iMyanmarHouse.com - Best Property Website for Myanmar
×
Credit: nanmalgyi
ချစ်ရေးချစ်ရာ
#Unicode Version# ဖြင့်ဖတ်ပါ ။
 "လက်ထပ်လက်စွပ်ကို ဘာအတွက်ကြောင့် လက်ဝဲဘက် လက်သူကြွယ်မှာ စွပ်ရသလဲ သိကြပါသလား?"
လက်မက မိဘတွေကို ကိုယ်စားပြုတယ်။
လက်ညိုးက ညီ၊ အကို မောင်နှမတွေကို ကိုယ်စားပြုတယ်။
လက်ခလယ်က ကိုယ်ကိုတိုင်ပဲ။
လက်သူကြွယ်က ကိုယ်ဘ၀ လက်တွဲဖော်။
လက်သန်းကတော့ ကိုယ့်ကလေးတွေ။
(၁) သူငယ်ချင်းတို့ရဲ့ လက်ဝါး ၂ ဖက်ကို ဖြန့်ပြီး ပူးကပ်လိုက်ပါ။
(၂) လက်ခလယ်ကို ကွေးပြီး ပူးကပ်ထားပါ။ မကွာပါစေနဲ့။ (ပူးထားဆိုတဲ့နေရာမှာ အခု သူငယ်ချင်းတို့လက်က ဘုရားရှိခိုးသလို အနေအထားမှာ ရှိပါတယ်။ လက်ခလယ်က ိုကွေးပြီး ပူးထားဆိုတာက လက်ခလယ်ချင်း ကပ်ထားခိုင်းတာပါ။ ဥပမာ လူ ၂ ယောက် ကျောခြင်းကပ် ထိုင်နေသလိုပေါ့ )
(၃) အဲလိုပြီးရင် မိဘလို့ယူဆတဲ့ လက်မ ၂ ခုကို ခွဲခွာကြည့်ပါ။ ခွဲခွာလို့ရတာကို တွေ့ရပါလိမ့်မယ်။ ငါတို့ရဲ့ မိဘတွေဟာ ငါတို့နဲ့ အမြဲတန်းနေဖို့ မရည်ရွယ်လိုနိုင်ဘူးတဲ့။ နောက်ပြီး ပြန်ကပ်ထားပါ။
(၄) နောက်တခုက မောင်နှမလို့ယူဆတဲ့ လက်ညှိုးကို ခွဲခွာကြည့်ပါ။ ရပါလိမ့်မယ်။ မောင်နှမဆိုတာလဲ သူ့အိမ်ထောင်နဲ့သူ ဖြစ်ကုန်မှာတဲ့။ ပြီးလျှင် ပြန်ကပ်ထားပါ။
(၅) သားသမီးလို့ယူဆတဲ့ လက်သန်းကို ခွဲခွာကြည့်ပါ။ သူငယ်ချင်းတို့ ခွဲခွာလို့ရပါလိမ့်မယ်။ ကိုယ့်သားသမီးဆိုတာလဲ အချိန်တန်ရင် ခွဲရမှာလို့ ဆိုလိုပါတယ်။ ပြီးလျှင် ပြန်ကပ်ထားပါ။
(၆) ကိုယ်နဲ့ ကိုယ့်ချစ်သူ၊ ကိုယ်မိန်းမ၊ ကိုယ့်ယောကျ်ာလို့ ယူဆတဲ့ လက်သူကြွယ်ကို ခွဲခွာကြည့်ပါ။ ရလားမရလားပေါ့? စမ်းကြည့်လိုက်ပါ။
(ခုလုပ်နေတဲ့ အတောအတွင်းမှာ လက်ခလယ် ပူးထားတာကို မခွာမိပါစေနဲ့နော်)
လက်သူကြွယ်ဟာ ခွဲခွါလို့မရတာ တွေ့ရပါလိမ့်မယ်။ အဲဒါကြောင့် ဘယ်တော့မှ ခွဲခွာလို့မရဘူး ဆိုတဲ့အဓိပါယ်နဲ့ လက်ထပ်လက်စွပ်ကို လက်သူကြွယ်မှာ ဆင်မြန်းကြတာပါ။
သူငယ်ချင်းတို့ လက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Credit: nanmalgyi
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top