iMyanmarHouse.com - Best Property Website for Myanmar
×

 လီမင္ဟုိဆိုတာ ဒီေန႔ေခတ္လူငယ္ေကာင္မေလးေတာ္ေတာ္မ်ားမ်ားရဲ႕ အခ်စ္ဦးဆိုရင္မမွားပါဘူး။ Boys Over Flower နဲ႔ တစ္ကမၻာလံုးမွာၾကီးက်ယ္ခမ္းနားတဲ့ေအာင္ျမင္မႈရရွိထားတဲ့ ဂူဂြ်န္ပ်ိဳတစ္ျဖစ္လဲ လီမင္ဟုိဟာ အခုအခ်ိန္အထိ မိန္းကေလးေတြေရာေယာက္်ားေလးေတြပါ သည္းသည္းလႈပ္အားေပးတဲ့ အနုပညာရွင္တစ္ဦးျဖစ္ဆဲပါပဲ။ မၾကာခင္မွာ စစ္မႈထမ္းကာလျပီးဆံုးေတာ့မယ့္ လီမင္ဟုိကုိ ပရိသတ္ေတြက စစ္မႈထမ္းျပီးျပန္ထြက္လာတဲ့အခါ ရုပ္ရွင္ေတြအမ်ားၾကီးထပ္ရိုက္ျပီး Fans Meeting ေတြအမ်ားၾကီးထပ္လုပ္ကာ တစ္ဝၾကီးအလြမ္းေျဖဖို႔ေမွ်ာ္လင့္ေနၾကတာပါ။

ဒါေပမယ့္ ၾကည့္ရတာ လီမင္ဟုိကေတာ့ ပရိသတ္ေတြရဲ႕အသည္းကုိခြဲဖို႔မ်ား အဆင္သင့္ျပင္ထားျပီလားမဆိုနုိင္ပါဘူး။ ဘာေၾကာင့္ဆို စစ္မႈထမ္းျပီးျပန္ထြက္လာရင္ တစ္ကမၻာလံုးကသိတဲ့ သူ႔ခ်စ္သူျဖစ္ခဲ့ဖူးသူ Suzy Bae နဲ႔ လက္ထပ္ေတာ့မယ္ဆိုတဲ့သတင္းေတြထြက္ေပၚလာေနလုိ႔ပါပဲ။ Lee Min Ho ဟာ Suzy နဲ႔ ျပီးခဲ့တဲ့ 2015 ခုနွစ္ကစျပီး ခ်စ္သူေတြျဖစ္ခဲ့ၾကတာျဖစ္ျပီး သံုးနွစ္ၾကာေအာင္တြဲခဲ့ၾကတာပါ။

ျပီးခဲ့တဲ့ 2017 မွာတစ္ခါ လမ္းခြဲလိုက္ပါျပီလို႔ သူတို႔ရဲ႕ ေအဂ်င္စီေတြက ေၾကျငာခဲ့ၾကေပမယ့္ အဲဒီေနာက္မွာလည္း မျပီးျပတ္ေသးတဲ့ကိစၥေတြက သူတို႔နွစ္ဦးၾကားမွာ သံေယာဇဥ္မျပတ္နိုင္ျဖစ္ေနခဲ့ၾကျပီးမွ မင္ဟုိက စစ္မႈထမ္းသြားခဲ့ရတာပါလို႔ ခိုင္လံုတဲ့သတင္းရပ္ဝန္းေတြက ၾကားသိရပါတယ္။ အခုတစ္ခါ မင္ဟုိက စစ္မႈထမ္းျပီးျပန္ထြက္လာရင္ ဆူဇီနဲ႔ လက္ထပ္ဖြယ္ရာရွိတယ္လို႔ တရုတ္သတင္းဌာနတစ္ခုျဖစ္တဲ့ Bussiness Times သတင္းစာက ေဖာ္ျပထားပါတယ္။

ခ်စ္သူနဲ႔သံုးနွစ္ၾကာေအာင္တြဲခဲ့ျပီးမွ အၾကာၾကီးခြဲေနလုိက္ရတဲ့ မင္ဟုိဟာ သူ စစ္မႈထမ္းျပီးထြက္လာတာနဲ႔ ခ်စ္သူကုိအဆံုးရံႈးမခံနုိင္ေတာ့ပဲ တန္းျပီးလက္ထပ္ခ်င္တယ္ဆိုတာက ျဖစ္နို္င္တာပဲမုိ႔ ပရိသတ္ေတြက ေဝခြဲမရျဖစ္ေနၾကပါတယ္။ ဆူဇီဟာလည္း မင္ဟုိကုိ အရမ္းခ်စ္ခဲ့သူမို႔ ဒီလိုအၾကာၾကီးခြဲျပီးသြားတဲ့အခါ မင္ဟုိက လက္ထပ္ခ်င္ပါတယ္ဆိုလာရင္ လက္ခံဖို႔အသင့္ရွိေနမွာပဲလို႔ ဆူဇီနဲ႔ရင္းနွီးသူေတြက မီဒီယာေတြကုိဖြင့္ဟထားၾကပါတယ္တဲ့။ ဒီတစ္ခါေတာ့ လူပ်ိဳၾကီး မင္ဟုိုတစ္ေယာက္ ပရိသတ္ေတြရဲ႕အသည္းကိုခြဲရစ္နုိင္ျပီလား။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ မင္ဟုိနဲ႔ ဆူဇီတို႔ျပန္တြဲမယ္ဆုိရင္သေဘာတူၾကလား။ သူတို႔နွစ္ေယာက္ကိုျမန္ျမန္လက္ထပ္ေစခ်င္ၾကလား။ ဒါမွမဟုတ္ ျပီးခဲ့တာေတြျပီးပါေစေတာ့လား။ မင္ဟုိ တကယ္ၾကီးလက္ထပ္သြားရင္ ဘယ္လိုုလုပ္ၾကမလဲ။ ေျပာခဲ့ၾကပါဦး။

Credit: nanmalgyi
 အႏုပညာ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

လီမင်ဟိုဆိုတာ ဒီနေ့ခေတ်လူငယ်ကောင်မလေးတော်တော်များများရဲ့ အချစ်ဦးဆိုရင်မမှားပါဘူး။ Boys Over Flower နဲ့ တစ်ကမ္ဘာလုံးမှာကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုရရှိထားတဲ့ ဂူဂျွန်ပျိုတစ်ဖြစ်လဲ လီမင်ဟိုဟာ အခုအချိန်အထိ မိန်းကလေးတွေရောယောက်ျားလေးတွေပါ သည်းသည်းလှုပ်အားပေးတဲ့ အနုပညာရှင်တစ်ဦးဖြစ်ဆဲပါပဲ။ မကြာခင်မှာ စစ်မှုထမ်းကာလပြီးဆုံးတော့မယ့် လီမင်ဟိုကို ပရိသတ်တွေက စစ်မှုထမ်းပြီးပြန်ထွက်လာတဲ့အခါ ရုပ်ရှင်တွေအများကြီးထပ်ရိုက်ပြီး Fans Meeting တွေအများကြီးထပ်လုပ်ကာ တစ်ဝကြီးအလွမ်းဖြေဖို့မျှော်လင့်နေကြတာပါ။

ဒါပေမယ့် ကြည့်ရတာ လီမင်ဟိုကတော့ ပရိသတ်တွေရဲ့အသည်းကိုခွဲဖို့များ အဆင်သင့်ပြင်ထားပြီလားမဆိုနိုင်ပါဘူး။ ဘာကြောင့်ဆို စစ်မှုထမ်းပြီးပြန်ထွက်လာရင် တစ်ကမ္ဘာလုံးကသိတဲ့ သူ့ချစ်သူဖြစ်ခဲ့ဖူးသူ Suzy Bae နဲ့ လက်ထပ်တော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာနေလို့ပါပဲ။ Lee Min Ho ဟာ Suzy နဲ့ ပြီးခဲ့တဲ့ 2015 ခုနှစ်ကစပြီး ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပြီး သုံးနှစ်ကြာအောင်တွဲခဲ့ကြတာပါ။

ပြီးခဲ့တဲ့ 2017 မှာတစ်ခါ လမ်းခွဲလိုက်ပါပြီလို့ သူတို့ရဲ့ အေဂျင်စီတွေက ကြေငြာခဲ့ကြပေမယ့် အဲဒီနောက်မှာလည်း မပြီးပြတ်သေးတဲ့ကိစ္စတွေက သူတို့နှစ်ဦးကြားမှာ သံယောဇဉ်မပြတ်နိုင်ဖြစ်နေခဲ့ကြပြီးမှ မင်ဟိုက စစ်မှုထမ်းသွားခဲ့ရတာပါလို့ ခိုင်လုံတဲ့သတင်းရပ်ဝန်းတွေက ကြားသိရပါတယ်။ အခုတစ်ခါ မင်ဟိုက စစ်မှုထမ်းပြီးပြန်ထွက်လာရင် ဆူဇီနဲ့ လက်ထပ်ဖွယ်ရာရှိတယ်လို့ တရုတ်သတင်းဌာနတစ်ခုဖြစ်တဲ့ Bussiness Times သတင်းစာက ဖော်ပြထားပါတယ်။

ချစ်သူနဲ့သုံးနှစ်ကြာအောင်တွဲခဲ့ပြီးမှ အကြာကြီးခွဲနေလိုက်ရတဲ့ မင်ဟိုဟာ သူ စစ်မှုထမ်းပြီးထွက်လာတာနဲ့ ချစ်သူကိုအဆုံးရှုံးမခံနိုင်တော့ပဲ တန်းပြီးလက်ထပ်ချင်တယ်ဆိုတာက ဖြစ်နိုင်တာပဲမို့ ပရိသတ်တွေက ဝေခွဲမရဖြစ်နေကြပါတယ်။ ဆူဇီဟာလည်း မင်ဟိုကို အရမ်းချစ်ခဲ့သူမို့ ဒီလိုအကြာကြီးခွဲပြီးသွားတဲ့အခါ မင်ဟိုက လက်ထပ်ချင်ပါတယ်ဆိုလာရင် လက်ခံဖို့အသင့်ရှိနေမှာပဲလို့ ဆူဇီနဲ့ရင်းနှီးသူတွေက မီဒီယာတွေကိုဖွင့်ဟထားကြပါတယ်တဲ့။ ဒီတစ်ခါတော့ လူပျိုကြီး မင်ဟိုတစ်ယောက် ပရိသတ်တွေရဲ့အသည်းကိုခွဲရစ်နိုင်ပြီလား။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မင်ဟိုနဲ့ ဆူဇီတို့ပြန်တွဲမယ်ဆိုရင်သဘောတူကြလား။ သူတို့နှစ်ယောက်ကိုမြန်မြန်လက်ထပ်စေချင်ကြလား။ ဒါမှမဟုတ် ပြီးခဲ့တာတွေပြီးပါစေတော့လား။ မင်ဟို တကယ်ကြီးလက်ထပ်သွားရင် ဘယ်လိုလုပ်ကြမလဲ။ ပြောခဲ့ကြပါဦး။

Credit: nanmalgyi
 အနုပညာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top