iMyanmarHouse.com - Best Property Website for Myanmar
×


ငယ္ရြယ္တဲ့ စံုတြဲတစ္တြဲက အိမ္ေထာင္ျပဳလိုက္ရင္ အိမ္ေထာင္ေရးကို ထိန္းခ်ဳပ္ဖို႕ ခက္ပါတယ္။မရင့္က်က္တဲ့ အျပဳအမူေတြနဲ႕ တလြဲမာနေတြက ျပန္ျပီးေဝးကြာသြားေစႏိုင္တဲ့ အေၾကာင္းတရားျဖစ္ျပီး ဒါမ်ိဳးေတြကို ေရွာင္ၾကဥ္ႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

1.စံုတြဲကိုယ္စီမွာ မထင္မွတ္တဲ့ ျပႆနာေလးေတြရွိပါတယ္။ဒီလုိျပႆနာေလးေတြရဲ႕ အစကေန ခ်စ္ျခင္းရဲ႕ နိဂုံးျဖစ္တဲ့အထိ တင္းမာတတ္ပါတယ္။တဖက္ဖက္က ေလ်ွာ့ျပီး တခ်ိန္မွာ ႏိုင္ကြက္ယူလည္း ဒါမ်ိဳးဟာ ျပတ္စဲတတ္ပါတယ္။

2.တခါတေလမွာ ညိွမရတဲ့ ကိစၥေတြအတြက္ တခ်ိဳ႕က ျငင္းခုန္ၾကသလို တခ်ိဳ႕က ေျခပါ လက္ပါျဖစ္ကုန္ပါတယ္။အေကာင္းဆံုးက ႏွစ္ဦးႏွစ္ဖက္ တိတ္ဆိတ္ေနလိုက္ျပီး စိတ္ေကာက္တဲ့ပံုစံအထိသာ ရန္ညိွဳးဖြဲ႕သင့္ပါတယ္။



3.လ်ွိဳ႕ဝွက္ေစာင့္စည္းသင့္တဲ့ ကိစၥလို႕ထင္ရင္ ဘယ္ေလာက္ပဲခ်စ္ခ်စ္ တဖက္ကို မေျပာပါနဲ႕။အစလုပ္ျပီးမွ မေျပာပဲထားတဲ့ ပံုစံမ်ိဳးလည္း မလုပ္ပါနဲ႕။တခ်ိဳ႕ေသာ သင့္ရဲ႕ လ်ွိဳ႕ဝွက္ခ်က္တခ်ိဳ႕ကို တဖက္က လက္ခံႏိုင္ေကာင္း လက္ခံမွာျဖစ္ေပမယ့္ သင့္ကို ႏိုင္ကြက္လို သံုးတတ္တာရွိပါတယ္။

4.မ်ားေသာအားျဖင့္ ရုိမန္တစ္ဆန္တဲ့ အျပဳအမူမရွိတဲ့ စံုတြဲေတြဟာ ျပတ္စဲတတ္တဲ့ အေျခအေနမ်ားပါတယ္။သာယာေပ်ာ္ရႊင္မႈမရွိဘူးလို႕ ကိုယ့္ကိုယ္ကို ထင္မွတ္ရာကေန ႏွစ္ေယာက္ၾကား ေအးစက္သြားၾကတာျဖစ္ပါတယ္။

5.ေျပာင္းလဲလာတဲ့ ကိုယ့္လက္တြဲေဖာ္ရဲ႕ အမူအက်င့္ကို ထိန္းခ်ဳပ္ဖို႕ မၾကိဳးစား ပါနဲ႕။အရင္ကနဲ႕ မတူေတာ့ဘူးဆိုတဲ့ အောကာင္းျပခ်က္နဲ႕ ျပႆနာရွာမိရင္ ရွာမိသူအ မွားျဖစ္တတ္ပါတယ္။တဖက္က အေျခေအနတခုမွာ လိုက္ေလ်ာညီေထြတဲ့ ပံုစံရဖို႕ ေျပာင္း လဲ ေနထိုင္ျခင္းမ်ိဳးျဖစ္တတ္ပါတယ္။

6.မ်ားေသာအားျဖင့္ ထက္ျမက္တဲ့ မိန္းမျဖစ္သည့္တိုင္ မွီခိုခ်င္ၾကပါတယ္။ဒီလိုမွီခိုခ်င္တာဟာ အမ်ိဳးသမီးေတြရဲ႕ ခြ်ဲ႕ႏြဲ႕မႈတမ်ိဳးျဖစ္ျပီး အမ်ိဳးသားဘက္က ၾကင္နာဟန္မျပရင္ ေႏြးေထြး မႈမရွိေတာ့ဘူး ထင္မွတ္လာတတ္ပါတယ္။

7.အတတ္ႏိုင္ဆံုး ျပႆနာျဖစ္ေစႏိုင္တဲ့ အမွားအယြင္းကို ေရွာင္ပါ။ေဒါသကို ထိန္းခ်ဳပ္ပါ။



8.ညွိမရေအာင္ တင္းမာတဲ့ပံုစံလုပ္တာ မာနၾကီးျပတာမ်ိဳးဟာ ခက္ခက္ခဲခဲတည္ေဆာက္ခဲ့သမ်ွ လြယ္လြယ္ဖ်က္စီးပစ္တာနဲ႕ တူပါလိမ့္မယ္။

9.မ်ားေသာအားျဖင့္ အိမ္ေထာင္ေရး အခ်စ္ေရးမွာ ေငြစကားေျပာျခင္းလုပ္လို႕မ ရပါဘူး။တေယာက္က ဘယ္ေလာက္ရွာႏိုင္တယ္ဆိုတာမ်ိဳးဆိုတာမ်ိဳး ႏွစ္ေယာက္စုေငြေလး ကို ဘယ္ေနရာမွာသံုးမယ္ဆိုတဲ့ ေငြစကားသာေျပာသင့္ပါတယ္။

10.တေယာက္နဲက တေယာက္ၾကားမွာ နားလည္မႈ လြဲစရာအေၾကာင္းရွိရင္ ပြင့္ပြင့္လင္း လင္းတိုင္ပင္ေဆြးေႏြးပါ။ကိုယ့္အထင္နဲ႕ လက္လြတ္စပယ္ဆံုးျဖတ္ျခင္းမ်ိဳးကုိ ေရွာင္ၾကဥ္ သင့္ပါတယ္။

Credit: nanmalgyi

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ငယ်ရွယ်တဲ့ စုံတွဲတစ်တွဲက အိမ်ထောင်ပြုလိုက်ရင် အိမ်ထောင်ရေးကို ထိန်းချုပ်ဖို့ ခက်ပါတယ်။မရင့်ကျက်တဲ့ အပြုအမူတွေနဲ့ တလွဲမာနတွေက ပြန်ပြီးဝေးကွာသွားစေနိုင်တဲ့ အကြောင်းတရားဖြစ်ပြီး ဒါမျိုးတွေကို ရှောင်ကြဉ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

1.စုံတွဲကိုယ်စီမှာ မထင်မှတ်တဲ့ ပြဿနာလေးတွေရှိပါတယ်။ဒီလိုပြဿနာလေးတွေရဲ့ အစကနေ ချစ်ခြင်းရဲ့ နိဂုံးဖြစ်တဲ့အထိ တင်းမာတတ်ပါတယ်။တဖက်ဖက်က လျှော့ပြီး တချိန်မှာ နိုင်ကွက်ယူလည်း ဒါမျိုးဟာ ပြတ်စဲတတ်ပါတယ်။

2.တခါတလေမှာ ညှိမရတဲ့ ကိစ္စတွေအတွက် တချို့က ငြင်းခုန်ကြသလို တချို့က ခြေပါ လက်ပါဖြစ်ကုန်ပါတယ်။အကောင်းဆုံးက နှစ်ဦးနှစ်ဖက် တိတ်ဆိတ်နေလိုက်ပြီး စိတ်ကောက်တဲ့ပုံစံအထိသာ ရန်ညှိုးဖွဲ့သင့်ပါတယ်။

3.လျှို့ဝှက်စောင့်စည်းသင့်တဲ့ ကိစ္စလို့ထင်ရင် ဘယ်လောက်ပဲချစ်ချစ် တဖက်ကို မပြောပါနဲ့။အစလုပ်ပြီးမှ မပြောပဲထားတဲ့ ပုံစံမျိုးလည်း မလုပ်ပါနဲ့။တချို့သော သင့်ရဲ့ လျှို့ဝှက်ချက်တချို့ကို တဖက်က လက်ခံနိုင်ကောင်း လက်ခံမှာဖြစ်ပေမယ့် သင့်ကို နိုင်ကွက်လို သုံးတတ်တာရှိပါတယ်။

4.များသောအားဖြင့် ရိုမန်တစ်ဆန်တဲ့ အပြုအမူမရှိတဲ့ စုံတွဲတွေဟာ ပြတ်စဲတတ်တဲ့ အခြေအနေများပါတယ်။သာယာပျော်ရွှင်မှုမရှိဘူးလို့ ကိုယ့်ကိုယ်ကို ထင်မှတ်ရာကနေ နှစ်ယောက်ကြား အေးစက်သွားကြတာဖြစ်ပါတယ်။

5.ပြောင်းလဲလာတဲ့ ကိုယ့်လက်တွဲဖော်ရဲ့ အမူအကျင့်ကို ထိန်းချုပ်ဖို့ မကြိုးစား ပါနဲ့။အရင်ကနဲ့ မတူတော့ဘူးဆိုတဲ့ အောကာင်းပြချက်နဲ့ ပြဿနာရှာမိရင် ရှာမိသူအ မှားဖြစ်တတ်ပါတယ်။တဖက်က အခြေအေနတခုမှာ လိုက်လျောညီထွေတဲ့ ပုံစံရဖို့ ပြောင်း လဲ နေထိုင်ခြင်းမျိုးဖြစ်တတ်ပါတယ်။

6.များသောအားဖြင့် ထက်မြက်တဲ့ မိန်းမဖြစ်သည့်တိုင် မှီခိုချင်ကြပါတယ်။ဒီလိုမှီခိုချင်တာဟာ အမျိုးသမီးတွေရဲ့ ချွဲ့နွဲ့မှုတမျိုးဖြစ်ပြီး အမျိုးသားဘက်က ကြင်နာဟန်မပြရင် နွေးထွေး မှုမရှိတော့ဘူး ထင်မှတ်လာတတ်ပါတယ်။

7.အတတ်နိုင်ဆုံး ပြဿနာဖြစ်စေနိုင်တဲ့ အမှားအယွင်းကို ရှောင်ပါ။ဒေါသကို ထိန်းချုပ်ပါ။

8.ညှိမရအောင် တင်းမာတဲ့ပုံစံလုပ်တာ မာနကြီးပြတာမျိုးဟာ ခက်ခက်ခဲခဲတည်ဆောက်ခဲ့သမျှ လွယ်လွယ်ဖျက်စီးပစ်တာနဲ့ တူပါလိမ့်မယ်။

9.များသောအားဖြင့် အိမ်ထောင်ရေး အချစ်ရေးမှာ ငွေစကားပြောခြင်းလုပ်လို့မ ရပါဘူး။တယောက်က ဘယ်လောက်ရှာနိုင်တယ်ဆိုတာမျိုးဆိုတာမျိုး နှစ်ယောက်စုငွေလေး ကို ဘယ်နေရာမှာသုံးမယ်ဆိုတဲ့ ငွေစကားသာပြောသင့်ပါတယ်။

10.တယောက်နဲက တယောက်ကြားမှာ နားလည်မှု လွဲစရာအကြောင်းရှိရင် ပွင့်ပွင့်လင်း လင်းတိုင်ပင်ဆွေးနွေးပါ။ကိုယ့်အထင်နဲ့ လက်လွတ်စပယ်ဆုံးဖြတ်ခြင်းမျိုးကို ရှောင်ကြဉ် သင့်ပါတယ်။

Credit: nanmalgyi

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top