UAB ၊ iGREEN ႏွင့္ iMyanmarHouse.com တို႔ ပူးေပါင္းက်င္းပမည့္ 1sqft 50,000 ေက်ာ္ျဖင့္ စတင္ေရာင္းမည့္ အတန္ဆံုးအိမ္ရာအေရာင္းျပပြဲ
×

သံုးမိနစ္ပဲေစာင့္ လို႔ ေျပာလိုက္တာနဲ႔ ပိတ္သတ္ႀကီးက အိမ္သာေက်ာ္ဇင္ေလးကို ေျပးျမင္လိုက္တာပဲမလား … ပိန္႔ေညာင္လည္း သူ႔ပဲ ေျပးျမင္တာပါပဲ၊ အပ်ိဳတုန္းကဆို လႊတ္ခ်စ္ဖို႔ေကာင္းတဲ့သူေလး၊ သရုပ္ေဆာင္တာေလးလည္း မဆိုးတဲ့အျပင္ သူ႔အသံေလးက တစ္မ်ိဳးထူးျခားေနတာမလား ….

အခု ဒီေန႔ေတာ့ တီဗီမွာ လာလာေနတဲ့ သူ႔ေၾကာ္ျငာ သံုးမိနစ္ပဲေစာင့္ ဆိုတဲ့အေၾကာင္းေလး ေျပာျပမလို႔၊ အသင့္စား ေခါက္ဆြဲေျခာက္အေၾကာင္းေလ …..
ဘယ္လိုလဲ …. နားေထာင္မွာလား …..

အသင့္စားေခါက္ဆြဲေျခာက္ (Instant noodle) လို႔ ေျပာလိုက္တာနဲ႔ သူ႔မွာထူးျခားမႈေတြပါလာၿပီ၊ ဒါဟာ ရိုးရိုးေခါက္ဆြဲေျခာက္ေတြနဲ႔ မတူဘူးဆိုတာမ်ိဳးသေဘာသြားက နာမည္မွာတင္ပါလာတဲ့သေဘာပဲ၊ အသင့္စား (Instant) ဆိုတဲ့ ဝိေသသပုဒ္က ဒီလိုကြဲျပားမႈကို ညႊန္းဆိုေနတာ၊ ဒီစကားလံုး၊ ဒီဂုဏ္ပုဒ္ကိုပဲ အိမ္သာေက်ာ္ဇင္ရဲ႕ သံုးမိနစ္ပဲေစာင့္ ဆိုတာေလးက ကိုယ္စားျပဳေနတာ၊ ရိုးရိုးေခါက္ဆြဲေျခာက္နဲ႔ အသင့္စားေခါက္ဆြဲေျခာက္တို႔ရဲ႕ အဓိက ကြာျခားခ်က္က ခ်က္ျပဳတ္ျပင္ဆင္ဖို႔ လိုအပ္တဲ့အခ်ိန္ပဲ၊ အသင့္စားေခါက္ဆြဲေျခာက္က အိမ္သာေက်ာ္ဇင္ေလး ေျပာသလို သံုးမိနစ္ပဲ၊ အျခားေခါက္ဆြဲေျခာက္ေတြက်ေတာ့ ဒီေလာက္နဲ႔ မရဘူး။ အဲ့ဒါက အသင့္စားေခါက္ဆြဲေျခာက္ေတြရဲ႕ အလွတရားတစ္ခုပဲ၊ ဆက္ေျပာျပမယ္။

အသင့္စားေခါက္ဆြဲေျခာက္လို႔ေျပာလိုက္တာနဲ႔ အေတာ္မ်ားမ်ားမ်က္စိထဲမွာ လိမ္တြန္႔ လိမ္တြန္႔ ေလးေထာင့္ ေခါက္ဆြဲေျခာက္တံုး ေလးရယ္၊ ဟင္းခတ္အေမႊးအႀကိဳင္ထုပ္ေလးရယ္၊ ဆီအႏွစ္လို အထုပ္ေလးရယ္ကို ပလပ္စတစ္အိတ္ထဲမွာ ထည့္ထားတဲ့ အထုပ္ေလးေတြကို အရင္ဆံုးေျပးျမင္မိၾကမွာပဲ၊ ဟုတ္တယ္ေလ၊ ဒါေတြက အမ်ားစုကိုး၊ ဒါ့အျပင္ စားဖို႔ျပင္ဆင္ရာမွာ စားသံုးသူကို ဒိထက္ပိုမိုလြယ္ကူ အဆင္ေျပေအာင္ ထည့္စရာခြက္ပါ တပါတည္းပါေအာင္လုပ္ေပးထားတဲ့ အသင့္စား ေခါက္ဆြဲေျခာက္ဘူးေတြလည္း ရွိတယ္ေလ၊ အခ်ိဳ႕ဆို ဇြန္းေလးေတြေတာင္ တြဲထည့္ေပးတတ္ၾကေသးတယ္၊ အဲ့လိုဘူးေတြထဲမွာဆိုရင္ ဘူးထဲမွာ ေခါက္ဆြဲေျခာက္အျပင္ အထုပ္ေလးနဲ႔မဟုတ္ဘဲ ၾကက္သြန္မိတ္၊ မိႈ၊ ၾကက္သြန္ျဖဴတို႔လို ဟင္းခတ္အသီးအရြက္ေျခာက္ေလးေတြလည္း ပါတတ္တယ္၊ အမႈန္႔ေတြကေတာ့ အထုပ္ကေလးနဲ႔ ထည့္ၾကတာပါပဲ။

ဒီေနရာမွာလည္း ထူးျခားမႈတစ္ခု ရွိေသးတယ္ အိမ္သာေက်ာ္ဇင္ကို အိတ္နဲ႔ထည့္တာျဖစ္ျဖစ္၊ ဘူးနဲ႔ ခြက္နဲ႔ ထည့္တာျဖစ္ျဖစ္ အထဲက ေခါက္ဆြဲေျခာက္တံုးက ေလးေထာင့္ျဖစ္ျဖစ္ အဝိုင္းတံုးျဖစ္ျဖစ္ သူတို႔မွာ ဘံုတူညီခ်က္တစ္ခု ရွိေသးတယ္၊ ဘူ သတိထားမိလဲ၊ ေျပာျပမယ္၊ ဘာတံဆိပ္နဲ႔ လာလာ၊ ဘယ္လိုပဲ ထုပ္ပိုးသည္ျဖစ္ေစ အထဲက ေခါက္ဆြဲေျခာက္က အကုန္ လိန္တြန္႔ လိန္တြန္႔ေလးေတြခ်ည္းပဲ၊ ဟုတ္တယ္မလား၊ ဒီအသင့္စားေခါက္ဆြဲေျခာက္ထုတ္တဲ့ ကုမၸဏီေတြ တစ္ခုနဲ႔တစ္ခု ဇာတ္တိုက္ၿပီး ညွိထားၾကတာေတာ့ ဟုတ္ဟန္မတူဘူး၊ အႀကံအစည္တစ္ခုခုေတာ့ ရွိရမယ္ … ေကာင္းမွေကာင္းးးး

ဟုတ္တယ္ေနာ္၊ ရန္ေအာင္နဲ႔ ေမသန္းနုလား နႏၵာလွိုင္လား ေသခ်ာမမွတ္မိေတာ့ဘူး၊ သူတို႔ေၾကာ္ျငာတဲ့ စြန္ညီေနာင္ စြန္မင္းတံဆိပ္နဲ႔ ေခါက္ဆြဲဆိုတာမ်ိဳးက အသင့္စားအမ်ိဳးအစားမဟုတ္တဲ့ ရိုးရိုးေခါက္ဆြဲေျခာက္ေတြေလ၊ သူတို႔က ေျဖာင့္ေျဖာင့္စင္းစင္းအေခ်ာင္းပံုစံနဲ႔၊ မတူဘူး၊ မတူတာရယ္ တူေနၾကတာေတြရယ္မွာလည္း အေၾကာင္းတရားေတြရွိတယ္၊ အသင့္စားေခါက္ဆြဲေျခာက္ေတြ အကုန္တြန္႔ေနတာက အားအားယားယား တြန္႔ခ်င္လို႔ တြန္႔ေနၾကတာ မဟုတ္ဘူး၊ အေၾကာင္းရွိသယ္။ စကားမစပ္ ဒီပို႔စ္ေရးလို႔ ေခါက္ဆြဲေျခာက္တံဆိပ္ေတြ ေၾကာ္ျငာဝင္ေနတယ္ ထင္မေနနဲ႔၊ သူတို႔ေၾကာ္ျငာေတြ အားေကာင္းလြန္းလို႔ ပိန္႔ေညာင္တို႔စိတ္ထဲ စြဲက်န္ေနလို႔ မွတ္မိေနတာ၊ ေစာနက ေျပာတဲ့ ေခါက္ဆြဲေၾကာ္ျငာသီခ်င္းကလည္း စာသားေလးေတြက လန္းတယ္၊ စားၿပီးရင္လည္း ထပ္စားခ်င္တုန္းပဲ …… ဆိုလား၊ ဒီေၾကာ္ျငာသီခ်င္းလာရင္ သရုပ္ေဆာင္မင္းသမီးကို ၾကည့္ၾကည့္ၿပီး ဂလု ေနရတယ္၊ စားခ်င္လာတာ ဆိုတာမ်ားေလ၊ ေခါက္ဆြဲ ေျပာပါတယ္ ……

အဲ့ဒီေတာ့ ေျပာရမယ္ဆိုရင္ အသင့္စားေခါက္ဆြဲေျခာက္ရဲ႕ အဓိက အလွတရားက ေရေႏြးရွိရံုနဲ႔ အခ်ိန္တိုအတြင္း စားေသာက္လို႔ရျခင္းပဲ၊ အဲ့ဒီေတာ့ တစ္ကိုယ္ရည္ တစ္ကာယသမားေတြ၊ အေဆာင္ေန ေက်ာင္းသား ဝန္ထမ္း လုပ္သားေတြ နဲ႔ တကူးတက ခ်က္ျပဳတ္စားေသာက္ဖို႔ အခ်ိန္မရတဲ့သူေတြနဲ႔ ငပ်င္းေတြအတြက္ ဒီလို အသင့္စားေခါက္ဆြဲေျခာက္ေတြဟာ မျဖစ္မေန ေဆာင္ထားၾကရတဲ့ အေဖာ္မြန္ေလး ျဖစ္လို႔ေနေလရဲ႕၊ ဟုသယ္မလား၊ လူဒိုင္း လူဒိုင္းလည္း စားဖူးၾကမယ္ထင္ပါ့၊ ပိန္႔ေညာင္လည္း အေျခအေနအရ မၾကာခန ဆြဲဖူးသေပါ့။

ဒီအသင့္စားေခါက္ဆြဲေျခာက္ရဲ႕ ထူးျခားတဲ့သဘာဝေလးေတြရဲ႕ လ်ိဳ႕ဝွက္ခ်က္အေၾကာင္း အခု ရွင္းျပမယ္၊ အျခားေခါက္ဆြဲေျခာက္ေတြကိုစားဖို႔ ဆိုရင္ ျပဳတ္ရတယ္၊ ျပဳတ္ခ်ိန္လည္း အထိုက္အေလ်ာက္ေပးရတယ္၊ အိမ္သာေက်ာ္ဇင္ေလးကို စားမယ္ဆိုရင္ သံုးမိနစ္ပဲေစာင့္ရမယ္၊ ေရေႏြးေလး ရွိဖို႔ပဲလိုတယ္။ ဘာကြာတာလဲ၊ ထုတ္လုပ္တဲ့ နည္းစဥ္နဲ႔ ေဖာ္ျမဴလာမွာ ကြာသြားတာက လ်ိဳ႕ဝွက္ခ်က္ပဲ၊ ဒီလ်ိဳ႕ဝွက္ခ်က္ကို စတင္ရွာေဖြစမ္းသပ္ေတြ႕ရွိၿပီး ကမၻာေပၚမွာ အသင့္စားေခါက္ဆြဲေျခာက္ကို စတင္ထုတ္လုပ္ေရာင္းခ်ခဲ့သူကေတာ့ ဂ်ပန္တရုတ္ကျပား မိုမိုဖုကု အန္ဒို ဆိုတဲ့ ဂ်ပန္လူမ်ိဳး၊ သူက အမ်ိဳးမ်ိဳးစမ္းသပ္ၿပီးတဲ့ေနာက္ ပထမဆံုး အသင့္စားေခါက္ဆြဲေျခာက္ကို ၁၉၅၈ ခုႏွစ္မွာ ေစ်းကြက္တင္ ေရာင္းခ်ခဲ့တယ္၊ ရာမန္ လို႔ ဂ်ပန္လိုေခၚတဲ့ ၾကက္သားရာမန္ေပါ့၊ ရိုးရိုးေခါက္ဆြဲကိုက် ဂ်ပန္လို ေဆာဘ လို႔ေခၚတယ္၊ အခုလက္ရွိအခ်ိန္မွာသာ ဒီအသင့္စားေခါက္ဆြဲေျခာက္က ေစ်းသက္သာၿပီး လူတိုင္း လက္လွမ္းမီေနတာ၊ စေပၚခါစက သူက ရိုးရိုးသာမန္ေခါက္ဆြဲထက္ ေျခာက္ဆေလာက္ေတာင္ေစ်းႀကီးခဲ့တာ၊ တတ္နိုင္တဲ့ ေရေပၚဆီေတြသာ စားနိုင္ၾကတာမ်ိဳးရယ္။

အိမ္သာေက်ာ္ဇင္ေခါက္ဆြဲေျခာက္ ျပဳလုပ္နည္းက အျခားေခါက္ဆြဲေျခာက္လုပ္နည္းေတြနဲ႔ မရိုးစြဲတူတယ္လို႔ ေျပာလို႔ရေပမဲ့ အဓိက ကြာျခားတဲ့အခ်က္က အစိမ္းေျခာက္နဲ႔ အက်က္ေျခာက္ကြာတာလို႔ေျပာလို႔ရတယ္၊ ပဲမႈန္႔အစိမ္းမႈန္႔နဲ႔ အက်က္မႈန္႔ ကြာသလိုမ်ိဳးပဲ ဆိုပါေတာ့၊ အိမ္သာေက်ာ္ဇင္ေခါက္ဆြဲေျခာက္က က်က္ၿပီးသားအေျခာက္၊ သူက ေၾကာ္ထားတာ၊ ေမသန္းနုေခါက္ဆြဲေျခာက္က အစိမ္းေျခာက္၊ က်က္ၿပီးသားေခါက္ဆြဲေျခာက္မို႔လည္း ေရေႏြးစိမ္လိုက္တာနဲ႔ ျပန္ပြလာၿပီး အလြယ္အသင့္ စားလို႔ရတာ။ ဒီလို အက်က္ေျခာက္က အာရွတလႊားမွာ လုပ္ေလ့ရွိတဲ့အမ်ိဳး၊ အေမလိကားဖက္က အိမ္သာေက်ာ္ဇင္ေတြမွာေတာ့ အစိမ္းေျခာက္နဲ႔ လုပ္တာလည္း ရွိေတာ့ရွိတယ္။

အိမ္သာေက်ာ္ဇင္ရဲ႕ လ်ိဳ႕ဝွက္ခ်က္က ဂ်ံဳနယ္တဲ့ အခ်ိန္မွာကတည္းကစတယ္၊ ဂ်ံဳမႈန္႔ေရြးခ်ယ္မႈကို ေျပာရရင္ အိမ္သာေက်ာ္ဇင္ အမ်ိဳးအစားအလိုက္ ရိုးရိုးသာမန္ဂ်ံဳမႈန္႔ေတြ သံုးတာရွိသလို ဒရယ္ဂ်ံဳ လို႔ေခၚတဲ့ ပန္းဂ်ံဳကို သံုးတာေတြလည္းရွိတယ္၊ အဓိက က ဂ်ံဳမွာပါဝင္တဲ့ အသားဓာတ္ရာခိုင္ႏႈန္း၊ အနည္းဆံုး ၈ ရာခိုင္ႏႈန္းေက်ာ္ကေန ၁၃ ရာခိုင္ႏႈန္းအတြင္းရွိတဲ့ ဂ်ံဳမႈန္႔ အမ်ိဳးအစားျဖစ္ဖို႔လိုတယ္။ ဒါမွ နယ္ထားတဲ့ ဂ်ံဳသားက ေခါက္ဆြဲ နန္းဆြဲလို႔ေကာင္းတယ္၊ ၿပီးေတာ့ ဒီေခါက္ဆြဲကို အေျခာက္ခံတဲ့ အခါ အက်ိဳးအေၾကနည္းတယ္။ ၿပီးေတာ့ ဒီလို အသားဓာတ္မ်ားတဲ့ဂ်ံဳကိုသံုးထားေတာ့ ေစာနကေျပာတဲ့ ေၾကာ္တဲ့အခ်ိန္မွာ ဆီအစုပ္နည္းတယ္၊ ဆီအစုပ္နည္းမွ ၾကာၾကာအထားခံတယ္၊ ေစ်းကြက္ထဲမွာ အိမ္သာေက်ာ္ဇင္ေတြ ဆီေခ်းေစာ္နံတာ သက္သာမယ္။

ကဲ … နယ္ၿပီ … ဂ်ံဳ
ဂ်ံဳမႈန္႔ကို ေရနဲ႔ ေရာနယ္တယ္၊ ဒီေနရာမွာ ေရအတိုင္းအဆက အေတာ္အေရးပါတယ္၊ ေရပမာဏက ဂ်ံဳမႈန္႔အေလးခ်ိန္ရဲ႕ ၃၀ ရာခိုင္ႏႈန္းကေန ၃၈ ရာခိုင္ႏႈန္းၾကားရွိသင့္တယ္၊ ဒါမွ ဒီနယ္ထားတဲ့ဂ်ံဳလံုး၊ နန္းဆြဲဖို႔ ႀကိတ္တဲ့အခါ ဂ်ံဳျပားက ကိုင္ရတြယ္ရ အဆင္ေျပတယ္၊ ဒါေပမဲ့ ဒီဂ်ံုသားထဲကေရက ေခါက္ဆြဲကို ေျခာက္ေအာင္ျပန္လုပ္တဲ့အဆင့္က်ေတာ့ ျပန္ထြက္သြားတာပါပဲ၊ နည္းနည္းပဲက်န္တယ္၊ ေခါက္ဆြဲေျခာက္ေအာင္လုပ္တဲ့နည္း ၂ နည္းထဲမွာ ေၾကာ္လိုက္တာကလည္း နည္းလမ္းတစ္ခုပဲ၊ အိမ္သာေက်ာ္ဇင္နဲ႔ ေမသန္းနုက အဲ့ဒီေနရာမွာကြာတယ္။

ေနာက္တစ္ခုက ဂ်ံဳနယ္တဲ့အခါ ဆားထည့္နယ္တယ္၊ ဆားေၾကာင့္ဂ်ံဳသားက ႀကိတ္တဲ့ နန္းဆြဲတဲ့ဒဏ္ကို ပိုခံနိုင္ရည္ရွိသလို ေခါက္ဆြဲသား နူးညံ့မႈနဲ႔ ႀကံဳ႕ဆန္႔နိုင္မႈ အားပိုေကာင္းလာတာ၊ အိမ္သာေက်ာ္ဇင္ကို ေရေႏြးစိမ္ၿပီး စားလို႔အဆင္ေျပတဲ့ အေနအထားေရာက္လာတဲ့အခါ ေခါက္ဆြဲလိမ္တြန္႔တြန္႔ေလးေတြက စပလိမ္ေလးေတြလို ဆြဲႀကံဳ႕နိုင္တဲ့သဘာဝေလး ရွိလာတာကို ပိတ္သတ္ႀကီး သတိထားမိၾကတယ္မလား၊ တူနဲ႔ညွပ္စားတဲ့အခါ ေကာင္းေကာင္းမညွပ္မိလို႔ ပန္းကန္ထဲ ျပန္ျပဳတ္က်ရင္ ဖလြတ္ဆိုၿပီး စပလိမ္ေလးလို ရုန္းသြားတာမႈတ္လား၊ ေမသန္းနုတို႔က်ေတာ့ ဒီလိုမ်ိဳးဆို ေအးေဆး ေရွာခနဲပဲက်တာ၊ အဲ့ဒါ အိမ္သာေက်ာ္ဇင္မွာ ဆားကို ခပ္ေလးေလးထည့္ထားလို႔၊ ေမသန္းနုထက္ ငံတယ္၊ အိမ္သာေက်ာ္ဇင္တစ္ထုပ္၊ တစ္ခြက္မွာပါတဲ့ဆားက လူတစ္ေယာက္ တစ္ေန႔တာ လိုအပ္တဲ့ဆားဓာတ္ပမာဏရဲ႕ ထက္ဝက္ေက်ာ္ေလာက္ေတာင္ပါတယ္၊ ဒီေတာ့ ေျပာရရင္ တစ္ေန႔ အိမ္သာေက်ာ္ဇင္ ၂ ထုပ္စားရင္ ဒီလူမွာ ဆားအဝင္က လိုအပ္တာထက္ပိုသြားတယ္၊ ဒါေၾကာင့္ ေသြးတိုးရွိတဲ့ အဖိုးႀကီးေတြ အိမ္သာေက်ာ္ဇင္နဲ႔ မတည့္ဘူး၊ ထိန္းစား၊ ေမသန္းနုေလာက္ေတာ့ ရေသးတယ္။

ဂ်ံဳနယ္တဲ့အခါ ထည့္မည့္ေရထဲကို ေဆာ္ဒါလိုဟာမ်ိဳးလည္းထည့္ရေသးတယ္၊ ဒါကိုလည္း တနည္း ဆားအုပ္စုဝင္လို႔ပဲ မွတ္ရမယ္၊ အဲ့လို ဆားနဲ႔ ဓာတ္ဆားေတြထည့္ရတာက အိမ္သာေက်ာ္ဇင္ကို ပိုးမႊားဖ်က္ဆီးလို႔ ပ်က္စီးသြားမွာကို ကာကြယ္နိုင္တာေၾကာင့္လည္းပါတယ္၊ ဒါ့အျပင္ ဒီဆားေတြနဲ႔ ဂ်ံဳမွာပါတဲ့ ဂလူတန္လို႔ေခၚတဲ့ အသားဓာတ္နဲ႔ ဆားနဲ႔ေတြ႕ၿပီး ဒီဂလူတန္ေတြက ေခါက္ဆြဲသားမွာ နုညံ့ၿပီး ကပ္ေစးေစးျဖစ္တဲ့ အာနိသင္ရတယ္၊ ေခါက္ဆြဲကိုစားလိုက္ရင္ ထုပ္ထုပ္ ထုပ္ထုပ္ေလးနဲ႔ အိေနတာ အဲ့ဒါေၾကာင့္၊ ၿပီးေတာ့ ေခါက္ဆြဲသားေလးက ဝါတာတာျဖစ္လာတာ သူတို႔ေၾကာင့္ပဲ၊ ဂ်ံဳမႈန္႔ရဲ႕ ေအာ္လဂ်င္နယ္အေရာင္က အျဖဴေရာင္ေပမဲ့ ဒီဆားေတြနဲ႔ ေတြ႕တဲ့အခါ ဂ်ံဳမႈန္႔ထဲမွာ ငုပ္လ်ိဳးေနတဲ့ အဝါေရာင္ေပးနိုင္တဲ့ ဓာတ္သေဘာေတြက ထေတာက္လာတာ။

ဒီ အသင့္စားေခါက္ဆြဲကို ေရေႏြးစိမ္ၿပီးေတာ့ ရလာတဲ့ ေခါက္ဆြဲသားနဲ႔ ေမသန္းနုေခါက္ဆြဲေျခာက္ကို ျပဳတ္လိုက္လို႔ ရလာတဲ့ ေခါက္ဆြဲ ၂ ခု ရုပ္ပိုင္းဆိုင္ရာဂုဏ္သတၱိ၊ အျမင္အာရံုမွာ ဘယ္လိုကြာသလဲ သတိထားမိၾကလား၊ အိမ္သာေက်ာ္ဇင္ေလးက မ်က္ႏွာျပင္ေလးက ဝင္းေျပာင္ၿပီး အလင္းေရာင္ကို ပိုျပန္တယ္၊ အဝါေရာင္ျခင္းတူရင္ေတာင္ ေမသန္းနုထက္ ပိုေတာက္ေျပာင္တယ္၊ ဟုတ္တယ္မလား၊ ေနာက္ရုပ္ဂုဏ္သတၱိတစ္ခုအေနနဲ႔က အိမ္သာေက်ာ္ဇင္က နုတယ္၊ စားလိုက္ရင္လည္း ထုပ္ထုပ္ ထုပ္ထုပ္နဲ႔ ေနတယ္၊ စပလိမ္ေလးလို ရုန္းနိုင္ ဆန္႔နိုင္လည္း ရွိတယ္၊ အဲ့ဒါေတြအားလံုးက စလံုးေရး စတဲ့ ေဖာ္ျမဴလာနဲ႔ ဂ်ံဳနယ္ျခင္းအဆင့္ကတည္းက အစျပဳတယ္။

ဒီလိုျဖစ္ဖို႔အတြက္က ဒါပဲလားဆိုေတာ့ မဟုတ္ေသးဘူး၊ က်န္ေသးတယ္။ ဂ်ံဳနယ္တဲ့အထဲမွာ အာလူးမႈန္႔နဲ႔ ေကာ္မႈန္႔လည္း သူ႔အခ်ိဳးက် ထည့္ရေသးတယ္၊ အဲ့ဒါေတြက အိမ္သာေက်ာ္ဇင္ရဲ႕ နူးညံ့မႈကိုသာမက သူေျပာတဲ့ လ်ိဳ႕ဝွက္ခ်က္တစ္ခုျဖစ္တဲ့ သံုးမိနစ္ပဲေစာင့္ ဆိုတာ သူတို႔ေတြပါေနလို႔၊ ေရေႏြးနဲ႔ စိမ္လိုက္တဲ့အခါ ေခါက္ဆြဲသားက ေရကို စုပ္ယူၿပီး အလြယ္တကူပြလာတာက ဒီလိုပါဝင္ပစၥည္းေတြေၾကာင့္ ျဖစ္သလို ေခါက္ဆြဲကို ေျခာက္ေအာင္ေၾကာ္လိုက္တဲ့အခ်ိန္မွာ ေနာင္တစ္ခ်ိန္မွာ ျပန္ဝင္လာမဲ့ေရအတြက္လည္း သူတို႔က လမ္းႀကိဳခင္းေပးထားတဲ့ သေဘာတရားေတြပါတယ္။ ဒါေတြကို အေထာက္အပံ့ျပဳဖို႔ထည့္တဲ့ ေနာက္တစ္ခု ရွိေသးတယ္၊ ေဖာ့စဖိတ္ဆိုတဲ့ဟာ၊ သူက အစားအေသာက္ထပ္ျဖည့္ပစၥည္း (Food additive) တစ္ခု၊ ေခါက္ဆြဲသား နူးညံ့ေပ်ာ့အိဖို႔ထည့္တာပဲ၊ ဂ်ံဳနယ္မည့္ေရထဲ ထည့္ေဖ်ာ္ၿပီး သံုးတာ၊ ဂ်ံဳအေလးခ်ိန္ စုစုေပါင္းရဲ႕ အပံု ၁၀၀၀ ပံု တစ္ပံုေလာက္ထည့္တယ္။

ေနာက္ဆံုးေျပာစရာတစ္ခု က်န္တာက ေၾကာ္တဲ့ဆီ၊ ဘာဆီနဲ႔ေၾကာ္ၾကသလဲ ေဗဒင္ေမးမေနနဲ႔၊ အေၾကာ္ခံတဲ့ စားအုန္းဆီပဲ၊ တစ္ထုပ္စာ တစ္ဘူးစာ တြန္႔လိမ္ေကာက္ေကြး ေခါက္ဆြဲပံုေလးေတြကို ဆီပူထဲ ျဖတ္သန္းသြားတဲ့နည္းနဲ႔ ေၾကာ္ၾကတယ္၊ ေၾကာ္လိုက္ေတာ့ ေခါက္ဆြဲက က်က္သြားသလို ေျခာက္လည္းေျခာက္သြားတယ္၊ ေခါက္ဆြဲသားထဲကိုလည္း ဆီေတြ စိမ့္ဝင္သြားတယ္၊ အစပိုင္းမွာ ေျပာသလို ဂ်ံဳက အသားဓာတ္မ်ားရင္ ဆီစုပ္ယူမႈနည္းတယ္ဆိုေပမဲ့ ပါတဲ့ကစီဓာတ္ေတြ အာလူးမႈန္႔ ေကာ္မႈန္႔ေတြနဲ႔ ေပါင္းလိုက္ရင္ ဆီကေတာ့စုပ္တာပဲ၊ ေခါက္ဆြဲသားပမာဏရဲ႕ ၂၀ ရာခိုင္ႏႈန္းေက်ာ္ေက်ာ္ေလာက္အထိကို စုပ္နိုင္တယ္၊ ဒီေတာ့ ဆီေလွ်ာ့စားရမည့္ ခႏၶာကိုယ္က်န္းမာေရးအေျခအေန ရွိသူေတြအေနနဲ႔လည္း အိမ္သာေက်ာ္ဇင္ကို သတိထားသင့္တယ္၊ အျမင္မွာ ေျခာက္ေပမဲ့ အတြင္းသားမွာ ဆီပါတယ္။

ကဲ …. ဒါေလာက္ပါပဲ။ အိမ္သာေက်ာ္ဇင္ကို တြန္႔လိမ္ေကာက္ေကြး ပံုစံျဖစ္ေအာင္လုပ္ထားတာက တစ္ပြဲစာ တစ္ထုပ္စာ ျဖတ္ေတာက္ပံုသြင္းလုပ္ရတာ လြယ္ေအာင္အျပင္ ေၾကာ္တဲ့အခါ ေခါက္ဆြဲတစ္မွ်င္ျခင္း ပတ္ခ်ာလည္ဆီနဲ႔ေတြ႕နိုင္ၿပီး အက်က္ညီေအာင္ရယ္၊ ေရေႏြးနဲ႔ ျပန္စိမ္တဲ့အခါက်ေတာ့လည္း အနူးအနပ္ညီေအာင္အတြက္လည္းပါတယ္။

အိမ္သာေက်ာ္ဇင္ကို ေရေႏြးစိမ္ၿပီး အနံ႔အရသာအတြက္ထည့္တဲ့ အထုပ္ေလးေတြကေတာ့ အမ်ိဳးမ်ိဳးေပါ့၊ အေျခခံ ဟင္းခတ္အေမႊးအႀကိဳင္နဲ႔ ၾကက္သား၊ ပုစြန္ အနံ႔အရသာေပးပစၥည္းေတြေပါ့၊ အထုပ္ေပၚမွာ ၾကက္ေပါင္ပံုႀကီးျပထားလို႔ အထုပ္ထဲမွာ ၾကက္ေပါင္ႀကီး ပါလာမယ္ မွတ္မေနနဲ႔၊ ၾကက္သားအနံ႔အရသာပဲပါတာ၊ အနံ႔အရသာ ဆိုရာမွာလည္း အသားကေန အဆီအႏွစ္ထုတ္ထားတဲ့ သဘာဝအနံ႔အရသာေတြရွိသလို လူလုပ္အနံ႔အရသာေတြလည္း ရွိတယ္။ အထုပ္ေပၚ ဘူးေပၚ တံဆိပ္ေပၚမွာ စားသံုးသူကို ထင္ေယာင္ထင္မွားျဖစ္ေစေလာက္တဲ့အထိ ေဖာ္ျပခ်က္မ်ိဳးကိုေတာ့ တားျမစ္ရမွာေပါ့၊ ဒါေပမဲ့လည္း ဒါမ်ိဳးဆိုတာ သူခိုး ပုလိပ္ စိန္ေျပးတမ္း ေဆာ့ရသလိုမ်ိဳးပါပဲ။

ေနာက္ဆံုးတစ္ခုအေနနဲ႔ အိမ္သာေက်ာ္ဇင္ဘူးေတြထဲမွာပါတတ္တဲ့ ဟင္းသီးဟင္းရြက္ေျခာက္ေတြအေၾကာင္း၊ အဲ့ဒီအေျခာက္ဖတ္ေလးေတြက ေရေႏြးနဲ႔စိမ္လိုက္တဲ့အခါ ျပန္ပြလာၿပီး လတ္လတ္ဆတ္ဆတ္နဲ႔ တစ္ထပ္တည္း မတူေသာ္လည္း ၾကက္သြန္မိတ္ကလည္း ၾကက္သြန္မိတ္စိမ္းစိမ္းေလးအတိုင္း၊ ၾကက္သြန္ျဖဴေျခာက္တို႔ မိႈေျခာက္တို႔ကလည္း သူ႔သဘာဝေလာက္နီးနီးေလးေတြ ျပန္ျဖစ္လာၾကတယ္၊ ဘာလို႔လဲ၊ တျခားဟာေတြ ထားပါေတာ့၊ ၾကက္သြန္မိတ္က အေျခာက္ကေန ျပန္ပြၿပီး အစိမ္းေရာင္ေလးအတိုင္းျပန္ျဖစ္လာတာက မထူးဆန္းဘူးလား၊ ၾကက္သြန္မိတ္ကို အေျခာက္လွန္းလိုက္ရင္ ညိဳမည္းသြားရမွာမဟုတ္ဘူးလား၊ အခုေတာ့ အစိမ္းေလးအတိုင္းကို ေျခာက္သြားတာ၊ ဒါ အေျခာက္ခံတဲ့ နည္းပညာတစ္ခုပဲ၊ ညီညီေမာင့္ကို သြားမေမးနဲ႔ေတာ့၊ ပိန္႔ေညာင္ပဲ ေျပာျပလိုက္မယ္၊ သဘာဝ ဟင္းသီးဟင္းရြက္ေတြကို အပူေပးအေျခာက္ခံနည္းကိုသံုးရင္ ကလိုရိုဖီးလို သဘာဝအစိမ္းေရာင္ေပးတဲ့ဓာတ္ေတြက အေရာင္ေပ်ာက္သြားတယ္၊ ညိုသြား မည္းသြားတတ္တယ္၊ အပူေၾကာင့္၊ အဲ့ဒီေတာ့ အပူမပါတဲ့ အေျခာက္ခံနည္းကိုသံုးတယ္၊ ေလဟာနယ္အေျခာက္ခံနည္းအျပင္ သူ႔ထက္ေကာင္းတဲ့ ေအးခဲအေျခာက္ခံနည္းေတြကိုသံုးၿပီး ဒီဟင္းသီးဟင္းရြက္ေတြကို အေျခာက္ခံလိုက္တဲ့အခါ သဘာဝအေရာင္ ေပ်ာက္မသြားဘူး၊ ဒါေလးပါပဲ။

ခ်ဳပ္ရရင္ လြယ္တယ္ ျမန္တယ္ သက္သာတယ္ ကုန္က်စရိတ္နည္းတယ္ ကရိကထနည္းတယ္ဆိုေပမဲ့ ဆိုဒီယမ္ဓာတ္နဲ႔ ဆီပါဝင္မႈမ်ားလို႔ ေသြးတိုး နွလံုးအဆီဖုံးသမားေတြနဲ႔ေတာ့ သိပ္မတည့္ဘူး၊ ဘာေတြေျပာေနေန ကိုယ့္ေဒါသနဲ႔ကိုယ္ အိမ္သာေက်ာ္ဇင္ေလးကိုမွ စားခ်င္ေနတယ္ဆိုရင္လည္း ဒီမယ္ ကိုယ့္လူ …..သံုးမိနစ္ပဲေစာင့္ ….

Credit: ပိန္ေညာင္

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
 သုံးမိနစ်ပဲစောင့် လို့ ပြောလိုက်တာနဲ့ ပိတ်သတ်ကြီးက အိမ်သာကျော်ဇင်လေးကို ပြေးမြင်လိုက်တာပဲမလား … ပိန့်ညောင်လည်း သူ့ပဲ ပြေးမြင်တာပါပဲ၊ အပျိုတုန်းကဆို လွှတ်ချစ်ဖို့ကောင်းတဲ့သူလေး၊ သရုပ်ဆောင်တာလေးလည်း မဆိုးတဲ့အပြင် သူ့အသံလေးက တစ်မျိုးထူးခြားနေတာမလား ….

အခု ဒီနေ့တော့ တီဗီမှာ လာလာနေတဲ့ သူ့ကြော်ငြာ သုံးမိနစ်ပဲစောင့် ဆိုတဲ့အကြောင်းလေး ပြောပြမလို့၊ အသင့်စား ခေါက်ဆွဲခြောက်အကြောင်းလေ …..
ဘယ်လိုလဲ …. နားထောင်မှာလား …..

အသင့်စားခေါက်ဆွဲခြောက် (Instant noodle) လို့ ပြောလိုက်တာနဲ့ သူ့မှာထူးခြားမှုတွေပါလာပြီ၊ ဒါဟာ ရိုးရိုးခေါက်ဆွဲခြောက်တွေနဲ့ မတူဘူးဆိုတာမျိုးသဘောသွားက နာမည်မှာတင်ပါလာတဲ့သဘောပဲ၊ အသင့်စား (Instant) ဆိုတဲ့ ဝိသေသပုဒ်က ဒီလိုကွဲပြားမှုကို ညွှန်းဆိုနေတာ၊ ဒီစကားလုံး၊ ဒီဂုဏ်ပုဒ်ကိုပဲ အိမ်သာကျော်ဇင်ရဲ့ သုံးမိနစ်ပဲစောင့် ဆိုတာလေးက ကိုယ်စားပြုနေတာ၊ ရိုးရိုးခေါက်ဆွဲခြောက်နဲ့ အသင့်စားခေါက်ဆွဲခြောက်တို့ရဲ့ အဓိက ကွာခြားချက်က ချက်ပြုတ်ပြင်ဆင်ဖို့ လိုအပ်တဲ့အချိန်ပဲ၊ အသင့်စားခေါက်ဆွဲခြောက်က အိမ်သာကျော်ဇင်လေး ပြောသလို သုံးမိနစ်ပဲ၊ အခြားခေါက်ဆွဲခြောက်တွေကျတော့ ဒီလောက်နဲ့ မရဘူး။ အဲ့ဒါက အသင့်စားခေါက်ဆွဲခြောက်တွေရဲ့ အလှတရားတစ်ခုပဲ၊ ဆက်ပြောပြမယ်။

အသင့်စားခေါက်ဆွဲခြောက်လို့ပြောလိုက်တာနဲ့ အတော်များများမျက်စိထဲမှာ လိမ်တွန့် လိမ်တွန့် လေးထောင့် ခေါက်ဆွဲခြောက်တုံး လေးရယ်၊ ဟင်းခတ်အမွှေးအကြိုင်ထုပ်လေးရယ်၊ ဆီအနှစ်လို အထုပ်လေးရယ်ကို ပလပ်စတစ်အိတ်ထဲမှာ ထည့်ထားတဲ့ အထုပ်လေးတွေကို အရင်ဆုံးပြေးမြင်မိကြမှာပဲ၊ ဟုတ်တယ်လေ၊ ဒါတွေက အများစုကိုး၊ ဒါ့အပြင် စားဖို့ပြင်ဆင်ရာမှာ စားသုံးသူကို ဒိထက်ပိုမိုလွယ်ကူ အဆင်ပြေအောင် ထည့်စရာခွက်ပါ တပါတည်းပါအောင်လုပ်ပေးထားတဲ့ အသင့်စား ခေါက်ဆွဲခြောက်ဘူးတွေလည်း ရှိတယ်လေ၊ အချို့ဆို ဇွန်းလေးတွေတောင် တွဲထည့်ပေးတတ်ကြသေးတယ်၊ အဲ့လိုဘူးတွေထဲမှာဆိုရင် ဘူးထဲမှာ ခေါက်ဆွဲခြောက်အပြင် အထုပ်လေးနဲ့မဟုတ်ဘဲ ကြက်သွန်မိတ်၊ မှို၊ ကြက်သွန်ဖြူတို့လို ဟင်းခတ်အသီးအရွက်ခြောက်လေးတွေလည်း ပါတတ်တယ်၊ အမှုန့်တွေကတော့ အထုပ်ကလေးနဲ့ ထည့်ကြတာပါပဲ။

ဒီနေရာမှာလည်း ထူးခြားမှုတစ်ခု ရှိသေးတယ် အိမ်သာကျော်ဇင်ကို အိတ်နဲ့ထည့်တာဖြစ်ဖြစ်၊ ဘူးနဲ့ ခွက်နဲ့ ထည့်တာဖြစ်ဖြစ် အထဲက ခေါက်ဆွဲခြောက်တုံးက လေးထောင့်ဖြစ်ဖြစ် အဝိုင်းတုံးဖြစ်ဖြစ် သူတို့မှာ ဘုံတူညီချက်တစ်ခု ရှိသေးတယ်၊ ဘူ သတိထားမိလဲ၊ ပြောပြမယ်၊ ဘာတံဆိပ်နဲ့ လာလာ၊ ဘယ်လိုပဲ ထုပ်ပိုးသည်ဖြစ်စေ အထဲက ခေါက်ဆွဲခြောက်က အကုန် လိန်တွန့် လိန်တွန့်လေးတွေချည်းပဲ၊ ဟုတ်တယ်မလား၊ ဒီအသင့်စားခေါက်ဆွဲခြောက်ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့တစ်ခု ဇာတ်တိုက်ပြီး ညှိထားကြတာတော့ ဟုတ်ဟန်မတူဘူး၊ အကြံအစည်တစ်ခုခုတော့ ရှိရမယ် … ကောင်းမှကောင်းးးး

ဟုတ်တယ်နော်၊ ရန်အောင်နဲ့ မေသန်းနုလား နန္ဒာလှိုင်လား သေချာမမှတ်မိတော့ဘူး၊ သူတို့ကြော်ငြာတဲ့ စွန်ညီနောင် စွန်မင်းတံဆိပ်နဲ့ ခေါက်ဆွဲဆိုတာမျိုးက အသင့်စားအမျိုးအစားမဟုတ်တဲ့ ရိုးရိုးခေါက်ဆွဲခြောက်တွေလေ၊ သူတို့က ဖြောင့်ဖြောင့်စင်းစင်းအချောင်းပုံစံနဲ့၊ မတူဘူး၊ မတူတာရယ် တူနေကြတာတွေရယ်မှာလည်း အကြောင်းတရားတွေရှိတယ်၊ အသင့်စားခေါက်ဆွဲခြောက်တွေ အကုန်တွန့်နေတာက အားအားယားယား တွန့်ချင်လို့ တွန့်နေကြတာ မဟုတ်ဘူး၊ အကြောင်းရှိသယ်။ စကားမစပ် ဒီပို့စ်ရေးလို့ ခေါက်ဆွဲခြောက်တံဆိပ်တွေ ကြော်ငြာဝင်နေတယ် ထင်မနေနဲ့၊ သူတို့ကြော်ငြာတွေ အားကောင်းလွန်းလို့ ပိန့်ညောင်တို့စိတ်ထဲ စွဲကျန်နေလို့ မှတ်မိနေတာ၊ စောနက ပြောတဲ့ ခေါက်ဆွဲကြော်ငြာသီချင်းကလည်း စာသားလေးတွေက လန်းတယ်၊ စားပြီးရင်လည်း ထပ်စားချင်တုန်းပဲ …… ဆိုလား၊ ဒီကြော်ငြာသီချင်းလာရင် သရုပ်ဆောင်မင်းသမီးကို ကြည့်ကြည့်ပြီး ဂလု နေရတယ်၊ စားချင်လာတာ ဆိုတာများလေ၊ ခေါက်ဆွဲ ပြောပါတယ် ……

အဲ့ဒီတော့ ပြောရမယ်ဆိုရင် အသင့်စားခေါက်ဆွဲခြောက်ရဲ့ အဓိက အလှတရားက ရေနွေးရှိရုံနဲ့ အချိန်တိုအတွင်း စားသောက်လို့ရခြင်းပဲ၊ အဲ့ဒီတော့ တစ်ကိုယ်ရည် တစ်ကာယသမားတွေ၊ အဆောင်နေ ကျောင်းသား ဝန်ထမ်း လုပ်သားတွေ နဲ့ တကူးတက ချက်ပြုတ်စားသောက်ဖို့ အချိန်မရတဲ့သူတွေနဲ့ ငပျင်းတွေအတွက် ဒီလို အသင့်စားခေါက်ဆွဲခြောက်တွေဟာ မဖြစ်မနေ ဆောင်ထားကြရတဲ့ အဖော်မွန်လေး ဖြစ်လို့နေလေရဲ့၊ ဟုသယ်မလား၊ လူဒိုင်း လူဒိုင်းလည်း စားဖူးကြမယ်ထင်ပါ့၊ ပိန့်ညောင်လည်း အခြေအနေအရ မကြာခန ဆွဲဖူးသပေါ့။

ဒီအသင့်စားခေါက်ဆွဲခြောက်ရဲ့ ထူးခြားတဲ့သဘာဝလေးတွေရဲ့ လျို့ဝှက်ချက်အကြောင်း အခု ရှင်းပြမယ်၊ အခြားခေါက်ဆွဲခြောက်တွေကိုစားဖို့ ဆိုရင် ပြုတ်ရတယ်၊ ပြုတ်ချိန်လည်း အထိုက်အလျောက်ပေးရတယ်၊ အိမ်သာကျော်ဇင်လေးကို စားမယ်ဆိုရင် သုံးမိနစ်ပဲစောင့်ရမယ်၊ ရေနွေးလေး ရှိဖို့ပဲလိုတယ်။ ဘာကွာတာလဲ၊ ထုတ်လုပ်တဲ့ နည်းစဉ်နဲ့ ဖော်မြူလာမှာ ကွာသွားတာက လျို့ဝှက်ချက်ပဲ၊ ဒီလျို့ဝှက်ချက်ကို စတင်ရှာဖွေစမ်းသပ်တွေ့ရှိပြီး ကမ္ဘာပေါ်မှာ အသင့်စားခေါက်ဆွဲခြောက်ကို စတင်ထုတ်လုပ်ရောင်းချခဲ့သူကတော့ ဂျပန်တရုတ်ကပြား မိုမိုဖုကု အန်ဒို ဆိုတဲ့ ဂျပန်လူမျိုး၊ သူက အမျိုးမျိုးစမ်းသပ်ပြီးတဲ့နောက် ပထမဆုံး အသင့်စားခေါက်ဆွဲခြောက်ကို ၁၉၅၈ ခုနှစ်မှာ ဈေးကွက်တင် ရောင်းချခဲ့တယ်၊ ရာမန် လို့ ဂျပန်လိုခေါ်တဲ့ ကြက်သားရာမန်ပေါ့၊ ရိုးရိုးခေါက်ဆွဲကိုကျ ဂျပန်လို ဆောဘ လို့ခေါ်တယ်၊ အခုလက်ရှိအချိန်မှာသာ ဒီအသင့်စားခေါက်ဆွဲခြောက်က ဈေးသက်သာပြီး လူတိုင်း လက်လှမ်းမီနေတာ၊ စပေါ်ခါစက သူက ရိုးရိုးသာမန်ခေါက်ဆွဲထက် ခြောက်ဆလောက်တောင်ဈေးကြီးခဲ့တာ၊ တတ်နိုင်တဲ့ ရေပေါ်ဆီတွေသာ စားနိုင်ကြတာမျိုးရယ်။

အိမ်သာကျော်ဇင်ခေါက်ဆွဲခြောက် ပြုလုပ်နည်းက အခြားခေါက်ဆွဲခြောက်လုပ်နည်းတွေနဲ့ မရိုးစွဲတူတယ်လို့ ပြောလို့ရပေမဲ့ အဓိက ကွာခြားတဲ့အချက်က အစိမ်းခြောက်နဲ့ အကျက်ခြောက်ကွာတာလို့ပြောလို့ရတယ်၊ ပဲမှုန့်အစိမ်းမှုန့်နဲ့ အကျက်မှုန့် ကွာသလိုမျိုးပဲ ဆိုပါတော့၊ အိမ်သာကျော်ဇင်ခေါက်ဆွဲခြောက်က ကျက်ပြီးသားအခြောက်၊ သူက ကြော်ထားတာ၊ မေသန်းနုခေါက်ဆွဲခြောက်က အစိမ်းခြောက်၊ ကျက်ပြီးသားခေါက်ဆွဲခြောက်မို့လည်း ရေနွေးစိမ်လိုက်တာနဲ့ ပြန်ပွလာပြီး အလွယ်အသင့် စားလို့ရတာ။ ဒီလို အကျက်ခြောက်က အာရှတလွှားမှာ လုပ်လေ့ရှိတဲ့အမျိုး၊ အမေလိကားဖက်က အိမ်သာကျော်ဇင်တွေမှာတော့ အစိမ်းခြောက်နဲ့ လုပ်တာလည်း ရှိတော့ရှိတယ်။

အိမ်သာကျော်ဇင်ရဲ့ လျို့ဝှက်ချက်က ဂျုံနယ်တဲ့ အချိန်မှာကတည်းကစတယ်၊ ဂျုံမှုန့်ရွေးချယ်မှုကို ပြောရရင် အိမ်သာကျော်ဇင် အမျိုးအစားအလိုက် ရိုးရိုးသာမန်ဂျုံမှုန့်တွေ သုံးတာရှိသလို ဒရယ်ဂျုံ လို့ခေါ်တဲ့ ပန်းဂျုံကို သုံးတာတွေလည်းရှိတယ်၊ အဓိက က ဂျုံမှာပါဝင်တဲ့ အသားဓာတ်ရာခိုင်နှုန်း၊ အနည်းဆုံး ၈ ရာခိုင်နှုန်းကျော်ကနေ ၁၃ ရာခိုင်နှုန်းအတွင်းရှိတဲ့ ဂျုံမှုန့် အမျိုးအစားဖြစ်ဖို့လိုတယ်။ ဒါမှ နယ်ထားတဲ့ ဂျုံသားက ခေါက်ဆွဲ နန်းဆွဲလို့ကောင်းတယ်၊ ပြီးတော့ ဒီခေါက်ဆွဲကို အခြောက်ခံတဲ့ အခါ အကျိုးအကြေနည်းတယ်။ ပြီးတော့ ဒီလို အသားဓာတ်များတဲ့ဂျုံကိုသုံးထားတော့ စောနကပြောတဲ့ ကြော်တဲ့အချိန်မှာ ဆီအစုပ်နည်းတယ်၊ ဆီအစုပ်နည်းမှ ကြာကြာအထားခံတယ်၊ ဈေးကွက်ထဲမှာ အိမ်သာကျော်ဇင်တွေ ဆီချေးစော်နံတာ သက်သာမယ်။

ကဲ … နယ်ပြီ … ဂျုံ
ဂျုံမှုန့်ကို ရေနဲ့ ရောနယ်တယ်၊ ဒီနေရာမှာ ရေအတိုင်းအဆက အတော်အရေးပါတယ်၊ ရေပမာဏက ဂျုံမှုန့်အလေးချိန်ရဲ့ ၃၀ ရာခိုင်နှုန်းကနေ ၃၈ ရာခိုင်နှုန်းကြားရှိသင့်တယ်၊ ဒါမှ ဒီနယ်ထားတဲ့ဂျုံလုံး၊ နန်းဆွဲဖို့ ကြိတ်တဲ့အခါ ဂျုံပြားက ကိုင်ရတွယ်ရ အဆင်ပြေတယ်၊ ဒါပေမဲ့ ဒီဂျုံသားထဲကရေက ခေါက်ဆွဲကို ခြောက်အောင်ပြန်လုပ်တဲ့အဆင့်ကျတော့ ပြန်ထွက်သွားတာပါပဲ၊ နည်းနည်းပဲကျန်တယ်၊ ခေါက်ဆွဲခြောက်အောင်လုပ်တဲ့နည်း ၂ နည်းထဲမှာ ကြော်လိုက်တာကလည်း နည်းလမ်းတစ်ခုပဲ၊ အိမ်သာကျော်ဇင်နဲ့ မေသန်းနုက အဲ့ဒီနေရာမှာကွာတယ်။

နောက်တစ်ခုက ဂျုံနယ်တဲ့အခါ ဆားထည့်နယ်တယ်၊ ဆားကြောင့်ဂျုံသားက ကြိတ်တဲ့ နန်းဆွဲတဲ့ဒဏ်ကို ပိုခံနိုင်ရည်ရှိသလို ခေါက်ဆွဲသား နူးညံ့မှုနဲ့ ကြုံ့ဆန့်နိုင်မှု အားပိုကောင်းလာတာ၊ အိမ်သာကျော်ဇင်ကို ရေနွေးစိမ်ပြီး စားလို့အဆင်ပြေတဲ့ အနေအထားရောက်လာတဲ့အခါ ခေါက်ဆွဲလိမ်တွန့်တွန့်လေးတွေက စပလိမ်လေးတွေလို ဆွဲကြုံ့နိုင်တဲ့သဘာဝလေး ရှိလာတာကို ပိတ်သတ်ကြီး သတိထားမိကြတယ်မလား၊ တူနဲ့ညှပ်စားတဲ့အခါ ကောင်းကောင်းမညှပ်မိလို့ ပန်းကန်ထဲ ပြန်ပြုတ်ကျရင် ဖလွတ်ဆိုပြီး စပလိမ်လေးလို ရုန်းသွားတာမှုတ်လား၊ မေသန်းနုတို့ကျတော့ ဒီလိုမျိုးဆို အေးဆေး ရှောခနဲပဲကျတာ၊ အဲ့ဒါ အိမ်သာကျော်ဇင်မှာ ဆားကို ခပ်လေးလေးထည့်ထားလို့၊ မေသန်းနုထက် ငံတယ်၊ အိမ်သာကျော်ဇင်တစ်ထုပ်၊ တစ်ခွက်မှာပါတဲ့ဆားက လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ဆားဓာတ်ပမာဏရဲ့ ထက်ဝက်ကျော်လောက်တောင်ပါတယ်၊ ဒီတော့ ပြောရရင် တစ်နေ့ အိမ်သာကျော်ဇင် ၂ ထုပ်စားရင် ဒီလူမှာ ဆားအဝင်က လိုအပ်တာထက်ပိုသွားတယ်၊ ဒါကြောင့် သွေးတိုးရှိတဲ့ အဖိုးကြီးတွေ အိမ်သာကျော်ဇင်နဲ့ မတည့်ဘူး၊ ထိန်းစား၊ မေသန်းနုလောက်တော့ ရသေးတယ်။

ဂျုံနယ်တဲ့အခါ ထည့်မည့်ရေထဲကို ဆော်ဒါလိုဟာမျိုးလည်းထည့်ရသေးတယ်၊ ဒါကိုလည်း တနည်း ဆားအုပ်စုဝင်လို့ပဲ မှတ်ရမယ်၊ အဲ့လို ဆားနဲ့ ဓာတ်ဆားတွေထည့်ရတာက အိမ်သာကျော်ဇင်ကို ပိုးမွှားဖျက်ဆီးလို့ ပျက်စီးသွားမှာကို ကာကွယ်နိုင်တာကြောင့်လည်းပါတယ်၊ ဒါ့အပြင် ဒီဆားတွေနဲ့ ဂျုံမှာပါတဲ့ ဂလူတန်လို့ခေါ်တဲ့ အသားဓာတ်နဲ့ ဆားနဲ့တွေ့ပြီး ဒီဂလူတန်တွေက ခေါက်ဆွဲသားမှာ နုညံ့ပြီး ကပ်စေးစေးဖြစ်တဲ့ အာနိသင်ရတယ်၊ ခေါက်ဆွဲကိုစားလိုက်ရင် ထုပ်ထုပ် ထုပ်ထုပ်လေးနဲ့ အိနေတာ အဲ့ဒါကြောင့်၊ ပြီးတော့ ခေါက်ဆွဲသားလေးက ဝါတာတာဖြစ်လာတာ သူတို့ကြောင့်ပဲ၊ ဂျုံမှုန့်ရဲ့ အော်လဂျင်နယ်အရောင်က အဖြူရောင်ပေမဲ့ ဒီဆားတွေနဲ့ တွေ့တဲ့အခါ ဂျုံမှုန့်ထဲမှာ ငုပ်လျိုးနေတဲ့ အဝါရောင်ပေးနိုင်တဲ့ ဓာတ်သဘောတွေက ထတောက်လာတာ။

ဒီ အသင့်စားခေါက်ဆွဲကို ရေနွေးစိမ်ပြီးတော့ ရလာတဲ့ ခေါက်ဆွဲသားနဲ့ မေသန်းနုခေါက်ဆွဲခြောက်ကို ပြုတ်လိုက်လို့ ရလာတဲ့ ခေါက်ဆွဲ ၂ ခု ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိ၊ အမြင်အာရုံမှာ ဘယ်လိုကွာသလဲ သတိထားမိကြလား၊ အိမ်သာကျော်ဇင်လေးက မျက်နှာပြင်လေးက ဝင်းပြောင်ပြီး အလင်းရောင်ကို ပိုပြန်တယ်၊ အဝါရောင်ခြင်းတူရင်တောင် မေသန်းနုထက် ပိုတောက်ပြောင်တယ်၊ ဟုတ်တယ်မလား၊ နောက်ရုပ်ဂုဏ်သတ္တိတစ်ခုအနေနဲ့က အိမ်သာကျော်ဇင်က နုတယ်၊ စားလိုက်ရင်လည်း ထုပ်ထုပ် ထုပ်ထုပ်နဲ့ နေတယ်၊ စပလိမ်လေးလို ရုန်းနိုင် ဆန့်နိုင်လည်း ရှိတယ်၊ အဲ့ဒါတွေအားလုံးက စလုံးရေး စတဲ့ ဖော်မြူလာနဲ့ ဂျုံနယ်ခြင်းအဆင့်ကတည်းက အစပြုတယ်။

ဒီလိုဖြစ်ဖို့အတွက်က ဒါပဲလားဆိုတော့ မဟုတ်သေးဘူး၊ ကျန်သေးတယ်။ ဂျုံနယ်တဲ့အထဲမှာ အာလူးမှုန့်နဲ့ ကော်မှုန့်လည်း သူ့အချိုးကျ ထည့်ရသေးတယ်၊ အဲ့ဒါတွေက အိမ်သာကျော်ဇင်ရဲ့ နူးညံ့မှုကိုသာမက သူပြောတဲ့ လျို့ဝှက်ချက်တစ်ခုဖြစ်တဲ့ သုံးမိနစ်ပဲစောင့် ဆိုတာ သူတို့တွေပါနေလို့၊ ရေနွေးနဲ့ စိမ်လိုက်တဲ့အခါ ခေါက်ဆွဲသားက ရေကို စုပ်ယူပြီး အလွယ်တကူပွလာတာက ဒီလိုပါဝင်ပစ္စည်းတွေကြောင့် ဖြစ်သလို ခေါက်ဆွဲကို ခြောက်အောင်ကြော်လိုက်တဲ့အချိန်မှာ နောင်တစ်ချိန်မှာ ပြန်ဝင်လာမဲ့ရေအတွက်လည်း သူတို့က လမ်းကြိုခင်းပေးထားတဲ့ သဘောတရားတွေပါတယ်။ ဒါတွေကို အထောက်အပံ့ပြုဖို့ထည့်တဲ့ နောက်တစ်ခု ရှိသေးတယ်၊ ဖော့စဖိတ်ဆိုတဲ့ဟာ၊ သူက အစားအသောက်ထပ်ဖြည့်ပစ္စည်း (Food additive) တစ်ခု၊ ခေါက်ဆွဲသား နူးညံ့ပျော့အိဖို့ထည့်တာပဲ၊ ဂျုံနယ်မည့်ရေထဲ ထည့်ဖျော်ပြီး သုံးတာ၊ ဂျုံအလေးချိန် စုစုပေါင်းရဲ့ အပုံ ၁၀၀၀ ပုံ တစ်ပုံလောက်ထည့်တယ်။

နောက်ဆုံးပြောစရာတစ်ခု ကျန်တာက ကြော်တဲ့ဆီ၊ ဘာဆီနဲ့ကြော်ကြသလဲ ဗေဒင်မေးမနေနဲ့၊ အကြော်ခံတဲ့ စားအုန်းဆီပဲ၊ တစ်ထုပ်စာ တစ်ဘူးစာ တွန့်လိမ်ကောက်ကွေး ခေါက်ဆွဲပုံလေးတွေကို ဆီပူထဲ ဖြတ်သန်းသွားတဲ့နည်းနဲ့ ကြော်ကြတယ်၊ ကြော်လိုက်တော့ ခေါက်ဆွဲက ကျက်သွားသလို ခြောက်လည်းခြောက်သွားတယ်၊ ခေါက်ဆွဲသားထဲကိုလည်း ဆီတွေ စိမ့်ဝင်သွားတယ်၊ အစပိုင်းမှာ ပြောသလို ဂျုံက အသားဓာတ်များရင် ဆီစုပ်ယူမှုနည်းတယ်ဆိုပေမဲ့ ပါတဲ့ကစီဓာတ်တွေ အာလူးမှုန့် ကော်မှုန့်တွေနဲ့ ပေါင်းလိုက်ရင် ဆီကတော့စုပ်တာပဲ၊ ခေါက်ဆွဲသားပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကျော်ကျော်လောက်အထိကို စုပ်နိုင်တယ်၊ ဒီတော့ ဆီလျှော့စားရမည့် ခန္ဓာကိုယ်ကျန်းမာရေးအခြေအနေ ရှိသူတွေအနေနဲ့လည်း အိမ်သာကျော်ဇင်ကို သတိထားသင့်တယ်၊ အမြင်မှာ ခြောက်ပေမဲ့ အတွင်းသားမှာ ဆီပါတယ်။

ကဲ …. ဒါလောက်ပါပဲ။ အိမ်သာကျော်ဇင်ကို တွန့်လိမ်ကောက်ကွေး ပုံစံဖြစ်အောင်လုပ်ထားတာက တစ်ပွဲစာ တစ်ထုပ်စာ ဖြတ်တောက်ပုံသွင်းလုပ်ရတာ လွယ်အောင်အပြင် ကြော်တဲ့အခါ ခေါက်ဆွဲတစ်မျှင်ခြင်း ပတ်ချာလည်ဆီနဲ့တွေ့နိုင်ပြီး အကျက်ညီအောင်ရယ်၊ ရေနွေးနဲ့ ပြန်စိမ်တဲ့အခါကျတော့လည်း အနူးအနပ်ညီအောင်အတွက်လည်းပါတယ်။

အိမ်သာကျော်ဇင်ကို ရေနွေးစိမ်ပြီး အနံ့အရသာအတွက်ထည့်တဲ့ အထုပ်လေးတွေကတော့ အမျိုးမျိုးပေါ့၊ အခြေခံ ဟင်းခတ်အမွှေးအကြိုင်နဲ့ ကြက်သား၊ ပုစွန် အနံ့အရသာပေးပစ္စည်းတွေပေါ့၊ အထုပ်ပေါ်မှာ ကြက်ပေါင်ပုံကြီးပြထားလို့ အထုပ်ထဲမှာ ကြက်ပေါင်ကြီး ပါလာမယ် မှတ်မနေနဲ့၊ ကြက်သားအနံ့အရသာပဲပါတာ၊ အနံ့အရသာ ဆိုရာမှာလည်း အသားကနေ အဆီအနှစ်ထုတ်ထားတဲ့ သဘာဝအနံ့အရသာတွေရှိသလို လူလုပ်အနံ့အရသာတွေလည်း ရှိတယ်။ အထုပ်ပေါ် ဘူးပေါ် တံဆိပ်ပေါ်မှာ စားသုံးသူကို ထင်ယောင်ထင်မှားဖြစ်စေလောက်တဲ့အထိ ဖော်ပြချက်မျိုးကိုတော့ တားမြစ်ရမှာပေါ့၊ ဒါပေမဲ့လည်း ဒါမျိုးဆိုတာ သူခိုး ပုလိပ် စိန်ပြေးတမ်း ဆော့ရသလိုမျိုးပါပဲ။

နောက်ဆုံးတစ်ခုအနေနဲ့ အိမ်သာကျော်ဇင်ဘူးတွေထဲမှာပါတတ်တဲ့ ဟင်းသီးဟင်းရွက်ခြောက်တွေအကြောင်း၊ အဲ့ဒီအခြောက်ဖတ်လေးတွေက ရေနွေးနဲ့စိမ်လိုက်တဲ့အခါ ပြန်ပွလာပြီး လတ်လတ်ဆတ်ဆတ်နဲ့ တစ်ထပ်တည်း မတူသော်လည်း ကြက်သွန်မိတ်ကလည်း ကြက်သွန်မိတ်စိမ်းစိမ်းလေးအတိုင်း၊ ကြက်သွန်ဖြူခြောက်တို့ မှိုခြောက်တို့ကလည်း သူ့သဘာဝလောက်နီးနီးလေးတွေ ပြန်ဖြစ်လာကြတယ်၊ ဘာလို့လဲ၊ တခြားဟာတွေ ထားပါတော့၊ ကြက်သွန်မိတ်က အခြောက်ကနေ ပြန်ပွပြီး အစိမ်းရောင်လေးအတိုင်းပြန်ဖြစ်လာတာက မထူးဆန်းဘူးလား၊ ကြက်သွန်မိတ်ကို အခြောက်လှန်းလိုက်ရင် ညိုမည်းသွားရမှာမဟုတ်ဘူးလား၊ အခုတော့ အစိမ်းလေးအတိုင်းကို ခြောက်သွားတာ၊ ဒါ အခြောက်ခံတဲ့ နည်းပညာတစ်ခုပဲ၊ ညီညီမောင့်ကို သွားမမေးနဲ့တော့၊ ပိန့်ညောင်ပဲ ပြောပြလိုက်မယ်၊ သဘာဝ ဟင်းသီးဟင်းရွက်တွေကို အပူပေးအခြောက်ခံနည်းကိုသုံးရင် ကလိုရိုဖီးလို သဘာဝအစိမ်းရောင်ပေးတဲ့ဓာတ်တွေက အရောင်ပျောက်သွားတယ်၊ ညိုသွား မည်းသွားတတ်တယ်၊ အပူကြောင့်၊ အဲ့ဒီတော့ အပူမပါတဲ့ အခြောက်ခံနည်းကိုသုံးတယ်၊ လေဟာနယ်အခြောက်ခံနည်းအပြင် သူ့ထက်ကောင်းတဲ့ အေးခဲအခြောက်ခံနည်းတွေကိုသုံးပြီး ဒီဟင်းသီးဟင်းရွက်တွေကို အခြောက်ခံလိုက်တဲ့အခါ သဘာဝအရောင် ပျောက်မသွားဘူး၊ ဒါလေးပါပဲ။

ချုပ်ရရင် လွယ်တယ် မြန်တယ် သက်သာတယ် ကုန်ကျစရိတ်နည်းတယ် ကရိကထနည်းတယ်ဆိုပေမဲ့ ဆိုဒီယမ်ဓာတ်နဲ့ ဆီပါဝင်မှုများလို့ သွေးတိုး နှလုံးအဆီဖုံးသမားတွေနဲ့တော့ သိပ်မတည့်ဘူး၊ ဘာတွေပြောနေနေ ကိုယ့်ဒေါသနဲ့ကိုယ် အိမ်သာကျော်ဇင်လေးကိုမှ စားချင်နေတယ်ဆိုရင်လည်း ဒီမယ် ကိုယ့်လူ …..သုံးမိနစ်ပဲစောင့် ….

Credit: ပိန်ညောင်



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top