iMyanmarHouse.com - Best Property Website for Myanmar
×

 ရုပ်ရှင်သရုပ်ဆောင် စည်သူပလပ်ကျွတ်ဟာဆိုရင် အွန်လိုင်းပေါ်မှာ ပရိသတ်တွေအတွက် ပျော်ရွှ့င်စရာလေးတွေ ဖန်တီးပေးတတ်တာကြောင့် အခုဆိုရင် တစ်နိုင်ငံလုံးကပရိသတ်တွေကြား ရေပန်းစားနေပြီဖြစ်ပါတယ်။ ဖက်ရှင်ပိုင်းမှာလည်း အပြစ်ပြောစရာမရှိအောင် ၀တ်တတ်စားတတ်လွန်းတဲ့ စည်သူ(ပလပ်ကျွတ်)ဟာ သူများနဲ့ မတူတဲ့ အလန်းစားဖက်ရှင်တွေကို ရှာရှာဖွေဖွေ ၀ယ်ယူစုဆောင်းလေ့ရှိသူလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ စည်သူပလပ်ကျွတ်က ဟီးရိုးဇာတ်ကား အထူးပြပွဲကို Super Hero ဝတ်စုံအသစ်တစ်စုံနဲ့ အမိုက်စားတက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် အမိုက်စားစူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Deadpool ဝတ်စုံနဲ့ပွဲတက်လာတဲ့ စည်သူပလပ်ကျွတ်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပရိသတ်တွေကို တစ်နေ့ ထက်တစ်နေ့ မရိုးရအောင် ပျော်ရွှင်မှုတွေဖန်တီးပေးနေတဲ့ စည်သူ(ပလပ်ကျွတ်)ကတော့ Superhero တွေအတိုင်း ၀တ်ဆင်ရတာကို သဘောကျနှစ်သက်သူလဲဖြစ်ပါတယ် ။စည်သူ(ပလပ်ကျွတ်)ကိုယ်တိုင် အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုပေါရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာမီမှာ ရုံတင်ပြသတော့မှာဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ သွားရောက်အားပေးကြဖို့ မမေ့နဲ့ ဦးနော်။ ချစ်ပရိသတ်တွေလည်း အရမ်းကိုမိုက်တဲ့ ဖက်ရှင်နဲ့ ပွဲတက်ခဲ့တဲ့ စည်သူပလပ်ကျွတ်ကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit: burmese.asia

အလှအပ၊ အနုပညာ၊ ဖက်ရှင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

#Unicode Version# ဖြင့်ဖတ်ပါ ။

အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top