iMyanmarHouse.com - Best Property Website for Myanmar
×

ျပီးခဲ့တဲ့ ရက္ပိုင္းတုန္းကေတာ့ မႏၱေလး ျမိဳ႕ေပၚတြင္ ေတာင္းရမ္းစားေသာက္ေနရျပီ ဆိုေသာ လူရႊင္ေတာ္ တိုင္းေက်ာ္ ႏွင့္ ပတ္သတ္ျပီး သတင္းေတြ ျပန္႔ႏွံ႔ေနတာ ျဖစ္ပါတယ္။ မႏၱေလး ျမိဳ႕ေပၚတြင္ ေတာင္းရမ္းစားေသာက္ေနေသာ သူက အမ်ားသိသလို လူရႊင္ေတာ္ တိုင္းေက်ာ္မဟုတ္ေၾကာင္းႏွင့္ လူရႊင္ေတာ္ တိုင္းေက်ာ္သည္ ေငြးေၾကးေျပလည္ သူျဖစ္ေၾကာင္းလည္း သိရပါတယ္။ ထပ္မံျပီးေတာ့ ဒီ ကိစၥႏွင့္ ပတ္သတ္ျပီးေတာ့ ဦးတိုင္းေက်ာ္ကိုယ္တိုင္က လက္ရွိမွာ ေျဖရွင္းသြားခဲ့ပါတယ္။

လူရႊင္ေတာ္ ဦးတိုင္းေက်ာ္ကေတာ့ 8 Day နဲ႔ အင္တာဗ်ဴးတြင္ “ငယ္ငယ္ကတည္းကလည္း လူရႊင္ေတာ္မ်ိဳးရိုးရွိပါတယ္။ ငယ္ငယ္ကတည္းကလည္း လုပ္ခ်င္တာပါ။ အသက္ရြယ္ကလည္း နည္းနည္းၾကီးလာတဲ့ အပိုင္းက်ေတာ့ ကြ်န္ေတာ္တို႔ကို ထိပ္က မထားခ်င္ေတာ့ဘူး။ တကယ္တမ္းမိုးထဲေလထဲက်ေတာ့ ဒီေကာင္ေတြ မရုန္းႏိုင္ေတာ့ဘူး။ အခုေခတ္က ႏြားငယ္ေလးေတြကို ေရွ႔ကထားျပီး ႏြားၾကီးေတြကို ေနာက္ကထားေနတယ္။ မိုးထဲေလထဲမွာ ရိုက္ခ်င္သေလာက္ရိုက္ ကြ်န္ေတာ္တို႔ ရုန္းႏိုင္ေသးတယ္။ ဒီဖက္ေခတ္မွာဆို ခြန္းေတာက္ ခြန္းေတာက္ဆိုတာ ဘယ္ကစျဖစ္သလဲဆိုတာကို မသိတဲ့သူေတြ တပံုၾကီးေနာ့္။ ကြ်န္ေတာ္တို႔ကေတာ့ ထပ္ေျပာပါရေစ။ ပညာကိုေသတဲ့အထိ ယူသြားပါရေစေတာ့။ ဘယ္သူကိုမွလည္း ေပးလို႔မရဘူးေလ”

“ကြ်န္ေတာ္တို႔ကေတာ့ ထမင္းမစားရရင္ ေနပါေစ။ လ်ာေပၚျမက္ေပါက္ေနပါေစ။ လူရႊင္ေတာ္ေတြ ဖရိုဖရဲျဖစ္ေနၾကတယ္။ ထိန္းသိမ္းရမွာေတြ ထိန္းသိမ္းၾကပါ။ အႏုပညာေပ်ာက္မွာ စုိးရိမ္လို႔ ထိန္းသိမ္းတဲ့ေနရာမွာ အဘငတ္ေနပါတယ္။ ငတ္ေနတဲ့ေနရာမွာ အဘေတာင္းစားတယ္။ အဘ ေတာင္းစားတာ အျပစ္လား။ ဒါၾကီးကို ထိန္းသိန္းထားတာ”

“လူရႊင္ေတာ္ ဦးတိုင္းေက်ာ္ပါလို႔ တခါမွ ေျပာျပီးမေတာင္းဘူး။ ဒါေပမယ့္လည္း ကြ်န္ေတာ့္ကို ၾကည့္ဖူးတဲ့သူေတြက ဦးတိုင္းေက်ာ္ၾကီးဆိုျပီး သူတို႔သိေနတာေတာ့ မတတ္ႏိုင္ပါဘူး။ သူတို႔ ငါးဆယ္တန္ေလးေပးမွ ၂ ရာတန္ေလး ျဖစ္သြားတာ။ ဦးတိုင္းေက်ာ္မွန္းသိလို႔။ ကြ်န္ေတာ္ သက္သာတာေပါ့။ ဒါေပမယ့္လည္း လူတိုင္းကို ကြ်န္ေတာ္ သဘင္ကဒ္ၾကီးျပျပီးေတာ့ ကြ်န္ေတာ္သဘင္ အစည္းရံုးကပါ။ ေပးၾကပါကမ္းၾကပါလို႔ တသက္လံုး မေတာင္းခဲ့ဘူး။ တသက္လံုးခုတံုး မလုပ္ခဲ့ဘူး။ ကြ်န္ေတာ္ ဒီအဖြဲ႔စည္းနဲ႔ ပတ္သက္လို႔ ကြ်န္ေတာ့္အဖြဲ႔သိကၡာလည္းက်တယ္။ ကြ်န္ေတာ္လည္း သိကၡာက်တယ္”

“အဘရုန္းကန္လႈပ္ရွားရတာကေတာ့ မ်ားပါတယ္။ အဘက တေယာက္ထဲ မဟုတ္ပါဘူး။ ဦးေႏွာက္ဥာဏ္ရည္မမွီတဲ့ကေလးေတြကိုေရာ ၾကည့္ရပါေသးတယ္။ ကုသိုလ္ေလးရတာေပါ့။ အကယ္၍လွဴမယ္ တန္းမယ္ ကမ္းလွမ္းမယ္ဆိုရင္လည္း အဘ မေတာင္းပဲနဲ႔ေတာ့ မေနပါဘူး။ အဘေတာင္းဦးမွာပါ။ လွဴတာ တန္းတာကို အဘစားမယ္။ ေတာင္းတာကို အဘက ေနာင္သံသရာမွာ ဒီလုိမျဖစ္ပါရေစနဲ႔ဆိုျပီးေတာ့ အဘလွဴဦးမွာပါ။ အဘက ဝဋ္ေၾကြးပါလို႔ပဲ ယူဆတယ္။ အဘရဲ့ ဘဝအမွန္ကို လူတိုင္းသိသြားတာ ပိုျပီးေတာ့ ဝမ္းသာတယ္။ လူတိုင္းသိသြားလို႔ ပိုက္ဆံမ်ားမ်ားရမယ္ဆိုျပီး ဝမ္းသာမႈမ်ိဳးမဟုတ္ဘူး။ ငါတို႔လိုမ်ိဳး သက္ၾကီးရြယ္အိုေတြကို ပစ္ထားရင္ ဒီလိုမ်ိဳး ေတာင္းစားရႏိုင္တယ္ဆိုတာကို အစည္းရံုးသိပါေစ။ ေနာက္တက္လာမယ့္ လူေတြ။ တို႔လူၾကီးေတြဟာ စားစရာမရွိရင္ မခိုးဘူး။ ဓါးျမမတိုက္ဘူး။ ေတာင္းေတာ့ေတာင္းမယ္။ ဒါငါတို့ ခံယူခ်က္ပဲ။ ပစ္ထားဦးမွာလား။ ပစ္ထားရင္ ေတာင္းစားရဦးမွာ ငါတို႔မွာ ေျခေတြလက္ေတြရွိေသးတယ္။ လက္ဝါးျဖန္႔ျပီးေတာ့ ေတာင္းလို႔ရေသးတယ္”

“အျဖစ္ခ်င္ဆံုး ဆႏၵကေတာ့ လူၾကီးတေယာက္ခ်င္းဆီကို အေျခခံက်က် ဘယ္လူၾကီးေတြ ဒုကၡေရာက္ေနလည္းဆိုတာကို ေဖာ္ထုတ္ေပးပါ။ ကြ်န္ေတာ္တေယာက္ထဲမဟုတ္ပါဘူး။ ေရွးေဟာင္းကို တူးၾကစမ္းပါ။ အေပၚယံမလုပ္ၾကပါနဲ႔။ ဒီလူၾကီးေတြကို ပစ္မထားပါနဲ႔” ဟု ေျပာၾကားသြားပါတယ္။

Credit:Nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
#Unicode Version#
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ မန္တလေး မြို့ပေါ်တွင် တောင်းရမ်းစားသောက်နေရပြီ ဆိုသော လူရွှင်တော် တိုင်းကျော် နှင့် ပတ်သတ်ပြီး သတင်းတွေ ပြန့်နှံ့နေတာ ဖြစ်ပါတယ်။ မန္တလေး မြို့ပေါ်တွင် တောင်းရမ်းစားသောက်နေသော သူက အများသိသလို လူရွှင်တော် တိုင်းကျော်မဟုတ်ကြောင်းနှင့် လူရွှင်တော် တိုင်းကျော်သည် ငွေးကြေးပြေလည် သူဖြစ်ကြောင်းလည်း သိရပါတယ်။ ထပ်မံပြီးတော့ ဒီ ကိစ္စနှင့် ပတ်သတ်ပြီးတော့ ဦးတိုင်းကျော်ကိုယ်တိုင်က လက်ရှိမှာ ဖြေရှင်းသွားခဲ့ပါတယ်။

လူရွှင်တော် ဦးတိုင်းကျော်ကတော့ 8 Day နဲ့ အင်တာဗျူးတွင် “ငယ်ငယ်ကတည်းကလည်း လူရွှင်တော်မျိုးရိုးရှိပါတယ်။ ငယ်ငယ်ကတည်းကလည်း လုပ်ချင်တာပါ။ အသက်ရွယ်ကလည်း နည်းနည်းကြီးလာတဲ့ အပိုင်းကျတော့ ကျွန်တော်တို့ကို ထိပ်က မထားချင်တော့ဘူး။ တကယ်တမ်းမိုးထဲလေထဲကျတော့ ဒီကောင်တွေ မရုန်းနိုင်တော့ဘူး။ အခုခေတ်က နွားငယ်လေးတွေကို ရှေ့ကထားပြီး နွားကြီးတွေကို နောက်ကထားနေတယ်။ မိုးထဲလေထဲမှာ ရိုက်ချင်သလောက်ရိုက် ကျွန်တော်တို့ ရုန်းနိုင်သေးတယ်။ ဒီဖက်ခေတ်မှာဆို ခွန်းတောက် ခွန်းတောက်ဆိုတာ ဘယ်ကစဖြစ်သလဲဆိုတာကို မသိတဲ့သူတွေ တပုံကြီးနော့်။ ကျွန်တော်တို့ကတော့ ထပ်ပြောပါရစေ။ ပညာကိုသေတဲ့အထိ ယူသွားပါရစေတော့။ ဘယ်သူကိုမှလည်း ပေးလို့မရဘူးလေ”

“ကျွန်တော်တို့ကတော့ ထမင်းမစားရရင် နေပါစေ။ လျာပေါ်မြက်ပေါက်နေပါစေ။ လူရွှင်တော်တွေ ဖရိုဖရဲဖြစ်နေကြတယ်။ ထိန်းသိမ်းရမှာတွေ ထိန်းသိမ်းကြပါ။ အနုပညာပျောက်မှာ စိုးရိမ်လို့ ထိန်းသိမ်းတဲ့နေရာမှာ အဘငတ်နေပါတယ်။ ငတ်နေတဲ့နေရာမှာ အဘတောင်းစားတယ်။ အဘ တောင်းစားတာ အပြစ်လား။ ဒါကြီးကို ထိန်းသိန်းထားတာ”

“လူရွှင်တော် ဦးတိုင်းကျော်ပါလို့ တခါမှ ပြောပြီးမတောင်းဘူး။ ဒါပေမယ့်လည်း ကျွန်တော့်ကို ကြည့်ဖူးတဲ့သူတွေက ဦးတိုင်းကျော်ကြီးဆိုပြီး သူတို့သိနေတာတော့ မတတ်နိုင်ပါဘူး။ သူတို့ ငါးဆယ်တန်လေးပေးမှ ၂ ရာတန်လေး ဖြစ်သွားတာ။ ဦးတိုင်းကျော်မှန်းသိလို့။ ကျွန်တော် သက်သာတာပေါ့။ ဒါပေမယ့်လည်း လူတိုင်းကို ကျွန်တော် သဘင်ကဒ်ကြီးပြပြီးတော့ ကျွန်တော်သဘင် အစည်းရုံးကပါ။ ပေးကြပါကမ်းကြပါလို့ တသက်လုံး မတောင်းခဲ့ဘူး။ တသက်လုံးခုတုံး မလုပ်ခဲ့ဘူး။ ကျွန်တော် ဒီအဖွဲ့စည်းနဲ့ ပတ်သက်လို့ ကျွန်တော့်အဖွဲ့သိက္ခာလည်းကျတယ်။ ကျွန်တော်လည်း သိက္ခာကျတယ်”

“အဘရုန်းကန်လှုပ်ရှားရတာကတော့ များပါတယ်။ အဘက တယောက်ထဲ မဟုတ်ပါဘူး။ ဦးနှောက်ဉာဏ်ရည်မမှီတဲ့ကလေးတွေကိုရော ကြည့်ရပါသေးတယ်။ ကုသိုလ်လေးရတာပေါ့။ အကယ်၍လှူမယ် တန်းမယ် ကမ်းလှမ်းမယ်ဆိုရင်လည်း အဘ မတောင်းပဲနဲ့တော့ မနေပါဘူး။ အဘတောင်းဦးမှာပါ။ လှူတာ တန်းတာကို အဘစားမယ်။ တောင်းတာကို အဘက နောင်သံသရာမှာ ဒီလိုမဖြစ်ပါရစေနဲ့ဆိုပြီးတော့ အဘလှူဦးမှာပါ။ အဘက ဝဋ်ကြွေးပါလို့ပဲ ယူဆတယ်။ အဘရဲ့ ဘဝအမှန်ကို လူတိုင်းသိသွားတာ ပိုပြီးတော့ ဝမ်းသာတယ်။ လူတိုင်းသိသွားလို့ ပိုက်ဆံများများရမယ်ဆိုပြီး ဝမ်းသာမှုမျိုးမဟုတ်ဘူး။ ငါတို့လိုမျိုး သက်ကြီးရွယ်အိုတွေကို ပစ်ထားရင် ဒီလိုမျိုး တောင်းစားရနိုင်တယ်ဆိုတာကို အစည်းရုံးသိပါစေ။ နောက်တက်လာမယ့် လူတွေ။ တို့လူကြီးတွေဟာ စားစရာမရှိရင် မခိုးဘူး။ ဓါးမြမတိုက်ဘူး။ တောင်းတော့တောင်းမယ်။ ဒါငါတို့ ခံယူချက်ပဲ။ ပစ်ထားဦးမှာလား။ ပစ်ထားရင် တောင်းစားရဦးမှာ ငါတို့မှာ ခြေတွေလက်တွေရှိသေးတယ်။ လက်ဝါးဖြန့်ပြီးတော့ တောင်းလို့ရသေးတယ်”

“အဖြစ်ချင်ဆုံး ဆန္ဒကတော့ လူကြီးတယောက်ချင်းဆီကို အခြေခံကျကျ ဘယ်လူကြီးတွေ ဒုက္ခရောက်နေလည်းဆိုတာကို ဖော်ထုတ်ပေးပါ။ ကျွန်တော်တယောက်ထဲမဟုတ်ပါဘူး။ ရှေးဟောင်းကို တူးကြစမ်းပါ။ အပေါ်ယံမလုပ်ကြပါနဲ့။ ဒီလူကြီးတွေကို ပစ်မထားပါနဲ့” ဟု ပြောကြားသွားပါတယ်။


Credit:Nanmalgyi

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top