iMyanmarHouse.com - Best Property Website for Myanmar
×

ယံုရခက္ မယံုရလည္းခက္ေပါ့ေနာ္။ ဒီေလာက္က်န္းမာေရးအတြက္အႏၲရာယ္ရွိတယ္ဆိုၿပီး အလြန္အကၽြံမေသာက္ဖို႔တားျမစ္ထားတဲ့ဘီယာကမွ အသားအေရၾကည္လင္ဝင္းပလာေစဖို႔ အေထာက္အကူျပဳတယ္ဆိုတာ ဟုတ္မွဟုတ္ပါ့မလားေပါ့။ ဘီယာကို ေခါင္းေလွ်ာ္ရည္ ဒါမွမဟုတ္လည္း ေပ်ာ့ေဆးအေနနဲ႔ေတာင္ သံုးလို႔ရပါေသးတယ္။

၁။ ဆံပင္အရွည္ျမန္ေစတယ္

ပ႐ိုတင္းဓာတ္နဲ႔ အန္တီေအာင္ဆီဒန္႔ဓာတ္ႂကြယ္ဝစြာပါဝင္တဲ့ ဘီယာက သင့္ဆံပင္ေတြက အရင္းကေနၿပီး က်န္းမာသန္စြမ္းလာေစႏိုင္ပါတယ္။ ဆံပင္ေျခာက္တာနဲ႔ ဆံပင္ကၽြတ္တာေတြကိုလည္း ကင္းေဝးေစၿပီး အရွည္ျမန္ကာ ဆံသားေတာက္ပလာေစႏိုင္ပါတယ္။

ပထမဆံုးေခါင္းေလွ်ာ္ၿပီးရင္ ဘီယာ (၅၀) ml ေလာက္ကို Spray ဘူးထဲထည့္ၿပီး ဆံပင္မွာျဖန္းေပးပါ။ (၁၀) မိနစ္ေလာက္ထားၿပီး ေရေႏြးအမ်ားႀကီးနဲ႔ ျပန္ေဆးခ်ေပးပါ။ ေနာက္ဆံုးမွာေတာ့ အနံ႔မက်န္ေစဖို႔ ေပ်ာ့ေဆးျပန္သံုးေပးပါ။ အနည္းဆံုး (၁) ပတ္ (၃) ခါေလာက္ေတာ့ လုပ္ေပးပါ။

၂။ ဘီယာနဲ႔ ဒိန္ခ်ဥ္

ဘီယာနဲ႔ ဒိန္ခ်ဥ္အေရာအေႏွာက အသားအေရကိုျပန္လည္ တင္းရင္းလာေစၿပီး ဆဲလ္ေသေတြဖယ္ရွားေပးႏိုင္ပါတယ္။ ဘီယာ (၅) ဇြန္း၊ ဒိန္ခ်ဥ္ (၁) ဇြန္း၊ သံလြင္ဆီ (၁) ဇြန္းနဲ႔ ၾကက္ဥအကာတို႔ကိုေရာၿပီး မ်က္ႏွာေပၚ Brush ေလးနဲ႔လိမ္းေပးပါ။ မိနစ္ (၃၀) ေလာက္ထားၿပီးရင္ေတာ့ ေရေဆးခ်လို႔ရပါၿပီ။ ဒါကိုေတာ့ တစ္ပတ္ (၁) ခါေလာက္ပဲ လုပ္ေပးပါ။

၃။ ဘီယာနဲ႔ စေတာ္ဘယ္ရီ

ဘီယာနဲ႔ စေတာ္ဘယ္ရီကေတာ့ Exfoliate လုပ္ဖို႔သံုးရမွာပါ။ ဘီယာ (၁) ဇြန္းနဲ႔ စေတာ္ဘယ္ရီသီး (၃) လံုးကို မ်က္ႏွာေပၚ Exfoliate လုပ္လို႔ရတဲ့အေနအထားထိေရာေမႊေပးပါ။ (၅-၁၀) မိနစ္ေလာက္ပြတ္ေပးၿပီးရင္ေတာ့ (၁၅) မိနစ္ေလာက္မ်က္ႏွာေပၚ ဒီတိုင္းထားလိုက္ပါ။ ၿပီးရင္ေတာ့ ေရေႏြးေလးနဲ႔မ်က္ႏွာသစ္ေပးၿပီး တိုနာသံုး Moisturizer ျပန္လိမ္းေပးပါ။ တစ္ပတ္ (၂) ႀကိမ္ေလာင္ေတာ့ ပံုမွတ္ျပဳလုပ္ေပးဖို႔ လိုပါမယ္။

၄။ ႏို႔နဲ႔ ဘီယာ

ႏို႔နဲ႔ ဘီယာအေရာအေႏွာကေတာ့ ေဗာက္နဲ႔ ဒက္တို႔ကိုေပ်ာက္ကင္းေစၿပီး မြဲေျခာက္ေနတဲ့ဆံသားေတြကိုပါ ျပန္လည္ေတာက္ပလာေစပါတယ္။ ႏို႔ (၂) ဇြန္းနဲ႔ ဘီယာ (၂) ဇြန္းကိုေရာၿပီး ဦးေရျပားနဲ႔ ဆံသားေတြမွာ သုတ္လိမ္းထားေပးပါ။ မိနစ္ (၂၀) ေလာက္ထားၿပီးရင္ေတာ့ ကိုယ္အသံုးျပဳေနက် ေခါင္းေလွ်ာ္ရည္နဲ႔ပဲ ေရျပန္ေဆးခ်ေပးပါ။ တစ္ပတ္ (၂) ႀကိမ္ေလာက္ေတာ့ ပံုမွန္လုပ္ေပးရပါမယ္။

Credit: myfoodmyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ယုံရခက် မယုံရလည်းခက်ပေါ့နော်။ ဒီလောက်ကျန်းမာရေးအတွက်အန္တရာယ်ရှိတယ်ဆိုပြီး အလွန်အကျွံမသောက်ဖို့တားမြစ်ထားတဲ့ဘီယာကမှ အသားအရေကြည်လင်ဝင်းပလာစေဖို့ အထောက်အကူပြုတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလားပေါ့။ ဘီယာကို ခေါင်းလျှော်ရည် ဒါမှမဟုတ်လည်း ပျော့ဆေးအနေနဲ့တောင် သုံးလို့ရပါသေးတယ်။

၁။ ဆံပင်အရှည်မြန်စေတယ်

ပရိုတင်းဓာတ်နဲ့ အန်တီအောင်ဆီဒန့်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဘီယာက သင့်ဆံပင်တွေက အရင်းကနေပြီး ကျန်းမာသန်စွမ်းလာစေနိုင်ပါတယ်။ ဆံပင်ခြောက်တာနဲ့ ဆံပင်ကျွတ်တာတွေကိုလည်း ကင်းဝေးစေပြီး အရှည်မြန်ကာ ဆံသားတောက်ပလာစေနိုင်ပါတယ်။

ပထမဆုံးခေါင်းလျှော်ပြီးရင် ဘီယာ (၅၀) ml လောက်ကို Spray ဘူးထဲထည့်ပြီး ဆံပင်မှာဖြန်းပေးပါ။ (၁၀) မိနစ်လောက်ထားပြီး ရေနွေးအများကြီးနဲ့ ပြန်ဆေးချပေးပါ။ နောက်ဆုံးမှာတော့ အနံ့မကျန်စေဖို့ ပျော့ဆေးပြန်သုံးပေးပါ။ အနည်းဆုံး (၁) ပတ် (၃) ခါလောက်တော့ လုပ်ပေးပါ။

၂။ ဘီယာနဲ့ ဒိန်ချဉ်

ဘီယာနဲ့ ဒိန်ချဉ်အရောအနှောက အသားအရေကိုပြန်လည် တင်းရင်းလာစေပြီး ဆဲလ်သေတွေဖယ်ရှားပေးနိုင်ပါတယ်။ ဘီယာ (၅) ဇွန်း၊ ဒိန်ချဉ် (၁) ဇွန်း၊ သံလွင်ဆီ (၁) ဇွန်းနဲ့ ကြက်ဥအကာတို့ကိုရောပြီး မျက်နှာပေါ် Brush လေးနဲ့လိမ်းပေးပါ။ မိနစ် (၃၀) လောက်ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။ ဒါကိုတော့ တစ်ပတ် (၁) ခါလောက်ပဲ လုပ်ပေးပါ။

၃။ ဘီယာနဲ့ စတော်ဘယ်ရီ

ဘီယာနဲ့ စတော်ဘယ်ရီကတော့ Exfoliate လုပ်ဖို့သုံးရမှာပါ။ ဘီယာ (၁) ဇွန်းနဲ့ စတော်ဘယ်ရီသီး (၃) လုံးကို မျက်နှာပေါ် Exfoliate လုပ်လို့ရတဲ့အနေအထားထိရောမွှေပေးပါ။ (၅-၁၀) မိနစ်လောက်ပွတ်ပေးပြီးရင်တော့ (၁၅) မိနစ်လောက်မျက်နှာပေါ် ဒီတိုင်းထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့မျက်နှာသစ်ပေးပြီး တိုနာသုံး Moisturizer ပြန်လိမ်းပေးပါ။ တစ်ပတ် (၂) ကြိမ်လောင်တော့ ပုံမှတ်ပြုလုပ်ပေးဖို့ လိုပါမယ်။

၄။ နို့နဲ့ ဘီယာ

နို့နဲ့ ဘီယာအရောအနှောကတော့ ဗောက်နဲ့ ဒက်တို့ကိုပျောက်ကင်းစေပြီး မွဲခြောက်နေတဲ့ဆံသားတွေကိုပါ ပြန်လည်တောက်ပလာစေပါတယ်။ နို့ (၂) ဇွန်းနဲ့ ဘီယာ (၂) ဇွန်းကိုရောပြီး ဦးရေပြားနဲ့ ဆံသားတွေမှာ သုတ်လိမ်းထားပေးပါ။ မိနစ် (၂၀) လောက်ထားပြီးရင်တော့ ကိုယ်အသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ပဲ ရေပြန်ဆေးချပေးပါ။ တစ်ပတ် (၂) ကြိမ်လောက်တော့ ပုံမှန်လုပ်ပေးရပါမယ်။

Credit: myfoodmyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top