iMyanmarHouse.com - Best Property Website for Myanmar
×



ေႏြပူပူကို အံတုဖုိ႕ စားသင့္တဲ့ အသီးမ်ား ။ ။

စေတာ္ဘယ္ရီ၊ ဘလက္ဘယ္ရီ၊ ကီဝီသီး – ဗီတာမင္ C ဓာတ္ အျပည့္ပါတဲ့ ဒီအသီးေတြဟာ ေႏြရာသီမွာ အစားသင့္ဆံုးအသီးလို႕ဆိုရင္ေတာင္ မမွားပါဘူး။ ဗီတာမင္ C ရဲ႕ ေနေလာင္ ဒဏ္ကုိ ကာကြယ္ႏုိင္တဲ့ အစြမ္းေၾကာင့္္ ေဆာင္းလက္က်န္ စေတာ္ဘယ္ရီသီးေတြက ေႏြရဲ႕ အပူဒဏ္ကို အံတုတဲ့ ေနရာမွာ ဆရာတစ္ဆူျဖစ္ေနရျခင္းပါပဲ။

သခြားသီး – ေရဓာတ္အျပည့္ပါျပီး သၾကားလည္းမပါ က်န္းမာေရးအတြက္လည္း အေထာက္ အကူျပဳတဲ့ အသီးဆိုရင္ သခြားသီးကိုသာ ျပရပါလိမ့္မယ္။ သခြားသီးရဲ႕ ေရဓာတ္ျဖည့္ႏုိင္ စြမ္းေၾကာင့္ အသားအေရလည္းလွျပီး ေႏြရာသီမွာ အဆီျပန္တာကိုလည္း သူက ကာ ကြယ္ေပးဦးမွာပါ။



ခရမ္းခ်ဥ္သီး – ခရမ္းခ်ဥ္သီးမွာပါဝင္တဲ့ ဓာတ္တိုးဆန္႕က်င္ ပစၥည္းေတြက သင့္အသား အေရေတြကို ခရမ္းလြန္ေရာင္ျခည္ေတြကေန ကာကြယ္ေပးမွာ ျဖစ္တဲ့အျပင္ သူ႕မွာပါဝင္ တဲ့ဗီတာမင္ C နဲ႔  lycopene ရဲ႕ ေရဓာတ္ျဖည့္ႏုိ္င္တဲ့ အစြမ္းေၾကာင့္  ပ်က္စီးသြားတဲ့ အသား အေရေတြကုိ သူက ျပန္လည္ျပဳျပင္ေပးပါေသးတယ္။

ဖရဲသီး – ေႏြရာသီ နဲ႔ ဖရဲသီးဆုိတာ ခြဲျခားလို႕ မရပါဘူး။ ၾကြယ္ဝတဲ့ ေရဓာတ္က ေႏြရာသီရဲ႕ ေရဓာတ္ခမ္းေျခာက္ျခင္းကို ကာကြယ္ေပးမယ့္အျပင္ ပါဝင္တဲ့ ဓာတ္တုိးပစၥည္းေတြက ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ ျဖစ္တဲ့ အသားအေရ ပ်က္စီးျခင္းကို ကာကြယ္ေပးဦးမွာပါ။



ဟင္းႏုႏြယ္ – ဒီအစိမ္းေရာင္ရွိတဲ့ အရြက္ေလးတစ္ရြက္မွာ ဗီတာမင္ A ေတြ အျပည့္အဝပါလို႕ ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ ပ်က္စီးသြားႏုိင္တဲ့  အသားအေရေလးကို သူက အားေတြျဖည့္ေပးဦးမွာပါ။

မုန္လာဥနီ – ဥနီက မ်က္လံုးက်န္းမာေရးအတြက္တင္ မဟုတ္ပါဘူး။ သူ႕မွာ ပါဝင္တဲ့ beta-carotene  က ေနေလာင္သြားတဲ့  အသားအေရကိုျပန္လည္ျပဳျပင္ေပးတဲ့အျပင္ ေႏြေနျပင္းျပင္းထဲက ခရမ္းလြန္ေရာင္ျခည္ေတြ မ်က္လံုးကို ျပႆနာေပးႏုိ္င္တာေတြကို လည္း ေလွ်ာ့ခ်ေပးပါတယ္။

သလဲသီး – ဓာတ္တုိးဆန္႕က်င္ပစၥည္းေတြ အမ်ားၾကီးပါလို႕ ခရမ္း လြန္ေရာင္ျခည္ေတြေၾကာင့္ ျဖစ္တဲ့ အသားအေရထိခိုက္တာေတြကုိ သူက အေကာင္းဆံုး ကာကြယ္ေပးႏုိ္င္မွာပါ။

ေႏြေရာက္ျပီဆို ဒီ အသီးေတြစားရံုနဲ႕တင္ မျပီးေသးပါဘူး။ ေႏြရဲ႕ အပူခ်ိန္ကို အံတုဖုိ႕ ေရမ်ား မ်ားေသာက္ပါ. ေလဝင္ေလထြက္ေကာင္းတဲ့ အဝတ္အစားကို ေရြးခ်ယ္ပါ။ အျပင္သြားတုိင္း လက္ရွည္၊ ေဘာင္းဘီရွည္၊ ဦးထုပ္၊ ေနကာမ်က္မွန္ ထီးတုိ႕ကို ေဆာင္သြားပါ။ ေနေရာင္ျခည့္နဲ႕ အသားအေရ တုိက္ရိုက္ထိေတြ႕တာကို တတ္ႏုိ္င္သမွ် ေရွာင္ပါ။

Credit:hellosayarwon

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။ မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


နွေပူပူကို အံတုဖို့ စားသင့်တဲ့ အသီးများ ။ ။

စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ကီဝီသီး – ဗီတာမင် C ဓာတ် အပြည့်ပါတဲ့ ဒီအသီးတွေဟာ နွေရာသီမှာ အစားသင့်ဆုံးအသီးလို့ဆိုရင်တောင် မမှားပါဘူး။ ဗီတာမင် C ရဲ့ နေလောင် ဒဏ်ကို ကာကွယ်နိုင်တဲ့ အစွမ်းကြောင့် ဆောင်းလက်ကျန် စတော်ဘယ်ရီသီးတွေက နွေရဲ့ အပူဒဏ်ကို အံတုတဲ့ နေရာမှာ ဆရာတစ်ဆူဖြစ်နေရခြင်းပါပဲ။

သခွားသီး – ရေဓာတ်အပြည့်ပါပြီး သကြားလည်းမပါ ကျန်းမာရေးအတွက်လည်း အထောက် အကူပြုတဲ့ အသီးဆိုရင် သခွားသီးကိုသာ ပြရပါလိမ့်မယ်။ သခွားသီးရဲ့ ရေဓာတ်ဖြည့်နိုင် စွမ်းကြောင့် အသားအရေလည်းလှပြီး နွေရာသီမှာ အဆီပြန်တာကိုလည်း သူက ကာ ကွယ်ပေးဦးမှာပါ။

ခရမ်းချဉ်သီး – ခရမ်းချဉ်သီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက သင့်အသား အရေတွေကို ခရမ်းလွန်ရောင်ခြည်တွေကနေ ကာကွယ်ပေးမှာ ဖြစ်တဲ့အပြင် သူ့မှာပါဝင် တဲ့ဗီတာမင် C နဲ့  lycopene ရဲ့ ရေဓာတ်ဖြည့်နိုင်တဲ့ အစွမ်းကြောင့်  ပျက်စီးသွားတဲ့ အသား အရေတွေကို သူက ပြန်လည်ပြုပြင်ပေးပါသေးတယ်။

ဖရဲသီး – နွေရာသီ နဲ့ ဖရဲသီးဆိုတာ ခွဲခြားလို့ မရပါဘူး။ ကြွယ်ဝတဲ့ ရေဓာတ်က နွေရာသီရဲ့ ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးမယ့်အပြင် ပါဝင်တဲ့ ဓာတ်တိုးပစ္စည်းတွေက ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်တဲ့ အသားအရေ ပျက်စီးခြင်းကို ကာကွယ်ပေးဦးမှာပါ။

ဟင်းနုနွယ် – ဒီအစိမ်းရောင်ရှိတဲ့ အရွက်လေးတစ်ရွက်မှာ ဗီတာမင် A တွေ အပြည့်အဝပါလို့ ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးသွားနိုင်တဲ့  အသားအရေလေးကို သူက အားတွေဖြည့်ပေးဦးမှာပါ။

မုန်လာဥနီ – ဥနီက မျက်လုံးကျန်းမာရေးအတွက်တင် မဟုတ်ပါဘူး။ သူ့မှာ ပါဝင်တဲ့ beta-carotene  က နေလောင်သွားတဲ့  အသားအရေကိုပြန်လည်ပြုပြင်ပေးတဲ့အပြင် နွေနေပြင်းပြင်းထဲက ခရမ်းလွန်ရောင်ခြည်တွေ မျက်လုံးကို ပြဿနာပေးနိုင်တာတွေကို လည်း လျှော့ချပေးပါတယ်။

သလဲသီး – ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါလို့ ခရမ်း လွန်ရောင်ခြည်တွေကြောင့် ဖြစ်တဲ့ အသားအရေထိခိုက်တာတွေကို သူက အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။

နွေရောက်ပြီဆို ဒီ အသီးတွေစားရုံနဲ့တင် မပြီးသေးပါဘူး။ နွေရဲ့ အပူချိန်ကို အံတုဖို့ ရေများ များသောက်ပါ. လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားကို ရွေးချယ်ပါ။ အပြင်သွားတိုင်း လက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုပ်၊ နေကာမျက်မှန် ထီးတို့ကို ဆောင်သွားပါ။ နေရောင်ခြည့်နဲ့ အသားအရေ တိုက်ရိုက်ထိတွေ့တာကို တတ်နိုင်သမျှ ရှောင်ပါ။

Credit:hellosayarwon

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။ မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top