iMyanmarHouse.com - Best Property Website for Myanmar
×


ရာသီဥတုက ခုဆုိရင္ တျဖည္းျဖည္းနဲ႕ ပူျပင္းတဲ့ ေႏြဥတုထဲ ေရာက္ေနပါျပီ။ ဒီ္လို ျပင္းလြန္း တဲ့ အပူခ်ိန္ေၾကာင့္ ေခၽြးထြက္မ်ားျပီးႏုန္းတာ၊ ေခါင္းကိုက္တာမ်ိဳးေတြ ခံစားဖူးၾက မွာပါ။ ပူ လြန္းတဲ့ရာသီဥတုေၾကာင့္ ကိုယ္ခႏၶာ ေခၽြးထြက္တာမွန္ေပမယ့္ အပူဒဏ္ေၾကာင့္ ေခါင္းကိုက္ တယ္ဆိုတာ ျဖစ္ႏုိင္သလား။

တကယ္ပဲ အပူဒဏ္က ေခါင္းကိုက္တာကိုျဖစ္ေစတာလား။ တုိက္ဆိုင္တာသတ္သတ္ပဲလား။
ပူျပင္းတဲ့ ရာသီဥတုက ေခါင္းကိုက္ျခင္းကို တကယ္ျဖစ္ေစတာလား။  ။ ေႏြရာသီေရာက္ျပီ ဆုိတာနဲ႕ ပူလိုက္တာ၊ ေခၽြးေတြထြက္လြန္းျပီး ေခါင္းပါတဆစ္ဆစ္ကုိက္ေနတယ္ဆုိတဲ့ ျငီးျငဴ သံေတြ မၾကာခဏ ၾကားဖူးမွာပါ။

    ေလ့လာခ်က္ေတြအရေတာ့ ပံုမွန္ အပူခ်ိန္ ကေန ၉ ဒီဂရီဖာရင္ဟုိက္တက္ေလေလ ေခါင္းကိုက္ျခင္း ၇.၅ ရာခုိင္ႏႈန္းပိုျဖစ္ေလေလလို႕ ဆုိထားပါတယ္။
    ပူျပင္းတဲ့ ရာသီဥတုရယ္၊ စိုထုိင္းဆမ်ားေနတာရယ္ကေနျဖစ္လာတဲ့ အပူငုပ္ျခင္းေၾကာင့္ ေခါင္းကိုက္ႏုိ္င္သလို
    ပူျပင္းတဲ့ေႏြရာသီမွာ အႏၱရာယ္ အမ်ားဆံုးျဖစ္တဲ့ အပူရွပ္တာေၾကာင့္ လည္း ေခါင္းကိုက္ႏုိင္ပါတယ္။

ဒီေတာ့ ျပင္းထန္တဲ့ အပူခ်ိန္က ေခါင္းကိုက္ျခင္းကို ျဖစ္ေစတာ အမွန္ပဲျဖစ္ပါတယ္။ ပတ္ဝန္းက်င္က အပူခ်ိန္မ်ားတာေၾကာင့္ ဦးေႏွာက္ထဲမွာရွိတဲ့ ေသြးေၾကာေလးေတြ က်ယ္သြားလို႔ တဆစ္ဆစ္ေခါင္းကိုက္ျခင္းကို ခံစားရတာျဖစ္ပါတယ္။ အရင္လေတြက တစ္ခါမွ ေခါင္းမကိုက္ဖူးသူေတြ ေႏြရာသီေရာက္မွ ေခါင္းကိုက္တတ္သလို (Migraine ) လို႕ေခၚတဲ့ ေခါင္းတစ္ျခမ္းကိုက္ေဝဒနာ ခံစားေနရတဲ့သူေတြမွာေတာ့ ေႏြရာသီဆို ေခါင္းကိုက္ေဝဒနာ ပိုဆိုးလာတတ္ပါတယ္။ ေခၽြးထြက္တဲ့အခါ ေခၽြးထဲမွာ ေရေတြ၊ ဓာတ္ဆားဓာတ္ေတြ ပါသြားတာေၾကာင့္ migraine သမားေတြ ေႏြရာသီဆို ေခါင္းပိုကိုက္ၾကတာျဖစ္ပါတယ္။

ဒီလို ေႏြရဲ႕ အပူခ်ိန္ေၾကာင့္ ေခါင္းကိုက္တာကို ဘယ္လိုေျဖရွင္းၾကမလဲ ။ ။ကာကြယ္ၾကမလဲ။  ။

    ေန႕ခင္းဘက္ အျပင္သြားတဲ့အခ်ိန္ ေခါင္းတဆစ္ဆစ္ကိုက္လာတဲ့အခါ အရိပ္ရႏုိင္တဲ့ သစ္ပင္၊ အေဆာက္အအံုတစ္ခုကုို အျမန္ရွာျပီး အရိပ္ထဲဝင္ေနပါ။ ေခါင္းကိုက္တာသက္သာျပီဆိုမွ အျပင္ျပန္ထြက္ျပီး သြားစရာရွိတဲ့ေနရာကို အျမန္သြားပါ။
    အျပင္သြားတုိင္းလည္း ဦးထုပ္၊ အကႌ်လက္ရွည္၊ ေနကာမ်က္မွန္တုိ႕ကိုဝတ္သြားဖို႕ မေမ့ပါႏွင့္။ အရိပ္ထဲေရာက္တဲ့အခါလည္း အျပင္က အပူေတြကုိစုပ္ထားတဲ့ ဦးထုပ္၊ အကႌ်လက္ရွည္၊ တုိ႕ကို ျပန္ခၽြတ္ပါ။
    ေရမ်ားမ်ားေသာက္ပါ။ ေခၽြးေတြနဲ႔ အတူထြက္သြားတဲ့ ေရနဲ႔ဓာတ္ဆားေတြ ခမ္းေျခာက္တဲ့အခါ ေခါင္းပိုကိုက္တတ္တာေၾကာင့္  ေႏြရာသီမွာ ေရမ်ားမ်ားေသာက္ဖို႕လိုအပ္ပါတယ္။
    အရည္ရႊမ္းတဲ့အသီးအႏွံေတြ မ်ားမ်ားစားပါ။ အပူူအစပ္ေတြ မစားပါနဲ႕။ ေရဓာတ္ခမ္းေျခာက္ျခင္းကိုျဖစ္ေစတဲ့ ကဖင္းဓာတ္မ်ားတဲ့ အရက္ေကာ္ဖီတို႕ကို ေလွ်ာ့ေသာက္ပါ။
    ေလဝင္ေလထြက္ေကာင္းတဲ့ ေခၽြးစုပ္တဲ့ ခ်ည္သား အဝတ္အစားကို ဦးစားေပးဝတ္ပါ။
    အပူဒဏ္ကိုအံတုဖုိ႕ အဲယားကြန္းကို အေအးဆံုးျဖစ္ေနေအာင္ ထားမယ့္အစား ကိုယ္ခႏၶာအတြက္ သင့္ေတာ္တဲ့ အပူခ်ိန္ ၂၅ ဒီဂရီ စင္တီဂရိတ္ကေန ၂၇ ဒီဂရီ စင္တီဂရိတ္ အတြင္းထားတာ အေကာင္းဆံုးပါ။
    ေနာက္ဆံုး မရေတာ့တဲ့ အဆံုး အစာအိမ္ေရာဂါ မရွိဘူး၊ ေခါင္းကိုက္တာကလည္း ပိုပိုဆိုးလာတယ္ဆိုရင္ အကိုက္အခဲ ေပ်ာက္ေဆး တစ္ခုခု ေသာက္ပါ။

ဒီေတာ့ ေႏြရာသီမွာ ေခါင္းပိုကိုက္ၾကတယ္ဆိုတာ တုိက္ဆိုင္မႈ တစ္ခုမဟုတ္ပါဘူး။ ျပင္းထန္တဲ့အပူခ်ိန္ဟာ ေခါင္းကိုက္ျခင္းေဝဒနာကုိ အမွန္တကယ္ျဖစ္ေစပါတယ္။ ပတ္ဝန္းက်င္မွာျဖစ္ေနတဲ့ အပူခ်ိန္ကို ေျပာင္းလဲလို႔မရေပမယ့္ အပူခ်ိန္ေၾကာင့္ျဖစ္လာတဲ့ ေခါင္းကိုက္ျခင္းကိုေတာ့ ေျဖရွင္းလို႕ရသလို ၾကိဳတင္ကာကြယ္လို႕လည္း ရပါတယ္။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ရာသီဥတုက ခုဆိုရင် တဖြည်းဖြည်းနဲ့ ပူပြင်းတဲ့ နွေဥတုထဲ ရောက်နေပါပြီ။ ဒီ်လို ပြင်းလွန်း တဲ့ အပူချိန်ကြောင့် ချွေးထွက်များပြီးနုန်းတာ၊ ခေါင်းကိုက်တာမျိုးတွေ ခံစားဖူးကြ မှာပါ။ ပူ လွန်းတဲ့ရာသီဥတုကြောင့် ကိုယ်ခန္ဓာ ချွေးထွက်တာမှန်ပေမယ့် အပူဒဏ်ကြောင့် ခေါင်းကိုက် တယ်ဆိုတာ ဖြစ်နိုင်သလား။

တကယ်ပဲ အပူဒဏ်က ခေါင်းကိုက်တာကိုဖြစ်စေတာလား။ တိုက်ဆိုင်တာသတ်သတ်ပဲလား။
ပူပြင်းတဲ့ ရာသီဥတုက ခေါင်းကိုက်ခြင်းကို တကယ်ဖြစ်စေတာလား။  ။ နွေရာသီရောက်ပြီ ဆိုတာနဲ့ ပူလိုက်တာ၊ ချွေးတွေထွက်လွန်းပြီး ခေါင်းပါတဆစ်ဆစ်ကိုက်နေတယ်ဆိုတဲ့ ငြီးငြူ သံတွေ မကြာခဏ ကြားဖူးမှာပါ။

    လေ့လာချက်တွေအရတော့ ပုံမှန် အပူချိန် ကနေ ၉ ဒီဂရီဖာရင်ဟိုက်တက်လေလေ ခေါင်းကိုက်ခြင်း ၇.၅ ရာခိုင်နှုန်းပိုဖြစ်လေလေလို့ ဆိုထားပါတယ်။
    ပူပြင်းတဲ့ ရာသီဥတုရယ်၊ စိုထိုင်းဆများနေတာရယ်ကနေဖြစ်လာတဲ့ အပူငုပ်ခြင်းကြောင့် ခေါင်းကိုက်နိုင်သလို
    ပူပြင်းတဲ့နွေရာသီမှာ အန္တရာယ် အများဆုံးဖြစ်တဲ့ အပူရှပ်တာကြောင့် လည်း ခေါင်းကိုက်နိုင်ပါတယ်။

ဒီတော့ ပြင်းထန်တဲ့ အပူချိန်က ခေါင်းကိုက်ခြင်းကို ဖြစ်စေတာ အမှန်ပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်က အပူချိန်များတာကြောင့် ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောလေးတွေ ကျယ်သွားလို့ တဆစ်ဆစ်ခေါင်းကိုက်ခြင်းကို ခံစားရတာဖြစ်ပါတယ်။ အရင်လတွေက တစ်ခါမှ ခေါင်းမကိုက်ဖူးသူတွေ နွေရာသီရောက်မှ ခေါင်းကိုက်တတ်သလို (Migraine ) လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားနေရတဲ့သူတွေမှာတော့ နွေရာသီဆို ခေါင်းကိုက်ဝေဒနာ ပိုဆိုးလာတတ်ပါတယ်။ ချွေးထွက်တဲ့အခါ ချွေးထဲမှာ ရေတွေ၊ ဓာတ်ဆားဓာတ်တွေ ပါသွားတာကြောင့် migraine သမားတွေ နွေရာသီဆို ခေါင်းပိုကိုက်ကြတာဖြစ်ပါတယ်။

ဒီလို နွေရဲ့ အပူချိန်ကြောင့် ခေါင်းကိုက်တာကို ဘယ်လိုဖြေရှင်းကြမလဲ ။ ။ကာကွယ်ကြမလဲ။  ။

    နေ့ခင်းဘက် အပြင်သွားတဲ့အချိန် ခေါင်းတဆစ်ဆစ်ကိုက်လာတဲ့အခါ အရိပ်ရနိုင်တဲ့ သစ်ပင်၊ အဆောက်အအုံတစ်ခုကို အမြန်ရှာပြီး အရိပ်ထဲဝင်နေပါ။ ခေါင်းကိုက်တာသက်သာပြီဆိုမှ အပြင်ပြန်ထွက်ပြီး သွားစရာရှိတဲ့နေရာကို အမြန်သွားပါ။
    အပြင်သွားတိုင်းလည်း ဦးထုပ်၊ အင်္ကျီလက်ရှည်၊ နေကာမျက်မှန်တို့ကိုဝတ်သွားဖို့ မမေ့ပါနှင့်။ အရိပ်ထဲရောက်တဲ့အခါလည်း အပြင်က အပူတွေကိုစုပ်ထားတဲ့ ဦးထုပ်၊ အင်္ကျီလက်ရှည်၊ တို့ကို ပြန်ချွတ်ပါ။
    ရေများများသောက်ပါ။ ချွေးတွေနဲ့ အတူထွက်သွားတဲ့ ရေနဲ့ဓာတ်ဆားတွေ ခမ်းခြောက်တဲ့အခါ ခေါင်းပိုကိုက်တတ်တာကြောင့်  နွေရာသီမှာ ရေများများသောက်ဖို့လိုအပ်ပါတယ်။
    အရည်ရွှမ်းတဲ့အသီးအနှံတွေ များများစားပါ။ အပူူအစပ်တွေ မစားပါနဲ့။ ရေဓာတ်ခမ်းခြောက်ခြင်းကိုဖြစ်စေတဲ့ ကဖင်းဓာတ်များတဲ့ အရက်ကော်ဖီတို့ကို လျှော့သောက်ပါ။
    လေဝင်လေထွက်ကောင်းတဲ့ ချွေးစုပ်တဲ့ ချည်သား အဝတ်အစားကို ဦးစားပေးဝတ်ပါ။
    အပူဒဏ်ကိုအံတုဖို့ အဲယားကွန်းကို အအေးဆုံးဖြစ်နေအောင် ထားမယ့်အစား ကိုယ်ခန္ဓာအတွက် သင့်တော်တဲ့ အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်ကနေ ၂၇ ဒီဂရီ စင်တီဂရိတ် အတွင်းထားတာ အကောင်းဆုံးပါ။
    နောက်ဆုံး မရတော့တဲ့ အဆုံး အစာအိမ်ရောဂါ မရှိဘူး၊ ခေါင်းကိုက်တာကလည်း ပိုပိုဆိုးလာတယ်ဆိုရင် အကိုက်အခဲ ပျောက်ဆေး တစ်ခုခု သောက်ပါ။

ဒီတော့ နွေရာသီမှာ ခေါင်းပိုကိုက်ကြတယ်ဆိုတာ တိုက်ဆိုင်မှု တစ်ခုမဟုတ်ပါဘူး။ ပြင်းထန်တဲ့အပူချိန်ဟာ ခေါင်းကိုက်ခြင်းဝေဒနာကို အမှန်တကယ်ဖြစ်စေပါတယ်။ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အပူချိန်ကို ပြောင်းလဲလို့မရပေမယ့် အပူချိန်ကြောင့်ဖြစ်လာတဲ့ ခေါင်းကိုက်ခြင်းကိုတော့ ဖြေရှင်းလို့ရသလို ကြိုတင်ကာကွယ်လို့လည်း ရပါတယ်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top