iMyanmarHouse.com - Best Property Website for Myanmar
×


ၾကက္သြန္နီကို ဟင္းခ်က္နည္းမ်ိဳးစံုအတြက္ အသံုးျပဳျပီး စားသံုးေနၾကပါတယ္။ ခ်က္ပံုနဲ့စားပံုမ်ား မတူညီၾကသလို သူ့ရဲ့အက်ိဳးေပးအာနိသင္ကလည္း ကြဲျပားၾကပါတယ္။

ယခုေဖာ္ျပေပးမည့္ နည္းေလးကေတာ့ ၾကက္သြန္နီကို အဆီက်ေဆးအျဖစ္ အစိမ္းသုပ္စားရတဲ့ စားသံုးနည္းတစ္ခု ျဖစ္ပါတယ္။

(၁) ၾကက္သြန္နီကို ပါးပါးလွီး၍ ပန္းကန္ထဲ ထည့္ပါ။

(၂) သံပုရာသီး ညွစ္ထည့္ပါ။ အနံ့ျပင္း၍ စပ္ေနေသာ ၾကက္သြန္နီကို သံပုရာသီးအခ်ဥ္ ညွစ္ထည့္လိုက္ပါက အခ်ိဳဓါတ္သို့ ေျပာင္းသြားေစပါသည္။

(၃) သခြါးသီး ထည့္လိုပါက (အနည္းငယ္မွ်) ပါးပါးလွီး၍ ထည့္နုိင္ပါသည္။

(၄) အစပ္ၾကိဳက္ပါက ငရုတ္သီးစိမ္း အနည္းငယ္ လွီးထည့္နိုင္ပါသည္။

(၅) ဆားအနည္းငယ္မွ် ထည့္ေပးပါ။ ဆားမပါလွ်င္ အရသာေပါ့မည္။ ဆားမ်ားလြန္း ရင္လည္း အငံေၾကာင့္ ေသြးတိုးေစပါသည္။

(၆) ၾကက္သြန္မိတ္ (သို့မဟုတ္) ကုလားနံနံပင္တုိ့ကိုလည္း အနံ့ၾကိဳက္္တတ္လွ်င္ အနည္းငယ္မွ် ထည့္ႏိုင္ပါသည္။

၄င္းတို့ကို နယ္ျပီးလွ်င္ ၾကက္သြန္ခ်ဥ္သုပ္ကေလး စားလို့ရပါျပီ။ ဒီအတိုင္း မစားခ်င္ လွ်င္ ထမင္း၊ ၾကာဇံေၾကာ္၊ ပဲပလာတာ၊ ေခါက္ဆြဲေၾကာ္ စသည့္ သူႏွင့္လိုက္ဖက္ မည့္ အစားအစာမ်ားႏွင့္ တြဲဖက္၍ မၾကာခဏ စားသံုးေပးႏိုင္ပါသည္။

ပါးစပ္မနံေအာင္

ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီတုိ့ကို အစိမ္းစားျပီး ပါးစပ္နံမွာ စိုးရိမ္ေနသူမ်ားအတြက္ သဘာ၀နည္းလမ္းေကာင္းေလးတစ္လက္ကို ညြန္ေပးလိုက္ပါမယ္။

(၁) ၾကက္သြန္အနံ့ကိုႏိုင္တာ ေျမပဲျဖစ္ပါတယ္။ ၾကက္သြန္ နီ၊ ျဖဴ တို့ကို စားျပီး လွ်င္ ေျမပဲဆန္ ၃ ၊ ၄ စိကိုသာ ၀ါးစားပါ။ တစ္မိနစ္အတြင္း အနံ့မ်ားကို ေျမပဲက စုတ္ယူသြားမည္။

(၂) အဖန္ရည္ (လက္ဖက္ရည္ၾကမ္း) ျဖင့္ ပလုတ္က်င္းေပးပါ။

(၃) ႏြားႏို့ျဖင့္ ပလုပ္က်င္းေပးပါ။

အရသာရွိ၍ စားေကာင္းေသာ ၾကက္သြန္နီအစိမ္းသုပ္ကို မၾကာခဏ စားသံုးျခင္း ျဖင့္ ခႏၶာကိုယ္တြင္ ပိုလွ်ံေနေသာ အဆီမ်ားကို ေလွ်ာ့ခ်ျပီး သြယ္လ်က်စ္လစ္ေသာ ကိုယ္္ခႏၶာအလွကို ပိုင္ဆိုင္နိုင္ၾကပါေစ။

Credit:thithtoolwin

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီး စားသုံးနေကြပါတယ်။ ချက်ပုံနဲ့စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း ကွဲပြားကြပါတယ်။

ယခုဖော်ပြပေးမည့် နည်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားရတဲ့ စားသုံးနည်းတစ်ခု ဖြစ်ပါတယ်။

(၁) ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲ ထည့်ပါ။

(၂) သံပုရာသီး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ ပြောင်းသွားစေပါသည်။

(၃) သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါသည်။

(၄) အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း အနည်းငယ် လှီးထည့်နိုင်ပါသည်။

(၅) ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်း ရင်လည်း အငံကြောင့် သွေးတိုးစေပါသည်။

(၆) ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း အနံ့ကြိုက်တတ်လျှင် အနည်းငယ်မျှ ထည့်နိုင်ပါသည်။

၎င်းတို့ကို နယ်ပြီးလျှင် ကြက်သွန်ချဉ်သုပ်ကလေး စားလို့ရပါပြီ။ ဒီအတိုင်း မစားချင် လျှင် ထမင်း၊ ကြာဇံကြော်၊ ပဲပလာတာ၊ ခေါက်ဆွဲကြော် စသည့် သူနှင့်လိုက်ဖက် မည့် အစားအစာများနှင့် တွဲဖက်၍ မကြာခဏ စားသုံးပေးနိုင်ပါသည်။

ပါးစပ်မနံအောင်

ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အစိမ်းစားပြီး ပါးစပ်နံမှာ စိုးရိမ်နေသူများအတွက် သဘာဝနည်းလမ်းကောင်းလေးတစ်လက်ကို ညွန်ပေးလိုက်ပါမယ်။

(၁) ကြက်သွန်အနံ့ကိုနိုင်တာ မြေပဲဖြစ်ပါတယ်။ ကြက်သွန် နီ၊ ဖြူ တို့ကို စားပြီး လျှင် မြေပဲဆန် ၃ ၊ ၄ စိကိုသာ ဝါးစားပါ။ တစ်မိနစ်အတွင်း အနံ့များကို မြေပဲက စုတ်ယူသွားမည်။

(၂) အဖန်ရည် (လက်ဖက်ရည်ကြမ်း) ဖြင့် ပလုတ်ကျင်းပေးပါ။

(၃) နွားနို့ဖြင့် ပလုပ်ကျင်းပေးပါ။

အရသာရှိ၍ စားကောင်းသော ကြက်သွန်နီအစိမ်းသုပ်ကို မကြာခဏ စားသုံးခြင်း ဖြင့် ခန္ဓာကိုယ်တွင် ပိုလျှံနေသော အဆီများကို လျှော့ချပြီး သွယ်လျကျစ်လစ်သော ကိုယ်ခန္ဓာအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit:thithtoolwin

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top