iMyanmarHouse.com - Best Property Website for Myanmar
×


စိုင္းစိုင္းခမ္းလႈိင္က Birthday Show အေၾကာင္း ပရိသတ္ေတြကို ေျပာျပရင္း စိတ္လႈပ္ရွားလို႔ေနပါတယ္။ ဒီ ပြဲႀကီးမွာ သူ႔ရဲ႕ ပရိသတ္ေတြေရာ၊ သူ႔ရဲ႕ သူငယ္ခ်င္းေတြကိုပါ စုံစုံလင္လင္ရွိေစခ်င္တယ္လို႔ဆိုပါတယ္။စိုင္းစိုင္းခမ္းလႈိင္က၂၀၁၉ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႔မွာ က်ေရာက္မယ့္ သူ႔ရဲ႕ Birthday Show ပြဲႀကီးကိုေတာ့ လုပ္ျဖစ္ေအာင္လုပ္မယ္လို႔ ပရိသတ္ေတြကို အသိေပးလိုက္ပါၿပီ။ ဒီပြဲဟာ သူ႔အတြက္ အေရးႀကီးတဲ့ ပြဲတစ္ပြဲ ျဖစ္လာလိမ့္မယ္လို႔လည္း ေျပာျပထားပါတယ္။

‘’ ဒီႏွစ္ Birthday Show ကို လုပ္ျဖစ္ေအာင္ လုပ္ပါမယ္။ ဒီႏွစ္က ၁၅ ႏွစ္ျပည့္ျဖစ္ပါတယ္။ 15 Years Anniversary လုပ္မွာျဖစ္ပါတယ္။ ဒီႏွစ္ေမြးေန႔က ကြၽန္ေတာ့္အတြက္ အင္မတန္အေရးႀကီးတဲ့ ေမြးေန႔ျဖစ္ပါတယ္။ ကြၽန္ေတာ့္သူငယ္ခ်င္းေတြ အကုန္လုံးကိုလည္း ဖိတ္မယ္။ တစ္စုတစ္စည္းတည္း ရွိေနေစခ်င္တယ္’’ လို႔ ဇန္နဝါရီလ ၃၁ ရက္ေန႔ ည ၈ နာရီ ၄၆ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ Live လႊင့္ရင္း ေျပာျပခဲ့တာျဖစ္ပါတယ္။

စိုင္းစိုင္းခမ္းလႈိင္ဟာ Birthday Show လုပ္ခဲ့တဲ့ ၁၅ ႏွစ္ျပည့္ အမွတ္တရအေနနဲ႔ သူ႔ရဲ႕ ပရိသတ္ေတြကို တစ္စုတစ္စည္းတည္း ေတြ႕ဆုံခ်င္တဲ့ ဆႏၵေတြကိုလည္း အခုလိုေျပာျပလာတာ ေတြ႕ရပါတယ္။


‘’ ၿပီးေတာ့ ကြၽန္ေတာ့္ ပရိသတ္ေတြအားလုံးကိုလည္း တစ္စုတစ္စည္းတည္း ရွိေနေစခ်င္တယ္။ ဘယ္ေနရာမွာ လုပ္ျဖစ္မလဲဆိုတာ ျပန္ၿပီးေတာ့ ေၾကညာပါမယ္။ ဘယ္ေနရာမွာပဲ လုပ္ျဖစ္လုပ္ျဖစ္ ကြၽန္ေတာ္ အားလုံးကို လာေစခ်င္တယ္၊ တျခားၿမိဳ႕ေတြက ပရိသတ္ေတြကိုလည္း လာေစခ်င္တယ္။ ဘာပဲျဖစ္ျဖစ္ ဧၿပီလ ၁၀ ရက္ေန႔ေလးကို သိမ္းဆည္းထားေပးပါ။ ကြၽန္ေတာ္တို႔ ဆုံခ်င္ပါေသးတယ္။’’ လို႔ ဆက္လက္ေျပာျပ ထားပါေသးတယ္။

စိုင္းစိုင္းရဲ႕ Birthday Show ကို ေစာင့္ေမွ်ာ္ေနၾကတဲ့ ပရိသတ္ေတြက အမ်ားႀကီးပါ။ လက္ရွိမွာလည္း စိုင္းစိုင္းခမ္းလႈိင္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ‘’ၾကာေတာ့သည္လည္း ေမာင့္စကား’’ ႐ုပ္ရွင္ဇာတ္ကားႀကီး က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စၿပီး ႐ုံတင္ျပသသြားမွာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ ထြန္းထြန္း၊ စိုင္းစိုင္းခမ္းလႈိင္ နဲ႔ ေဖြးေဖြး တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။

စိုင္းစိုင္းဟာ သ႐ုပ္ေဆာင္ပိုင္းနဲ႔ ပတ္သက္လို႔ ၂၀၀၇ခုႏွစ္မွာ မဂၤလာပါဇာတ္ကား၊ ၂၀၀၇ခုႏွစ္မွာ ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ၊ ၂၀၀၈ခုႏွစ္မွာ ရင္ခြင္ႏွင္းဆီ ၊ ၂၀၁၁ခုႏွစ္မွာ အာဒံရယ္ ဧဝရယ္ ဒႆရယ္၊ ၂၀၁၆ခုႏွစ္မွာ ေအဒင္ရဲ႕ နတ္သမီး၊ From Bangkok To Mandalay၊ ဂ်ဳန္းဂ်ဳန္းဂ်က္ဂ်က္ စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ထားသူ တစ္ဦး ျဖစ္ပါတယ္။ အဲ့ဒီေနာက္ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ စီးပြားေရး အေနနဲ႔ Frenzo Production မွာလည္း ဦးေဆာင္ သူတစ္ဦးလည္းျဖစ္သလို SAI Cosmetix ရဲ႕ ထုတ္လုပ္သူ တစ္ဦးလည္းျဖစ္ပါတယ္။


Credit: duwun

# Unicode Version ျဖင့္ ဖတ္ပါ #

စိုင်းစိုင်းခမ်းလှိုင်က Birthday Show အကြောင်း ပရိသတ်တွေကို ပြောပြရင်း စိတ်လှုပ်ရှားလို့နေပါတယ်။ ဒီ ပွဲကြီးမှာ သူ့ရဲ့ ပရိသတ်တွေရော၊ သူ့ရဲ့ သူငယ်ချင်းတွေကိုပါ စုံစုံလင်လင်ရှိစေချင်တယ်လို့ဆိုပါတယ်။စိုင်းစိုင်းခမ်းလှိုင်က၂၀၁၉ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ Birthday Show ပွဲကြီးကိုတော့ လုပ်ဖြစ်အောင်လုပ်မယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပါပြီ။ ဒီပွဲဟာ သူ့အတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့လည်း ပြောပြထားပါတယ်။

‘’ ဒီနှစ် Birthday Show ကို လုပ်ဖြစ်အောင် လုပ်ပါမယ်။ ဒီနှစ်က ၁၅ နှစ်ပြည့်ဖြစ်ပါတယ်။ 15 Years Anniversary လုပ်မှာဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့က ကျွန်တော့်အတွက် အင်မတန်အရေးကြီးတဲ့ မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေ အကုန်လုံးကိုလည်း ဖိတ်မယ်။ တစ်စုတစ်စည်းတည်း ရှိနေစေချင်တယ်’’ လို့ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၈ နာရီ ၄၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ Live လွှင့်ရင်း ပြောပြခဲ့တာဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ Birthday Show လုပ်ခဲ့တဲ့ ၁၅ နှစ်ပြည့် အမှတ်တရအနေနဲ့ သူ့ရဲ့ ပရိသတ်တွေကို တစ်စုတစ်စည်းတည်း တွေ့ဆုံချင်တဲ့ ဆန္ဒတွေကိုလည်း အခုလိုပြောပြလာတာ တွေ့ရပါတယ်။

‘’ ပြီးတော့ ကျွန်တော့် ပရိသတ်တွေအားလုံးကိုလည်း တစ်စုတစ်စည်းတည်း ရှိနေစေချင်တယ်။ ဘယ်နေရာမှာ လုပ်ဖြစ်မလဲဆိုတာ ပြန်ပြီးတော့ ကြေညာပါမယ်။ ဘယ်နေရာမှာပဲ လုပ်ဖြစ်လုပ်ဖြစ် ကျွန်တော် အားလုံးကို လာစေချင်တယ်၊ တခြားမြို့တွေက ပရိသတ်တွေကိုလည်း လာစေချင်တယ်။ ဘာပဲဖြစ်ဖြစ် ဧပြီလ ၁၀ ရက်နေ့လေးကို သိမ်းဆည်းထားပေးပါ။ ကျွန်တော်တို့ ဆုံချင်ပါသေးတယ်။’’ လို့ ဆက်လက်ပြောပြ ထားပါသေးတယ်။

စိုင်းစိုင်းရဲ့ Birthday Show ကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေက အများကြီးပါ။ လက်ရှိမှာလည်း စိုင်းစိုင်းခမ်းလှိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကြာတော့သည်လည်း မောင့်စကား’’ ရုပ်ရှင်ဇာတ်ကားကြီး က ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင် နဲ့ ဖွေးဖွေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

စိုင်းစိုင်းဟာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်း ဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top