iMyanmarHouse.com - Best Property Website for Myanmar
×



ကိုယ့္ရဲ႕ အရာရာတိုင္းက ခ်စ္သူေလးအေပၚ အေျခခံသလို ခ်စ္သူေလးရဲ႕ အရာရာ တိုင္းကလည္း ကိုယ့္အေပၚပဲ မူတည္ေစခ်င္တဲ့အခ်ိန္ သဝန္တိုစိတ္က အလုိလုိ ေပၚလာတတ္ပါတယ္။

ခ်စ္သူေတြၾကားက သဝန္တိုတယ္ ဆိုတာက ခ်စ္လို႔ပါ

Marry ရဲ႕ ခ်စ္သူေလးတို႔ေရ ကိုယ့္ခ်စ္သူေလးကို သဝန္တိုတတ္ၾကပါသလား။ ခ်စ္သူေလးက သဝန္တိုတယ္ ဆိုရင္ေတာ့ အဲ့တာက ဘာေၾကာင့္ သဝန္တိုတာလဲ ဆိုတာကို Marry က ေျပာျပေပးမယ္ေနာ္။

ခ်စ္သူေတြၾကားမွ သဝန္တိုတတ္တဲ့ခ်စ္သူကို ပိုင္ဆိုင္ထားလို႔ မလြတ္လပ္ဘူး ခ်ဳပ္ခ်ယ္တယ္ လို႔ေတာ့ မခံစားလိုက္ပါနဲ႔ေနာ္။ သဝန္တိုတယ္ ဆိုတာက ဘာလို႔ေကာင္းတာလဲ ဆိုတာကို ေျပာျပမယ္ေလေနာ္။

သိပ္ခ်စ္လို႔

ခ်စ္သူေတြၾကားက သဝန္တိုတယ္ ဆိုတာက ခ်စ္လို႔ပါ။ ခ်စ္တာမွ သိပ္ခ်စ္လို႔ပါ။ ခ်စ္တဲ့အ တြက္ ကိုယ္ကလြဲလို႔ တျခားသူ အနားမွာ ရွိေနတဲ့အခ်ိန္ဆို သဝန္တိုမယ္။ တျခား သူေတြေၾကာင့္ ရယ္ေန ျပံဳးေန ေပ်ာ္ေနမယ္ဆိုရင္ ရင္ထဲ ခိုးလိုးခုလုနဲ႔ သဝန္ေတြတိုၿပီး ေန လို႔ မေကာင္း ျဖစ္လာမွာပါ။ ခ်စ္သူေလးရဲ႕ အျပံဳးေတြကို ကိုယ္တစ္ေယာက္တည္းပဲ ျမင္ ခ်င္ေနတာမ်ိဳး ျဖစ္ခ်င္တဲ့စိတ္ကေတာ့ သိပ္ခ်စ္တတ္ၿပီး သဝန္တိုလာတတ္တဲ့ ခ်စ္သူေတြၾကား က အမွတ္အသားေလးပါပဲ။

အရာရာတိုင္း ျဖစ္ခ်င္လို႔

ကိုယ့္ရဲ႕ အရာရာတိုင္းက ခ်စ္သူေလးအေပၚ အေျခခံသလို ခ်စ္သူေလးရဲ႕ အရာရာတိုင္းက လည္း ကိုယ့္အေပၚပဲ မူတည္ေစခ်င္တဲ့အခ်ိန္ သဝန္တိုစိတ္က အလုိလုိ ေပၚလာတတ္ပါ တယ္။ ခ်စ္သူေလး ပင္ပန္းလို႔ မွီခိုစရာ ပုခံုးေလး ျဖစ္ေပးေစခ်င္တယ္။ ဝမ္းနည္းတဲ့အခ်ိန္မွာ ခိုနားစရာ ရင္ခြင္ေလး ျဖစ္ေပးေစခ်င္တယ္။

ခ်စ္သူေလးရဲ႕ အရာ ရာတိုင္းကို ကိုယ္က ျဖည့္ဆည္းေပးခ်င္တဲ့အခ်ိန္ သူငယ္ခ်င္းေတြ အနားမွာ ေနတာကို ေတြ႔လိုက္ရတာမ်ိဳး တျခား တစ္ေနရာရာကို ျပဳလုပ္တာမ်ိဳးဆိုရင္ေတာ့ သဝန္တိုၿပီပဲ။ ခ်စ္သူေလးရဲ႕ အခ်ိန္ေတြကို အကုန္ ပိုင္ဆိုင္ခ်င္လာတ့ဲအတြက္ ကိုယ့္အနား မရွိတဲ့အခ်ိန္ေတြကို သဝန္တိုလာတတ္တာပါ



ပိုင္ဆိုင္ခ်င္လို႔

ခ်စ္တဲ့သူေတြ အခ်င္းခ်င္း သဝန္တိုတယ္ ဆိုတာကေတာ့ ကိုယ့္အနား မရွိတဲ့အခ်ိန္မွာ ပိုျဖစ္တတ္ပါတယ္။ သူလည္း သူ႔အလုပ္နဲ႔သူ ကိုယ္လည္း ကိုယ့္အလုပ္နဲ႔ကိုယ္ ျဖစ္ေနလို႔ ေဘးနား အတူတူ မရွိႏိုင္တဲ့အခ်ိန္ေတြမွာ ဆိုရင္ သဝန္တိုစိတ္ကေတာ့ ေပၚလာပါတယ္။ ခ်စ္သူေလးရဲ႕ အခ်ိန္ေတြကို အကုန္ ပိုင္ဆိုင္ခ်င္လာတ့ဲအတြက္ ကိုယ့္အနား မရွိတဲ့အခ်ိန္ေတြကို သဝန္တိုလာတတ္တာပါ။

ခ်စ္သူေတြၾကားမွာ သဝန္တိုတယ္ ဆိုရင္ေတာ့ ကိုယ့္ခ်စ္သူေလးက ကိုယ့္ကို သိပ္ခ်စ္လို႔ သဝန္တိုတယ္ ဆိုတာကို သိထားေပးပါေနာ္။ ခ်စ္သူေလး သဝန္တိုလို႔ ခ်ဳပ္ခ်ယ္တယ္ ေနရတာ မလြတ္လပ္ဘူးလို႔ မေတြးလိုက္ပါနဲ႔ေနာ္။ ကိုယ့္ခ်စ္သူေလးဆီက ခ်စ္ျခင္းေတြကို အေျခခံလာတဲ့ သဝန္တိုမႈေလးေတြကို နားလည္ေပးႏုိင္ဖို႔ Marry က ေျပာျပေပးလိုက္ရ ပါတယ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ကိုယ့်ရဲ့ အရာရာတိုင်းက ချစ်သူလေးအပေါ် အခြေခံသလို ချစ်သူလေးရဲ့ အရာရာ တိုင်းကလည်း ကိုယ့်အပေါ်ပဲ မူတည်စေချင်တဲ့အချိန် သဝန်တိုစိတ်က အလိုလို ပေါ်လာတတ်ပါတယ်။

ချစ်သူတွေကြားက သဝန်တိုတယ် ဆိုတာက ချစ်လို့ပါ

Marry ရဲ့ ချစ်သူလေးတို့ရေ ကိုယ့်ချစ်သူလေးကို သဝန်တိုတတ်ကြပါသလား။ ချစ်သူလေးက သဝန်တိုတယ် ဆိုရင်တော့ အဲ့တာက ဘာကြောင့် သဝန်တိုတာလဲ ဆိုတာကို Marry က ပြောပြပေးမယ်နော်။

ချစ်သူတွေကြားမှ သဝန်တိုတတ်တဲ့ချစ်သူကို ပိုင်ဆိုင်ထားလို့ မလွတ်လပ်ဘူး ချုပ်ချယ်တယ် လို့တော့ မခံစားလိုက်ပါနဲ့နော်။ သဝန်တိုတယ် ဆိုတာက ဘာလို့ကောင်းတာလဲ ဆိုတာကို ပြောပြမယ်လေနော်။

သိပ်ချစ်လို့

ချစ်သူတွေကြားက သဝန်တိုတယ် ဆိုတာက ချစ်လို့ပါ။ ချစ်တာမှ သိပ်ချစ်လို့ပါ။ ချစ်တဲ့အ တွက် ကိုယ်ကလွဲလို့ တခြားသူ အနားမှာ ရှိနေတဲ့အချိန်ဆို သဝန်တိုမယ်။ တခြား သူတွေကြောင့် ရယ်နေ ပြုံးနေ ပျော်နေမယ်ဆိုရင် ရင်ထဲ ခိုးလိုးခုလုနဲ့ သဝန်တွေတိုပြီး နေ လို့ မကောင်း ဖြစ်လာမှာပါ။ ချစ်သူလေးရဲ့ အပြုံးတွေကို ကိုယ်တစ်ယောက်တည်းပဲ မြင် ချင်နေတာမျိုး ဖြစ်ချင်တဲ့စိတ်ကတော့ သိပ်ချစ်တတ်ပြီး သဝန်တိုလာတတ်တဲ့ ချစ်သူတွေကြား က အမှတ်အသားလေးပါပဲ။

အရာရာတိုင်း ဖြစ်ချင်လို့

ကိုယ့်ရဲ့ အရာရာတိုင်းက ချစ်သူလေးအပေါ် အခြေခံသလို ချစ်သူလေးရဲ့ အရာရာတိုင်းက လည်း ကိုယ့်အပေါ်ပဲ မူတည်စေချင်တဲ့အချိန် သဝန်တိုစိတ်က အလိုလို ပေါ်လာတတ်ပါ တယ်။ ချစ်သူလေး ပင်ပန်းလို့ မှီခိုစရာ ပုခုံးလေး ဖြစ်ပေးစေချင်တယ်။ ဝမ်းနည်းတဲ့အချိန်မှာ ခိုနားစရာ ရင်ခွင်လေး ဖြစ်ပေးစေချင်တယ်။

ချစ်သူလေးရဲ့ အရာ ရာတိုင်းကို ကိုယ်က ဖြည့်ဆည်းပေးချင်တဲ့အချိန် သူငယ်ချင်းတွေ အနားမှာ နေတာကို တွေ့လိုက်ရတာမျိုး တခြား တစ်နေရာရာကို ပြုလုပ်တာမျိုးဆိုရင်တော့ သဝန်တိုပြီပဲ။ ချစ်သူလေးရဲ့ အချိန်တွေကို အကုန် ပိုင်ဆိုင်ချင်လာတဲ့အတွက် ကိုယ့်အနား မရှိတဲ့အချိန်တွေကို သဝန်တိုလာတတ်တာပါ

ပိုင်ဆိုင်ချင်လို့

ချစ်တဲ့သူတွေ အချင်းချင်း သဝန်တိုတယ် ဆိုတာကတော့ ကိုယ့်အနား မရှိတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။ သူလည်း သူ့အလုပ်နဲ့သူ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ကိုယ် ဖြစ်နေလို့ ဘေးနား အတူတူ မရှိနိုင်တဲ့အချိန်တွေမှာ ဆိုရင် သဝန်တိုစိတ်ကတော့ ပေါ်လာပါတယ်။ ချစ်သူလေးရဲ့ အချိန်တွေကို အကုန် ပိုင်ဆိုင်ချင်လာတဲ့အတွက် ကိုယ့်အနား မရှိတဲ့အချိန်တွေကို သဝန်တိုလာတတ်တာပါ။

ချစ်သူတွေကြားမှာ သဝန်တိုတယ် ဆိုရင်တော့ ကိုယ့်ချစ်သူလေးက ကိုယ့်ကို သိပ်ချစ်လို့ သဝန်တိုတယ် ဆိုတာကို သိထားပေးပါနော်။ ချစ်သူလေး သဝန်တိုလို့ ချုပ်ချယ်တယ် နေရတာ မလွတ်လပ်ဘူးလို့ မတွေးလိုက်ပါနဲ့နော်။ ကိုယ့်ချစ်သူလေးဆီက ချစ်ခြင်းတွေကို အခြေခံလာတဲ့ သဝန်တိုမှုလေးတွေကို နားလည်ပေးနိုင်ဖို့ Marry က ပြောပြပေးလိုက်ရ ပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top