iMyanmarHouse.com - Best Property Website for Myanmar
×

ေနျခည္ဦးဟာ ခ်စ္သူ ေအာင္ေႏြဦးနဲ႔ ခ်စ္သူသက္တမ္းတစ္နွစ္ေက်ာ္ျပီျဖစ္ျပီး အခုအခ်ိန္ထိတြဲလက္ေတြခိုင္ျမဲေနဆဲျဖစ္သလို သူငယ္ခ်င္းခ်စ္သူေတြလို ရင္းနွီးပြင့္လင္းတဲ့ဆက္ဆံေရးကုိပုိင္ဆုိင္ထားတာမုိ႔ ေနျခည္တို႔ရဲ႕အခ်စ္ေရးက ေပ်ာ္စရာအတိျပီးေနတာျမင္ရပါတယ္။ ေနျခည္ဦးရဲ႕ခ်စ္သူဟာ အသက္ (၂၄) နွစ္ျပည့္သြားျပီျဖစ္ျပီး ခ်စ္သူရဲ႕ (၂၄)နွစ္ျပည့္ေမြးေန႔ကုိ ေနျခည္ဦးက အရမ္းကုိ ရိုတဲ့လက္ေဆာင္ေလးေတြေပးခဲ့သလို အတူတူေပ်ာ္ရႊင္စြာျဖတ္သန္းခဲ့တာလည္းေတြ႕ရပါတယ္။

မေန႔ညက DOSE မွာ ေနျခည္က ခ်စ္သူေအာင္ေႏြဦးကုိ ေမြးေန႔ကိတ္နဲ႔ေဘာလံုးေတြနဲ႔ ပန္းစည္းၾကီးနဲ႔ ေပ်ာ္စရာေကာင္းေအာင္လုပ္ေပးခဲ့တဲ့အျပင္ ခ်စ္သက္ေသ ပန္ဖလက္စာအုပ္ေလးလည္းလုပ္ေပးခဲ့ပါေသးတယ္။ အဲဒီ ပန္ဖလက္ေလးထဲမွာ အတူတူူသြားခဲ့တဲ့ ခရီးေတြနဲ႔အတူတူျဖတ္သန္းခဲ့တဲ့ေပ်ာ္ရႊင္စရာအခိုက္အတန္႔ေတြမွာရိုက္ထားတဲ့ ၾကည္နူးစရာဓာတ္ပံုေလးေတြကပ္ထားျပီး ဓာတ္ပံုေဘးမွာ သိပ္ခ်စ္ဖို႔ေကာင္းတဲ့လက္ေရးစာေလးေတြလည္း ေရးထားတာမို႔ ေအာင္ေႏြဦးတစ္ေယာက္ေတာ့ တျဖဳတ္ျဖဳတ္ေၾကြက်မွာအမွန္ပါပဲ။

ဒါတင္မကေသးပါဘူး။ ေအာင္ေႏြဦးရဲ႕ ေမြးေန႕က သီတဂူဆရာေတာ္ဘုရားၾကီးရဲ႕ (၈၂) နွစ္ျပည့္ေမြးေန႔အလွဴနဲ႔ထူးဆန္းစြာတိုက္ဆိုင္ေနတာမို႔ ဝတၳဳေငြအလွဴကိုစာအိတ္ေလးေတြနဲ႔ထည့္ျပီး ေနျခည္နဲ႔ ခ်စ္သူနွစ္ေယာက္ သိမ္ဇဥ္းေလာင္းအလွဴျပဳခဲ့ၾကပါေသးတယ္။ မနက္အေစာၾကီးမိုးမလင္းခင္ဘုရားရင္ျပင္ေပၚမွာ သိမ္ဇဥ္းေလာင္းေနၾကတဲ့ေနျခည္တို႔ကုိေတြ႕ရတာ ၾကည္နူးစရာပါပဲ။

ေနျခည္က ခ်စ္သူကုိ Birthday Wish ေလးမွာ “Happy 24th Birthday အားေဝ.. တစ္ေယာက္တစ္နယ္ဆီဘဝကေန အၿမဲဆံုးမခြဲအတူရွိခ်င္တယ္။ ေမွ်ာ္လင့္ၿပီး ႀကိဳးစားသမွ်အရာရာ ေအာင္ျမင္ပါေစ။ ငါနင့္ကို ခ်စ္တယ္ အဲ့ဒါဘဲ ေျပာတတ္တယ္”လုိ႔ အခ်စ္ေတြအျပည့္နဲ႔ရိုးသားစြာေရးထားပါေသးတယ္။ ေအာင္ေႏြဦးကေတာ့ ေမြးေန႔မွာ ဒါနပါရမီလည္းျဖည့္ရျပီးခ်စ္သူေလးကလည္း ကူညီပံ့ပုိးျပီးအနားမွာရွိေနေပးလို႔ ေပ်ာ္ရႊင္ေနမွာေသခ်ာပါတယ္။
 
ပရိသတ္ၾကီးေရာ ေနျခည့္လို ခ်စ္ေပး၊ဂရုစုိက္ေပးျပီး ကူညီပံ့ပုိးေပးတဲ့ခ်စ္သူေကာင္မေလးလိုခ်င္ၾကလား။ အရမ္းေတြရိုေနတဲ့ ေနျခည္တို႔စံုတြဲေလးကုိေရာ ခ်စ္ၾကလား။ ေနျခည္တို႔ ဒီနွစ္ကေန ေနာင္နွစ္ေပါင္းမ်ားစြာအထိ အတူတူေပ်ာ္ရႊင္နိုင္ပါေစလို႔ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။

Credit:Can’t Wait To Say

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
နေခြည်ဦးဟာ ချစ်သူ အောင်နွေဦးနဲ့ ချစ်သူသက်တမ်းတစ်နှစ်ကျော်ပြီဖြစ်ပြီး အခုအချိန်ထိတွဲလက်တွေခိုင်မြဲနေဆဲဖြစ်သလို သူငယ်ချင်းချစ်သူတွေလို ရင်းနှီးပွင့်လင်းတဲ့ဆက်ဆံရေးကိုပိုင်ဆိုင်ထားတာမို့ နေခြည်တို့ရဲ့အချစ်ရေးက ပျော်စရာအတိပြီးနေတာမြင်ရပါတယ်။ နေခြည်ဦးရဲ့ချစ်သူဟာ အသက် (၂၄) နှစ်ပြည့်သွားပြီဖြစ်ပြီး ချစ်သူရဲ့ (၂၄)နှစ်ပြည့်မွေးနေ့ကို နေခြည်ဦးက အရမ်းကို ရိုတဲ့လက်ဆောင်လေးတွေပေးခဲ့သလို အတူတူပျော်ရွှင်စွာဖြတ်သန်းခဲ့တာလည်းတွေ့ရပါတယ်။

မနေ့ညက DOSE မှာ နေခြည်က ချစ်သူအောင်နွေဦးကို မွေးနေ့ကိတ်နဲ့ဘောလုံးတွေနဲ့ ပန်းစည်းကြီးနဲ့ ပျော်စရာကောင်းအောင်လုပ်ပေးခဲ့တဲ့အပြင် ချစ်သက်သေ ပန်ဖလက်စာအုပ်လေးလည်းလုပ်ပေးခဲ့ပါသေးတယ်။ အဲဒီ ပန်ဖလက်လေးထဲမှာ အတူတူူသွားခဲ့တဲ့ ခရီးတွေနဲ့အတူတူဖြတ်သန်းခဲ့တဲ့ပျော်ရွှင်စရာအခိုက်အတန့်တွေမှာရိုက်ထားတဲ့ ကြည်နူးစရာဓာတ်ပုံလေးတွေကပ်ထားပြီး ဓာတ်ပုံဘေးမှာ သိပ်ချစ်ဖို့ကောင်းတဲ့လက်ရေးစာလေးတွေလည်း ရေးထားတာမို့ အောင်နွေဦးတစ်ယောက်တော့ တဖြုတ်ဖြုတ်ကြွေကျမှာအမှန်ပါပဲ။

ဒါတင်မကသေးပါဘူး။ အောင်နွေဦးရဲ့ မွေးနေ့က သီတဂူဆရာတော်ဘုရားကြီးရဲ့ (၈၂) နှစ်ပြည့်မွေးနေ့အလှူနဲ့ထူးဆန်းစွာတိုက်ဆိုင်နေတာမို့ ဝတ္ထုငွေအလှူကိုစာအိတ်လေးတွေနဲ့ထည့်ပြီး နေခြည်နဲ့ ချစ်သူနှစ်ယောက် သိမ်ဇဉ်းလောင်းအလှူပြုခဲ့ကြပါသေးတယ်။ မနက်အစောကြီးမိုးမလင်းခင်ဘုရားရင်ပြင်ပေါ်မှာ သိမ်ဇဉ်းလောင်းနေကြတဲ့နေခြည်တို့ကိုတွေ့ရတာ ကြည်နူးစရာပါပဲ။

နေခြည်က ချစ်သူကို Birthday Wish လေးမှာ “Happy 24th Birthday အားဝေ.. တစ်ယောက်တစ်နယ်ဆီဘဝကနေ အမြဲဆုံးမခွဲအတူရှိချင်တယ်။ မျှော်လင့်ပြီး ကြိုးစားသမျှအရာရာ အောင်မြင်ပါစေ။ ငါနင့်ကို ချစ်တယ် အဲ့ဒါဘဲ ပြောတတ်တယ်”လို့ အချစ်တွေအပြည့်နဲ့ရိုးသားစွာရေးထားပါသေးတယ်။ အောင်နွေဦးကတော့ မွေးနေ့မှာ ဒါနပါရမီလည်းဖြည့်ရပြီးချစ်သူလေးကလည်း ကူညီပံ့ပိုးပြီးအနားမှာရှိနေပေးလို့ ပျော်ရွှင်နေမှာသေချာပါတယ်။

ပရိသတ်ကြီးရော နေခြည့်လို ချစ်ပေး၊ဂရုစိုက်ပေးပြီး ကူညီပံ့ပိုးပေးတဲ့ချစ်သူကောင်မလေးလိုချင်ကြလား။ အရမ်းတွေရိုနေတဲ့ နေခြည်တို့စုံတွဲလေးကိုရော ချစ်ကြလား။ နေခြည်တို့ ဒီနှစ်ကနေ နောင်နှစ်ပေါင်းများစွာအထိ အတူတူပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit:Can’t Wait To Say

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top