iMyanmarHouse.com - Best Property Website for Myanmar
×





Credit:BurmeseAsia
#Unicode Version#
  လတ်တလော နာမည်ကြီးနေတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးက လိုအပ်တဲ့ ဇာတ်ဝင်ခန်းအချို့ကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးက ဟောင်ကောင်အက်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ထိုဇာတ်ကားမှ ၂၅ မိနစ်စာလောက်အခန်းတွေကို ရန်ကုန်မြို့မှာ လာရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။

ပရိသတ်ကြီးချစ်တဲ့ မင်းသားချောတွေဖြစ်တဲ့ အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်က မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။ Casting မှာ နာမည် ပါလာတာ သေချာပေမယ့် ဘယ်အခန်းမှာ ပါဝင်ရမလဲဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့ အောင်မြင့်မြတ်က ဆိုထားပါတယ်။

Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ကတည်းက ရန်ကုန်မြို့ YMCA ခန်းမ၊ သာကေတ တိုင်းရင်းသာကျေးရွာနှင့် ရွှေတိဂုံဘုရား မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Line Walker ရုပ်ရှင်ဇာတ်ကားကြီးက လူကုန်ကူးမှုတိုက်ဖျက်နှိမ်နင်းရေး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး မြန်မာပြည်မှာ လာရောက်ရိုက်ကူးစဉ် အစဉ်ပြေချောမွေ့စေရန် ပြည်သူများနဲ့ သက်ဆိုင်ရာဌာနတို့က ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့ ပါဝင်ရမယ့် အခန်းတွေက ဖေဖော်ဝါရီ ၁၈ ၁၉ ၂၀ မှာ ရိုက်ကူးမှာ ဖြစ်ပါတယ်။ အခုလို နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာနိုင်ငံသား သရုပ်ဆောင်တွေအနေနဲ့ အခုလို ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတာ ဂုဏ်ယူစရာပဲနော်။ အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့ အနေနဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးမှာ ဘယ်လိုတွေ သရုပ်ဆောင်ဦးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးပါဦးနော်

Credit:BurmeseAsia

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top