iMyanmarHouse.com - Best Property Website for Myanmar
×


သာယာတဲ့ အိမ္ေထာင္ေရးေလးအတြက္ ႏွစ္ပတ္လည္ေန႔ေလးေတြ အမွတ္တ ရေန႔ေလးေတြမွာ မွတ္မွတ္ရရ ျဖစ္ေစမယ့္ အရာေလးေတြကို ခ်စ္လက္ေဆာင္ အေနနဲ႔ သတိတရ ေပးပါ။

လိုတဲ့ေနရာေလးေတြမွာပဲ အေကာင္းဆံုး သံုးတတ္ရင္ အေပ်ာ္ဆံုးစံုတြဲေလးေတြလို႔ လူေတြၾကားမွာ အားက်စရာ ျဖစ္ေနမွာပါ။ အခ်စ္ဆိုတာ ဘဝထဲမွာ မရွိမျဖစ္ လို အပ္တဲ့အရာ တစ္ခုပါပဲ။ ခ်စ္ျခင္းေတြဆိုတာကေတာ့ ခ်စ္တတ္ရင္ ခ်စ္တတ္ သေလာက္ ၾကည္ႏူးစရာ ေကာင္းလွတဲ့ အရာပဲ ျဖစ္တာကိုေတာ့ ျငင္းလို႔ မရႏုိင္ပါဘူး။

အခ်စ္ဆိုတာ လိုတဲ့ေနရာေလးေတြမွာပဲ အေကာင္းဆံုး သံုးတတ္ရင္ အေပ်ာ္ဆံုး စံုတြဲေလးေတြလို႔ လူေတြၾကားမွာ အားက်စရာ ျဖစ္ေနမွာပါ။ အားက်စရာေကာင္း တဲ့ အိမ္ေထာင္ေရးေလး ျဖစ္ဖို႔႔ ဘာေတြလိုက္နာေပးရမလဲ ဆိုတာကို Marry ကေန ေျပာျပေပးလုိက္ရပါတယ္။

အခ်င္းခ်င္းၾကားမွာ ေပ်ာ္စရာေလးေတြကိုပဲ ျပဳလုပ္ပါ

ႏွစ္ေယာက္သား အတူရွိတဲ့အခ်ိန္မွာ ေပ်ာ္စရာေလးေတြကုိ ျပဳလုပ္ေပးပါ။ ေပ်ာ္စရာ ဆိုတာကေတာ့ ႏွစ္သက္တဲ့အရာေလးေတြကို ျပဳလုပ္ရတဲ့အခ်ိန္မ်ိဳးေတြမွာ ျဖစ္ေပၚလာတတ္တဲ့ စိတ္ခံစားခ်က္တစ္ခုသာ ဆိုရင္ေတာ့ ႏွစ္ေယာက္စလံုး ျပဳလုပ္ရတာ ႏွစ္သက္တာ တစ္ခုခုကို ေရြးခ်ယ္ ျပဳလုပ္ေပးပါ။

ဥပမာ အစားအစာ ဆန္းဆန္းေလးေတြကို ႀကိဳက္ႏွစ္သက္တဲ့ စံုတြဲေလးေတြ အတြက္ စားစရာ ေကာင္းေကာင္း ရႏိုင္မယ့္ဆိုင္ေတြကို ပတ္ရွာစားတာမ်ိဳး၊ ရုပ္ရွင္ႀကိဳက္တဲ့ စံုတြဲေလးေတြဆိုရင္ ရုပ္ရွင္ရံုက ကားတိုင္းကို သြားၾကည့္တာမ်ိဳးကို ျပဳလုပ္ေပးလိုက္ပါ။

အဆင္မေျပတာခ်ည္း  ေျပာျပတာကိုေတာ့ ေရွာင္ေပးပါေနာ္
အဆင္မေျပတာခ်ည္း ေရြး မေျပာမိပါေစနဲ႔

အခ်ိန္တိုင္း  အဆင္မေျပတာေတြခ်ည္းကို မေျပာပါနဲ႔။ ဘယ္ေလာက္ပဲ နားလည္မႈ ေပးႏုိင္တဲ့သူပဲ ျဖစ္ေနပါေစ။ ေျပာလိုက္တဲ့ အရာတိုင္းက အဆင္မေျပတာခ်ည္း ျဖစ္ေနတယ္ဆိုရင္ေတာ့ တစ္ဖက္သူရဲ႕ မသိစိတ္ထဲမွာ ေၾကာက္လာတာမ်ိဳး ျဖစ္လာတတ္ပါတယ္။

မိန္းကေလးေတြ ျပဳလုပ္ေလ့ရွိတဲ့အရာ တစ္ခုကေတာ့ အဆင္မေျပသမွ် အရာတိုင္းစာကို  ညည္းျပတတ္တာမ်ိဳး၊ တျခားမွာ ေတြ႕လာတဲ့ စိတ္ဆိုးစရာကို အခုမွ လာပံုခ်လိုက္တာမ်ိဳးကို ျပဳလုပ္တတ္ပါတယ္။ အားက်စရာေကာင္းတဲ့ အိမ္ေထာင္ေရးေလး ျဖစ္ဖို႔ကေတာ့ အခ်င္းခ်င္းၾကားမွာ နားလည္မႈနဲ႔ တည္ေဆာက္ပါ။

အဆင္မေျပတာ ရွိတာေတြကို ေျပာျပလို႔ ရပါတယ္။ အဆင္မေျပတာခ်ည္း  ေျပာျပတာကိုေတာ့ ေရွာင္ေပးပါေနာ္။

ခ်စ္လက္ေဆာင္ေလးေတြကို သတိတရ ေပးပါ

လက္ေဆာင္ဆိုတာကေတာ့ တန္ဖိုး မ်ားတယ္ နည္းတယ္ ဆိုတာက ပဓာန မက်ပါဘူး။ စိတ္ပဲ အဓိက က်တာပါ။ တစ္ေနရာရာကို ေရာက္သြားတဲ့အခ်ိန္မွာ တိုင္ဆိုင္မႈ ရွိလို႔ ကိုယ္ခ်စ္တတ္တဲ့သူ သေဘာက်တဲ့အရာမ်ိဳး၊ ခ်စ္တဲ့သူနဲ႔ လိုက္ဖက္တဲ့အရာမ်ိဳးကို ေတြ႕လို႔ ဝယ္လာေပးတာမ်ိဳးကို ျပဳလုပ္ေပးပါ။

ႏွစ္ပတ္လည္ေန႔ေလးေတြ အမွတ္တရေန႔ေလးေတြမွာ မွတ္မွတ္ရရ ျဖစ္ေစမယ့္ အရာေလးေတြကို ခ်စ္လက္ေဆာင္ အေနနဲ႔ သတိတရ ေပးပါ။ ကိုယ့္ခ်စ္သူေပး တဲ့အရာေလးေတြေၾကာင့္ ၾကည္ႏူးေနမယ့္ မ်က္ႏွာေလးကို တျခားသူေတြ ျမင္တဲ့ အခ်ိန္မွာ ျဖစ္ေပၚလာမယ့္ အားက်တဲ့ အၾကည့္ေလးေတြကို ျမင္ေယာင္ၾကည့္လိုက္ ပါေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သာယာတဲ့ အိမ်ထောင်ရေးလေးအတွက် နှစ်ပတ်လည်နေ့လေးတွေ အမှတ်တ ရနေ့လေးတွေမှာ မှတ်မှတ်ရရ ဖြစ်စေမယ့် အရာလေးတွေကို ချစ်လက်ဆောင် အနေနဲ့ သတိတရ ပေးပါ။

လိုတဲ့နေရာလေးတွေမှာပဲ အကောင်းဆုံး သုံးတတ်ရင် အပျော်ဆုံးစုံတွဲလေးတွေလို့ လူတွေကြားမှာ အားကျစရာ ဖြစ်နေမှာပါ။ အချစ်ဆိုတာ ဘဝထဲမှာ မရှိမဖြစ် လို အပ်တဲ့အရာ တစ်ခုပါပဲ။ ချစ်ခြင်းတွေဆိုတာကတော့ ချစ်တတ်ရင် ချစ်တတ် သလောက် ကြည်နူးစရာ ကောင်းလှတဲ့ အရာပဲ ဖြစ်တာကိုတော့ ငြင်းလို့ မရနိုင်ပါဘူး။

အချစ်ဆိုတာ လိုတဲ့နေရာလေးတွေမှာပဲ အကောင်းဆုံး သုံးတတ်ရင် အပျော်ဆုံး စုံတွဲလေးတွေလို့ လူတွေကြားမှာ အားကျစရာ ဖြစ်နေမှာပါ။ အားကျစရာကောင်း တဲ့ အိမ်ထောင်ရေးလေး ဖြစ်ဖို့ ဘာတွေလိုက်နာပေးရမလဲ ဆိုတာကို Marry ကနေ ပြောပြပေးလိုက်ရပါတယ်။

အချင်းချင်းကြားမှာ ပျော်စရာလေးတွေကိုပဲ ပြုလုပ်ပါ

နှစ်ယောက်သား အတူရှိတဲ့အချိန်မှာ ပျော်စရာလေးတွေကို ပြုလုပ်ပေးပါ။ ပျော်စရာ ဆိုတာကတော့ နှစ်သက်တဲ့အရာလေးတွေကို ပြုလုပ်ရတဲ့အချိန်မျိုးတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ စိတ်ခံစားချက်တစ်ခုသာ ဆိုရင်တော့ နှစ်ယောက်စလုံး ပြုလုပ်ရတာ နှစ်သက်တာ တစ်ခုခုကို ရွေးချယ် ပြုလုပ်ပေးပါ။

ဥပမာ အစားအစာ ဆန်းဆန်းလေးတွေကို ကြိုက်နှစ်သက်တဲ့ စုံတွဲလေးတွေ အတွက် စားစရာ ကောင်းကောင်း ရနိုင်မယ့်ဆိုင်တွေကို ပတ်ရှာစားတာမျိုး၊ ရုပ်ရှင်ကြိုက်တဲ့ စုံတွဲလေးတွေဆိုရင် ရုပ်ရှင်ရုံက ကားတိုင်းကို သွားကြည့်တာမျိုးကို ပြုလုပ်ပေးလိုက်ပါ။

အဆင်မပြေတာချည်း  ပြောပြတာကိုတော့ ရှောင်ပေးပါနော်
အဆင်မပြေတာချည်း ရွေး မပြောမိပါစေနဲ့

အချိန်တိုင်း  အဆင်မပြေတာတွေချည်းကို မပြောပါနဲ့။ ဘယ်လောက်ပဲ နားလည်မှု ပေးနိုင်တဲ့သူပဲ ဖြစ်နေပါစေ။ ပြောလိုက်တဲ့ အရာတိုင်းက အဆင်မပြေတာချည်း ဖြစ်နေတယ်ဆိုရင်တော့ တစ်ဖက်သူရဲ့ မသိစိတ်ထဲမှာ ကြောက်လာတာမျိုး ဖြစ်လာတတ်ပါတယ်။

မိန်းကလေးတွေ ပြုလုပ်လေ့ရှိတဲ့အရာ တစ်ခုကတော့ အဆင်မပြေသမျှ အရာတိုင်းစာကို  ညည်းပြတတ်တာမျိုး၊ တခြားမှာ တွေ့လာတဲ့ စိတ်ဆိုးစရာကို အခုမှ လာပုံချလိုက်တာမျိုးကို ပြုလုပ်တတ်ပါတယ်။ အားကျစရာကောင်းတဲ့ အိမ်ထောင်ရေးလေး ဖြစ်ဖို့ကတော့ အချင်းချင်းကြားမှာ နားလည်မှုနဲ့ တည်ဆောက်ပါ။

အဆင်မပြေတာ ရှိတာတွေကို ပြောပြလို့ ရပါတယ်။ အဆင်မပြေတာချည်း  ပြောပြတာကိုတော့ ရှောင်ပေးပါနော်။

ချစ်လက်ဆောင်လေးတွေကို သတိတရ ပေးပါ

လက်ဆောင်ဆိုတာကတော့ တန်ဖိုး များတယ် နည်းတယ် ဆိုတာက ပဓာန မကျပါဘူး။ စိတ်ပဲ အဓိက ကျတာပါ။ တစ်နေရာရာကို ရောက်သွားတဲ့အချိန်မှာ တိုင်ဆိုင်မှု ရှိလို့ ကိုယ်ချစ်တတ်တဲ့သူ သဘောကျတဲ့အရာမျိုး၊ ချစ်တဲ့သူနဲ့ လိုက်ဖက်တဲ့အရာမျိုးကို တွေ့လို့ ဝယ်လာပေးတာမျိုးကို ပြုလုပ်ပေးပါ။

နှစ်ပတ်လည်နေ့လေးတွေ အမှတ်တရနေ့လေးတွေမှာ မှတ်မှတ်ရရ ဖြစ်စေမယ့် အရာလေးတွေကို ချစ်လက်ဆောင် အနေနဲ့ သတိတရ ပေးပါ။ ကိုယ့်ချစ်သူပေး တဲ့အရာလေးတွေကြောင့် ကြည်နူးနေမယ့် မျက်နှာလေးကို တခြားသူတွေ မြင်တဲ့ အချိန်မှာ ဖြစ်ပေါ်လာမယ့် အားကျတဲ့ အကြည့်လေးတွေကို မြင်ယောင်ကြည့်လိုက် ပါနော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top