iMyanmarHouse.com - Best Property Website for Myanmar
×

သန္းၾကြယ္သူေဌးျဖစ္ဖို႔ လြယ္ကူ႐ိုးရွင္းသည့္ အဆင့္(၅)ခု

သန္းၾကြယ္သူေဌးတစ္ေယာက္ျဖစ္ဖို႔က အလွမ္းေ၀းလြန္းတဲ့ အိပ္မက္တစ္ခုလို ျဖစ္္ေနပါသလား။ တကယ္တမ္းလက္ေတြ႕မွာေတာ့ သန္းၾကြယ္သူေဌးတစ္ေယာက္ျဖစ္ဖို႔က အရမ္းလြယ္တယ္လို႔ ေျပာရင္ ယံုႏိုင္မွာ မဟုတ္ပါဘူး။ ဟုတ္ပါတယ္။ သန္းၾကြယ္သူေဌးတစ္ေယာက္ျဖစ္ဖို႔ အခုေဖာ္ျပမယ့္ အခ်က္(၅)ခုနဲ႔ ျပည့္စံုဖို႔ပဲ လိုတာပါ။

၁။ သင့္စိတ္ဆႏၵကို တိုးတက္ေအာင္ျမင္ေစႏိုင္မယ့္ လူေတြနဲ႔ ၀န္းရံထားပါ။

သင့္ရည္မွန္းခ်က္တစ္ခု ၿပီးေျမာက္ေအာင္ျမင္ေစဖို႔အတြက္ လက္ရွိေအာင္ျမင္ၿပီးသားလူေတြနဲ႔ ဆက္ဆံေရးတည္ေဆာက္ထားဖို႔လိုပါတယ္။ သူတို႔ေတြက သင့္ကို ဘာလုပ္ဖို႔လိုတယ္ဆိုတာကို ေျပာျပေပးႏိုင္ပါတယ္။ ဒီလိုဆိုရင္ မျဖစ္ႏိုင္ဘူးလို႔ထင္တဲ့ ရည္မွန္းခ်က္ေတြက တကယ္ျဖစ္လာႏိုင္ကို သိျမင္လာပါလိမ့္မယ္။

91471a0704a02a483302222947ab815af3fad4a7b532a2df09e450f56743867d

၂။ မျဖစ္ႏိုင္ဘူးထင္တာေတြကို ျပန္လည္ဆန္းစစ္ပါ။

သင္အိပ္မက္ကို အေကာင္အထည္ေပၚလာဖို႔ ပံ့ပိုးကူညီေပးႏိုင္သူေတြနဲ႔ ၀န္းရံၿပီးတဲ့အခါမွာ သင့္ရဲ႕ခံယူခ်က္ကို အဆင့္ျမွင့္တင္ဖို႔ လုပ္ရမွာျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္ရာမွာ ကန္႔သတ္ထားတဲ့ ယုံၾကည္မႈေတြကို ဆန္းစစ္ၿပီး အေတြးေတြကို ျပန္လည္ပံုေဖာ္ရမွာ ျဖစ္ပါတယ္။ ကိုယ့္သမိုင္းကို ကိုယ္တိုင္ျပန္ျပင္ေရးတဲ့သေဘာပဲ ျဖစ္ပါတယ္။ ဒီလိုဆန္းစစ္ရာမွာ ဘယ္အခ်က္ေတြက ေရွ႕ဆက္ဖို႔ အဟန္႔အတားျဖစ္ေနေစတာလဲ၊ တကယ္ပဲ အဟန္႔အတားျဖစ္ေနတာလား ဒါမွမဟုတ္ စိတ္ထဲမွာပဲ ေတြးေၾကာက္ေနတာလား၊ စိုးရိမ္စိတ္ေတြကို ဘယ္လို ေက်ာ္ျဖတ္ႏိုင္မလဲ စသျဖင့္ စဥ္းစားသံုးသပ္ရမွာျဖစ္ပါတယ္။

၃။ ေမွ်ာ္လင့္မထားတဲ့ တန္ဖိုးေတြ ေပးႏိုင္ပါေစ။

သင့္ရဲ႕၀င္ေငြတိုးတက္လာဖို႔က ေမွ်ာ္လင့္မထားတဲ့ တန္ဖိုးေတြ ေပါင္းထည့္ေပးႏိုင္စြမ္းေပၚမွာ မူတည္ေနပါတယ္။ တန္ဖိုးေတြ ေပါင္းထည့္ေပးႏိုင္ဖို႔အတြက္ အလုပ္ႀကိဳးစားဖို႔ လိုတယ္လို႔ လူအမ်ားစုက ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ ေမွ်ာ္လင့္မထားတဲ့ တန္ဖိုးေတြေပါင္းထည့္ရာမွာ သင့္ရဲ႕အဆက္အသြယ္ေတြ၊ အခ်ိန္ေတြ၊ ေျဖရွင္းေပးႏိုင္တဲ့ ျပႆနာေတြကေန တဆင့္ေပါင္းထည့္ေပးလို႔ ရႏိုင္ပါတယ္။ မွန္ကန္တဲ့လူေတြနဲ႔ အဆက္အသြယ္ေကာင္းေတြ တည္ေဆာက္ႏိုင္တဲ့အခါမွာ အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာတတ္တာေၾကာင့္ သင့္ရဲ႕အခ်ိန္ေတြကို ရင္းႏွီးျမဳပ္ႏွံၿပီး ျပႆနာေျဖရွင္းႏိုင္သူတစ္ေယာက္ ျဖစ္လာဖို႔ လိုပါတယ္။ အလုပ္ကိုခ်ည္းပဲ ႀကိဳးစားလုပ္ေဆာင္ဖို႔နဲ႔ လစာေကာင္းတဲ့အလုပ္တစ္ခုရဖို႔ စတဲ့ အေတြးအေခၚေဟာင္းေတြကို ေဘးခ်ိန္ထားၿပီး လူမွန္ေနရာမွန္မွာ ခ်ိန္သားကိုက္လႈပ္ရွားတတ္တဲ့ အေလ့အက်င့္ကို ေမြးျမဴထားဖို႔ လိုပါတယ္။

91471a0704a02a483302222947ab815af3fad4a7b532a2df09e450f56743867d

၄။ စားသံုးသူကို ေသခ်ာေရြးခ်ယ္ပါ။

သန္းၾကြယ္သူေဌးတစ္ေယာက္ျဖစ္လာဖို႔ အျမန္ဆံုးနဲ႔ အလြယ္ဆံုးနည္းလမ္းကေတာ့ သင့္ရဲ႕ ထုတ္ကုန္ ဒါမွမဟုတ္ ၀န္ေဆာင္မႈကို ေစ်းႏႈန္းျမွင့္တင္ဖို႔ပဲျဖစ္ပါတယ္။ ဒီလိုေစ်းႏႈန္းျမွင့္တင္ဖို႔ တစ္ေယာက္ေယာက္ကို ေျပာၾကည့္မယ္ဆိုရင္ မျဖစ္ႏိုင္ဘူးဆိုတာမ်ိဳးပဲ ၾကားရမွာေသခ်ာပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ စားသံုးသူေတြကို ပညာသားပါပါေရြးခ်ယ္တတ္ဖို႔ လိုပါတယ္။ စားသံုးသူေတြက ေပးခ်င္တဲ့ ေစ်းႏႈန္းဟာ သူတို႔လက္ခံရရွိတဲ့ တန္ဖိုးနဲ႔ တိုက္႐ိုက္ဆက္ႏြယ္ေနတာေၾကာင့္ ျဖစ္ပါတယ္။

၅။ ေရရွည္အတြက္ ရင္းႏွီးျမဳပ္ႏွံပါ။

လူအမ်ားစုက အလြယ္တကူနဲ႔ ျမန္ျမန္ဆန္ဆန္ေအာင္ျမင္ခ်င္တတ္ၾကပါတယ္။ ဒီနည္းလမ္းက လူတစ္ခ်ိဳ႕အတြက္ပဲ အလုပ္ျဖစ္ပါလိမ့္မယ္။ တကယ္ေတာ့ ေရရွည္အတြက္ ရင္းႏွီးျမဳပ္ႏွံတဲ့အခါမွာ ရလဒ္ေတြက ပိုၿပီး ျမန္ျမန္ရရွိတာကို ေတြ႕ရပါလိမ့္မယ္။ သင့္ရဲ႕အခ်ိန္ကို သံုးစြဲပံု၊ ၀န္ထမ္းေတြ ခန္႔အပ္မႈ၊ တည္ေဆာက္ထားတဲ့ဆက္ဆံေရး၊ ဖန္တီးထုတ္လုပ္တဲ့ ထုတ္ကုန္၊ လုပ္ငန္းရဲ႕ဖြဲ႕စည္းပံု စတာေတြအားလံုးမွာ ေရရွည္အတြက္ေတြးၿပီး ရင္းႏွီးျမဳပ္ႏွံတတ္ဖို႔ လိုပါတယ္။

Credit: mmgentleman
ၾကီးပြားေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

သန်းကြွယ်သူဌေးဖြစ်ဖို့ လွယ်ကူရိုးရှင်းသည့် အဆင့်(၅)ခု

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့က အလှမ်းဝေးလွန်းတဲ့ အိပ်မက်တစ်ခုလို ဖြစ်နေပါသလား။ တကယ်တမ်းလက်တွေ့မှာတော့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့က အရမ်းလွယ်တယ်လို့ ပြောရင် ယုံနိုင်မှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့ အခုဖော်ပြမယ့် အချက်(၅)ခုနဲ့ ပြည့်စုံဖို့ပဲ လိုတာပါ။

၁။ သင့်စိတ်ဆန္ဒကို တိုးတက်အောင်မြင်စေနိုင်မယ့် လူတွေနဲ့ ဝန်းရံထားပါ။

သင့်ရည်မှန်းချက်တစ်ခု ပြီးမြောက်အောင်မြင်စေဖို့အတွက် လက်ရှိအောင်မြင်ပြီးသားလူတွေနဲ့ ဆက်ဆံရေးတည်ဆောက်ထားဖို့လိုပါတယ်။ သူတို့တွေက သင့်ကို ဘာလုပ်ဖို့လိုတယ်ဆိုတာကို ပြောပြပေးနိုင်ပါတယ်။ ဒီလိုဆိုရင် မဖြစ်နိုင်ဘူးလို့ထင်တဲ့ ရည်မှန်းချက်တွေက တကယ်ဖြစ်လာနိုင်ကို သိမြင်လာပါလိမ့်မယ်။

91471a0704a02a483302222947ab815af3fad4a7b532a2df09e450f56743867d

၂။ မဖြစ်နိုင်ဘူးထင်တာတွေကို ပြန်လည်ဆန်းစစ်ပါ။

သင်အိပ်မက်ကို အကောင်အထည်ပေါ်လာဖို့ ပံ့ပိုးကူညီပေးနိုင်သူတွေနဲ့ ဝန်းရံပြီးတဲ့အခါမှာ သင့်ရဲ့ခံယူချက်ကို အဆင့်မြှင့်တင်ဖို့ လုပ်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေကို ဆန်းစစ်ပြီး အတွေးတွေကို ပြန်လည်ပုံဖော်ရမှာ ဖြစ်ပါတယ်။ ကိုယ့်သမိုင်းကို ကိုယ်တိုင်ပြန်ပြင်ရေးတဲ့သဘောပဲ ဖြစ်ပါတယ်။ ဒီလိုဆန်းစစ်ရာမှာ ဘယ်အချက်တွေက ရှေ့ဆက်ဖို့ အဟန့်အတားဖြစ်နေစေတာလဲ၊ တကယ်ပဲ အဟန့်အတားဖြစ်နေတာလား ဒါမှမဟုတ် စိတ်ထဲမှာပဲ တွေးကြောက်နေတာလား၊ စိုးရိမ်စိတ်တွေကို ဘယ်လို ကျော်ဖြတ်နိုင်မလဲ စသဖြင့် စဉ်းစားသုံးသပ်ရမှာဖြစ်ပါတယ်။

၃။ မျှော်လင့်မထားတဲ့ တန်ဖိုးတွေ ပေးနိုင်ပါစေ။

သင့်ရဲ့ဝင်ငွေတိုးတက်လာဖို့က မျှော်လင့်မထားတဲ့ တန်ဖိုးတွေ ပေါင်းထည့်ပေးနိုင်စွမ်းပေါ်မှာ မူတည်နေပါတယ်။ တန်ဖိုးတွေ ပေါင်းထည့်ပေးနိုင်ဖို့အတွက် အလုပ်ကြိုးစားဖို့ လိုတယ်လို့ လူအများစုက ထင်တတ်ကြပါတယ်။ တကယ်တော့ မျှော်လင့်မထားတဲ့ တန်ဖိုးတွေပေါင်းထည့်ရာမှာ သင့်ရဲ့အဆက်အသွယ်တွေ၊ အချိန်တွေ၊ ဖြေရှင်းပေးနိုင်တဲ့ ပြဿနာတွေကနေ တဆင့်ပေါင်းထည့်ပေးလို့ ရနိုင်ပါတယ်။ မှန်ကန်တဲ့လူတွေနဲ့ အဆက်အသွယ်ကောင်းတွေ တည်ဆောက်နိုင်တဲ့အခါမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်တာကြောင့် သင့်ရဲ့အချိန်တွေကို ရင်းနှီးမြုပ်နှံပြီး ပြဿနာဖြေရှင်းနိုင်သူတစ်ယောက် ဖြစ်လာဖို့ လိုပါတယ်။ အလုပ်ကိုချည်းပဲ ကြိုးစားလုပ်ဆောင်ဖို့နဲ့ လစာကောင်းတဲ့အလုပ်တစ်ခုရဖို့ စတဲ့ အတွေးအခေါ်ဟောင်းတွေကို ဘေးချိန်ထားပြီး လူမှန်နေရာမှန်မှာ ချိန်သားကိုက်လှုပ်ရှားတတ်တဲ့ အလေ့အကျင့်ကို မွေးမြူထားဖို့ လိုပါတယ်။

91471a0704a02a483302222947ab815af3fad4a7b532a2df09e450f56743867d

၄။ စားသုံးသူကို သေချာရွေးချယ်ပါ။

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာဖို့ အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းကတော့ သင့်ရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို ဈေးနှုန်းမြှင့်တင်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုဈေးနှုန်းမြှင့်တင်ဖို့ တစ်ယောက်ယောက်ကို ပြောကြည့်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာမျိုးပဲ ကြားရမှာသေချာပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ စားသုံးသူတွေကို ပညာသားပါပါရွေးချယ်တတ်ဖို့ လိုပါတယ်။ စားသုံးသူတွေက ပေးချင်တဲ့ ဈေးနှုန်းဟာ သူတို့လက်ခံရရှိတဲ့ တန်ဖိုးနဲ့ တိုက်ရိုက်ဆက်နွယ်နေတာကြောင့် ဖြစ်ပါတယ်။

၅။ ရေရှည်အတွက် ရင်းနှီးမြုပ်နှံပါ။

လူအများစုက အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်အောင်မြင်ချင်တတ်ကြပါတယ်။ ဒီနည်းလမ်းက လူတစ်ချို့အတွက်ပဲ အလုပ်ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ရေရှည်အတွက် ရင်းနှီးမြုပ်နှံတဲ့အခါမှာ ရလဒ်တွေက ပိုပြီး မြန်မြန်ရရှိတာကို တွေ့ရပါလိမ့်မယ်။ သင့်ရဲ့အချိန်ကို သုံးစွဲပုံ၊ ဝန်ထမ်းတွေ ခန့်အပ်မှု၊ တည်ဆောက်ထားတဲ့ဆက်ဆံရေး၊ ဖန်တီးထုတ်လုပ်တဲ့ ထုတ်ကုန်၊ လုပ်ငန်းရဲ့ဖွဲ့စည်းပုံ စတာတွေအားလုံးမှာ ရေရှည်အတွက်တွေးပြီး ရင်းနှီးမြုပ်နှံတတ်ဖို့ လိုပါတယ်။

Credit: mmgentleman
ကြီးပွားရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top