iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းကေတာ့ အထီးက်န္ဆန္မွာကို ေၾကာက္ရြံ႕ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္ အထီးက်န္ဆန္တဲ့ ခံစားမႈကို လူတိုင္းေတာ့ ခံစားဖူးၾကမွာပါ။ တစ္ခါတရံဆိုရင္ ဘာအေၾကာင္းအရင္းမွ မရွိဘဲ စိတ္ထဲအထီးက်န္ေနသလို ခံစားေနရတတ္ပါတယ္။ ဒီလိုျဖစ္လာၿပီဆိုရင္ ဘယ္လိုျပဳမူေနထိုင္ရမယ္၊ အထီးက်န္တဲ့စိတ္ကုိ ဘယ္လိုေက်ာ္လႊားရမလဲ ဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) မိမိကိုယ္ကိုျပဳစုပါ

ဒီလိုအခ်ိန္မွာ မိမိကိုယ္ကိုဂရုစိုက္ေပးပါ။ ဘာလုပ္ခ်င္ေနလဲ၊ ဘာျဖစ္ခ်င္ေနလဲ၊ ဘာစားခ်င္ေနတာလဲ စသျဖင့္ေပါ့။ မိမိကုိယ္ကိို ကေလးတစ္ေယာက္လို ျပန္ျပဳစုပါ။ ဒါမွ အထီးက်န္တဲ့ စိတ္ကို ေမ့ေပ်ာက္သြားၿပီး စိတ္ေပ်ာ္ရႊင္လာပါလိမ့္မယ္။

(၂) ခ်က္ျပဳတ္ပါ

စိတ္ထဲအရမ္း အထီးက်န္ဆန္လာတဲ့ အခါမွာ မီးဖိုခန္းထဲသြားၿပီး ခ်က္ျပဳတ္စားေသာက္လိုက္ပါ။ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ အစားအစာကို စီမံခ်က္ျပဳတ္တာကလည္း စိတ္ကို ေပ်ာ္ရႊင္ေစတဲ့ နည္းလမ္း တစ္ရပ္ပါပဲ။ ခ်က္ျပဳတ္ေနတဲ့အခ်ိန္မွာ သင့္ရဲ႕ အထီးက်န္ဆန္တဲ့ စိတ္ေတြ ေခတၱခဏ ေလာက္ေတာ့ ေျပေလ်ာ့သြားပါလိမ့္မယ္။

(၃) ဓာတ္ပံုၾကည့္ပါ

ခရီးသြားခဲ့တုန္းက ပံုေတြ၊ မိသားစုဓာတ္ပံု၊ သူငယ္ခ်င္းနဲ႔ တြဲရိုက္ထားတဲ့ ဓာတ္ပံုေတြကို ျပန္ၾကည့္ၿပီး အမွတ္ရပါ။ ဓာတ္ပံုေတြက သင့္အတြက္ အမွတ္ရစရာေတြ ျဖစ္ၿပီးေတာ့ စိတ္ကို ေပ်ာ္ရႊင္ၾကည္ႏူးမႈကို ေပးစြမ္းႏုိင္ပါတယ္။ ဒါ့ေၾကာင့္ အထီးက်န္ဆန္လာတဲ့အခါမွာ ဓာတ္ပံုေတြကို ၾကည့္ၿပီး ေပ်ာ္ရႊင္ခဲ့တဲ့ ေန႔ရက္ေတြကို ျပန္လည္အမွတ္ရလိုက္ပါ။

(၄) မ်က္လံုးမွိတ္ၿပီး အသက္ဝဝရွဴလိုက္ပါ

အထီးက်န္ဆန္တဲ့ ခံစားခ်က္ေၾကာင့္ ဝမ္းနည္းပူေဆြးလာတဲ့အခါမွာ ပထမဦးဆံုး လုပ္ရမွာက မ်က္လံုးမွိတ္ၿပီး အသက္ဝဝရွဴလုိက္ပါ။ ဒါဟာ စိတ္ကို တည္ၿငိမ္ေစၿပီး ဝမ္းနည္းစိတ္ကို ထိန္းခ်ဳပ္ေပးႏုိင္တဲ့ အေကာင္းဆံုးေသာ နည္းလမ္းပါပဲ။

(၅) Handmade တစ္ခုခုျပဳလုပ္ပါ

သင့္အတြက္ပဲျဖစ္ျဖစ္၊ တစ္ဦးတစ္ေယာက္အတြက္ကို ရည္ရြယ္ၿပီးျဖစ္ျဖစ္၊ handmade တစ္ခုခု ျပဳလုပ္ေပး ႏုိင္ပါတယ္။ သင့္ရဲ႕ အထီးက်န္တဲ့ အခ်ိန္မွာ အက်ိဳးရွိတဲ့ အရာတစ္ခုခု လုပ္ေနလိုက္ပါ။ handmade မလုပ္ခ်င္ဘူးဆိုရင္လည္း ပန္းခ်ီဆြဲတာ၊ ဂစ္တာတီးတာမ်ိဳး ကိုယ္ဝါသနာပါရာ အလုပ္ တစ္ခုခုကို ျပဳလုပ္ေနလိုက္ပါ။

(၆) လမ္းေလွ်ာက္ထြက္ပါ

လူသြားလူလာမ်ားတဲ့ လမ္းအျပင္ဘက္ကို လမ္းေလွ်ာက္ထြက္တာမ်ိဳး ျပဳလုပ္ႏုိင္ပါတယ္။ လမ္းေလွ်ာက္ထြက္ၿပီး လူသြားလူလာေတြကိုေတြ႔ရတာေၾကာင့္ တစ္ေယာက္ထဲ အထီးက်န္ဆန္တဲ့ ခံစားခ်က္ ေျပေလ်ာ့ေစမွာပါ။ လမ္းေလွ်ာက္ထြက္ၿပီး ေလညင္းခံထြက္လိုက္တာေၾကာင့္ စိတ္ကို လန္းဆန္တက္ၾကြေစပါတယ္။

Credit:myanmaplatform
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

လူတိုင်းကတော့ အထီးကျန်ဆန်မှာကို ကြောက်ရွံ့ကြတာချည်းပါပဲ။ ဒါပေမယ့် အထီးကျန်ဆန်တဲ့ ခံစားမှုကို လူတိုင်းတော့ ခံစားဖူးကြမှာပါ။ တစ်ခါတရံဆိုရင် ဘာအကြောင်းအရင်းမှ မရှိဘဲ စိတ်ထဲအထီးကျန်နေသလို ခံစားနေရတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ဘယ်လိုပြုမူနေထိုင်ရမယ်၊ အထီးကျန်တဲ့စိတ်ကို ဘယ်လိုကျော်လွှားရမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မိမိကိုယ်ကိုပြုစုပါ

ဒီလိုအချိန်မှာ မိမိကိုယ်ကိုဂရုစိုက်ပေးပါ။ ဘာလုပ်ချင်နေလဲ၊ ဘာဖြစ်ချင်နေလဲ၊ ဘာစားချင်နေတာလဲ စသဖြင့်ပေါ့။ မိမိကိုယ်ကို ကလေးတစ်ယောက်လို ပြန်ပြုစုပါ။ ဒါမှ အထီးကျန်တဲ့ စိတ်ကို မေ့ပျောက်သွားပြီး စိတ်ပျော်ရွှင်လာပါလိမ့်မယ်။

(၂) ချက်ပြုတ်ပါ

စိတ်ထဲအရမ်း အထီးကျန်ဆန်လာတဲ့ အခါမှာ မီးဖိုခန်းထဲသွားပြီး ချက်ပြုတ်စားသောက်လိုက်ပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာကို စီမံချက်ပြုတ်တာကလည်း စိတ်ကို ပျော်ရွှင်စေတဲ့ နည်းလမ်း တစ်ရပ်ပါပဲ။ ချက်ပြုတ်နေတဲ့အချိန်မှာ သင့်ရဲ့ အထီးကျန်ဆန်တဲ့ စိတ်တွေ ခေတ္တခဏ လောက်တော့ ပြေလျော့သွားပါလိမ့်မယ်။

(၃) ဓာတ်ပုံကြည့်ပါ

ခရီးသွားခဲ့တုန်းက ပုံတွေ၊ မိသားစုဓာတ်ပုံ၊ သူငယ်ချင်းနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်ပြီး အမှတ်ရပါ။ ဓာတ်ပုံတွေက သင့်အတွက် အမှတ်ရစရာတွေ ဖြစ်ပြီးတော့ စိတ်ကို ပျော်ရွှင်ကြည်နူးမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် အထီးကျန်ဆန်လာတဲ့အခါမှာ ဓာတ်ပုံတွေကို ကြည့်ပြီး ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေကို ပြန်လည်အမှတ်ရလိုက်ပါ။

(၄) မျက်လုံးမှိတ်ပြီး အသက်ဝဝရှူလိုက်ပါ

အထီးကျန်ဆန်တဲ့ ခံစားချက်ကြောင့် ဝမ်းနည်းပူဆွေးလာတဲ့အခါမှာ ပထမဦးဆုံး လုပ်ရမှာက မျက်လုံးမှိတ်ပြီး အသက်ဝဝရှူလိုက်ပါ။ ဒါဟာ စိတ်ကို တည်ငြိမ်စေပြီး ဝမ်းနည်းစိတ်ကို ထိန်းချုပ်ပေးနိုင်တဲ့ အကောင်းဆုံးသော နည်းလမ်းပါပဲ။

(၅) Handmade တစ်ခုခုပြုလုပ်ပါ

သင့်အတွက်ပဲဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက်အတွက်ကို ရည်ရွယ်ပြီးဖြစ်ဖြစ်၊ handmade တစ်ခုခု ပြုလုပ်ပေး နိုင်ပါတယ်။ သင့်ရဲ့ အထီးကျန်တဲ့ အချိန်မှာ အကျိုးရှိတဲ့ အရာတစ်ခုခု လုပ်နေလိုက်ပါ။ handmade မလုပ်ချင်ဘူးဆိုရင်လည်း ပန်းချီဆွဲတာ၊ ဂစ်တာတီးတာမျိုး ကိုယ်ဝါသနာပါရာ အလုပ် တစ်ခုခုကို ပြုလုပ်နေလိုက်ပါ။

(၆) လမ်းလျှောက်ထွက်ပါ

လူသွားလူလာများတဲ့ လမ်းအပြင်ဘက်ကို လမ်းလျှောက်ထွက်တာမျိုး ပြုလုပ်နိုင်ပါတယ်။ လမ်းလျှောက်ထွက်ပြီး လူသွားလူလာတွေကိုတွေ့ရတာကြောင့် တစ်ယောက်ထဲ အထီးကျန်ဆန်တဲ့ ခံစားချက် ပြေလျော့စေမှာပါ။ လမ်းလျှောက်ထွက်ပြီး လေညင်းခံထွက်လိုက်တာကြောင့် စိတ်ကို လန်းဆန်တက်ကြွစေပါတယ်။

Credit:myanmaplatform
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top