iMyanmarHouse.com - Best Property Website for Myanmar
×

 ႐ုပ္႐ွင္ကားေတြမ်ားစြာ ဗီဒီယုိကားေတြမ်ားစြာနဲ႔ ပရိသတ္အားေပးမႈကုိ ရယူထားႏုိင္သလုိ ျမန္မာႏုိင္ငံရဲ႕ ပုရိသေယာက္်ားေတြ မက္ေမာရေလာက္တဲ့ မိန္းကေလးေတြလည္း အားက်ရေလာက္ Sexy က်တဲ့ အမုိက္စား ကုိယ္ခႏၶာကုိယ္ကုိ ပုိင္ဆုိင္ထားျပီး ဝတ္စားဆင္ယင္ပုံေၾကာင့္ ေဝဖန္ခံရမႈ မ်ားေနတဲ့ မင္းသမီးသင္ဇာဝင့္ေက်ာ္ကေတာ့ လာမယ့္ အကယ္ဒမီေပးပြဲက်ရင္လည္း အဝတ္အစားကုိ ထူးထူးဆန္းဆန္းျဖစ္ေအာင္ စီစဥ္ေနတယ္လုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

သင္ဇာဝင့္ေက်ာ္က “အဲ့တာေတာ့ ဒီဇုိင္နာနဲ႔ တိုင္ပင္ၿပီးေတာ့ ထူးထူးဆန္းဆန္းေလး လုပ္ျပဖုိ႔႐ွိပါတယ္။ ဒီဇိုင္းကုိေတာ့ ဒီဇုိင္နာကုိ သင္ဇာအဲ့လုိမ်ိဳး စိတ္ၾကဳိက္ လုပ္ပုိင္ခြင့္ေပးထားတယ္။ သင္ဇာကေတာ့ အေရာင္ေလးပဲ ေျပာထားေသးတာေပါ့ေနာ္။ “လုိ႔ ေျပာသြားခဲ့ပါတယ္။အကယ္ဒမီရင္ခုန္သံနဲ႔ ပတ္သက္ၿပီးေတာ့လည္း “ရင္ခုန္မႈကေတာ့ အရမ္း ရန္ခုန္တယ္ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကားေတြက အရမ္းမ်ားတယ္ေလ မ်ားေတာ့ ဘယ္သူရသြားမလဲဆုိတာ အရမ္းရင္ခုန္တယ္။ အကဲျဖတ္ဒုိင္ေတြ ဘယ္လုိေရြးၿပီးေတာ့ ဘယ္သူေတြကုိ ေပးၾကမလဲဆုိတာ အရမ္းရင္ခုန္တယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

အခုေနာက္ပုိင္းမွာ ကား႐ုိက္ေတြကုိေလွ်ာ့ၿပီး ပြဲတက္ေတြ မ်ားေနတာလားလုိ႔ ေမးျမန္းရာ “ေလွ်ာ့တယ္လုိ႔ေတာ့ မဟုတ္ဘူး ေရြးတာေပါ့ေနာ္။ ကုိယ့္ဆီလာတဲ့ ဇာတ္တုိင္းလည္း ကုိယ္လက္မခံျဖစ္ဘူး။ ၿပီးေတာ့ ဒီေဖေဖာ္ဝါရီလမွာ ႐ုိက္မယ့္ ဒါ႐ုိက္တာ ေက်ာ္ေဇာလင္းနဲ႔ကားေလ အဲ့ကားလည္း ရက္ေရႊ႔သြားတယ္။ ေအးျမတ္သူမအားလုိ႔ေပါ့ေနာ္ ရက္ေရႊ႕သြားတဲ့အခါက်ေတာ့ ဒီၾကားထဲမွာ ဒီတစ္ကားမ႐ုိက္ျဖစ္လုိက္ေတာ့ ဇာတ္ကား႐ုိက္ ၾကဲတဲ့ သေဘာမ်ိဳး ျဖစ္သြားတဲ့ သေဘာမ်ိဳး ျဖစ္သြားတာပါ။ ေနာက္ပုိင္းေတြလည္း ႐ုိက္အုန္းမွာ ၿပီးေတာ့ ပူတာအုိက ျပန္လာရင္လည္း ခရီးသြားေကာက္ေၾကာင္းဆုိတဲ့ Canal Plus မွာျပမယ့္ ဒီ Documentary ေလး႐ုိက္ဖုိ႔ ႐ွိတယ္။ အဲ့တာေလးေတြလည္း ႐ုိက္မွာေပါ့ေနာ္ TV Channel နဲ႔ပတ္သက္တဲ့ ဟာေလးေတြလည္း ႐ုိက္သြားမွာပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ေရခဲေတာင္မွာ ဒါ႐ုိက္တာက ဆင္ဆာရရင္ ခြၽတ္ၿပီး ႐ုိက္ခုိင္းမယ္ဆုိတာနဲ႔ ပတ္သက္ၿပီး “သူက အဲ့တာ တကယ္ေတာ့ ေနာက္ေျပာတာပါ။ တကယ္တမ္း သူလည္း အဲ့ေလာက္ႀကီး မ႐ုိက္ရဲပါဘူး။ ဒီကားက ခြၽတ္တဲ့အခန္းက အေရးႀကီးတယ္လုိ႔သာ သူက အဲ့လုိမ်ိဳးေျပာတာပါ။ အမွန္တကယ္က အဲ့ေလာက္ႀကီးလည္း သူျပမွာ မဟုတ္ပါဘူး။ ခါတုိင္း သမ႐ုိးက်ပဲ အဲ့လုိပဲ ခြၽတ္လုိက္ တယ္ဆုိတဲ့ဟာမ်ိဳးေလးပဲ အဲ့လုိေလးပဲ ျပမယ္ထင္ပါတယ္။

အဓိကေတာ့ ေရခဲေတာင္မွာ ႐ုိက္မယ္ဆုိေတာ့ ဘဝမွာ ႐ုပ္႐ွင္႐ုိက္ကူးဖုိ႔မေျပာနဲ႔ ဒီအတုိင္းေတာင္ ေရခဲေတာင္ကုိ သြားမလည္ဖူးဘူးေလ တကယ္လည္း သြားလည္ခ်င္တဲ့အခါက်ေတာ့ ႐ုိက္ကူးဖုိ႔လည္း အခြင့္အခါေပးလာတဲ့ အခါက်ေတာ့ ဒီကားေလးကုိ ႐ုိက္ျဖစ္သြားတာေပါ့ လက္ခံျဖစ္သြားတာေပါ့ေနာ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

Credit: nanmalgyi
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 ရုပ်ရှင်ကားတွေများစွာ ဗီဒီယိုကားတွေများစွာနဲ့ ပရိသတ်အားပေးမှုကို ရယူထားနိုင်သလို မြန်မာနိုင်ငံရဲ့ ပုရိသယောက်ျားတွေ မက်မောရလောက်တဲ့ မိန်းကလေးတွေလည်း အားကျရလောက် Sexy ကျတဲ့ အမိုက်စား ကိုယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဝတ်စားဆင်ယင်ပုံကြောင့် ဝေဖန်ခံရမှု များနေတဲ့ မင်းသမီးသင်ဇာဝင့်ကျော်ကတော့ လာမယ့် အကယ်ဒမီပေးပွဲကျရင်လည်း အဝတ်အစားကို ထူးထူးဆန်းဆန်းဖြစ်အောင် စီစဉ်နေတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

သင်ဇာဝင့်ကျော်က “အဲ့တာတော့ ဒီဇိုင်နာနဲ့ တိုင်ပင်ပြီးတော့ ထူးထူးဆန်းဆန်းလေး လုပ်ပြဖို့ရှိပါတယ်။ ဒီဇိုင်းကိုတော့ ဒီဇိုင်နာကို သင်ဇာအဲ့လိုမျိုး စိတ်ကြိုက် လုပ်ပိုင်ခွင့်ပေးထားတယ်။ သင်ဇာကတော့ အရောင်လေးပဲ ပြောထားသေးတာပေါ့နော်။ “လို့ ပြောသွားခဲ့ပါတယ်။အကယ်ဒမီရင်ခုန်သံနဲ့ ပတ်သက်ပြီးတော့လည်း “ရင်ခုန်မှုကတော့ အရမ်း ရန်ခုန်တယ် ဘာဖြစ်လို့လဲဆိုတော့ ကားတွေက အရမ်းများတယ်လေ များတော့ ဘယ်သူရသွားမလဲဆိုတာ အရမ်းရင်ခုန်တယ်။ အကဲဖြတ်ဒိုင်တွေ ဘယ်လိုရွေးပြီးတော့ ဘယ်သူတွေကို ပေးကြမလဲဆိုတာ အရမ်းရင်ခုန်တယ်။”လို့ ပြောသွားခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ ကားရိုက်တွေကိုလျှော့ပြီး ပွဲတက်တွေ များနေတာလားလို့ မေးမြန်းရာ “လျှော့တယ်လို့တော့ မဟုတ်ဘူး ရွေးတာပေါ့နော်။ ကိုယ့်ဆီလာတဲ့ ဇာတ်တိုင်းလည်း ကိုယ်လက်မခံဖြစ်ဘူး။ ပြီးတော့ ဒီဖေဖော်ဝါရီလမှာ ရိုက်မယ့် ဒါရိုက်တာ ကျော်ဇောလင်းနဲ့ကားလေ အဲ့ကားလည်း ရက်ရွှေ့သွားတယ်။ အေးမြတ်သူမအားလို့ပေါ့နော် ရက်ရွှေ့သွားတဲ့အခါကျတော့ ဒီကြားထဲမှာ ဒီတစ်ကားမရိုက်ဖြစ်လိုက်တော့ ဇာတ်ကားရိုက် ကြဲတဲ့ သဘောမျိုး ဖြစ်သွားတဲ့ သဘောမျိုး ဖြစ်သွားတာပါ။ နောက်ပိုင်းတွေလည်း ရိုက်အုန်းမှာ ပြီးတော့ ပူတာအိုက ပြန်လာရင်လည်း ခရီးသွားကောက်ကြောင်းဆိုတဲ့ Canal Plus မှာပြမယ့် ဒီ Documentary လေးရိုက်ဖို့ ရှိတယ်။ အဲ့တာလေးတွေလည်း ရိုက်မှာပေါ့နော် TV Channel နဲ့ပတ်သက်တဲ့ ဟာလေးတွေလည်း ရိုက်သွားမှာပါ။”လို့ ပြောသွားခဲ့ပါတယ်။

ရေခဲတောင်မှာ ဒါရိုက်တာက ဆင်ဆာရရင် ချွတ်ပြီး ရိုက်ခိုင်းမယ်ဆိုတာနဲ့ ပတ်သက်ပြီး “သူက အဲ့တာ တကယ်တော့ နောက်ပြောတာပါ။ တကယ်တမ်း သူလည်း အဲ့လောက်ကြီး မရိုက်ရဲပါဘူး။ ဒီကားက ချွတ်တဲ့အခန်းက အရေးကြီးတယ်လို့သာ သူက အဲ့လိုမျိုးပြောတာပါ။ အမှန်တကယ်က အဲ့လောက်ကြီးလည်း သူပြမှာ မဟုတ်ပါဘူး။ ခါတိုင်း သမရိုးကျပဲ အဲ့လိုပဲ ချွတ်လိုက် တယ်ဆိုတဲ့ဟာမျိုးလေးပဲ အဲ့လိုလေးပဲ ပြမယ်ထင်ပါတယ်။

အဓိကတော့ ရေခဲတောင်မှာ ရိုက်မယ်ဆိုတော့ ဘဝမှာ ရုပ်ရှင်ရိုက်ကူးဖို့မပြောနဲ့ ဒီအတိုင်းတောင် ရေခဲတောင်ကို သွားမလည်ဖူးဘူးလေ တကယ်လည်း သွားလည်ချင်တဲ့အခါကျတော့ ရိုက်ကူးဖို့လည်း အခွင့်အခါပေးလာတဲ့ အခါကျတော့ ဒီကားလေးကို ရိုက်ဖြစ်သွားတာပေါ့ လက်ခံဖြစ်သွားတာပေါ့နော်။”လို့ပြောသွားခဲ့ပါတယ်။

Credit: nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top