iMyanmarHouse.com - Best Property Website for Myanmar
×


မဂၤလာပြဲ ျပဳလုပ္ဖို႔ ရက္က မလိုေတာ့တဲ့အခ်ိန္မွာ မ်က္ႏွာမွာ ႐ွိတဲ့ဝက္ျခံေတြ ေၾကာင့္ အလွမပ်က္ရေလေအာင္ အခု ေျပာျပေပးထားတဲ့နည္းေလးေတြအတိုင္း ျပဳလုပ္ေပးပါေနာ္။

ေရခဲတံုးကလည္း ဝက္ျခံေတြကို အ႐ြယ္အစား ေသးသြားေစႏိုင္တဲ့အစြမ္း ႐ွိပါတယ္

ဝက္ျခံဆိုတာကေတာ့ အသားအေရကို အေႏွာင့္အယွက္ေပးတဲ့အရာလို႔ ဆုိရမွာပဲ ျဖစ္ပါတယ္။ မ်က္ႏွာမွာ ဝက္ျခံေတြ ေပါက္ေနမယ္ ဆိုရင္ေတာ့ မ်က္ႏွာေလးက လွသင့္သေလာက္ မလွႏိုင္ေတာ့ဘဲ ျဖစ္ေနမွာပါ။

တကယ္လို႔ မဂၤလာပြဲ ျပဳလုပ္ဖို႔ မလိုေတာ့တဲ့အခ်ိန္မွာမွ မ်က္ႏွာမွာ ဝက္ျခံေတြက ဖုဖုႀကီး ျဖစ္လာတယ္ ဆိုရင္ ဘယ္လို ေသးသြားေအာင္ အခ်ိန္တိုအတြင္း ျပဳလုပ္ လို႔ ရမလဲဆိုတာကို Marry က ေျပာျပေပးခ်င္ပါတယ္။

ညအိပ္ခါနီး သြားတိုက္ေဆး အံုေပးပါ

ဝက္ျခံေတြ အေပၚမွာ သြားတိုက္ေဆးကို အံုေပးပါ။ သြားတိုက္ေဆးကို ပြတ္ မလိမ္းရဘူးေနာ္။ ဝက္ျခံေလးေတြ အေပၚမွာပဲ အစက္ကေလးေတြ ခ်ၿပီး အံုေပးပါ။ ညအိပ္ခါနီးအခ်ိန္မွာ အံုၿပီး အိပ္ေပးတာကေတာ့ ဝက္ျခံေလးေတြကို အ႐ြယ္အစား ေသးသြားေစႏိုင္သလို ျမန္ျမန္လည္း မွည့္ေစႏိုင္ပါတယ္။

သြားတိုက္ေဆးကို အသံုးျပဳတဲ့အခ်ိန္မွာလည္း ပူ႐ွိန္းပါတဲ့သြားတိုက္ေဆးကို အသံုးျပဳေပးဖို႔လည္း လိုမယ္ေနာ္။

ဝက္ျခံေတြ အေပၚမွာ သြားတိုက္ေဆးကို အံုေပးပါ

ေရခဲတံုးကပ္ေပးပါ

ေရခဲတံုးကလည္း ဝက္ျခံေတြကို အ႐ြယ္အစား ေသးသြားေစႏိုင္တဲ့အစြမ္း ႐ွိပါ တယ္။ မ်က္ႏွာကို မ်က္ႏွာသစ္ေဆးနဲ႔ ေသခ်ာ သန္႔စင္ေပးၿပီးတဲ့အခ်ိန္မွာ ေရခဲ တံုးေလးနဲ႔ ဝက္ျခံေတြ အေပၚမွာ ပြတ္တိုက္ေပးပါ။ ဝက္ျခံေတြကို ေသးသြားေစႏိုင္ တဲ့အျပင္ ဝက္ျခံေပါက္လို႔ ေယာင္ေနတာေတြ၊ နာတာေတြကိုပါ သက္သာေစႏိုင္ ပါေသးတယ္။

ၾကက္ဥအကာကို လိမ္းေပးပါ

ၾကက္ဥအကာကေတာ့ အလွအပေရးရာ အတြက္ အမ်ားႀကီး အေထာက္အကူ ျပဳေပးႏိုင္တဲ့အရာေတြထဲက တစ္ခုပဲ ျဖစ္ပါတယ္။ ၾကက္ဥ အကာကို ဝက္ျခံေတြ ျဖစ္တဲ့ေနရာေတြမွာ လိမ္းေပးပါက ဝက္ျခံေတြကို သက္သာေစႏိုင္သလို ေနာက္ ထပ္ ဝက္ျခံ ျဖစ္ေပၚလာမႈကို ေလ်ာ့နည္းေစႏိုင္ပါေသးတယ္။

ၾကက္ဥ အကာက အသားအေရကို သန္႔စင္ေပးႏိုင္တာေၾကာင့္ မ်က္ႏွာကို ဝက္ျခံ ကင္းၿပီး ၾကည္လင္ေစႏိုင္ပါတယ္။မဂၤလာပြဲ ျပဳလုပ္ဖို႔ ရက္က မလိုေတာ့တဲ့အခ်ိန္ မွာ မ်က္ႏွာမွာ ႐ွိတဲ့ဝက္ျခံေတြေၾကာင့္ အလွမပ်က္ရေလေအာင္ အခု ေျပာျပေပး ထားတဲ့နည္းေလးေတြအတိုင္း ျပဳလုပ္ၿပီး ဝက္ျခံကင္းတဲ့မ်က္ႏွာေလးကို ပိုင္ဆိုင္ လိုက္ႏိုင္ဖို႔ ေျပာျပလိုက္ရပါတယ္ေနာ္။


Credit:marry

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မင်္ဂလာပွဲ ပြုလုပ်ဖို့ ရက်က မလိုတော့တဲ့အချိန်မှာ မျက်နှာမှာ ရှိတဲ့ဝက်ခြံတွေ ကြောင့် အလှမပျက်ရလေအောင် အခု ပြောပြပေးထားတဲ့နည်းလေးတွေအတိုင်း ပြုလုပ်ပေးပါနော်။

ရေခဲတုံးကလည်း ဝက်ခြံတွေကို အရွယ်အစား သေးသွားစေနိုင်တဲ့အစွမ်း ရှိပါတယ်

ဝက်ခြံဆိုတာကတော့ အသားအရေကို အနှောင့်အယှက်ပေးတဲ့အရာလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ မျက်နှာမှာ ဝက်ခြံတွေ ပေါက်နေမယ် ဆိုရင်တော့ မျက်နှာလေးက လှသင့်သလောက် မလှနိုင်တော့ဘဲ ဖြစ်နေမှာပါ။

တကယ်လို့ မင်္ဂလာပွဲ ပြုလုပ်ဖို့ မလိုတော့တဲ့အချိန်မှာမှ မျက်နှာမှာ ဝက်ခြံတွေက ဖုဖုကြီး ဖြစ်လာတယ် ဆိုရင် ဘယ်လို သေးသွားအောင် အချိန်တိုအတွင်း ပြုလုပ် လို့ ရမလဲဆိုတာကို Marry က ပြောပြပေးချင်ပါတယ်။

ညအိပ်ခါနီး သွားတိုက်ဆေး အုံပေးပါ

ဝက်ခြံတွေ အပေါ်မှာ သွားတိုက်ဆေးကို အုံပေးပါ။ သွားတိုက်ဆေးကို ပွတ် မလိမ်းရဘူးနော်။ ဝက်ခြံလေးတွေ အပေါ်မှာပဲ အစက်ကလေးတွေ ချပြီး အုံပေးပါ။ ညအိပ်ခါနီးအချိန်မှာ အုံပြီး အိပ်ပေးတာကတော့ ဝက်ခြံလေးတွေကို အရွယ်အစား သေးသွားစေနိုင်သလို မြန်မြန်လည်း မှည့်စေနိုင်ပါတယ်။

သွားတိုက်ဆေးကို အသုံးပြုတဲ့အချိန်မှာလည်း ပူရှိန်းပါတဲ့သွားတိုက်ဆေးကို အသုံးပြုပေးဖို့လည်း လိုမယ်နော်။

ဝက်ခြံတွေ အပေါ်မှာ သွားတိုက်ဆေးကို အုံပေးပါ

ရေခဲတုံးကပ်ပေးပါ

ရေခဲတုံးကလည်း ဝက်ခြံတွေကို အရွယ်အစား သေးသွားစေနိုင်တဲ့အစွမ်း ရှိပါ တယ်။ မျက်နှာကို မျက်နှာသစ်ဆေးနဲ့ သေချာ သန့်စင်ပေးပြီးတဲ့အချိန်မှာ ရေခဲ တုံးလေးနဲ့ ဝက်ခြံတွေ အပေါ်မှာ ပွတ်တိုက်ပေးပါ။ ဝက်ခြံတွေကို သေးသွားစေနိုင် တဲ့အပြင် ဝက်ခြံပေါက်လို့ ယောင်နေတာတွေ၊ နာတာတွေကိုပါ သက်သာစေနိုင် ပါသေးတယ်။

ကြက်ဥအကာကို လိမ်းပေးပါ

ကြက်ဥအကာကတော့ အလှအပရေးရာ အတွက် အများကြီး အထောက်အကူ ပြုပေးနိုင်တဲ့အရာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ကြက်ဥ အကာကို ဝက်ခြံတွေ ဖြစ်တဲ့နေရာတွေမှာ လိမ်းပေးပါက ဝက်ခြံတွေကို သက်သာစေနိုင်သလို နောက် ထပ် ဝက်ခြံ ဖြစ်ပေါ်လာမှုကို လျော့နည်းစေနိုင်ပါသေးတယ်။

ကြက်ဥ အကာက အသားအရေကို သန့်စင်ပေးနိုင်တာကြောင့် မျက်နှာကို ဝက်ခြံ ကင်းပြီး ကြည်လင်စေနိုင်ပါတယ်။မင်္ဂလာပွဲ ပြုလုပ်ဖို့ ရက်က မလိုတော့တဲ့အချိန် မှာ မျက်နှာမှာ ရှိတဲ့ဝက်ခြံတွေကြောင့် အလှမပျက်ရလေအောင် အခု ပြောပြပေး ထားတဲ့နည်းလေးတွေအတိုင်း ပြုလုပ်ပြီး ဝက်ခြံကင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင် လိုက်နိုင်ဖို့ ပြောပြလိုက်ရပါတယ်နော်။


Credit:marry

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top