iMyanmarHouse.com - Best Property Website for Myanmar
×
ညှိနှိုင်းပါ
ဆွေးနွေးပါ
နားလည်မှုပေးပါ
Credit:marry
ချစ်ရေးချစ်ရာ
# Unicode Version # ဖြင့် ဖတ်ပါ #
အချင်းချင်းကြားမှာ နားလည်မှု အခိုင် အမာ တည်ဆောက်ထားနိုင်မယ်ဆိုရင် တော့ ပျော်ရွှင်စရာတွေချည်း ပြည့်နှက်နေတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါ။
အရာတိုင်းကို တိုင်ပင်ပြီးမှ ပြုလုပ်ပါနော်
ပျေ်ာရွှင်ကြည်နူးစရာတွေ ပြည့်နေတဲ့ အိမ်ထောင်ရေးလေး တစ်ခု ဖြစ်နေဖို့ အတွက်ကတော့ ညှိယူရမယ့် အရာတွေ များလှပါတယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ အဆင့်ကနေ တက်လှမ်းလိုက်တဲ့ အိမ်ထောင်ရေးလေးမှာတော့ ရည်မှန်းချက်တွေ ထပ်တူ ကြဖို့လည်း အရေးကြီးပါတယ်။
ရည်မှန်းချက်တွေ ထပ်တူကျနိုင်ဖို့  အိမ်ထောင်ဖက် အချင်းချင်းကြားမှာ ပြုလုပ်ပေးရမှာတွေကို Marry က ပြောပြပေးလိုက်ရပါတယ်နော်။
ညှိနှိုင်းပါ
ရည်မှန်းချက်ဆိုတာက မိသားစု နောင်ရေးအတွက် ချမှတ်ထားတဲ့ ပန်းတိုင် တစ်ခုမို့လို့ အချင်းချင်းကြားမှာ ညှိနိုင်းဖို့ အရေးကြီးပါတယ်။ တစ်ယောက် ဖြစ်ချင်တာကို ကျန်တစ်ယောက်ကချည်း အလျော့ပေး အလိုလိုက် အကြိုက် လိုက်ဆောင်နေတာမျိုးကို မပြုလုပ်ဘဲ ညှိနှိုင်းပြီးမှ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို လိုက်လျောပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ဆွေးနွေးပါ
ကိုယ်လုပ်ချင်တာကိုပဲ ရည်မှန်းချက်ထားလိုက်ပြီး မပြုလုပ်ပါနဲ့နော်။ ဆွေးနွေးပါ။ အချိန် တစ်ခု ယူပြီး အရေးကြီးတာကို အရေးကြီးသလို သိပ်အရေးမကြီးတာ ကိုတော သိပ်အရေးမကြီးသလို အချိန်ယူ ဆွေးနွေးပါ။ ဆွေးနွေးတဲ့အချိန်မှာ ပွင့်လင်းဖို့လည်း လိုပါတယ်။
 ဖြစ်ချင်တာချည်းကိုပဲ တစ်ဖက်တည်း ကြည့်ပြောလို့ မရပါဘူး။ နှစ်ယောက် တစ်ဘဝ တည်ဆောက်ထားတာမို့ တစ်ယောက်အလိုကို ကျန်တစ်ယောက်က သေချာ ဆွေးနွေးဖို့ အရေးကြီးပါတယ်။
နားလည်မှုပေးပါ
လူတစ်ကိုယ် စိတ်တစ်မျိုးဆိုတာကို သတိရပေးပါ။ ကိုယ်သိပ်ချစ်ရတဲ့သူဆိုတာကြောင့်လည်း တစ်ခုခုဆို ပိုပြီး နားလည်မှု ပေးနိုင်ဖို့ ကြိုးစားပါနော်။ အိမ်ထောင်ရေးလေး တစ်ခုရဲ့ အခြေခံ အုတ်မြစ်ကတော့ နားလည်မှုလို့ ဆိုရမှာပါ။
အချင်းချင်းကြားမှာ နားလည်မှု အခိုင် အမာ တည်ဆောက်ထားနိုင်မယ်ဆိုရင် တော့ ရည်မှန်းချက် တူညီတဲ့ ပျော်ရွှင်စရာတွေချည်း ပြည့်နှက်နေတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါ။
အိမ်ထောင်ရေးလေးရယ်လို့ ဖြစ်လာရင် အိမ်ထောင် တစ်ခုရဲ့ ရည်မှန်းချက် ဆိုတာတွေကို တစ်ယောက်တည်း ကြိုးစားလို့ မရပါဘူး။ အချင်းချင်းကြားမှာ အချစ်တွေ ပြည့်နေပြီး တိုင်ပင် ညှိနှိုင်းပြီးမှ ပြုလုပ်ပါလို့ Marry က ဝေမျှပေးလိုက်ရပါတယ်။
Credit:marry
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top