iMyanmarHouse.com - Best Property Website for Myanmar
×


ေလ့က်င့္ခန္းေတြ လုပ္ေနေပမယ့္ ကိုယ္အေလးခ်ိန္ မက်တာမ်ိဳးေတြ ေလ့က်င့္ခန္းလုပ္ရမွာ ပ်င္းၿပီး အလြန္အကြၽံ Diet လုပ္ေနသူေတြအတြက္ အလြယ္ကူဆုံးနဲ႔ အ႐ိုးရွင္းဆုံး ဝိတ္ခ်နည္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ေနသူေတြအတြက္ ပထမဦးဆုံး လုပ္ရမယ့္ အလြယ္ကူဆုံး နည္းလမ္းကေတာ့ အိပ္ေရးဝဝ အိပ္ဖို႔ပဲ ျဖစ္ပါတယ္။ ေလ့လာခ်က္ေတြအရ တေန႔မွာ အိပ္ခ်ိန္ ၇ နာရီခန႔္ ရွိျခင္းက ခႏၶာကိုယ္ရဲ႕ ဇီဝကမၼျဖစ္စဥ္ေတြကို မွန္ကန္ေစတဲ့အျပင္ ကယ္လိုရီေတြကိုပါ ေလာင္ကြၽမ္းေစႏိုင္တယ္လို႔ ဆိုပါတယ္။

(၂) ပ႐ိုတင္းဓာတ္ဟာ သာမန္လူေတြအတြက္ေရာ ဝိတ္ခ်ေနသူေတြ အတြက္ပါ မရွိမျဖစ္ လိုအပ္တဲ့ ဓာတ္တမ်ိဳး ျဖစ္ပါတယ္။ ပ႐ိုတင္းဓာတ္ဟာ ကယ္လိုရီေလာင္ကြၽမ္းမႈနဲ႔ အဆီပိုေတြကို ေခ်ဖ်က္ေပးရာမွာ အေထာက္အပံ့ ျဖစ္ေစတာေၾကာင့္ ပ႐ိုတင္းဓာတ္ ပါဝင္တဲ့ ၾကက္ဥ၊ပဲအမ်ိဳးမ်ိဳးနဲ႔ အေစ့ အဆံေတြကို အသားေတြအစား ပိုမိုစားေပးသင့္ပါတယ္။

(၃) ကယ္လိုရီေတြကို ျမန္ျမန္ဆန္ဆန္နဲ႔ အလြယ္ကူဆုံး ေလာင္ကြၽမ္းေပးႏိုင္တဲ့ နည္းလမ္းကေတာ့ လမ္းမ်ားမ်ား ေလွ်ာက္တာမ်ိဳးနဲ႔ အိမ္အလုပ္ေတြကို ကိုယ္တိုင္ဝင္လုပ္တာမ်ိဳး၊ ဓာတ္ေလွကား အသုံးမျပဳဘဲ ေလွကားပဲ အသုံးျပဳတာမ်ိဳး စတာေတြပဲ ျဖစ္ပါတယ္။ ဒီနည္းလမ္းေတြဟာ တနာရီမွာ၂၀ ကေန ၅၀ ကယ္လိုရီအထိ ေလာင္ကြၽမ္းေစႏိုင္ပါတယ္။

(၄) ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ေနသူေတြၾကား ႏိုင္ငံတကာမွာ ေရပန္းစားေနတဲ့ နည္းလမ္း တခုကေတာ့ “6/60 Rule” ဆိုတဲ့နည္းလမ္းပဲျဖစ္ပါတယ္။ ဒီနည္းလမ္းဟာ အရမ္းခ က္ခက္ခဲခဲႀကီးေတာ့ မဟုတ္ပါဘူး။ မိနစ္ ၆၀ ၾကာ အလုပ္ထိုင္ လုပ္ၿပီးတိုင္း ၆ မိနစ္ခန႔္ ထၿပီး ကိုယ္လက္လႈပ္ရွား ျပဳလုပ္ေပးတာပဲ ျဖစ္ပါတယ္။

(၅) ဝိတ္ခ်ေနသူေတြအတြက္ ေနာက္ထပ္အလြယ္ကူဆုံး နည္းလမ္းကေတာ့ ပီေကဝါးတာပဲ ျဖစ္ပါတယ္။ ပီေကဝါးျခင္းဟာ မ်က္ႏွာေပၚက အဆီပိုေတြကို ေလ်ာ့က်ေစႏိုင္တဲ့အျပင္ ေမးႏွစ္ထပ္ ျဖစ္ျခင္းနဲ႔ လည္ပင္းတဝိုက္က ႂကြက္သားေတြကို သန္မာေစၿပီး ကယ္လိုရီေလာင္ကြၽမ္းမႈကို အေထာက္အကူ ျဖစ္ေစပါတယ္။

Credit:Irrawaddy

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

လေ့ကျင့်ခန်းတွေ လုပ်နေပေမယ့် ကိုယ်အလေးချိန် မကျတာမျိုးတွေ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းပြီး အလွန်အကျွံ Diet လုပ်နေသူတွေအတွက် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး ဝိတ်ချနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်အလေးချိန် လျှော့ချနေသူတွေအတွက် ပထမဦးဆုံး လုပ်ရမယ့် အလွယ်ကူဆုံး နည်းလမ်းကတော့ အိပ်ရေးဝဝ အိပ်ဖို့ပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ တနေ့မှာ အိပ်ချိန် ၇ နာရီခန့် ရှိခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို မှန်ကန်စေတဲ့အပြင် ကယ်လိုရီတွေကိုပါ လောင်ကျွမ်းစေနိုင်တယ်လို့ ဆိုပါတယ်။

(၂) ပရိုတင်းဓာတ်ဟာ သာမန်လူတွေအတွက်ရော ဝိတ်ချနေသူတွေ အတွက်ပါ မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တမျိုး ဖြစ်ပါတယ်။ ပရိုတင်းဓာတ်ဟာ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ အဆီပိုတွေကို ချေဖျက်ပေးရာမှာ အထောက်အပံ့ ဖြစ်စေတာကြောင့် ပရိုတင်းဓာတ် ပါဝင်တဲ့ ကြက်ဥ၊ပဲအမျိုးမျိုးနဲ့ အစေ့ အဆံတွေကို အသားတွေအစား ပိုမိုစားပေးသင့်ပါတယ်။

(၃) ကယ်လိုရီတွေကို မြန်မြန်ဆန်ဆန်နဲ့ အလွယ်ကူဆုံး လောင်ကျွမ်းပေးနိုင်တဲ့ နည်းလမ်းကတော့ လမ်းများများ လျှောက်တာမျိုးနဲ့ အိမ်အလုပ်တွေကို ကိုယ်တိုင်ဝင်လုပ်တာမျိုး၊ ဓာတ်လှေကား အသုံးမပြုဘဲ လှေကားပဲ အသုံးပြုတာမျိုး စတာတွေပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေဟာ တနာရီမှာ၂၀ ကနေ ၅၀ ကယ်လိုရီအထိ လောင်ကျွမ်းစေနိုင်ပါတယ်။

(၄) ကိုယ်အလေးချိန် လျှော့ချနေသူတွေကြား နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ နည်းလမ်း တခုကတော့ “6/60 Rule” ဆိုတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အရမ်းခ က်ခက်ခဲခဲကြီးတော့ မဟုတ်ပါဘူး။ မိနစ် ၆၀ ကြာ အလုပ်ထိုင် လုပ်ပြီးတိုင်း ၆ မိနစ်ခန့် ထပြီး ကိုယ်လက်လှုပ်ရှား ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။

(၅) ဝိတ်ချနေသူတွေအတွက် နောက်ထပ်အလွယ်ကူဆုံး နည်းလမ်းကတော့ ပီကေဝါးတာပဲ ဖြစ်ပါတယ်။ ပီကေဝါးခြင်းဟာ မျက်နှာပေါ်က အဆီပိုတွေကို လျော့ကျစေနိုင်တဲ့အပြင် မေးနှစ်ထပ် ဖြစ်ခြင်းနဲ့ လည်ပင်းတဝိုက်က ကြွက်သားတွေကို သန်မာစေပြီး ကယ်လိုရီလောင်ကျွမ်းမှုကို အထောက်အကူ ဖြစ်စေပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top