iMyanmarHouse.com - Best Property Website for Myanmar
×


နေကြာစေ့

teeth2


ပူရှိန်းချိုချဉ်

teeth3


သစ်သီးခြောက်

teeth4


ဗီနီဂါ

teeth5


ရေခဲတုံး

teeth6



Credit:MM
ကျန်းမာရေး၊အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

#Unicode Version# ဖြင့်ဖတ်ပါ ။

လူတစ်ယောက်ရဲ့ မျက်နှာမှာ အသိသားဆုံးအရာက အပြုံးတစ်ပွင့်ဖြစ်ပါတယ်။ ပြုံးလိုက်တဲ့အခါ သွားလေးတွေ ကျန်းမာလှပနေဖို့လဲ အရေးကြီးပါတယ်။ ဒါကြောင့် သွားကျန်းမာဖို့အတွက် ဂရုစိုက်ပေးသင့်ပါတယ်။ သင့်သွားကျန်းမာရေးအတွက် ရှောင်ကျဉ်သင့်တဲ့အစားအစာများရှိပါတယ်။ ထိုအစားအစာတွေကို သိရှိစေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

နေကြာစေ့

teeth2

နေကြာစေ့က သင့်သွားအတွက် မကောင်းတဲ့အစားအစာဖြစ်ပါတယ်။ ဒါပေမဲ့ နေကြာစေ့အခွံက သွားကို ထိခိုက်စေနိုင်ပါတယ်။ ဆရာဝန်တွေက အခွံခွာထားတဲ့နေကြာစေ့က ပရိုတိန်းပါဝင်တဲ့အစားအစာအဖြစ် ထောက်ခံပေးကြပါတယ်။

ပူရှိန်းချိုချဉ်

teeth3

ပူရှိန်းချိုချဉ်တွေက လန်းဆန်းမှုကို ပေးစွမ်းပြီး ခံတွင်းနံ့ကို ကောင်းမွန်စေပေမဲ့လဲ သင့်သွားကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ပူရှိန်းချိုချဉ်အမျိုးအစားတချို့က သကြားနဲ့ပြုလုပ်ထားကြတာဖြစ်ပြီး ဘတ်တီးရီးယားကြီးထွားမှုကို မြှင့်တင်ပေးပါတယ်။ ဒါက အမျိုးမျိုးသောသွားကျန်းမာရေးပြဿနာများကို ဖြစ်စေပြီး သွားကို ပျက်စီးစေပါတယ်။ ပူရှိန်းချိုချဉ်ကို စားချင်ရင်တော့ သကြားမပါတဲ့ချိုချဉ်ကို ရွေးချယ်ကြည့်ပါ။

သစ်သီးခြောက်

teeth4

သစ်သီးခြောက်တွေက ဗီတာမင်နှင့်အမျှင်ဓာတ် ပြည့်ဝပါတယ်။ ဒါပေမဲ့ သစ်သီးခြောက်တွေက ပိုပြီးစေးကပ်တဲ့အတွက် သင့်သွားမှာ သကြားနှင့် အက်ဆစ်ဓာတ်များ ကျန်ခဲ့နိုင်ပါတယ်။ ဒီသကြားဓာတ်က ဘတ်တီးရီးယားကို ဖြစ်စေနိုင်ပြီး သွားကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ဗီနီဂါ

teeth5

ဗီနီဂါထည်ပြီး အစားအစာကို စားခြင်းက သွားအပေါ်ယံကြွေသားကို တိုက်စားနိုင်ပါတယ်။ သွားပျက်စီးခြင်းကို လျော့ချဖို့အတွက် တတ်နိုင်သလောက် ဗီနီဂါကို လျော့စားသုံးသင့်ပါတယ်။

ရေခဲတုံး

teeth6

ရေခဲဝါးစားခြင်းက သင့်သွားကျန်းမာရေးအတွက် မကောင်းတဲ့အရာဖြစ်ပါတယ်။ ရေခဲနှင့် သွားအပေါ်ယံကြွေသားနှစ်ခုလုံးက ခရစ်စတယ်နှင့်ပြုလုပ်ထားတဲ့အတွက် ခရစ်စတယ်နှစ်ခုလုံးကို အချင်းချင်းပွတ်တိုက်ခြင်းက နှစ်ခုစလုံးကို ပျက်စီးစေပါတယ်။

Credit:MM

ကျန်းမာရေး၊အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top