iMyanmarHouse.com - Best Property Website for Myanmar
×

Gymကို ေန႔စဥ္သြားၿပီး ျပင္းထန္တဲ့workout လုပ္ရတာေၾကာင့္ ၾကြက္သားနာက်င္ျခင္းေတြျဖစ္လာႏိုင္ပါတယ္။ ၾကြက္သားနီျမန္းျခင္းနဲ႔ နာက်င္ျခင္းဆိုတာ အရင္တုန္းက မလုပ္ဖူးတဲ့အရာတစ္ခုခုကို အရမ္္းလုပ္မိတာေၾကာင့္ျဖစ္ပါတယ္္။ ၾကြက္သားနာက်င္ျခင္းက အားကစားလုပ္တာ၊ ေလ့က်င့္ခန္းလုပ္တာေတြျပီးတဲ့ေနာက္ အျဖစ္မ်ားပါတယ္။ ဒါေပမဲ့ ၾကြက္သားေတြ ေန႔တိုင္း နီျမန္းေနရင္ေတာ့ စိုးရိမ္သင့္ပါတယ္။ ၾကြက္သားနီျမန္္းျခင္းက အရြယ္ေရာက္ျပီးသားသူေတြေကာ၊ ကေလးေတြေကာမွာ ျဖစ္ႏိုင္တယ္ဆိုတာကို သိထားသင့္ပါတယ္။ ရက္အနည္းငယ္ၾကာျပီးတဲ့ေနာက္မွာ ၾကြက္သားနီျမန္းျခင္းက သူနည္းသူဟန္နဲ႔ ေပ်ာက္သြားပါတယ္။ ဒါေပမဲ့ ေပ်ာက္မသြားဘူးဆိုရင္ ရိုးရွင္းတဲ့ အိမ္တြင္းနည္းတခ်ိဳ႕နဲ႔ ၾကိဳးစားၾကည့္လို႔ရပါတယ္။

ဆားခါး (ဝမ္းမွန္ေအာင္သံုးတဲ့ဆား)

ဆားခါးက မဂၢနီစီယမ္ ဆာလဖိတ္ ၾကြယ္ဝျပီး ၾကြက္သားနီျမန္းျခင္းကို သက္သာေစတဲ့ သဘာဝပစၥည္းတစ္ခုျဖစ္ပါတယ္။ မဂၢနီစီယမ္က ၾကြက္သားနာက်င္ျခင္းကို ျဖစ္ေစတဲ့ တစ္ရႈးအျပင္ဘက္ကို အရည္ေတြ ထုတ္ယူေပးပါတယ္။ ေရေႏြးေႏြးေလးနဲ႔ေရာထားတဲ့ဆားခါးတစ္ခြက္က ၾကြက္သားနာက်င္ျခင္းအတြက္ အစြမ္းထက္ပါတယ္။ ဆားခါးေရထဲကို စိမ္ထားမယ္ဆိုရင္ ၾကြက္သားနာက်င္ျခင္းကို ေျဖေလ်ာ့ေပးပါတယ္။ တစ္ပတ္ကို သံုးၾကိမ္ျပဳလုပ္ေပးလို႔ရပါတယ္။

ႏွလံုးျပႆနာ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါရွိတဲ့သူေတြက ဒါကို မစမ္းၾကည့္ခင္မွာ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။

ပန္းသီးအရက္ရွာလာကာရည္

ပန္းသီးအရက္ရွာလာကာရည္ကိုလည္း ၾကြက္သားနီျမန္းျခင္းအတြက္ ေထာက္ခံေပးထားပါတယ္။ ပန္းသီးအရက္ရွာလာကာရည္ (လက္ဖက္ရည္ဇြန္းတစ္ဇြန္း) ကို ေရထဲေရာလိုက္ျပီး ေသာက္သံုးလို႔ရသလို နာက်င္တဲ့ေနရာေတြကို လိမ္းေပးလို႔လည္းရပါတယ္။ ပန္းသီးအရက္ရွာလာကာရည္က ၾကြက္သားနာက်င္ျခင္းနဲ႔ နီျမန္းျခင္းေတြကို သက္သာသြားေအာင္ ကူညီေပးပါတယ္။

Essential Oils

Essential Oilအနည္းငယ္ကလည္း ၾကြက္သားနာက်င္ျခင္းေတြေျပေလ်ာ့ေအာင္ ကူညီေပးပါတယ္။ စပါးလင္္ဆီ၊ ပက္ပါမင့္ဆီ၊ လာဗင္ဒါဆီေတြက အေကာင္းဆံုးပါပဲ။ အုန္းဆီ၊ သံလြင္ဆီကဲ့သို႔ ဆီ (လက္ဖက္ရည္ဇြန္းတစ္ဇြန္း)ထဲကို essential oilအစက္နည္းငယ္ကို ေပါင္းထည့္လိုက္ၿပီး နာက်င္တဲ့ေနရာေတြမွာ ႏွိပ္နယ္လိမ္းလိုက္ရမွာပါ။

ခ်ယ္ရီအရည္

ခ်ယ္ရီအရည္က ၾကြက္သားနာက်င္ျခင္း၊ နီျမန္းျခင္းကို သက္သာေစေအာင္ကူညီေပးတဲ့ အန္တီေအာက္စီဒန္႔ဓာတ္ေတြပါဝင္ပါတယ္။ Work Outလုပ္ျပီးတဲ့ေနာက္ ေဖ်ာ္ရည္ထဲထည့္ေသာက္ေပးလို႔ရပါတယ္။

Credit:MM

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

Gymကို နေ့စဉ်သွားပြီး ပြင်းထန်တဲ့workout လုပ်ရတာကြောင့် ကြွက်သားနာကျင်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ ကြွက်သားနီမြန်းခြင်းနဲ့ နာကျင်ခြင်းဆိုတာ အရင်တုန်းက မလုပ်ဖူးတဲ့အရာတစ်ခုခုကို အရမ်းလုပ်မိတာကြောင့်ဖြစ်ပါတယ်။ ကြွက်သားနာကျင်ခြင်းက အားကစားလုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေပြီးတဲ့နောက် အဖြစ်များပါတယ်။ ဒါပေမဲ့ ကြွက်သားတွေ နေ့တိုင်း နီမြန်းနေရင်တော့ စိုးရိမ်သင့်ပါတယ်။ ကြွက်သားနီမြန်းခြင်းက အရွယ်ရောက်ပြီးသားသူတွေကော၊ ကလေးတွေကောမှာ ဖြစ်နိုင်တယ်ဆိုတာကို သိထားသင့်ပါတယ်။ ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ကြွက်သားနီမြန်းခြင်းက သူနည်းသူဟန်နဲ့ ပျောက်သွားပါတယ်။ ဒါပေမဲ့ ပျောက်မသွားဘူးဆိုရင် ရိုးရှင်းတဲ့ အိမ်တွင်းနည်းတချို့နဲ့ ကြိုးစားကြည့်လို့ရပါတယ်။

ဆားခါး (ဝမ်းမှန်အောင်သုံးတဲ့ဆား)

ဆားခါးက မဂ္ဂနီစီယမ် ဆာလဖိတ် ကြွယ်ဝပြီး ကြွက်သားနီမြန်းခြင်းကို သက်သာစေတဲ့ သဘာဝပစ္စည်းတစ်ခုဖြစ်ပါတယ်။ မဂ္ဂနီစီယမ်က ကြွက်သားနာကျင်ခြင်းကို ဖြစ်စေတဲ့ တစ်ရှုးအပြင်ဘက်ကို အရည်တွေ ထုတ်ယူပေးပါတယ်။ ရေနွေးနွေးလေးနဲ့ရောထားတဲ့ဆားခါးတစ်ခွက်က ကြွက်သားနာကျင်ခြင်းအတွက် အစွမ်းထက်ပါတယ်။ ဆားခါးရေထဲကို စိမ်ထားမယ်ဆိုရင် ကြွက်သားနာကျင်ခြင်းကို ဖြေလျော့ပေးပါတယ်။ တစ်ပတ်ကို သုံးကြိမ်ပြုလုပ်ပေးလို့ရပါတယ်။

နှလုံးပြဿနာ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါရှိတဲ့သူတွေက ဒါကို မစမ်းကြည့်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ပန်းသီးအရက်ရှာလာကာရည်

ပန်းသီးအရက်ရှာလာကာရည်ကိုလည်း ကြွက်သားနီမြန်းခြင်းအတွက် ထောက်ခံပေးထားပါတယ်။ ပန်းသီးအရက်ရှာလာကာရည် (လက်ဖက်ရည်ဇွန်းတစ်ဇွန်း) ကို ရေထဲရောလိုက်ပြီး သောက်သုံးလို့ရသလို နာကျင်တဲ့နေရာတွေကို လိမ်းပေးလို့လည်းရပါတယ်။ ပန်းသီးအရက်ရှာလာကာရည်က ကြွက်သားနာကျင်ခြင်းနဲ့ နီမြန်းခြင်းတွေကို သက်သာသွားအောင် ကူညီပေးပါတယ်။

Essential Oils

Essential Oilအနည်းငယ်ကလည်း ကြွက်သားနာကျင်ခြင်းတွေပြေလျော့အောင် ကူညီပေးပါတယ်။ စပါးလင်ဆီ၊ ပက်ပါမင့်ဆီ၊ လာဗင်ဒါဆီတွေက အကောင်းဆုံးပါပဲ။ အုန်းဆီ၊ သံလွင်ဆီကဲ့သို့ ဆီ (လက်ဖက်ရည်ဇွန်းတစ်ဇွန်း)ထဲကို essential oilအစက်နည်းငယ်ကို ပေါင်းထည့်လိုက်ပြီး နာကျင်တဲ့နေရာတွေမှာ နှိပ်နယ်လိမ်းလိုက်ရမှာပါ။

ချယ်ရီအရည်

ချယ်ရီအရည်က ကြွက်သားနာကျင်ခြင်း၊ နီမြန်းခြင်းကို သက်သာစေအောင်ကူညီပေးတဲ့ အန်တီအောက်စီဒန့်ဓာတ်တွေပါဝင်ပါတယ်။ Work Outလုပ်ပြီးတဲ့နောက် ဖျော်ရည်ထဲထည့်သောက်ပေးလို့ရပါတယ်။

Credit:MM

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top