iMyanmarHouse.com - Best Property Website for Myanmar
×


ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်တဲ့ေနရာမွာ အစားအေသာက္ဟာလည္း ေလ့က်င့္ခန္းျပဳလုပ္ျခင္းလိုပဲ အေရးႀကီးလွပါတယ္။ အစားအစာေတြကို အလြန္အမင္းေလ်ာ့နည္းစြာ စားသုံးဖို႔မလိုအပ္သလို ဘယ္လိုအစားအစာမ်ိဳးေတြကို သင့္တင့္ မွ်တစြာ စားသုံးရမလဲဆိုတာကိုလည္း သိဖို႔လိုအပ္ပါတယ္။ဒါေၾကာင့္မို႔လို႔ လူအမ်ားစုက ဝိတ္တက္ေစႏိုင္တယ္လို႔ အထင္မွားေနၾကတဲ့ အစားအစာေတြကို ေဖာ္ျပေပးလိုက္ ပါတယ္။

(၁) ၾကက္ဥ


အာဟာရပညာရွင္ေတြရဲ႕ ေလ့လာခ်က္ေတြအရ မနက္စာအျဖစ္ ၾကက္ဥျပဳတ္စားသုံးေပးျခင္းဟာ ေပါင္မုန႔္စားသုံးျခင္း ထက္ ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစႏိုင္တယ္လို႔ ဆိုပါတယ္။ ၾကက္ဥဟာ အစာေခ်ဖ်က္မႈကို ေႏွးေကြးေစတာ ေၾကာင့္ မနက္စာမွာ ၾကက္ဥျပဳတ္စားသုံးေပးျခင္းက အခ်ိန္အတန္ၾကာအထိ ဗိုက္ျပည့္ေနေစမွာပဲ ျဖစ္ပါတယ္။

(၂) ပဲအမ်ိဳးမ်ိဳး


ပဲအမ်ိဳးမ်ိဳးဟာ ကိုယ္အေလးခ်ိန္တက္ေစႏိုင္တယ္လို႔ အမ်ားစုထင္ၾကသလို မဟုတ္ပါဘူး။ ပဲအမ်ိဳးမ်ိဳးမွာပါဝင္တဲ့ ပ႐ိုတင္းဓာတ္ေတြဟာ ခႏၶာကိုယ္အေလးခ်ိန္ကို ပါစတာနဲ႔ေပါင္မုန႔္ေတြစားတာမ်ိဳးေလာက္ ဝိတ္မတက္ေစႏိုင္ပါဘူး။

(၃) အေစ့အဆန္မ်ား


အေစ့အဆန္ေတြမွာ အဆီဓာတ္ပါဝင္မႈမ်ားေပးမယ့္ ပ႐ိုတင္းဓာတ္နဲ႔အမွ်င္ဓာတ္ေတြ ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ကို မျမင့္တက္ေစဘဲ မၾကာခဏဗိုက္ဆာျခင္းကို ထိန္းခ်ဳပ္ေပးထားႏိုင္တယ္လို႔ ေလ့လာမႈေတြအရ သိရပါတယ္။

(၄) မလိုင္ထုတ္ထားတဲ့ခ်ိစ္


မလိုင္ထုတ္ထားတဲ့ခ်ိစ္ေတြဟာဆိုရင္လည္း ၾကက္ဥလိုပဲ ဆာေလာင္မႈကို ထိန္းခ်ဳပ္ထားႏိုင္တာေၾကာင့္ အဆာခံေစတဲ့ အစားအစာတမ်ိဳးပဲျဖစ္ပါတယ္။ ခ်ိစ္မွာပါဝင္တဲ့ ကယ္လ္ဆီယမ္ဓာတ္ဟာ ခႏၶာကိုယ္တြင္းက အဆီေတြကို ေလာင္ကြၽမ္းႏိုင္ေစဖို႔ အေထာက္အကူျဖစ္ေစတာေၾကာင့္ လုံးဝမစားဘဲေနတာမ်ိဳး မျပဳလုပ္သင့္ပါဘူး။

(၅) ေပါက္ေပါက္ဆုပ္


အရသာနဲ႔ေထာပတ္ထည့္သြင္းထားတဲ့ ေပါက္ေပါက္ဆုပ္မ်ိဳးမဟုတ္ဘဲ ႐ိုး႐ိုးေပါက္ေပါက္ဆုပ္ေတြဟာဆိုရင္ အမွ်င္ဓာတ္မ်ားစြာပါဝင္ၿပီး ကယ္လိုရီအနည္းငယ္သာရွိတာေၾကာင့္ ကိုယ္အေလးခ်ိန္ကို မျမင့္တက္ေစႏိုင္ပါဘူး။

Credit: Irrawaddy


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အစားအသောက်ဟာလည်း လေ့ကျင့်ခန်းပြုလုပ်ခြင်းလိုပဲ အရေးကြီးလှပါတယ်။ အစားအစာတွေကို အလွန်အမင်းလျော့နည်းစွာ စားသုံးဖို့မလိုအပ်သလို ဘယ်လိုအစားအစာမျိုးတွေကို သင့်တင့် မျှတစွာ စားသုံးရမလဲဆိုတာကိုလည်း သိဖို့လိုအပ်ပါတယ်။ဒါကြောင့်မို့လို့ လူအများစုက ဝိတ်တက်စေနိုင်တယ်လို့ အထင်မှားနေကြတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက် ပါတယ်။

(၁) ကြက်ဥ

အာဟာရပညာရှင်တွေရဲ့ လေ့လာချက်တွေအရ မနက်စာအဖြစ် ကြက်ဥပြုတ်စားသုံးပေးခြင်းဟာ ပေါင်မုန့်စားသုံးခြင်း ထက် ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ ကြက်ဥဟာ အစာချေဖျက်မှုကို နှေးကွေးစေတာ ကြောင့် မနက်စာမှာ ကြက်ဥပြုတ်စားသုံးပေးခြင်းက အချိန်အတန်ကြာအထိ ဗိုက်ပြည့်နေစေမှာပဲ ဖြစ်ပါတယ်။

(၂) ပဲအမျိုးမျိုး

ပဲအမျိုးမျိုးဟာ ကိုယ်အလေးချိန်တက်စေနိုင်တယ်လို့ အများစုထင်ကြသလို မဟုတ်ပါဘူး။ ပဲအမျိုးမျိုးမှာပါဝင်တဲ့ ပရိုတင်းဓာတ်တွေဟာ ခန္ဓာကိုယ်အလေးချိန်ကို ပါစတာနဲ့ပေါင်မုန့်တွေစားတာမျိုးလောက် ဝိတ်မတက်စေနိုင်ပါဘူး။

(၃) အစေ့အဆန်များ

အစေ့အဆန်တွေမှာ အဆီဓာတ်ပါဝင်မှုများပေးမယ့် ပရိုတင်းဓာတ်နဲ့အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို မမြင့်တက်စေဘဲ မကြာခဏဗိုက်ဆာခြင်းကို ထိန်းချုပ်ပေးထားနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

(၄) မလိုင်ထုတ်ထားတဲ့ချိစ်

မလိုင်ထုတ်ထားတဲ့ချိစ်တွေဟာဆိုရင်လည်း ကြက်ဥလိုပဲ ဆာလောင်မှုကို ထိန်းချုပ်ထားနိုင်တာကြောင့် အဆာခံစေတဲ့ အစားအစာတမျိုးပဲဖြစ်ပါတယ်။ ချိစ်မှာပါဝင်တဲ့ ကယ်လ်ဆီယမ်ဓာတ်ဟာ ခန္ဓာကိုယ်တွင်းက အဆီတွေကို လောင်ကျွမ်းနိုင်စေဖို့ အထောက်အကူဖြစ်စေတာကြောင့် လုံးဝမစားဘဲနေတာမျိုး မပြုလုပ်သင့်ပါဘူး။

(၅) ပေါက်ပေါက်ဆုပ်

အရသာနဲ့ထောပတ်ထည့်သွင်းထားတဲ့ ပေါက်ပေါက်ဆုပ်မျိုးမဟုတ်ဘဲ ရိုးရိုးပေါက်ပေါက်ဆုပ်တွေဟာဆိုရင် အမျှင်ဓာတ်များစွာပါဝင်ပြီး ကယ်လိုရီအနည်းငယ်သာရှိတာကြောင့် ကိုယ်အလေးချိန်ကို မမြင့်တက်စေနိုင်ပါဘူး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top