iMyanmarHouse.com - Best Property Website for Myanmar
×

 အခ်ိန္ၾကာျမင့္စြာထား႐ွိျခင္းေၾကာင့္ အရည္အေသြးမေကာင္းေတာ့တဲ့ အစားအေသာက္ေတြကို စားသံုးျခင္းက အရသာမေကာင္း႐ံုတင္မကပါဘူး၊ က်န္းမာေရးအတြက္လည္း ထိခိုက္ေစပါတယ္။ ဥပမာအေနနဲ႔ ေျပာရမယ္ဆိုရင္ ဖရဲသီးရဲ႕အရြယ္အစားႀကီးဖို႔အတြက္ အသံုးျပဳတဲ့ Forchlorfenuron ဆိုတဲ့ ဓာတုေဆးက ေအာ့အန္ျခင္း၊ မအီမသာျဖစ္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ အစာမေက်ျခင္း စတဲ့ ဆိုးက်ိဳးေတြကို ခံစားရႏိုင္ပါတယ္။

ကိုယ့္ မီးဖိုေခ်ာင္ထဲမွာ႐ွိတဲ့ အစားအေသာက္ေတြက လတ္ဆတ္ေသးရဲ႕လား၊ မေကာင္းေတာ့ဘူးလားဆိုတာကို ဘယ္လိုသိႏိုင္မလဲ။ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေလးေတြနဲ႔ စမ္းသပ္ၾကည့္လိုက္ပါ။

ၾကက္ဥ လတ္မလတ္ သိခ်င္တဲ့အခါ

ေရအျပည့္ထည့္ထားတဲ့ ဖန္ခြက္ထဲသို႔ ၾကက္ဥထည့္ၾကည့္လိုက္ပါ။ ဖန္ခြက္ရဲ႕ေအာက္ေျခမွာ လွဲေလ်ာင္းေနမယ္ဆိုရင္ လတ္ဆတ္တဲ့ၾကက္ဥျဖစ္လို႔ အာဟာရဓာတ္အျပည့္အဝရ႐ွိမွာပဲျဖစ္ပါတယ္။ တကယ္လို႔ ၾကက္ဥက ေထာင့္တစ္ေထာင့္မွာ ေထာင္မတ္ေနမယ္ဆိုရင္ ၁ ပတ္ကေန ၂ ပတ္အထိ ၾကာျမင့္ေနၿပီျဖစ္တဲ့ ၾကက္ဥပဲျဖစ္ပါတယ္။ တကယ္လို႔ ၾကက္ဥက ေရေပၚမွာ ေပါေလာေပေနမယ္ဆိုရင္ေတာ့ လံုးဝ (လံုးဝ) မစားသံုးသင့္ပါဘူး။

ေနာက္တစ္နည္းကေတာ့ ၾကက္ဥအႏွစ္ရဲ႕အေရာင္နဲ႔ စမ္းၾကည့္ရမွာပါ။

ၾကက္ဥအႏွစ္က အေရာင္ေဖ်ာ့ေနမယ္ဆိုရင္ ေစ်းဆိုင္မွာ အၾကာႀကီး႐ွိေနၿပီျဖစ္တဲ့ ၾကက္ဥပါ။ ၾကက္ဥအႏွစ္က အေရာင္ရင့္ရင့္ေလးျဖစ္ေနမယ္ဆိုရင္ အခုမွ ေမြးျမဴေရးၿခံကေန လတ္လတ္ဆတ္ဆတ္တင္သြင္းထားတဲ့ ၾကက္ဥပဲျဖစ္ပါတယ္။

အက္ကြဲေၾကာင္း ျဖစ္ေနတဲ့ ဖရဲသီးကို လႊင့္ပစ္လိုက္ပါ။

ဖရဲသီးရဲ႕ မ်က္ႏွာျပင္မွာ အက္ကြဲေၾကာင္းေပၚေနတဲ့အခါ မစားတာ အေကာင္းဆံုးပါပဲ။ ဖရဲသီး အလံုးႀကီးဖို႔အတြက္ ေဆးထိုးသြင္းတဲ့ ဓာတုပစၥည္းမ်ားေၾကာင့္ ဖရဲသီးက သူ႔အတိုင္းအတာထက္ ပိုႀကီးသြားတဲ့အတြက္ အက္ကြဲေၾကာင္းေပၚလာရျခင္းျဖစ္ပါတယ္။ ထိုဓာတုေဆးမ်ားက အစာအဆိပ္သင့္ျခင္းအျပင္ အျခားက်န္းမာေရးျပႆနာမ်ားလည္း ခံစားရႏိုင္ပါတယ္။

ငွက္ေပ်ာသီး ဝယ္မယ္ဆိုရင္

ေျပာင္ေခ်ာေနတဲ့ ငွက္ေပ်ာသီးထက္ ငွက္ေပ်ာသီးေပၚမွာ အစက္အေပ်ာက္အနည္းငယ္ပါတဲ့ ငွက္ေပ်ာသိးကို ေရြးဝယ္ပါ။ အစက္အေပ်ာက္အနည္းငယ္ပါတဲ့ ငွက္ေပ်ာသီးက ဓာတုေဆးဝါးအသံုးမျပဳထားတဲ့ ေအာ္ဂဲနစ္အစားအစာပဲျဖစ္ပါတယ္။ ဒါေပမဲ့ အညိဳေရာင္သမ္းေနတဲ့ ငွက္ေပ်ာသီးေတြကိုေတာ့ ေ႐ွာင္ဝယ္ရပါမယ္။ ထိုငွက္ေပ်ာသီးမ်ားက မမွည့္ခင္မွာ ခူးခံရၿပီး အၾကာႀကီးသိုေလွာင္ခံရတဲ့ ပစၥည္းျဖစ္တာေၾကာင့္ အရသာ႐ွိမွာမဟုတ္ပါဘူး။

လတ္လတ္ဆတ္ဆတ္ပုစြန္ဝယ္ခ်င္တဲ့အခါ

ေခါင္းနဲ႔ ေျခေခ်ာင္းေလးမ်ား မျဖဳတ္ထားတဲ့ပုစြန္ကို ေရြးဝယ္ေပးပါ။ ပုစြန္ေခါင္းမွာ အဆီပါဝင္မႈမ်ားျပားတဲ့အတြက္ေၾကာင့္ သား၊ ငါးေရာင္းတဲ့သူေတြက ေရခဲ႐ိုက္ၿပီး ၾကာၾကာထားခ်င္တဲ့အခါ ပုစြန္ေခါင္းေတြကို ျဖဳတ္ထားေလ့႐ွိပါတယ္။ ဒါမွအနံ႔မနံမွာပါ။ ဒါ့ေၾကာင့္ ဘယ္လိုပုစြန္စားခ်င္လဲဆိုတာ ေသခ်ာေရြးဝယ္သင့္ပါတယ္။

အေျခာက္ခံထားေသာ သစ္သီးမ်ားဝယ္တဲ့အခါ

အေရာင္ေတာက္ေတာက္ျဖစ္ေနၿပီး အျမင္လွတဲ့ သစ္သီးေျခာက္မ်ားကို မဝယ္ပါနဲ႔။ သဘာဝအေရာင္အတိုင္းမဟုတ္ဘဲ စားခ်င္စဖြယ္အေရာင္ေတာက္ေနတဲ့သစ္သီးေျခာက္မ်ားက ဓာတုေဆးဝါးမ်ား အသံုးျပဳခံထားရတဲ့ သစ္သီးပဲျဖစ္ပါတယ္။

မႈိ

မႈိအေရာင္က ျဖဴျဖဴေလးျဖစ္ေနမွသာ လတ္ဆတ္တဲ့မႈိျဖစ္လို႔ ခ်က္ျပဳတ္တဲ့အခါ အရသာ႐ွိ႐ွိစားေသာက္ႏိုင္ပါတယ္။ အညိဳေရာင္နဲ႔ အေရာင္ရင့္ေနတ့ဲမႈိေတြကေတာ့ သိုေလွာင္ထားတာၾကာၿပီျဖစ္လို႔ မလတ္ဆတ္ေတာ့ပါဘူး။

Credit: myfoodmyanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အချိန်ကြာမြင့်စွာထားရှိခြင်းကြောင့် အရည်အသွေးမကောင်းတော့တဲ့ အစားအသောက်တွေကို စားသုံးခြင်းက အရသာမကောင်းရုံတင်မကပါဘူး၊ ကျန်းမာရေးအတွက်လည်း ထိခိုက်စေပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ဖရဲသီးရဲ့အရွယ်အစားကြီးဖို့အတွက် အသုံးပြုတဲ့ Forchlorfenuron ဆိုတဲ့ ဓာတုဆေးက အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ အစာမကျေခြင်း စတဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ကိုယ့် မီးဖိုချောင်ထဲမှာရှိတဲ့ အစားအသောက်တွေက လတ်ဆတ်သေးရဲ့လား၊ မကောင်းတော့ဘူးလားဆိုတာကို ဘယ်လိုသိနိုင်မလဲ။ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေနဲ့ စမ်းသပ်ကြည့်လိုက်ပါ။

ကြက်ဥ လတ်မလတ် သိချင်တဲ့အခါ

ရေအပြည့်ထည့်ထားတဲ့ ဖန်ခွက်ထဲသို့ ကြက်ဥထည့်ကြည့်လိုက်ပါ။ ဖန်ခွက်ရဲ့အောက်ခြေမှာ လှဲလျောင်းနေမယ်ဆိုရင် လတ်ဆတ်တဲ့ကြက်ဥဖြစ်လို့ အာဟာရဓာတ်အပြည့်အဝရရှိမှာပဲဖြစ်ပါတယ်။ တကယ်လို့ ကြက်ဥက ထောင့်တစ်ထောင့်မှာ ထောင်မတ်နေမယ်ဆိုရင် ၁ ပတ်ကနေ ၂ ပတ်အထိ ကြာမြင့်နေပြီဖြစ်တဲ့ ကြက်ဥပဲဖြစ်ပါတယ်။ တကယ်လို့ ကြက်ဥက ရေပေါ်မှာ ပေါလောပေနေမယ်ဆိုရင်တော့ လုံးဝ (လုံးဝ) မစားသုံးသင့်ပါဘူး။

နောက်တစ်နည်းကတော့ ကြက်ဥအနှစ်ရဲ့အရောင်နဲ့ စမ်းကြည့်ရမှာပါ။

ကြက်ဥအနှစ်က အရောင်ဖျော့နေမယ်ဆိုရင် ဈေးဆိုင်မှာ အကြာကြီးရှိနေပြီဖြစ်တဲ့ ကြက်ဥပါ။ ကြက်ဥအနှစ်က အရောင်ရင့်ရင့်လေးဖြစ်နေမယ်ဆိုရင် အခုမှ မွေးမြူရေးခြံကနေ လတ်လတ်ဆတ်ဆတ်တင်သွင်းထားတဲ့ ကြက်ဥပဲဖြစ်ပါတယ်။

အက်ကွဲကြောင်း ဖြစ်နေတဲ့ ဖရဲသီးကို လွှင့်ပစ်လိုက်ပါ။

ဖရဲသီးရဲ့ မျက်နှာပြင်မှာ အက်ကွဲကြောင်းပေါ်နေတဲ့အခါ မစားတာ အကောင်းဆုံးပါပဲ။ ဖရဲသီး အလုံးကြီးဖို့အတွက် ဆေးထိုးသွင်းတဲ့ ဓာတုပစ္စည်းများကြောင့် ဖရဲသီးက သူ့အတိုင်းအတာထက် ပိုကြီးသွားတဲ့အတွက် အက်ကွဲကြောင်းပေါ်လာရခြင်းဖြစ်ပါတယ်။ ထိုဓာတုဆေးများက အစာအဆိပ်သင့်ခြင်းအပြင် အခြားကျန်းမာရေးပြဿနာများလည်း ခံစားရနိုင်ပါတယ်။

ငှက်ပျောသီး ဝယ်မယ်ဆိုရင်

ပြောင်ချောနေတဲ့ ငှက်ပျောသီးထက် ငှက်ပျောသီးပေါ်မှာ အစက်အပျောက်အနည်းငယ်ပါတဲ့ ငှက်ပျောသိးကို ရွေးဝယ်ပါ။ အစက်အပျောက်အနည်းငယ်ပါတဲ့ ငှက်ပျောသီးက ဓာတုဆေးဝါးအသုံးမပြုထားတဲ့ အော်ဂဲနစ်အစားအစာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အညိုရောင်သမ်းနေတဲ့ ငှက်ပျောသီးတွေကိုတော့ ရှောင်ဝယ်ရပါမယ်။ ထိုငှက်ပျောသီးများက မမှည့်ခင်မှာ ခူးခံရပြီး အကြာကြီးသိုလှောင်ခံရတဲ့ ပစ္စည်းဖြစ်တာကြောင့် အရသာရှိမှာမဟုတ်ပါဘူး။

လတ်လတ်ဆတ်ဆတ်ပုစွန်ဝယ်ချင်တဲ့အခါ

ခေါင်းနဲ့ ခြေချောင်းလေးများ မဖြုတ်ထားတဲ့ပုစွန်ကို ရွေးဝယ်ပေးပါ။ ပုစွန်ခေါင်းမှာ အဆီပါဝင်မှုများပြားတဲ့အတွက်ကြောင့် သား၊ ငါးရောင်းတဲ့သူတွေက ရေခဲရိုက်ပြီး ကြာကြာထားချင်တဲ့အခါ ပုစွန်ခေါင်းတွေကို ဖြုတ်ထားလေ့ရှိပါတယ်။ ဒါမှအနံ့မနံမှာပါ။ ဒါ့ကြောင့် ဘယ်လိုပုစွန်စားချင်လဲဆိုတာ သေချာရွေးဝယ်သင့်ပါတယ်။

အခြောက်ခံထားသော သစ်သီးများဝယ်တဲ့အခါ

အရောင်တောက်တောက်ဖြစ်နေပြီး အမြင်လှတဲ့ သစ်သီးခြောက်များကို မဝယ်ပါနဲ့။ သဘာဝအရောင်အတိုင်းမဟုတ်ဘဲ စားချင်စဖွယ်အရောင်တောက်နေတဲ့သစ်သီးခြောက်များက ဓာတုဆေးဝါးများ အသုံးပြုခံထားရတဲ့ သစ်သီးပဲဖြစ်ပါတယ်။

မှို

မှိုအရောင်က ဖြူဖြူလေးဖြစ်နေမှသာ လတ်ဆတ်တဲ့မှိုဖြစ်လို့ ချက်ပြုတ်တဲ့အခါ အရသာရှိရှိစားသောက်နိုင်ပါတယ်။ အညိုရောင်နဲ့ အရောင်ရင့်နေတဲ့မှိုတွေကတော့ သိုလှောင်ထားတာကြာပြီဖြစ်လို့ မလတ်ဆတ်တော့ပါဘူး။

Credit: myfoodmyanmar
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top