iMyanmarHouse.com - Best Property Website for Myanmar
×


ပူျပင္းေျခာက္ေသြ႕တဲ့ ေႏြရဲ႕ ဇာတ္လိုက္အပူဒဏ္ေၾကာင့္ လူေတြက ေႏြရာသီကုိ မေရာက္ခ်င္ၾကပါဘူး။ သူတုိ႕ မၾကိဳက္လည္း မၾကိဳက္ခ်င္စရာပါပဲ။ ေႏြရဲ႕ အပူဒဏ္ဟာ ေခၽြးကိုပိုထြက္ေစတယ္၊ ပင္ပန္းမႈေတြကို ႏွစ္ဆပိုျဖစ္ေစတယ္၊ အသားအေရကိုထိခုိက္ေစတယ္ စတဲ့ မေကာင္းတဲ့အခ်က္ေတြ မ်ားတာေၾကာင့္ လူတုိင္း ေႏြရာသီေရာက္မွာကို ေၾကာက္ၾကပါတယ္။

ဒါ့အျပင္ ေႏြရဲ႕ အပူခ်ိန္ဟာ က်န္းမာေရးကို ထိခုိက္ေစတာေတြ ပိုျဖစ္ႏုိင္တာေၾကာင့္ ေႏြဆို မေရာက္ခ်င္ၾကတဲ့သူေတြ မ်ားေနတာပါ။ ဒီေတာ့ ေႏြရဲ႕ အပူခ်ိန္ကို အံတုဖုိ႕ ဘယ္လိုေတြ ျပင္ဆင္ရမလဲ ။ ။

ေရမ်ားမ်ားေသာက္ပါ ။ ။

ေႏြေၾကာင့္ ျဖစ္တဲ ့အပူခ်ိန္ကို အံတုႏုိင္တဲ့ အေကာင္းဆံုး အရာကေတာ့ ေရမ်ားမ်ားေသာက္တာပဲ ျဖစ္ပါတယ္။ ေခၽြးထြက္မ်ားျပီး ေရဓာတ္ခမ္းေျခာက္ျခင္း ျဖစ္တာကို ကာကြယ္ဖုိ႕နဲ႕ ကိုယ္တြင္းျမင့္တက္လာတဲ့ အပူခ်ိန္ကို ျပန္ထိန္းညွိဖုိ႕အတြက္ ေရမ်ားမ်ားေသာက္ကို ေသာက္ေပးရမွာပါ။

အရည္ျဖစ္ရင္ျပီးေရာဆိုျပီး အခ်ိဳရည္ေတြ၊ အရက္ေတြ ေတာ့ မေသာက္သင့္ပါဘူး။ ေသာက္ခ်င္သပဆိုရင္ေတာ့ ေရဓာတ္ျဖည့္ အခ်ိဳရည္ေတြ ေသာက္ေပးလို႕ရပါတယ္။

ေလဝင္ေလထြက္ေကာင္းတဲ့ အက်ီီၤေတြ ဝတ္ေပးပါ။ ။

ကိုယ္တြင္း ျမင့္တက္လာတဲ့ အပူခ်ိန္ေတြ အလြယ္တကူ အျပင္ျပန္ထြက္လို႕ ရေအာင္ ေႏြရာသီမွာ အဝတ္သင့္ဆံုးကေတာ့ ေပါ့ေပါ့ပါးပါးခ်ည္ အက်ီၤေတြ ပဲ ျဖစ္ပါတယ္။

အရည္ရြမ္းတဲ့သစ္သီးေတြ စားေပးပါ။

ေႏြရာသီမွာ ေရခ်ည္းပဲေသာက္ရတာ ပ်င္းလာရင္ အရည္ရႊမ္းတဲ့ အသီးေတြ စားေပးလို႔ရပါတယ္။ အသီးေတြမွာပါတဲ့ အေအးဓာတ္နဲ႔ ၾကြယ္ဝတဲ့အမွ်င္ဓာတ္ ေတြေၾကာင့္ အပူအပုပ္မ်ားလို႕ ဝမ္းခ်ဳပ္တာေတြလည္း သက္သာဦးမွာပါ။
အျပင္သြားရင္ အကာအကြယ္ အျပည့္နဲ႔သြားပါ။ ။

ေႏြရာသီဆုိ ခရမ္းလြန္ေရာင္ျခည္ေတြ ပိုမ်ားေနတတ္တဲ့အတြက္ အျပင္သြားရင္ အနည္းဆံုး SPF 30++ ေလာက္ရွိတဲ့ ေနေလာင္ကာလိမ္းေဆးေတြ လိမ္းသြားပါ။ ေနေရာင္နဲ႔ အသားနဲ႕ တုိက္ရိုက္မထိေအာင္ လက္ရွည္အက်ီၤေတြ ဝတ္သြားပါ။ ဦးထုပ္ေဆာင္းပါ။ ေနကာမ်က္မွန္တပ္ပါ။
အိမ္ကိုလည္း ေအးေနေအာင္ထားပါ။

သြပ္မိုးနဲ႔ နီးတဲ့ ေနရာက ပိုျပီး အပူဟပ္တတ္တာေၾကာင့္ ေႏြရာသီဆို အိမ္ေအာက္ထပ္ေအးတဲ့ေနရာေတြမွာ ေနပါ။ အိပ္ပါ။ ျပတင္းေပါက္ေတြကို ဖြင့္ထားပါ။ ေလဝင္ေလထြက္ေကာင္းမွ ပူတဲ့ေလေတြ ဖလွယ္ျပီးသားျဖစ္မွာပါ။ ပူလြန္းလို႔ဆုိျပီး ပန္ကာေလကို တစ္ခ်ိန္လံုး မခံပါနဲ႕။

 ေခၽြးနဲ႕ျပန္ အေအးပတ္တတ္သလို ေလျဖတ္ဖို႕ အခြင့္အလမ္းလည္း ပိုမ်ားတတ္ပါတယ္။အစားေသာက္ေတြကုိ ေရခဲေသတၱာထဲ ထည့္ဖို႕ မေမ့ပါနဲ႕။ ။

ပူေႏြးတဲ့ ရာသီဥတုေၾကာင့္ စားစရာေတြ ခဏေလးနဲ႔ ပ်က္စီးသြားတတ္ပါတယ္။ ဒါ့ေၾကာင့္ စားစရာေတြကုိ ေရခဲေသတၱာထဲမွာ ေသခ်ာသိမ္းဆည္းထားဖုိ႕ မေမ့သင့္ပါ။

မိုးေလဝသ သတင္းကို အျမဲနားေထာင္ပါ။

ဘယ္ေနရာမွာေတာ့ ေန႔အပူခ်ိန္ဘယ္ေလာက္ရွိႏုိ္င္တယ္၊ ဘယ္ေနရာမွာေတာ့ တိမ္ထူထပ္ျပီး  ဘယ္မွာေတာ့ သာယာမယ္ဆုိတဲ့ မိုးေလဝသ ခန္႕မွန္းခ်က္ေတြ နဲ႔ အဆက္မျပတ္ေစပါနဲ႔။

နက္ဖန္ အပူခ်ိန္အရမ္းမ်ားမယ္လို႕႔ မိုးေလဝသက ခန္႕မွန္းထားမယ္ဆုိရင္ မသြားမျဖစ္ကိစၥေတြကလြဲလို႕ ေန႔ခင္းပိုင္း ေနပူထဲ မထြက္ပါနဲ႕ ။ ကိုယ့္က်န္းမာေရး အေျခအေနကို ဂရုစို္က္ရမွာ ကိုယ္ကိုယ္တုိင္ပါပဲ ။ ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ပူပြင်းခြောက်သွေ့တဲ့ နွေရဲ့ ဇာတ်လိုက်အပူဒဏ်ကြောင့် လူတွေက နွေရာသီကို မရောက်ချင်ကြပါဘူး။ သူတို့ မကြိုက်လည်း မကြိုက်ချင်စရာပါပဲ။ နွေရဲ့ အပူဒဏ်ဟာ ချွေးကိုပိုထွက်စေတယ်၊ ပင်ပန်းမှုတွေကို နှစ်ဆပိုဖြစ်စေတယ်၊ အသားအရေကိုထိခိုက်စေတယ် စတဲ့ မကောင်းတဲ့အချက်တွေ များတာကြောင့် လူတိုင်း နွေရာသီရောက်မှာကို ကြောက်ကြပါတယ်။

ဒါ့အပြင် နွေရဲ့ အပူချိန်ဟာ ကျန်းမာရေးကို ထိခိုက်စေတာတွေ ပိုဖြစ်နိုင်တာကြောင့် နွေဆို မရောက်ချင်ကြတဲ့သူတွေ များနေတာပါ။ ဒီတော့ နွေရဲ့ အပူချိန်ကို အံတုဖို့ ဘယ်လိုတွေ ပြင်ဆင်ရမလဲ ။ ။

ရေများများသောက်ပါ ။ ။

နွေကြောင့် ဖြစ်တဲ့အပူချိန်ကို အံတုနိုင်တဲ့ အကောင်းဆုံး အရာကတော့ ရေများများသောက်တာပဲ ဖြစ်ပါတယ်။ ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်တာကို ကာကွယ်ဖို့နဲ့ ကိုယ်တွင်းမြင့်တက်လာတဲ့ အပူချိန်ကို ပြန်ထိန်းညှိဖို့အတွက် ရေများများသောက်ကို သောက်ပေးရမှာပါ။

အရည်ဖြစ်ရင်ပြီးရောဆိုပြီး အချိုရည်တွေ၊ အရက်တွေ တော့ မသောက်သင့်ပါဘူး။ သောက်ချင်သပဆိုရင်တော့ ရေဓာတ်ဖြည့် အချိုရည်တွေ သောက်ပေးလို့ရပါတယ်။

လေဝင်လေထွက်ကောင်းတဲ့ အကျီၤတွေ ဝတ်ပေးပါ။ ။

ကိုယ်တွင်း မြင့်တက်လာတဲ့ အပူချိန်တွေ အလွယ်တကူ အပြင်ပြန်ထွက်လို့ ရအောင် နွေရာသီမှာ အဝတ်သင့်ဆုံးကတော့ ပေါ့ပေါ့ပါးပါးချည် အကျီၤတွေ ပဲ ဖြစ်ပါတယ်။

အရည်ရွမ်းတဲ့သစ်သီးတွေ စားပေးပါ။

နွေရာသီမှာ ရေချည်းပဲသောက်ရတာ ပျင်းလာရင် အရည်ရွှမ်းတဲ့ အသီးတွေ စားပေးလို့ရပါတယ်။ အသီးတွေမှာပါတဲ့ အအေးဓာတ်နဲ့ ကြွယ်ဝတဲ့အမျှင်ဓာတ် တွေကြောင့် အပူအပုပ်များလို့ ဝမ်းချုပ်တာတွေလည်း သက်သာဦးမှာပါ။
အပြင်သွားရင် အကာအကွယ် အပြည့်နဲ့သွားပါ။ ။

နွေရာသီဆို ခရမ်းလွန်ရောင်ခြည်တွေ ပိုများနေတတ်တဲ့အတွက် အပြင်သွားရင် အနည်းဆုံး SPF 30++ လောက်ရှိတဲ့ နေလောင်ကာလိမ်းဆေးတွေ လိမ်းသွားပါ။ နေရောင်နဲ့ အသားနဲ့ တိုက်ရိုက်မထိအောင် လက်ရှည်အကျီၤတွေ ဝတ်သွားပါ။ ဦးထုပ်ဆောင်းပါ။ နေကာမျက်မှန်တပ်ပါ။
အိမ်ကိုလည်း အေးနေအောင်ထားပါ။

သွပ်မိုးနဲ့ နီးတဲ့ နေရာက ပိုပြီး အပူဟပ်တတ်တာကြောင့် နွေရာသီဆို အိမ်အောက်ထပ်အေးတဲ့နေရာတွေမှာ နေပါ။ အိပ်ပါ။ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ လေဝင်လေထွက်ကောင်းမှ ပူတဲ့လေတွေ ဖလှယ်ပြီးသားဖြစ်မှာပါ။ ပူလွန်းလို့ဆိုပြီး ပန်ကာလေကို တစ်ချိန်လုံး မခံပါနဲ့။

 ချွေးနဲ့ပြန် အအေးပတ်တတ်သလို လေဖြတ်ဖို့ အခွင့်အလမ်းလည်း ပိုများတတ်ပါတယ်။အစားသောက်တွေကို ရေခဲသေတ္တာထဲ ထည့်ဖို့ မမေ့ပါနဲ့။ ။

ပူနွေးတဲ့ ရာသီဥတုကြောင့် စားစရာတွေ ခဏလေးနဲ့ ပျက်စီးသွားတတ်ပါတယ်။ ဒါ့ကြောင့် စားစရာတွေကို ရေခဲသေတ္တာထဲမှာ သေချာသိမ်းဆည်းထားဖို့ မမေ့သင့်ပါ။

မိုးလေဝသ သတင်းကို အမြဲနားထောင်ပါ။

ဘယ်နေရာမှာတော့ နေ့အပူချိန်ဘယ်လောက်ရှိနိုင်တယ်၊ ဘယ်နေရာမှာတော့ တိမ်ထူထပ်ပြီး  ဘယ်မှာတော့ သာယာမယ်ဆိုတဲ့ မိုးလေဝသ ခန့်မှန်းချက်တွေ နဲ့ အဆက်မပြတ်စေပါနဲ့။

နက်ဖန် အပူချိန်အရမ်းများမယ်လို့ မိုးလေဝသက ခန့်မှန်းထားမယ်ဆိုရင် မသွားမဖြစ်ကိစ္စတွေကလွဲလို့ နေ့ခင်းပိုင်း နေပူထဲ မထွက်ပါနဲ့ ။ ကိုယ့်ကျန်းမာရေး အခြေအနေကို ဂရုစိုက်ရမှာ ကိုယ်ကိုယ်တိုင်ပါပဲ ။ ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top