iMyanmarHouse.com - Best Property Website for Myanmar
×








Credit: Celefamily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

# Unicode Version ဖြင့် ဖတ်ပါ #


ပရိသတ်ကြီရေ အားလုံး စောင့်မျှော်နေကြတဲ့ အကယ်ဒမီပေးပွဲ ကြီးကတော့ မကြာခင် ကျင်းပတော့မှာပဲဖြစ်ပါတယ်။ အကယ်ဒမီကတော့အနုပညာရှင်တွေရဲ့ မှတ်တိုင်တစ်ခုလဲ ဖြစ်ပါတယ်။ အကယ်ဒမီပွဲအတွက် အနုပညာရှင်တွေက ရင်ခုန်စိတ်လှုပ်ရှားနေကြသလို ပရိသတ်တွေကလဲ ဘယ်သူရမယ် ဘယ်မင်းသမီး မင်းသား ရမယ်ဆိုပြီး ထင်ကြေးအမျိုးမျိုးပေးနေကြပါတယ်။ ၂၀၁၈ အကယ်ဒမီ ပေးပွဲအတွက် ဇကာတင်စာရင်ဝင် အနုပညာရှင်တွေကို ကြေညာ ထားပြီးပြီးလဲဖြစ်ပါတယ်။


ဒီနှစ်အကယ်ဒမီပေးပွဲကြီးကိုတော့ One Entertainment Park မှာ ပြောင်းလဲ ကျင်းပသွားမှာပဲဖြစ်ပါတယ်။ အကယ်ဒမီပွဲကြီးနေရာရွေ့လိုက်တာနဲ့ပတ်သက်ပြီး ကျွန်လွင်က ”ဒီနှစ်ကဖက်ရှင်ကိုလွတ်လွတ်လပ်လပ်ဝတ်လို့ရအောင် နေရာရွှေ့ပေးလိုက်တာပါ။ ဒီနှစ် အကယ်ဒမီပေးပွဲ Budget ကို လျော့ပြီး သုံးထားပါတယ်။ မြန်မာ့ ယဉ်ကျေးမှု ဆိုပေမယ့် လွတ်လွတ်လပ်လပ် ဝတ်ခွင့်ရမယ့် ဖက်ရှင်တွေနဲ့ မင်းသမီးတွေ ပွဲတက်နိုင်မယ် ထင်တယ်။ ကျနော်က သူတို့ကို ပဝါနဲ့ မအုပ်ဖူး .. အေးအေးလူလူဖြစ်အောင် ပဝါ နဲ့ ယပ်ခတ် ပေးမယ်” လို့ပြောလာခဲ့ပါတယ်။


အထူးသဖြင့် သင်ဇာဝင့်ကျော်လွတ်လွတ်လပ်လပ်ဝတ်ရအောင်ဆိုပြီးတော့ ကျွန်တော်က အကယ်ဒမီပွဲလုပ်မယ့်နေရာကို One Entertainment Parkကို ရွှေ့ပေးလိုက်တာပါ ဆိုပြီးလဲပြောခဲ့ပါသေးတယ်။ ပရိသတ်ကြီးအတွက် ဂျွန်လွင်ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top