iMyanmarHouse.com - Best Property Website for Myanmar
×
၁- အသင့်စားအစားအစာ
၂- ဝိုင်
၃- ချောကလက်
၎- ကြက်သား
၅- အပူအစပ်
Credit: MM
ကျန်းမာရေး၊အလှအပ
#Unicode Version# ဖြင့်ဖတ်ပါ ။
ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့က ကျန်းမာဖို့အတွက်သာမက၊ နောက်နေ့မှာ ကောင်းကောင်း ရွင်လန်း တက်ကျွနေဖို့ အတွက် ပါအရေးကြီးပါတယ်။ ကျွန်တော်တို့တွေအားလုံး ညဘက် ကလေးလေးတစ်ယောက် လိုကောင်းကောင်းအိပ်ပျော်သွားသည်ဖြစ်စေ (သို့) တစ်ညလုံး အိပ်မရဘဲ စိတ်ပျက်စွာကုန်ဆုံးရတဲ့ ညဖြစ်စေ ဒါတွေဟာ ကိုယ်အိပ်ရာမဝင်ခင်စားလိုက်တဲ့အစားအသောက်နဲ့သက်ဆိုင်နေပါတယ်။
ညအိပ်ရာမဝင်ခင်မစားသင့်တဲ့အစားအစာများ
၁- အသင့်စားအစားအစာ
အသင့်စား အစားအသောက်တွေဟာ ကျန်းမာရေးအတွက်သာမက အိပ်ပျော်ဖို့အတွက်လဲ ဒုက္ခရောက်စေပါတယ်။
၂- ဝိုင်
အယ်ကိုဟောတွေဟာ ညဘက်အိပ်ပျော်နေစဉ်မှာ တစ်ခါထက်ပိုပြီး အိပ်ရာထစရာပေါ်လာတတ်တဲ့ အဓိက တရားခံတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် အိပ်ပျော်နေစဉ် ဟောက်ခြင်း ကိုလဲဖြစ်ပေါ်စေနိုင်ပါတယ်။
၃- ချောကလက်
များသောအားဖြင့် ချောကလက်အမဲ တွေဟာ ကဖိန် နဲ့သီရိုဘရိုမင်း တွေ ပါဝင်နေပါတယ်။ အဲ့ဒီအရာတွေဟာ အာရုံကြောအဖွဲ့စည်းတွေကို လူံ့ဆော်ပေးပြီး နှလုံးခုံနုူန်းကိုတိုးစေပါတယ်။ ဒါ့အပြင် အိပ်ပပျော်စေတဲ့ ရောဂါကို ပိုတိုးစေပါတယ်။
၄- ကြက်သား
ပရိုတိန်း များစွာပါဝင်တဲ့ ကြက်သားဟာ အစာခြေဖျက်မူကို ၅၀ ရာခိုင်နူန်း လျော့နည်းစေပါတယ်။ ဒါကြောင့် အိပ်ပျော်နေစဉ် အစာခြေဖျက်မူအဖွဲ့စည်းတွေအနားယူနေရမည့်အစား အစာခြေဖျက်ဖို့အတွက် အလုပ်လုပ်နေရမှာဖြစ်ပါတယ်။
၅- အပူအစပ်
မအိပ်ခင်မှာ ကိုယ်စားမယ့်အစားအသောက်ထဲကို အပူအစပ်တွေမထည့်သင့်ပါဘူး။ သူတို့တွေဟာ အစာမကျေ ရင်ပူခြင်းကိုဖြစ်စေနိုင်ပြီး အကျိုးကတော့ ကောင်းမွန်တဲ့အိပ်စက်ခြင်းကိုမရရှိနိုင်တော့ပါဘူး။
အိပ်ရာမဝင်ခင်စားသင့်တဲ့အစားအစာများ
အိပ်ရာမဝင်ခင်စားသင့်တဲ့အစာအစား တွေကတော့ ငှက်ပျောသီး နဲ့ နွားနို့ဖြစ်ပါတယ်။ ငှပျောသီးမှာ မဂ္ဂနီဆီယံတွေ ပါဝင်ပြီး ကယ်ဆီယံ တွေက ညဘက်ကောင်းကောင်းအိပ်ပျော်ဖို့အကူညီပေးပါတယ်။ နွားနို့ကတော့ အမီနိုအက်စစ်တွေပါဝင်ပြီး အိပ်စက်ခြင်းကို ပိုမို ငြိမ်းချမ်းစေပြီး အကြာကြီးအိပ်ပျော်စေပါတယ်။ ဒါကြောင့် အမေတွေ အိပ်ရာမဝင်ခင် နွားနို့တစ်ခွက်လာပို့တတ်ကြတာ အကြောင်းမဲ့မဟုတ်ပါဘူး။
Credit: MM
ကျန်းမာရေး၊အလှအပ
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top