္သီး အစရွိတဲ့ အသီးေတြနဲ႔ ေပါင္းတင္ေပးတာ ျဖစ္ပါတယ္။ ငွက္ေပ်ာသီးကို ႀကိတ္ေခ်ၿပီးရလာတဲ့ အႏွစ္ကို ဦးေရျပားနဲ႔ ဆံသား အႏွံ႔ လိမ္းက်ံေပးၿပီးမွ ေခါင္းေလွ်ာ္တာမ်ိဳးနဲ႔ ေထာပတ္သီး အႏွစ္နဲ႔ ၾကက္ဥတို႔ကို ေရာစပ္ကာ ဆံသားအႏွံ႔ လိမ္းေပးၿပီး ေခါင္းေလွ်ာ္ေပးျခင္းတို႔က ခြၽတ္ေဆးထိထားတဲ့ ဆံေကသာေတြအတြက္ အေကာင္းဆုံးနည္းလမ္းတခုပဲ ျဖစ္ပါတယ္။

(၅) ဆံပင္ခြၽတ္ေဆးအမ်ားစုဟာ ဦးေရျပား အဆီဓာတ္ကို ခမ္းေျခာက္ေစၿပီး ဆံသားအစိုဓာတ္ကို ေလ်ာ့နည္းေစတာ ျဖစ္တဲ့အတြက္ ၾကက္ဥနဲ႔ ပ်ားရည္တို႔ကို ေရာစပ္ကာ ေခါင္းမေလွ်ာ္ခင္ နာရီဝက္အလိုတည္းက လိမ္းက်ံႏွိပ္နယ္ေပးၿပီးမွ ေခါင္းေလွ်ာ္ေပးျခင္းအားျဖင့္ ဆံသားအစိုဓာတ္ကို ျပန္လည္ျဖည့္တင္းေပးႏိုင္မွာ ျဖစ္ပါတယ္။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဆံပင်အရောင်ဆိုးတဲ့အခါ ဆံပင်ချွတ်ဆေးတွေဟာ အနည်းနဲ့အများ ဆိုသလို ဆံသားတွေကို မွဲခြောက်ပျက်စီးစေပါတယ်။ ဆံပင်အရောင် မကြာခဏ ဆိုသလို ပြောင်းတတ်သူတွေမှာတော့ ဆံသားတွေဟာ သာမန်ထက် ပိုမိုပျက်စီး တတ်တာကြောင့် ပြန်လည်ကောင်းမွန်လာစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခေါင်းလျှော်ရည် အပြင်းစားတွေနဲ့ မကြာခဏ ခေါင်းလျှော်ခြင်းဟာ ဆံသားကို ပိုမိုမွဲခြောက်ကြမ်းတမ်းစေနိုင်ပါတယ်။ ဒါကြောင့်မလို့ ခေါင်းလျှော်ရည် ရွေးချယ် ဝယ်ယူတဲ့အခါမျိုးမှာ Sulphate Free ဆိုတဲ့ စာသားပါတဲ့ ခေါင်းလျှော်ရည်မျိုးတွေနဲ့ သဘာဝပစ္စည်းတွေကိုအခြေခံ ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးချယ်သုံးစွဲသင့်ပါတယ်။

(၂) ချွတ်ဆေးကြောင့် ဆံသားတွေဟာ မွဲခြောက် ပျက်စီးနေတာဖြစ်တဲ့အတွက် ခေါင်းလျှော်ပြီးတဲ့အခါ Dryer သုံးပြီး အခြောက်ခံခြင်းမျိုးတွေနဲ့ အပူပေးကိရိယာတွေကို သုံးပြီး ဆံပင် မကြာခဏ ပြုပြင်ခြင်းမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။

(၃) မွဲခြောက်ကြမ်းတမ်းနေတဲ့ ဆံသားတွေအတွက် အကောင်းဆုံးနည်းလမ်း တခုကတော့ ခေါင်းမလျှော်ခင်တိုင်း အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီတမျိုးမျိုးကို ဦးရေပြားနဲ့ ဆံသားအရင်းကနေ အဖျားအထိ ခပ်ရွှဲရွှဲလိမ်းပြီးမှ ခေါင်းလျှော်ပေးခြင်းက အထိရောက်ဆုံး နည်းလမ်းတခုပဲ ဖြစ်ပါတယ်။

(၄) ချွတ်ဆေးကြောင့် ပျက်စီးနေတဲ့ ဆံသားတွေအတွက် နောက်ထပ် အကောင်းဆုံးနည်းလမ်းတခုကတော့ သဘာဝပစ္စည်းတွေဖြစ်တဲ့ ငှက်ပျောသီး၊ ထောပတ်သီး အစရှိတဲ့ အသီးတွေနဲ့ ပေါင်းတင်ပေးတာ ဖြစ်ပါတယ်။ ငှက်ပျောသီးကို ကြိတ်ချေပြီးရလာတဲ့ အနှစ်ကို ဦးရေပြားနဲ့ ဆံသား အနှံ့ လိမ်းကျံပေးပြီးမှ ခေါင်းလျှော်တာမျိုးနဲ့ ထောပတ်သီး အနှစ်နဲ့ ကြက်ဥတို့ကို ရောစပ်ကာ ဆံသားအနှံ့ လိမ်းပေးပြီး ခေါင်းလျှော်ပေးခြင်းတို့က ချွတ်ဆေးထိထားတဲ့ ဆံကေသာတွေအတွက် အကောင်းဆုံးနည်းလမ်းတခုပဲ ဖြစ်ပါတယ်။

(၅) ဆံပင်ချွတ်ဆေးအများစုဟာ ဦးရေပြား အဆီဓာတ်ကို ခမ်းခြောက်စေပြီး ဆံသားအစိုဓာတ်ကို လျော့နည်းစေတာ ဖြစ်တဲ့အတွက် ကြက်ဥနဲ့ ပျားရည်တို့ကို ရောစပ်ကာ ခေါင်းမလျှော်ခင် နာရီဝက်အလိုတည်းက လိမ်းကျံနှိပ်နယ်ပေးပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် ဆံသားအစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top