iMyanmarHouse.com - Best Property Website for Myanmar
×


Romantic ဆန္တဲ့ ေကာင္ေလးမ်ိဳးကို သေဘာက်တဲ့ ယြန္းယြန္းက သူမ ခံယူထားတဲ့ အခ်စ္ေရး အေၾကာင္းေတြကို ပြင့္ပြင့္လင္းလင္း ဝန္ခံေျပာျပလာပါတယ္။အသက္ ၁၉ ႏွစ္အ႐ြယ္ သ႐ုပ္ေဆာင္ ယြန္းယြန္းက သူခံယူထားတဲ့ အခ်စ္ေရးအေၾကာင္းေတြ ရင္ဖြင့္ေျပာျပလာပါတယ္။ လတ္တေလာမွာေတာ့ Ro တဲ့ စုံတြဲေလးေတြကို အားက်မိတယ္ ဆိုၿပီးေတာ့ Duwun Media ကေန ေျဖဆိုခဲ့တာပါ။‘’Relationship က မွန္းလို႔မရဘူးေပါ့ေနာ္။ တျခားသူေတြက Ro ေနေပမယ့္ ကိုယ္ရည္းစားရရင္ Ro ခ်င္မွလည္း Ro တယ္။

 တျခားပုံစံလည္း ျဖစ္ခ်င္ ျဖစ္ႏိုင္တာပဲေလ။ ညီမကေတာ့ သူမ်ားစုံတြဲေတြကို အားက်ၿပီးေတာ့ ရည္းစားမထားခ်င္ဘူး။ ဒါေပမယ့္ ကိုယ္တကယ္ခ်စ္တဲ့ သူနဲ႔ ေတြ႕ရင္ေတာ့ ရည္းစားထားခ်င္တယ္’’ လို႔ သူကဆိုပါတယ္။ယြန္းယြန္း က ခ်စ္သူေကာင္မေလးအေပၚ အရမ္းကို ၾကင္နာတတ္တဲ့ ေယာက်္ားမ်ိဳး၊ Romantic ဆန္တတ္တဲ့ ေယာက်ာ္းမ်ိဳး ေတြကို ပိုၿပီး သေဘာက်တဲ့သူပါတဲ့။

‘’ Ro တဲ့ ေယာက်္ားေလး ႀကိဳက္တယ္။ ၿပီးေတာ့ Surprise လုပ္ေပးတတ္တဲ့ သူမ်ိဳးကိုလည္း ႀကိဳက္တယ္။ ၾကင္ၾကင္နာနာေလးနဲ႔ေပါ့ သူ ကိုယ့္ကို ခ်စ္တယ္ဆိုတာ သိေပမယ့္လည္း ခ်စ္တယ္ဆိုတာကို ခဏခဏ ထုတ္ျပတတ္တဲ့သူမ်ိဳးကို သေဘာက်တယ္။ လူၾကားထဲမွာလည္း ကိုယ့္ေကာင္မေလးေတြကို ဂ႐ုစိုက္တတ္တဲ့ ေယာက်္ားေလးေတြ ေတြ႕ရင္ Respect ေပးပါတယ္’’ လို႔ ဆိုပါတယ္။


Romantic ဆန္တဲ့ ေကာင္ေလးမ်ိဳးကို သေဘာက်ေပမယ့္ ယြန္းယြန္းခံယူထားတဲ့ Romantic ပုံစံမ်ိဳးကေတာ့ ကြဲျပားပါတယ္။ ဒီႏိုင္ငံမွာေတာ့ ဒီလိုေကာင္ေလးမ်ိဳးကို မေတြ႕ရေသးဘူးလို႔ Viho ကိုရီးယား အလွကုန္ပစၥည္းသစ္ မိတ္ဆက္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

‘’ Ro တယ္ဆိုတာက အမွတ္တရေန႔မွ လက္ေဆာင္ေပးတာရယ္လို႔ မဟုတ္ဘူး။ အၿမဲတမ္းအလိုလို အမွတ္တရ စကားေလးေတြ ေျပာေပးတာမ်ိဳးျဖစ္ျဖစ္၊ မထင္မွတ္တဲ့အခ်ိန္မွာ ဖုန္းဆက္ၿပီးေတာ့ျဖစ္ျဖစ္၊ မက္ေဆ့ခ်္ပို႔ၿပီးေတာ့ ျဖစ္ျဖစ္ျဖစ္၊ အဲဒီလို Ro တဲ့ ပုံစံေလးေတြကို အရမ္းႀကိဳက္တယ္။ ဒီႏိုင္ငံမွာက အဲဒီလို လုပ္ေပးၾကတာမ်ိဳး မရွိဘူး။ အေနာက္ႏိုင္ငံေတြမွာေတာ့ အဲဒီလို လုပ္ျဖစ္ၾကတာေတြ႕တယ္’’  လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။

ယြန္းယြန္းဟာ ဗီဒီယိုဇာတ္ကားေပါင္း (၃၀၀) ေက်ာ္နဲ႔ ႐ုပ္ရွင္ဇာတ္ကား (၃၀)ေက်ာ္ ႐ိုက္ကူးခဲ့ရတဲ့ နာမည္ႀကီး ကေလး သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ငယ္စဥ္ကတည္းက က်ရာဇာတ္႐ုပ္ေတြကို ပိုင္ႏိုင္စြာ သ႐ုပ္ေဆာင္ႏိုင္တဲ့သူမဟာ ၂၀၁၂ခုႏွစ္က “တိမ္မင္းသမီးရဲ႕ ဒ႑ရီ”႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး ကေလးသ႐ုပ္ေဆာင္ဆု(အထူးဆု) ကို ပိုင္ဆိုင္ခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီ ၁၉ ရက္မွာအသက္ ၁၉ ႏွစ္ ျပည့္သြားတဲ့ ယြန္းယြန္းက “ေ႐ႊမင္းသမီးနဲ႔ လူလိမ္” ဇာတ္လမ္းတြဲမွာ အဓိကအမ်ိဳးသမီးဇာတ္ေဆာင္အျဖစ္ပါဝင္ခဲ့ၿပီး ေနာက္ထပ္ ဇာတ္လမ္းတြဲေတြလည္း ႐ိုက္ကူးေနပါတယ္။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #


Romantic ဆန်တဲ့ ကောင်လေးမျိုးကို သဘောကျတဲ့ ယွန်းယွန်းက သူမ ခံယူထားတဲ့ အချစ်ရေး အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြောပြလာပါတယ်။အသက် ၁၉ နှစ်အရွယ် သရုပ်ဆောင် ယွန်းယွန်းက သူခံယူထားတဲ့ အချစ်ရေးအကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။ လတ်တလောမှာတော့ Ro တဲ့ စုံတွဲလေးတွေကို အားကျမိတယ် ဆိုပြီးတော့ Duwun Media ကနေ ဖြေဆိုခဲ့တာပါ။‘’Relationship က မှန်းလို့မရဘူးပေါ့နော်။ တခြားသူတွေက Ro နေပေမယ့် ကိုယ်ရည်းစားရရင် Ro ချင်မှလည်း Ro တယ်။

 တခြားပုံစံလည်း ဖြစ်ချင် ဖြစ်နိုင်တာပဲလေ။ ညီမကတော့ သူများစုံတွဲတွေကို အားကျပြီးတော့ ရည်းစားမထားချင်ဘူး။ ဒါပေမယ့် ကိုယ်တကယ်ချစ်တဲ့ သူနဲ့ တွေ့ရင်တော့ ရည်းစားထားချင်တယ်’’ လို့ သူကဆိုပါတယ်။ယွန်းယွန်း က ချစ်သူကောင်မလေးအပေါ် အရမ်းကို ကြင်နာတတ်တဲ့ ယောကျ်ားမျိုး၊ Romantic ဆန်တတ်တဲ့ ယောကျာ်းမျိုး တွေကို ပိုပြီး သဘောကျတဲ့သူပါတဲ့။

‘’ Ro တဲ့ ယောကျ်ားလေး ကြိုက်တယ်။ ပြီးတော့ Surprise လုပ်ပေးတတ်တဲ့ သူမျိုးကိုလည်း ကြိုက်တယ်။ ကြင်ကြင်နာနာလေးနဲ့ပေါ့ သူ ကိုယ့်ကို ချစ်တယ်ဆိုတာ သိပေမယ့်လည်း ချစ်တယ်ဆိုတာကို ခဏခဏ ထုတ်ပြတတ်တဲ့သူမျိုးကို သဘောကျတယ်။ လူကြားထဲမှာလည်း ကိုယ့်ကောင်မလေးတွေကို ဂရုစိုက်တတ်တဲ့ ယောကျ်ားလေးတွေ တွေ့ရင် Respect ပေးပါတယ်’’ လို့ ဆိုပါတယ်။


Romantic ဆန်တဲ့ ကောင်လေးမျိုးကို သဘောကျပေမယ့် ယွန်းယွန်းခံယူထားတဲ့ Romantic ပုံစံမျိုးကတော့ ကွဲပြားပါတယ်။ ဒီနိုင်ငံမှာတော့ ဒီလိုကောင်လေးမျိုးကို မတွေ့ရသေးဘူးလို့ Viho ကိုရီးယား အလှကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ Ro တယ်ဆိုတာက အမှတ်တရနေ့မှ လက်ဆောင်ပေးတာရယ်လို့ မဟုတ်ဘူး။ အမြဲတမ်းအလိုလို အမှတ်တရ စကားလေးတွေ ပြောပေးတာမျိုးဖြစ်ဖြစ်၊ မထင်မှတ်တဲ့အချိန်မှာ ဖုန်းဆက်ပြီးတော့ဖြစ်ဖြစ်၊ မက်ဆေ့ချ်ပို့ပြီးတော့ ဖြစ်ဖြစ်ဖြစ်၊ အဲဒီလို Ro တဲ့ ပုံစံလေးတွေကို အရမ်းကြိုက်တယ်။ ဒီနိုင်ငံမှာက အဲဒီလို လုပ်ပေးကြတာမျိုး မရှိဘူး။ အနောက်နိုင်ငံတွေမှာတော့ အဲဒီလို လုပ်ဖြစ်ကြတာတွေ့တယ်’’  လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာအသက် ၁၉ နှစ် ပြည့်သွားတဲ့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပါတယ်။


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top