iMyanmarHouse.com - Best Property Website for Myanmar
×

 သင္ဇာဝင့္ေက်ာ္ဟာဆိုရင္ လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကတည္းက အခုအခ်ိန္အထိေအာင္ျမင္မႈကုိ ထိန္းထားနုိင္တဲ့အနုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ မင္းသမီးတစ္လက္ျဖစ္သလို Modelling မွာထူးခြ်န္သူ့လည္းျဖစ္တဲ့ သင္ဇာက မထင္မွတ္ထားတဲ့ အသံေကာင္းသူတစ္ေယာက္လည္းျဖစ္ေနျပန္ပါတယ္။ အခုေနာက္ပုိင္းပရိသတ္ေတြၾကားမွာပ်ံ႕လာတဲ့ စိုင္းစိုင္းရဲ႕ ဟုိးအရင္တုန္းက “နွစ္ပါးသြား”သီခ်င္းမွာ သင္ဇာ ပါဝင္သီဆိုေပးထားတယ္ဆိုတဲ့သတင္းကုိ သင္ဇာက အတည္ျပဳလိုက္ပါတယ္။

MC နဲ႔ အင္တာဗ်ဴးမွာ သင္ဇာက စိုင္းစုိင္းက သီခ်င္းဆိုေပးဖို႔လာကမ္းလွမ္းခဲ့ပံုကုိ “အဲဒီတုန္းက စကမ္းလွမ္းတုန္းက ဒီအေခြထြက္လာလို႔ရွိရင္ ဘယ္သူမွမေျပာဘူးတဲ့။ သင္ဇာက ဒီအသံဆိုေပးထားတယ္လို႔ဘယ္သူမွမေျပာဘူးတဲ့ဆိုျပီး ျပီးလည္းျပီးေရာ သူပဲေျပာလိုက္တာ။အကုန္လံုးကလာေမးေနၾကတယ္။ သင္ဇာဆိုထားတာလားတဲ့ ဟုတ္တယ္လို႔ အဲဒီတုန္းက ဆိုျဖစ္ခဲ့တယ္ေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

စိုင္းစိုင္းက ကမ္းလွမ္းခဲ့တဲ့အၾကာင္းရင္းကုိ သင္ဇာက “အဲဒီတုန္းက သူနဲ႔အလုပ္ကိစၥတစ္္ခု ဖုန္းေျပာရင္းနဲ႔ ဖုန္းထဲက အသံကုိသူက သေဘာက်တာ။ သင္ဇာ့ဖုန္းထဲကအသံကုိသေဘာက်ျပီး sexy ျဖစ္တယ္ေပါ့ေနာ္။ အဲဒါက သူ သီခ်င္းေလးတစ္ပုဒ္ ရွိတယ္တဲ့။ featuring ေလးဝင္ဆိုေပးမလားေပါ့ေနာ္။ မဟုတ္ဘူး သင္ဇာက ရွက္တယ္ေပါ့။ မဟုတ္ဘူး မုိက္လားမိုက္လားဆိုတဲ့ တစ္လံုးေလးပဲဆိုေပးရမွာေပါ့ေနာ္။ ဘယ္သူမွမသိေစရဘူးတဲ့။ ဆိုေတာ့ ဘယ္သူမွမသိရင္လည္းျပီးေရာ ဆိုေပးလုိက္မယ္ဆိုျပီးဆိုေပးလိုက္တာေပါ့ေနာ္။ သူပဲေျပာလုိက္တာပဲလားမသိဘူး အကုန္လံုးသိသြားတာ”လို႔ ရယ္ေမာရင္းေျဖၾကားသြားပါတယ္။

သီခ်င္းဆိုတဲ့ဘက္မွာလည္းပါရမီပါတဲ့ သင္ဇာက သီခ်င္းေတြလည္းဆိုျဖစ္ေၾကာင္း “ဟုတ္တယ္။ သီခ်င္းေတြက ဆိုျဖစ္တယ္။အေခြေတြဘာေတြမထုတ္ဘူး။ နယ္ပြဲေတြပဲလုိက္ဆိုျဖစ္တာ။ ဒီလိုမ်ိဳး Duet ဆိုတာ ဒါ ပထမဆံုးပဲေပါ့ေနာ္။ အရင္တုန္းကလည္း Duet ေတြဆိုဖူးပါတယ္။ ဦးေအာင္ရင္တို႔ ကုိဟက္ကတ္တို႔နဲ႔ေတာ့တြဲဆိုဖူးတယ္ေပါ့”လို႔ေျပာျပထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ သင္ဇာရဲ႕ မိုက္လားဆိုတဲ့ sexy အသံေလးကုိခ်စ္ၾကလား။ သင္ဇာ သီခ်င္းေတြဆိုလာမယ္ဆိုရင္ေရာ အဆိုေတာ္တစ္ေယာက္အေနနဲ႔အားေပးၾကမွာလား။ သင္ဇာ့ကုိမင္းသမီးတစ္ေယာက္အျဖစ္ပဲျမင္ခ်င္ၾကလား။ေျပာခဲ့ၾကပါဦး။

Credit: nanmalgyi
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
   သင်ဇာဝင့်ကျော်ဟာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခုအချိန်အထိအောင်မြင်မှုကို ထိန်းထားနိုင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်သလို Modelling မှာထူးချွန်သူ့လည်းဖြစ်တဲ့ သင်ဇာက မထင်မှတ်ထားတဲ့ အသံကောင်းသူတစ်ယောက်လည်းဖြစ်နေပြန်ပါတယ်။ အခုနောက်ပိုင်းပရိသတ်တွေကြားမှာပျံ့လာတဲ့ စိုင်းစိုင်းရဲ့ ဟိုးအရင်တုန်းက “နှစ်ပါးသွား”သီချင်းမှာ သင်ဇာ ပါဝင်သီဆိုပေးထားတယ်ဆိုတဲ့သတင်းကို သင်ဇာက အတည်ပြုလိုက်ပါတယ်။

MC နဲ့ အင်တာဗျူးမှာ သင်ဇာက စိုင်းစိုင်းက သီချင်းဆိုပေးဖို့လာကမ်းလှမ်းခဲ့ပုံကို “အဲဒီတုန်းက စကမ်းလှမ်းတုန်းက ဒီအခွေထွက်လာလို့ရှိရင် ဘယ်သူမှမပြောဘူးတဲ့။ သင်ဇာက ဒီအသံဆိုပေးထားတယ်လို့ဘယ်သူမှမပြောဘူးတဲ့ဆိုပြီး ပြီးလည်းပြီးရော သူပဲပြောလိုက်တာ။အကုန်လုံးကလာမေးနေကြတယ်။ သင်ဇာဆိုထားတာလားတဲ့ ဟုတ်တယ်လို့ အဲဒီတုန်းက ဆိုဖြစ်ခဲ့တယ်ပေါ့နော်”လို့ ပြောပြထားပါတယ်။

စိုင်းစိုင်းက ကမ်းလှမ်းခဲ့တဲ့အကြာင်းရင်းကို သင်ဇာက “အဲဒီတုန်းက သူနဲ့အလုပ်ကိစ္စတစ်ခု ဖုန်းပြောရင်းနဲ့ ဖုန်းထဲက အသံကိုသူက သဘောကျတာ။ သင်ဇာ့ဖုန်းထဲကအသံကိုသဘောကျပြီး sexy ဖြစ်တယ်ပေါ့နော်။ အဲဒါက သူ သီချင်းလေးတစ်ပုဒ် ရှိတယ်တဲ့။ featuring လေးဝင်ဆိုပေးမလားပေါ့နော်။ မဟုတ်ဘူး သင်ဇာက ရှက်တယ်ပေါ့။ မဟုတ်ဘူး မိုက်လားမိုက်လားဆိုတဲ့ တစ်လုံးလေးပဲဆိုပေးရမှာပေါ့နော်။ ဘယ်သူမှမသိစေရဘူးတဲ့။ ဆိုတော့ ဘယ်သူမှမသိရင်လည်းပြီးရော ဆိုပေးလိုက်မယ်ဆိုပြီးဆိုပေးလိုက်တာပေါ့နော်။ သူပဲပြောလိုက်တာပဲလားမသိဘူး အကုန်လုံးသိသွားတာ”လို့ ရယ်မောရင်းဖြေကြားသွားပါတယ်။

သီချင်းဆိုတဲ့ဘက်မှာလည်းပါရမီပါတဲ့ သင်ဇာက သီချင်းတွေလည်းဆိုဖြစ်ကြောင်း “ဟုတ်တယ်။ သီချင်းတွေက ဆိုဖြစ်တယ်။အခွေတွေဘာတွေမထုတ်ဘူး။ နယ်ပွဲတွေပဲလိုက်ဆိုဖြစ်တာ။ ဒီလိုမျိုး Duet ဆိုတာ ဒါ ပထမဆုံးပဲပေါ့နော်။ အရင်တုန်းကလည်း Duet တွေဆိုဖူးပါတယ်။ ဦးအောင်ရင်တို့ ကိုဟက်ကတ်တို့နဲ့တော့တွဲဆိုဖူးတယ်ပေါ့”လို့ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော သင်ဇာရဲ့ မိုက်လားဆိုတဲ့ sexy အသံလေးကိုချစ်ကြလား။ သင်ဇာ သီချင်းတွေဆိုလာမယ်ဆိုရင်ရော အဆိုတော်တစ်ယောက်အနေနဲ့အားပေးကြမှာလား။ သင်ဇာ့ကိုမင်းသမီးတစ်ယောက်အဖြစ်ပဲမြင်ချင်ကြလား။ပြောခဲ့ကြပါဦး။

Credit: nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top