iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္အတြက္ ဆံေကသာေလးကလည္း အလွဆံုးအစိတ္အပိုင္းတစ္ရပ္လို႔ ဆိုႏုိင္ပါတယ္။ ဆံေကသာ နက္ေမွာင္ေတာက္ပဖို႔ အတြက္ ထိန္းသိမ္းရတာကလည္း ခက္ခဲတဲ့ အလုပ္ပါပဲ။ ဆံပင္ရွည္တဲ့သူ ဆိုရင္ ပိုဆိုးပါတယ္။ မၾကာခဏ ေခါင္းေလွ်ာ္ဖုိ႔လည္း အဆင္မေျပပါဘူး။ လွပေက်ာ့ရွင္းတဲ့ ဆံေကသာကိုလည္း ပိုင္ဆိုင္ခ်င္တယ္၊ ေခါင္းေလွ်ာ္ရမွာလည္း ပ်င္းတယ္ ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးက ကူညီေပးပါလိမ့္မယ္။

(၁) ဆံပင္ကိုမၾကာခဏ ကိုင္တာမ်ိဳး မလုပ္ပါနဲ႔

ဆံပင္မၾကာခဏ သပ္တာ၊ လက္နဲ႔ ကိုက္တာမ်ိဳး ျပဳလုပ္တာက ဆံပင္နက္ေမွာင္ ေတာက္ပမႈကို ထိခိုက္ေစသလုိ၊ ဆံပင္အဆီျပန္လြယ္ပါတယ္။ အထူးသျဖင့္ မသန္႔ရွင္းတဲ့ လက္နဲ႔ ပြတ္သပ္ကိုင္မိ မယ္ဆိုရင္ ဆံပင္ပ်က္စီးမႈကို ပိုမိုျဖစ္ေစပါတယ္။ လက္မွာကပ္ၿငိေနတဲ့ ေခၽြး၊ အဆီေတြက ဆံသားကို ကူးစက္သြားၿပီး ပိုမိုအဆီျပန္သြားေစ ပါတယ္။

(၂) ဆံပင္စိုေနခ်ိန္မၿဖီးပါနဲ႔

ေခါင္းေလွ်ာ္ၿပီးတဲ့ အခ်ိန္တိုင္း သတိထားရမွာက ဆံပင္စိုေနတဲ့ အခ်ိန္မွာ ဘီးနဲ႔ ၿဖီးလိုက္တာမ်ိဳး မလုပ္ဖုိ႔ပါပဲ။ ဆံပင္စိုရႊဲေနခ်ိန္မွာ ဘီးနဲ႔ ၿဖီးခ်လိုက္မယ္ဆုိရင္ ဆံသားမ်ားကို က်ိဳးေၾကပ်က္စီးႏုိင္ေခ် ပိုမိုျဖစ္ေပၚေစပါတယ္။ ဆံပင္မေျခာက္ေသြ႔ခင္မွာ ၿဖီးလိုက္မယ္ဆုိရင္ ဆံသားအဆီပိုမိုထြက္ေပၚ လာႏုိင္ၿပီး ႏွစ္ရက္အတြင္းမွာပဲ ဆံပင္က ေစးကပ္ကပ္ႀကီး ျဖစ္သြားႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ဆံပင္ကို ေျခာက္ေသြ႔ေအာင္ သုတ္ၿပီး dryer မႈတ္ၿပီးမွ ဘီးအက်ဲနဲ႔ ေသခ်ာၿဖီးေပးပါလို႔ အႀကံျပဳခ်င္ပါတယ္။

(၃) Dry Shampoo အသံုးျပဳပါ

အၿမဲတမ္းလိုလို ဆံပင္ေစးကပ္ကပ္ျဖစ္ေနသူေတြ အတြက္ နည္းလမ္းေကာင္းေလးပါပဲ။ Dry shampoo ကိုအသံုးျပဳ တာက အခ်ိန္ကုန္လည္း သက္သာသလုိ၊ ဆံသားမ်ား ေတာက္ေျပာင္ လွပေစတဲ့ အလြယ္ကူဆံုးနဲ႔ အလ်င္ျမန္ဆံုး နည္းလမ္းတစ္ရပ္ပါပဲ။ Dry Shampoo ကို အသံုးျပဳတဲ့အခါမွာ ပထမဦးဆံုးအေနနဲ႔ ဆံသားမ်ားကို ေရနဲ႔အနည္းငယ္ဆြတ္လိုက္ၿပီး dry shampoo ကိုအသံုးျပဳပါ။ ၿပီးတာနဲ႔ dryer နဲ႔ အေျခာက္ခံေပးပါ။ ဆံပင္အဆီျပန္တာကို သက္သာေစသလို၊ အနံ႔အသက္ကင္းေစမွာပါ။

(၄) ဆံပင္တိုတိုညွပ္ပါ

ေခါင္းေလွ်ာ္ရမွာ ပ်င္းတဲ့သူေတြအတြက္ အေကာင္းဆံုးအႀကံေပးပါဆိုရင္ေတာ့ ဆံပင္တိုတိုသာ ညွပ္လိုက္ပါ။ ကိုယ္နဲ႔ လိုက္ဖက္မယ့္ ဆံပင္အတိုပံုုစံကို ေရြးခ်ယ္ၿပီး ဆံပင္ညွပ္လိုက္ပါ။ ဆံပင္အတိုနဲ႔ ဆိုရင္ ေခါင္းေလွ်ာ္ရတာလည္း လြယ္ကူျမန္ဆန္သလို၊ ဆံပင္ထိန္းသိမ္းဖုိ႔အတြက္ အခ်ိန္လည္း သီးသန္႔ ေပးေနစရာ မလိုတာေၾကာင့္ ေန႔စဥ္အလုပ္နဲ႔ အခ်ိန္ဇယားျပည့္ေနတဲ့ သူေတြအဖို႔ေတာ့ ဆံပင္အတို ညွပ္တာ အေကာင္းဆံုးပါပဲ။

Credit:myanmaplatform
က်န္းမာေရး ၊အလွအပ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မိန်းကလေးတစ်ယောက်အတွက် ဆံကေသာလေးကလည်း အလှဆုံးအစိတ်အပိုင်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဆံကေသာ နက်မှောင်တောက်ပဖို့ အတွက် ထိန်းသိမ်းရတာကလည်း ခက်ခဲတဲ့ အလုပ်ပါပဲ။ ဆံပင်ရှည်တဲ့သူ ဆိုရင် ပိုဆိုးပါတယ်။ မကြာခဏ ခေါင်းလျှော်ဖို့လည်း အဆင်မပြေပါဘူး။ လှပကျော့ရှင်းတဲ့ ဆံကေသာကိုလည်း ပိုင်ဆိုင်ချင်တယ်၊ ခေါင်းလျှော်ရမှာလည်း ပျင်းတယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးက ကူညီပေးပါလိမ့်မယ်။

(၁) ဆံပင်ကိုမကြာခဏ ကိုင်တာမျိုး မလုပ်ပါနဲ့

ဆံပင်မကြာခဏ သပ်တာ၊ လက်နဲ့ ကိုက်တာမျိုး ပြုလုပ်တာက ဆံပင်နက်မှောင် တောက်ပမှုကို ထိခိုက်စေသလို၊ ဆံပင်အဆီပြန်လွယ်ပါတယ်။ အထူးသဖြင့် မသန့်ရှင်းတဲ့ လက်နဲ့ ပွတ်သပ်ကိုင်မိ မယ်ဆိုရင် ဆံပင်ပျက်စီးမှုကို ပိုမိုဖြစ်စေပါတယ်။ လက်မှာကပ်ငြိနေတဲ့ ချွေး၊ အဆီတွေက ဆံသားကို ကူးစက်သွားပြီး ပိုမိုအဆီပြန်သွားစေ ပါတယ်။

(၂) ဆံပင်စိုနေချိန်မဖြီးပါနဲ့

ခေါင်းလျှော်ပြီးတဲ့ အချိန်တိုင်း သတိထားရမှာက ဆံပင်စိုနေတဲ့ အချိန်မှာ ဘီးနဲ့ ဖြီးလိုက်တာမျိုး မလုပ်ဖို့ပါပဲ။ ဆံပင်စိုရွှဲနေချိန်မှာ ဘီးနဲ့ ဖြီးချလိုက်မယ်ဆိုရင် ဆံသားများကို ကျိုးကြေပျက်စီးနိုင်ချေ ပိုမိုဖြစ်ပေါ်စေပါတယ်။ ဆံပင်မခြောက်သွေ့ခင်မှာ ဖြီးလိုက်မယ်ဆိုရင် ဆံသားအဆီပိုမိုထွက်ပေါ် လာနိုင်ပြီး နှစ်ရက်အတွင်းမှာပဲ ဆံပင်က စေးကပ်ကပ်ကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဆံပင်ကို ခြောက်သွေ့အောင် သုတ်ပြီး dryer မှုတ်ပြီးမှ ဘီးအကျဲနဲ့ သေချာဖြီးပေးပါလို့ အကြံပြုချင်ပါတယ်။

(၃) Dry Shampoo အသုံးပြုပါ

အမြဲတမ်းလိုလို ဆံပင်စေးကပ်ကပ်ဖြစ်နေသူတွေ အတွက် နည်းလမ်းကောင်းလေးပါပဲ။ Dry shampoo ကိုအသုံးပြု တာက အချိန်ကုန်လည်း သက်သာသလို၊ ဆံသားများ တောက်ပြောင် လှပစေတဲ့ အလွယ်ကူဆုံးနဲ့ အလျင်မြန်ဆုံး နည်းလမ်းတစ်ရပ်ပါပဲ။ Dry Shampoo ကို အသုံးပြုတဲ့အခါမှာ ပထမဦးဆုံးအနေနဲ့ ဆံသားများကို ရေနဲ့အနည်းငယ်ဆွတ်လိုက်ပြီး dry shampoo ကိုအသုံးပြုပါ။ ပြီးတာနဲ့ dryer နဲ့ အခြောက်ခံပေးပါ။ ဆံပင်အဆီပြန်တာကို သက်သာစေသလို၊ အနံ့အသက်ကင်းစေမှာပါ။

(၄) ဆံပင်တိုတိုညှပ်ပါ

ခေါင်းလျှော်ရမှာ ပျင်းတဲ့သူတွေအတွက် အကောင်းဆုံးအကြံပေးပါဆိုရင်တော့ ဆံပင်တိုတိုသာ ညှပ်လိုက်ပါ။ ကိုယ်နဲ့ လိုက်ဖက်မယ့် ဆံပင်အတိုပုံစံကို ရွေးချယ်ပြီး ဆံပင်ညှပ်လိုက်ပါ။ ဆံပင်အတိုနဲ့ ဆိုရင် ခေါင်းလျှော်ရတာလည်း လွယ်ကူမြန်ဆန်သလို၊ ဆံပင်ထိန်းသိမ်းဖို့အတွက် အချိန်လည်း သီးသန့် ပေးနေစရာ မလိုတာကြောင့် နေ့စဉ်အလုပ်နဲ့ အချိန်ဇယားပြည့်နေတဲ့ သူတွေအဖို့တော့ ဆံပင်အတို ညှပ်တာ အကောင်းဆုံးပါပဲ။

Credit:myanmaplatform
ကျန်းမာရေး ၊အလှအပ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top