iMyanmarHouse.com - Best Property Website for Myanmar
×

ဘာေတြေဆာင္ရမယ္၊ ေရွာင္ၾကဥ္ရမယ္ဆိုတာေတြ မေျပာခင္မွာ ဘာလို႔ ဆီးခ်ဳပ္၊ ဝမ္းခ်ဳပ္ရလဲ ဆိုတဲ့အေၾကာင္းအရင္းကို ရွင္းျပခ်င္ပါတယ္။ အမ်ိဳးသမီးမ်ား ဓမၼတာမလာခင္မွာ progesterone နဲ႔ estrogen ဆိုတဲ့ ေဟာ္မုန္းႏွစ္မ်ိဳး ထြက္ေပၚလာပါတယ္။ Progesterone က အစာေျခလမ္းေၾကာင္းကို အက်ိဳး သက္ေရာက္မႈ ျဖစ္ေစတဲ့ ေဟာ္မုန္းတစ္မ်ိဳးပါပဲ။ ဒါ့ေၾကာင့္ ဓမၼတာမလာခင္မွာ Progesterone ေဟာ္မုန္းမ်ားတဲ့သူေတြက အစာေခ်ဖ်က္စနစ္ ေႏွာင့္ေႏွးသြားၿပီး အူလမ္းေၾကာင္းအတြင္းကို စားၾကြင္းအညစ္အေၾကးမ်ား ဝင္ေရာက္ဖို႔ အခ်ိန္ၾကာျမင့္သြားပါတယ္။ ဒါ့ေၾကာင့္ ဒီလိုကာလတြင္းမွာ ဝမ္းခ်ဳပ္ျခင္းနဲ႔ တခါတရံ ဆီးခ်ဳပ္တဲ့ ေဝဒနာကို ခံစားၾကရတာပါ။ ဒါ့ေၾကာင့္ ဒီလိုမျဖစ္ရေလေအာင္ ဘယ္လိုအရာေတြ ေရွာင္ၾကဥ္ သင့္တယ္၊ ဘာေတြလိုက္နာသင့္လဲ ဆိုတာကို ေဖာ္ျပေပးလိုက္ ပါတယ္။

(၁) ကဖင္းဓာတ္ႏွင့္ အယ္လ္ကိုေဟာေရွာင္ၾကဥ္ပါ

ကဖင္းဓာတ္နဲ႔ အယ္လ္ကိုေဟာပါဝင္တဲ့ အေဖ်ာ္ယမကာမ်ားက သင့္ရဲ႕ ေဟာ္မုန္းေျပာင္းလဲမႈကို အေႏွာင့္အယွက္ျဖစ္ေစၿပီး ဆီးခ်ဳပ္၊ ဝမ္းခ်ဳပ္ျခင္းကိုလည္း ျဖစ္ေပၚ ေစပါတယ္။ ဒါ့ေၾကာင့္ ဒီလိုကာလအတြင္းမွာ ကဖင္းဓာတ္နဲ႔ အရက္၊ ဘီယာေသာက္သံုးျခင္းကို တတ္ႏုိင္သေလာက္ ေရွာင္ၾကဥ္ထားတာ အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။

(၂) ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ပါ

ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ေပးတာကလည္း ကုသနည္းတစ္ရပ္ျဖစ္ပါလိမ့္မယ္။ ဓမၼတာလာစဥ္ ျဖစ္တတ္တဲ့ နာက်င္ကိုက္ခဲမႈ ေဝဒနာကို ေလ်ာ့ပါးသက္သာေစဖို႔ဆိုရင္ ေလ့က်င့္ခန္းကို ပံုမွန္ျပဳလုပ္ေပးဖုိ႔ အေရးႀကီးပါတယ္။ ေနာက္ၿပီး ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္း ပံုမွန္ျပဳလုပ္ျခင္းက ဝမ္းခ်ဳပ္ျခင္းမွလည္း ကင္းေဝးေစမွာပါ။

(၃) အမွ်င္ဓာတ္ၾကြယ္ဝစြာပါဝင္တဲ့အစားအစာမ်ားကို စားသံုးပါ

အမွ်င္ဓာတ္ၾကြယ္ဝစြာ ပါဝင္တဲ့ အစားအစာမ်ားက အစာေခ်ဖ်က္စနစ္ကို ေကာင္းမြန္ေစၿပီး ဝမ္းမွန္ေစပါတယ္။ ဒါ့ေၾကာင့္ လစဥ္ဓမၼတာလာခါနီးတုိင္း ဝမ္းခ်ဳပ္တတ္တဲ့သူေတြ အေနနဲ႔ အမွ်င္ဓာတ္ပါဝင္တဲ့ အစားအစာေတြျဖစ္တဲ့ အစိမ္းေရာင္ဟင္းသီးဟင္းရြက္၊ သစ္သီးဝရံမ်ားကို မ်ားမ်ားစားသံုးေပးဖုိ႔ မေမ့ပါနဲ႔။

(၄) ပဲမ်ားမ်ားစားပါ

ပဲကလည္း အာဟာရျပည့္ဝတဲ့ အစားအစာတစ္မ်ိဳးပါပဲ။ အမ်ိဳးသမီးမ်ား ဓမၼတာလာစဥ္ျဖစ္တတ္တဲ့ ဝမ္းခ်ဳပ္တဲ့ ေဝဒနာကို သက္သာေပ်ာက္ကင္းဖုိ႔ အတြက္ဆိုရင္လည္း ပဲကိုသာမ်ားမ်ား စားသံုးလိုက္ပါတယ္။ ပဲမွာပါဝင္တဲ့ အမွ်င္ဓာတ္မ်ားက သင့္ရဲ႕ အစာေခ်ဖ်က္မႈစနစ္ကို အားေကာင္းေစၿပီး ဝမ္းမွန္ေစပါတယ္။

(၅) အခ်ိဳႏွင့္ အငန္ေလွ်ာ့စားပါ

အခ်ိဳနဲ႔ အငန္ဓာတ္လြန္ကဲစြာ ပါဝင္တဲ့ အစားအေသာက္မ်ားကို စားသံုးမိမယ္ဆိုရင္ ေဟာ္မုန္း ထုတ္လႊတ္မႈကိုလည္း အေႏွာင့္အယွက္ျဖစ္ေစၿပီး ဝမ္းခ်ဳပ္ျခင္းကိုလည္း ခံစားရႏုိင္ပါတယ္။ ဓမၼတာလာခါနီး အခ်ိန္ေတြမွာ အသင့္စား အစာေတြျဖစ္တဲ့ ဘာဂါ၊ အခ်ိဳလြန္ကဲတဲ့ မုန္႔ပဲသေရစာမ်ားနဲ႔ အငန္ဓာတ္မ်ားလြန္းတဲ့ အစားအေသာက္ေတြကို စားသံုးမိတယ္ ဆိုရင္ေတာ့ ဝမ္းခ်ဳပ္ဖို႔က ေသခ်ာေနပါၿပီ။ ဒါ့ေၾကာင့္ Period ကာလမွာ ဒါေတြကို အတတ္ႏုိင္ဆံုး ေရွာင္ၾကဥ္သင့္ပါတယ္။

(၆) ေရမ်ားမ်ားေသာက္ပါ

ဒီလိုဓမၼလာစဥ္ ကာလတြင္းမွာပဲ ေရမ်ားမ်ားေသာက္ခုိင္းတာမဟုတ္ပါဘူး။ ေရက လူ႔ခႏၶာကိုယ္ အတြက္ မရွိမျဖစ္ လိုအပ္တဲ့ အရာျဖစ္တဲ့အတြက္ အခ်ိန္တိုင္း ေရဓာတ္ျဖည့္တင္းေပးဖုိ႔ အေရးႀကီးပါတယ္။ အထူးသျဖင့္ Period ကာလမွာ ေရျဖည့္တင္းမႈ နည္းပါးသြားရင္ ဝမ္းခ်ဳပ္တဲ့ ျပႆနာေတြအျပင္ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ျဖစ္တတ္တဲ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာမ်ားကိုလည္း ရင္ဆိုင္ႀကံဳေတြ႔ရႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ေရမ်ားမ်ား ေသာက္သံုးေပးဖို႔ကိုလည္း မေမ့ပါနဲ႔။

Credit:myanmaplatform
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဘာတွေဆောင်ရမယ်၊ ရှောင်ကြဉ်ရမယ်ဆိုတာတွေ မပြောခင်မှာ ဘာလို့ ဆီးချုပ်၊ ဝမ်းချုပ်ရလဲ ဆိုတဲ့အကြောင်းအရင်းကို ရှင်းပြချင်ပါတယ်။ အမျိုးသမီးများ ဓမ္မတာမလာခင်မှာ progesterone နဲ့ estrogen ဆိုတဲ့ ဟော်မုန်းနှစ်မျိုး ထွက်ပေါ်လာပါတယ်။ Progesterone က အစာခြေလမ်းကြောင်းကို အကျိုး သက်ရောက်မှု ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးပါပဲ။ ဒါ့ကြောင့် ဓမ္မတာမလာခင်မှာ Progesterone ဟော်မုန်းများတဲ့သူတွေက အစာချေဖျက်စနစ် နှောင့်နှေးသွားပြီး အူလမ်းကြောင်းအတွင်းကို စားကြွင်းအညစ်အကြေးများ ဝင်ရောက်ဖို့ အချိန်ကြာမြင့်သွားပါတယ်။ ဒါ့ကြောင့် ဒီလိုကာလတွင်းမှာ ဝမ်းချုပ်ခြင်းနဲ့ တခါတရံ ဆီးချုပ်တဲ့ ဝေဒနာကို ခံစားကြရတာပါ။ ဒါ့ကြောင့် ဒီလိုမဖြစ်ရလေအောင် ဘယ်လိုအရာတွေ ရှောင်ကြဉ် သင့်တယ်၊ ဘာတွေလိုက်နာသင့်လဲ ဆိုတာကို ဖော်ပြပေးလိုက် ပါတယ်။

(၁) ကဖင်းဓာတ်နှင့် အယ်လ်ကိုဟောရှောင်ကြဉ်ပါ

ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာများက သင့်ရဲ့ ဟော်မုန်းပြောင်းလဲမှုကို အနှောင့်အယှက်ဖြစ်စေပြီး ဆီးချုပ်၊ ဝမ်းချုပ်ခြင်းကိုလည်း ဖြစ်ပေါ် စေပါတယ်။ ဒါ့ကြောင့် ဒီလိုကာလအတွင်းမှာ ကဖင်းဓာတ်နဲ့ အရက်၊ ဘီယာသောက်သုံးခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

(၂) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးတာကလည်း ကုသနည်းတစ်ရပ်ဖြစ်ပါလိမ့်မယ်။ ဓမ္မတာလာစဉ် ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာကို လျော့ပါးသက်သာစေဖို့ဆိုရင် လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ နောက်ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက ဝမ်းချုပ်ခြင်းမှလည်း ကင်းဝေးစေမှာပါ။

(၃) အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာများကို စားသုံးပါ

အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများက အစာချေဖျက်စနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။ ဒါ့ကြောင့် လစဉ်ဓမ္မတာလာခါနီးတိုင်း ဝမ်းချုပ်တတ်တဲ့သူတွေ အနေနဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ သစ်သီးဝရံများကို များများစားသုံးပေးဖို့ မမေ့ပါနဲ့။

(၄) ပဲများများစားပါ

ပဲကလည်း အာဟာရပြည့်ဝတဲ့ အစားအစာတစ်မျိုးပါပဲ။ အမျိုးသမီးများ ဓမ္မတာလာစဉ်ဖြစ်တတ်တဲ့ ဝမ်းချုပ်တဲ့ ဝေဒနာကို သက်သာပျောက်ကင်းဖို့ အတွက်ဆိုရင်လည်း ပဲကိုသာများများ စားသုံးလိုက်ပါတယ်။ ပဲမှာပါဝင်တဲ့ အမျှင်ဓာတ်များက သင့်ရဲ့ အစာချေဖျက်မှုစနစ်ကို အားကောင်းစေပြီး ဝမ်းမှန်စေပါတယ်။

(၅) အချိုနှင့် အငန်လျှော့စားပါ

အချိုနဲ့ အငန်ဓာတ်လွန်ကဲစွာ ပါဝင်တဲ့ အစားအသောက်များကို စားသုံးမိမယ်ဆိုရင် ဟော်မုန်း ထုတ်လွှတ်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။ ဓမ္မတာလာခါနီး အချိန်တွေမှာ အသင့်စား အစာတွေဖြစ်တဲ့ ဘာဂါ၊ အချိုလွန်ကဲတဲ့ မုန့်ပဲသရေစာများနဲ့ အငန်ဓာတ်များလွန်းတဲ့ အစားအသောက်တွေကို စားသုံးမိတယ် ဆိုရင်တော့ ဝမ်းချုပ်ဖို့က သေချာနေပါပြီ။ ဒါ့ကြောင့် Period ကာလမှာ ဒါတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။

(၆) ရေများများသောက်ပါ

ဒီလိုဓမ္မလာစဉ် ကာလတွင်းမှာပဲ ရေများများသောက်ခိုင်းတာမဟုတ်ပါဘူး။ ရေက လူ့ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်တဲ့အတွက် အချိန်တိုင်း ရေဓာတ်ဖြည့်တင်းပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် Period ကာလမှာ ရေဖြည့်တင်းမှု နည်းပါးသွားရင် ဝမ်းချုပ်တဲ့ ပြဿနာတွေအပြင် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ရေများများ သောက်သုံးပေးဖို့ကိုလည်း မမေ့ပါနဲ့။

Credit:myanmaplatform
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top