iMyanmarHouse.com - Best Property Website for Myanmar
×



တစ်ဖက်ကားေ​ပ်ါက လူတစ်​​ယောက်​လည်း​ဘေ့စ်​​ဘော ရိုက်​တံနဲ့အတူ ဆင်းလာတယ်​…လူ​တွေ အုံခဲပြီး ကြည့်​​နေတယ်​​ဆော်​ကြ​တော့မယ်​​ပေါ့














ပစ္စည်း​တော်​​တော်​များများ ရပြီးမှဧည့်​ခန်းက အကို့ရဲ့ ဓာတ်​ပုံ​တွေ မြင်​မိပြီးမင်းသားရဲ့ အိမ်​မှန်း သိလိုက်​ရလို့ပစ္စည်း​တွေ အကုန်​ ပြန်​ထားခဲ့ပါတယ်​ ဘာလို့လဲဆို​တော့ ကျ​နော်​သိပ်​ချစ်​တဲ့မင်းသားဖြစ်ေ​နလို့ပါပဲ ကျ​နော့်​ကိုလည်း ခွင့်​လွှတ်​ပါ အကို အကိုလည်း ကျန်းမာချမ်းသာပါ​စေ အများကြီးလည်း ​အောင်​မြင်​ပါ​စေ

စာဆုံးတာနဲ့နှုတ်​ခမ်း​လေး ​ကွေးပြီးပြဲံးလိုက်​တဲ့ မင်းသားက​တော့ကျ​နော်​တို့ အားလုံး သိပ်​ချစ်​တဲ့ ကိုသားကြီး ( ခ ) ​ဒွေး ဖြစ်​ပါတယ်



Credit:Bahuthuta
#Unicode Version#


( ၁ ) လှည်းတန်း မီးပွိုင့်အနီးက ယာဉ်တိုက်မှု

ဝုန်းခနဲ အသံနဲ့အတူတစ်ဖက်ကားပေါ်က လူငယ်တစ်စုတုတ်တွေ ဓားတွေနဲ့ ယာဉ်ကြောမှားပြီး မောင်းလာတဲ့ကားသမားကိုဆော်ပလော်တီးဖို့ ဒေါသတွေနဲ့ ပြေးဆင်းလာတယ်

တစ်ဖက်ကားပေါ်က လူတစ်ယောက်လည်းဘေ့စ်ဘော ရိုက်တံနဲ့အတူ ဆင်းလာတယ်…လူတွေ အုံခဲပြီ း ကြည့်နေတယ်ဆော်ကြတော့မယ်ပေါ့

ဒါမယ့် ဟာ အကိုရယ်ဘယ်လိုဖြစ်တာလဲဗျာ ဆိုပြီးတစ်ဖက်လူက တုတ်ကို ပုခုံးပေါ် တင်ရင်းဘေ့စ်ဘောရိုက်တံနဲ့ဆင်းလာသူကိုလက်ဆွဲ နှုတ်ဆက်လိုက်တယ်

ဘေ့စ်ဘောရိုက်တံနဲ့ဆင်းလာသူကကိုငှက် ( ခ ) ထူးအိမ်သင်

ကျနော်တို့က အကို့ရဲ့ ပရိတ်သတ်ပါ ဆိုပြီးဆိုင်တစ်ဆိုင် အတူထိုင်ရင်းရယ်ရယ်မောမောနဲ့စကားလက်ဆုံကျလို့ပေါ့

ရန်ပွဲမဖြစ်ပဲမိတ်ဆက်ပွဲဖြစ်သွားတဲ့ ယာဉ်တိုက်မှု

Edit (#စာရေးဆရာ နီကိုရဲ ကိုတော့ ဘီယာဆိုင်ရောက်မှ သိသွားကြတယ် ကိုဌက်နဲ့ဆရာနီကိုရဲ လမ်းကြောင်းမှားပြီး ယာဉ်တိုက်မှု ဖြစ်တာပါ) မူရင်းရေးသားသူ Edit မလုပ်မိခြင်းကို လုပ်ပေးထားခြင်း#AK

( ၂ )တခါကအပေါင်ဆိုင်တစ်ဆိုင်ကိုစက်ဘီးတစ်စီးလာပေါင်တာနဲ့ဆိုင်ရှင် ကအပေါင်ခံထားလိုက်တယ် သူ ဒီ ဘီးကို ရင်းရင်းနီးနီးသိတယ်သိလို့လည်း လက်ခံလိုက်တာ ဘီး လာပေါင်တဲ့သူဟာခိုးလာတာပဲဖြစ်ရမယ်

သူ ချက်ချင်းပဲလိပ်စာတစ်ခုကို အမြန်စုံစမ်းပြီးနောက်ရက်ဘီး ပိုင်ရှင်ရှိရာ အိမ်လေးဆီကိုအဲ့ဘီးလေး ယူသွားတယ် ရောက်ပါပြီအဲ့ဒီအိမ်လေးကစိုင်းထီးဆိုင်ရဲ့ အိမ် အကိုရေ ကိုထီးဆိုင် ရှိလားခင်ဗျ အော် ဘာကိစ္စလဲခင်ဗျာကိုထီးတွေ့ရတာ ဝမ်းသာတယ်ဗျာဒါ ကိုထီးရဲ့ စက်ဘီးလေး မလား

အိုဟုတ် တာပေါ့ပျောက်နေလို့ လိုက်ရှာမရ ဖြစ်နေတာ ဘယ်ကတွေ့တာလဲ ခင်ဗျ ဒီလို အကိုရေအကို့ဘီးက ခိုးခံရတာ ထင်ပါတယ်လူတစ်ယောက် ကျနော့်ဆီ လာပေါင်လို့အကို့ဘီးလေးမှန်းသိပြီး ယူထားလိုက်တာ ကျေးဇူးတင်လိုက်တာဗျာ

ရပါတယ် ကိုထီးရယ်ကျနော်က ကိုထီး အမာခံ ပရိတ်သတ်ပါသီချင်းတွေ အကုန် နားထောင်ဖြစ်တယ် ဘီးနံပါတ် Ok 0122 L ဆိုတဲ့ သီချင်းလေးကြောင့်ကိုထီးဆီကို ဘီးလေး ပြန်လာပို့တာပါ ”

( ၃ ) ညက တိတ်ဆိတ်နေသည်ခမ်းနားထည်ဝါတဲ့ တိုက်ကြီးထဲတွင်အရိပ်တစ်ခုက ပိရိသေသပ်စွာ လှုပ်ရှားလျှက်

ထိုသူမှာ သူခိုးဖြစ်သည်အဖိုးတန်ပစ္စည်းများစွာလည်း သူ့လက်ထဲကအထုပ်ထဲမှာ ယူပြီးနေပြီ တိတ်ဆိတ်စွာ ပြန်လည်ထွက်ခွာရန်အခန်းတစ်ခန်းကိုဖြတ်သွားလေတော့သည် ထိုအချိန်မထင်မှတ်တဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသဖြင့် အထုပ်များကို ပြန် ချကာစာတစ်စောင် ရေး၍ စားပွဲပေါ် တင်လိုက်သည်

ပြီးလျှင်လက်ဗလာနဲ့ ထွက်ပြေးသွားလေတော့သည်

သို့ ချစ်ခင်လေးစားရပါသောမင်းသားကြီးခင်ဗျာ ကျနော် ညက မင်းသားရဲ့အိမ်ကိုခိုးဝင်တဲ့သူခိုးဖြစ်ပါတယ်

ပစ္စည် းတော်တော်များများ ရပြီးမှဧည့်ခန်းက အကို့ရဲ့ ဓာတ်ပုံတွေ မြင်မိပြီးမင်းသားရဲ့ အိမ်မှန်း သိလိုက်ရလို့ပစ္စည်းတွေ အကုန် ပြန်ထားခဲ့ပါတယ် ဘာလို့လဲဆိုတော့ ကျနော်သိပ်ချစ်တဲ့မင်းသားဖြစ်နေလို့ပါပဲ ကျနော့်ကိုလည်း ခွင့်လွှတ်ပါ အကို အကိုလည်း ကျန်းမာချမ်းသာပါစေ အများကြီးလည်း အောင်မြင်ပါစေ

စာဆုံးတာနဲ့နှုတ်ခမ်းလေး ကွေးပြီးပြံဲးလိုက်တဲ့ မင်းသားကတော့ကျနော်တို့ အားလုံး သိပ်ချစ်တဲ့ ကိုသားကြီး ( ခ ) ဒွေး ဖြစ်ပါတယ်

ဖြစ်ရပ်မှန်တွေသာ ဖြစ်ပါတယ် ကြားဖူးတာနဲ့ ရေးပြတာ အနည်းငယ် လွဲတာပါရင်လည်း ထောက်ပြဝေဖန်ပေးပါ ဒီပို့စ်ရဲ့ ရည်ရွယ်ချက်ကတော့ရှင်းပါတယ် အနုပညာသမား စစ်စစ်ဆိုတာ ဘယ်လိုလူမျိုးလဲ ကားပေါ်က ဆင်းလာလို့ဝိုင်းရိုက်ခံရမယ့် အချိုးမျိုးကိုယ့်အိမ်မှန်းသိလို့မီးပါ ရှို့သွားမယ့် အချိုးမျိုးတွေနဲ့တော့

အနုပညာ လို့ ခေါင်းစဉ် မတပ်ကြပါနဲ့လား ။

Credit:Bahuthuta

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top