iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းကေလးေတြအတြက္ သဘာ၀ကရတဲ့ ပ်ားရည္ကို အသံုးျပဳျပီး မ်က္ႏွာအသားအေရ ထိန္းသိမ္းလို႔ ရမယ့္နည္းလမ္းေတြကို ေ၀မွ်ေပးခ်င္ပါတယ္။ ေယာက္်ားေလးေတြလည္း အဆင္ေျပရင္ လုပ္ၾကည့္လို႔ ရတယ္ေနာ္။ အခ်ိန္လည္း သိပ္ေပးစရာမလိုပဲ ကိုယ့္အိမ္မွာ ရွိတဲ့ ပစၥည္းေလးေတြနဲ႔ အလြယ္တကူ လုပ္လို႔ရတဲ့ နည္းလမ္းေလးေတြျဖစ္လို႔ အားလပ္ခ်ိန္ေတြမွာ အသားအေရကို ထိန္းသိမ္းခ်င္သူေတြအတြက္ သင့္ေလ်ာ္မယ္လို႔ ထင္ပါတယ္။

အစိုိဓာတ္ထိန္းေပးမယ့္ ပ်ားရည္ Mask

၁။ ပထမနည္းလမ္းကေတာ့ ပ်ားရည္ကို ဇြန္းအျပည့္ တစ္ဇြန္းခပ္ျပီး မ်က္ႏွာအႏွံ႔ ပြတ္လိမ္းေပးပါ။ ၅မိနစ္ကေန နာရီ၀က္ေလာက္ မ်က္ႏွာေပၚမွာ ဒီအတိုင္းထားျပီးမွ ေရေႏြးေႏြးေလးနဲ႔ ေသခ်ာသန္႔စင္ေပးပါ။

၂။ ဒုတိယနည္းလမ္းက ႏြားႏို႔တစ္ဇြန္း၊ ပ်ားရည္တစ္ဇြန္း၊ ၾကက္ဥအႏွစ္ တစ္လံုးကို ေသခ်ာေမႊေပးပါ။ မ်က္ႏွာသစ္ျပီးမွ ေမႊထားတဲ့ ပ်ားရည္အႏွစ္ကို မ်က္ႏွာေပၚမွာ သုတ္လိမ္းေပးပါ။ မိနစ္ ၂၀ေလာက္ ဒီအတိုင္းထားထားျပီးရင္ ေရေႏြးေလးနဲ႔ ေသခ်ာသန္႔စင္ေပးပါ။

ပ်ားရည္မွာ အေရျပားကို သဘာ၀အတိုင္း အစိုဓာတ္ထိန္းေပးႏိုင္တဲ့ အာနိသင္ပါတဲ့အျပင္ ဒီနည္းလမ္းေတြ အသံုးျပဳျပီးတဲ့အခ်ိန္မွာ ကိုယ့္အသားအေရေလးက ႏူးည့ံျပီး ေခ်ာမြတ္ေနတာကို ခံစားမိမွာပါ။ မ်က္ႏွာကို ေသြးလည္ပတ္မႈ ေကာင္းေစဖို႔ Mask ကို စက္၀ိုင္းပံုစံ သုတ္လိမ္းေပးတာ ပိုေကာင္းပါတယ္။

မ်က္ႏွာသန္႔စင္ေပးဖို႔အတြက္ ပ်ားရည္ Cleanser

ပ်ားရည္ကို သဘာ၀အုန္းဆီတစ္ဇြန္းနဲ႔ ေရာေမႊျပီး မ်က္ႏွာအႏွံ႔ ပြတ္လိမ္းေပးရံုပါ။ ၃မိနစ္ေလာက္ေနရင္ ေရေႏြးနဲ႔ ေသခ်ာျပန္ေဆးေပးပါ။

ပ်ားရည္ဟာ ေခၽြးေပါက္ထဲမွာ ပိတ္ေနတဲ့ အညစ္အေၾကးေတြ၊ အဆီေတြကို သန္႔စင္ေပးႏိုင္တဲ့အျပင္ မိန္းကေလးေတြ မိတ္ကပ္ဖ်က္တဲ့ေနရာမွာလည္း အသံုးျပဳလို႔ ရပါတယ္။ အသံုးျပဳတဲ့ေနရာမွာ မ်က္လံုးထဲ မ၀င္သြားေစဖို႔ေတာ့ ဂရုစိုက္ေပးရမယ္ေနာ္။

အသားအေရကို ႏူးည့ံေခ်ာေမြ႔သြားေစတဲ့ ပ်ားရည္ Lotion

ပ်ားရည္ တစ္ဇြန္း၊ သံလြင္ဆီ တစ္ဇြန္းနဲ႔ သံပုရာရည္ (သံပုရာသီး တစ္ျခမ္းစာေလာက္ ညွစ္ေပးရင္ လံုေလာက္ပါတယ္) ကို ေရာေမႊျပီး အသားအေရေျခာက္ေနတဲ့ ေနရာေတြကို ပြတ္လိမ္းေပးပါ။ မိနစ္ ၂၀ေလာက္ေနရင္ အ၀တ္သန္႔သန္႔ေလးနဲ႔ ျပန္သုတ္လိုက္ရံုပါပဲ။ ေဆးစရာေတာ့ မလိုပါဘူး။

ေဆာင္းရာသီမွာ အေရျပားမၾကာခဏ ေျခာက္ေသြ႔တဲ့သူေတြနဲ႔ အသားမပပ္ေအာင္ ကာကြယ္ဖို႔အတြက္ မၾကာခဏ သံုးေပးသင့္တဲ့ နည္းလမ္းျဖစ္ပါတယ္။

အေရျပားေပၚက ဆဲလ္အေသေတြကို ကြာက်ေစတဲ့ ပ်ားရည္ Exfoliant

ပ်ားရည္ ၂ဇြန္း၊ မုန္႔ဖုတ္ဆိုဒါ တစ္ဇြန္းကို ေသခ်ာေမႊျပီး မ်က္ႏွာကို ၃မိနစ္ခန္႔ ေသခ်ာပြတ္ေပးပါ။ ျပီးရင္ ေရေႏြးေလးနဲ႔ ျပန္ေဆးခ်ေပးရံုပါပဲ။

မ်က္ႏွာအတြက္သာမက ခႏၶာကိုယ္ေနရာအႏွံ႔အတြက္ပါ အသံုးျပဳလို႔ ရပါတယ္။ တစ္ပတ္ တစ္ၾကိမ္ အသံုးျပဳေပးရံုနဲ႔ အေရျပားေပၚက ပ်က္စီးေနတဲ့ ဆဲလ္အေသေတြကို အလႊာလိုက္ ကြာက်ေစျပီး အသားအေရကိုလည္း ၀င္းပလာေစႏိုင္ပါတယ္။

အေပၚမွာ ျပထားခဲ့တဲ့ နည္းလမ္း ၄ခုကို ပံုမွန္ေလး လုပ္ေပးသြားမယ္ဆိုရင္ အခ်ိန္တိုအတြင္း သိသာထင္ရွားတဲ့ ရလဒ္ကို ေတြ႔ရွိရမွာ အေသအခ်ာပါပဲ။ အထူးသျဖင့္ အခုလို ေဆာင္းရာသီ ေအးစက္ေနတဲ့ ရာသီဥတုမ်ိိဳးမွာ ျဖစ္တတ္တဲ့ အေရျပားျပႆနာေတြ၊ အသားအေရေျခာက္ေသြ႔တာေတြကိုလည္း ကာကြယ္ေပးႏိုင္ျပီး အေရျပားကို သဘာ၀အတိုင္း ႏူးည့ံစိုျပည္ေစမွာပါ။

အသားအေရထိန္းသိမ္းလိုသူေတြအတြက္ ပ်ားရည္ရဲ႕ ေကာင္းက်ိဳး

၁။ ပ်ားရည္ဟာ အေရျပားကို သဘာ၀အတိုင္း အစိုဓာတ္ထိန္းေပးႏိုင္တယ္။

၂။ ေျခာက္ေသြ႔တဲ့ အေရျပားပိုင္ရွင္အတြက္ အသားအေရကို စိုေျပေခ်ာမြတ္ေစျပီး အဆီျပန္တတ္တဲ့သူေတြအလည္း သံုးလို႔ အဆင္ေျပေစပါတယ္။

၃။ ၀က္ျခံေၾကာင့္ က်န္ခဲ့တဲ့ အမာရြတ္ေတြကို သက္သာေပ်ာက္ကင္းေစတယ္။

၄။ အမည္းစက္ေတြ၊ ၀က္ျခံေတြကို ေပ်ာက္ေစျပီး အသားအေရာင္ကိုလည္း ညီညာေစတယ္။

၅။ ေခၽြးေပါက္အတြင္းထဲထိ ပိတ္ေနတဲ့ ဖုန္မႈန္႔ေတြ၊ အညစ္အေၾကးေတြကို သန္႔စင္ေပးႏိုင္တယ္။

၆။ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြကို သက္သာေစျပီး အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

၇။ အလြယ္တကူ ၀ယ္ယူလို႔ ရတဲ့အျပင္ အခ်ိန္လည္း သိပ္မေပးရတာေၾကာင့္ က်ား၊ မ မေရြး၊ အသက္အရြယ္မေရြး အသားအေရကို ထိန္းသိမ္းလိုသူေတြ၊ အလွၾကိဳက္သူေတြအတြက္ အဆင္ေျပေစပါတယ္။

Credit:Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

မိန်းကလေးတွေအတွက် သဘာဝကရတဲ့ ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းလို့ ရမယ့်နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ ယောက်ျားလေးတွေလည်း အဆင်ပြေရင် လုပ်ကြည့်လို့ ရတယ်နော်။ အချိန်လည်း သိပ်ပေးစရာမလိုပဲ ကိုယ့်အိမ်မှာ ရှိတဲ့ ပစ္စည်းလေးတွေနဲ့ အလွယ်တကူ လုပ်လို့ရတဲ့ နည်းလမ်းလေးတွေဖြစ်လို့ အားလပ်ချိန်တွေမှာ အသားအရေကို ထိန်းသိမ်းချင်သူတွေအတွက် သင့်လျော်မယ်လို့ ထင်ပါတယ်။

အစိုဓာတ်ထိန်းပေးမယ့် ပျားရည် Mask

၁။ ပထမနည်းလမ်းကတော့ ပျားရည်ကို ဇွန်းအပြည့် တစ်ဇွန်းခပ်ပြီး မျက်နှာအနှံ့ ပွတ်လိမ်းပေးပါ။ ၅မိနစ်ကနေ နာရီဝက်လောက် မျက်နှာပေါ်မှာ ဒီအတိုင်းထားပြီးမှ ရေနွေးနွေးလေးနဲ့ သေချာသန့်စင်ပေးပါ။

၂။ ဒုတိယနည်းလမ်းက နွားနို့တစ်ဇွန်း၊ ပျားရည်တစ်ဇွန်း၊ ကြက်ဥအနှစ် တစ်လုံးကို သေချာမွှေပေးပါ။ မျက်နှာသစ်ပြီးမှ မွှေထားတဲ့ ပျားရည်အနှစ်ကို မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ။ မိနစ် ၂၀လောက် ဒီအတိုင်းထားထားပြီးရင် ရေနွေးလေးနဲ့ သေချာသန့်စင်ပေးပါ။

ပျားရည်မှာ အရေပြားကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်ပါတဲ့အပြင် ဒီနည်းလမ်းတွေ အသုံးပြုပြီးတဲ့အချိန်မှာ ကိုယ့်အသားအရေလေးက နူးညံ့ပြီး ချောမွတ်နေတာကို ခံစားမိမှာပါ။ မျက်နှာကို သွေးလည်ပတ်မှု ကောင်းစေဖို့ Mask ကို စက်ဝိုင်းပုံစံ သုတ်လိမ်းပေးတာ ပိုကောင်းပါတယ်။

မျက်နှာသန့်စင်ပေးဖို့အတွက် ပျားရည် Cleanser

ပျားရည်ကို သဘာဝအုန်းဆီတစ်ဇွန်းနဲ့ ရောမွှေပြီး မျက်နှာအနှံ့ ပွတ်လိမ်းပေးရုံပါ။ ၃မိနစ်လောက်နေရင် ရေနွေးနဲ့ သေချာပြန်ဆေးပေးပါ။

ပျားရည်ဟာ ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အညစ်အကြေးတွေ၊ အဆီတွေကို သန့်စင်ပေးနိုင်တဲ့အပြင် မိန်းကလေးတွေ မိတ်ကပ်ဖျက်တဲ့နေရာမှာလည်း အသုံးပြုလို့ ရပါတယ်။ အသုံးပြုတဲ့နေရာမှာ မျက်လုံးထဲ မဝင်သွားစေဖို့တော့ ဂရုစိုက်ပေးရမယ်နော်။

အသားအရေကို နူးညံ့ချောမွေ့သွားစေတဲ့ ပျားရည် Lotion

ပျားရည် တစ်ဇွန်း၊ သံလွင်ဆီ တစ်ဇွန်းနဲ့ သံပုရာရည် (သံပုရာသီး တစ်ခြမ်းစာလောက် ညှစ်ပေးရင် လုံလောက်ပါတယ်) ကို ရောမွှေပြီး အသားအရေခြောက်နေတဲ့ နေရာတွေကို ပွတ်လိမ်းပေးပါ။ မိနစ် ၂၀လောက်နေရင် အဝတ်သန့်သန့်လေးနဲ့ ပြန်သုတ်လိုက်ရုံပါပဲ။ ဆေးစရာတော့ မလိုပါဘူး။

ဆောင်းရာသီမှာ အရေပြားမကြာခဏ ခြောက်သွေ့တဲ့သူတွေနဲ့ အသားမပပ်အောင် ကာကွယ်ဖို့အတွက် မကြာခဏ သုံးပေးသင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။

အရေပြားပေါ်က ဆဲလ်အသေတွေကို ကွာကျစေတဲ့ ပျားရည် Exfoliant

ပျားရည် ၂ဇွန်း၊ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းကို သေချာမွှေပြီး မျက်နှာကို ၃မိနစ်ခန့် သေချာပွတ်ပေးပါ။ ပြီးရင် ရေနွေးလေးနဲ့ ပြန်ဆေးချပေးရုံပါပဲ။

မျက်နှာအတွက်သာမက ခန္ဓာကိုယ်နေရာအနှံ့အတွက်ပါ အသုံးပြုလို့ ရပါတယ်။ တစ်ပတ် တစ်ကြိမ် အသုံးပြုပေးရုံနဲ့ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက် ကွာကျစေပြီး အသားအရေကိုလည်း ဝင်းပလာစေနိုင်ပါတယ်။

အပေါ်မှာ ပြထားခဲ့တဲ့ နည်းလမ်း ၄ခုကို ပုံမှန်လေး လုပ်ပေးသွားမယ်ဆိုရင် အချိန်တိုအတွင်း သိသာထင်ရှားတဲ့ ရလဒ်ကို တွေ့ရှိရမှာ အသေအချာပါပဲ။ အထူးသဖြင့် အခုလို ဆောင်းရာသီ အေးစက်နေတဲ့ ရာသီဥတုမျိုးမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေ၊ အသားအရေခြောက်သွေ့တာတွေကိုလည်း ကာကွယ်ပေးနိုင်ပြီး အရေပြားကို သဘာဝအတိုင်း နူးညံ့စိုပြည်စေမှာပါ။

အသားအရေထိန်းသိမ်းလိုသူတွေအတွက် ပျားရည်ရဲ့ ကောင်းကျိုး

၁။ ပျားရည်ဟာ အရေပြားကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်တယ်။

၂။ ခြောက်သွေ့တဲ့ အရေပြားပိုင်ရှင်အတွက် အသားအရေကို စိုပြေချောမွတ်စေပြီး အဆီပြန်တတ်တဲ့သူတွေအလည်း သုံးလို့ အဆင်ပြေစေပါတယ်။

၃။ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းစေတယ်။

၄။ အမည်းစက်တွေ၊ ဝက်ခြံတွေကို ပျောက်စေပြီး အသားအရောင်ကိုလည်း ညီညာစေတယ်။

၅။ ချွေးပေါက်အတွင်းထဲထိ ပိတ်နေတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တယ်။

၆။ မျက်နှာပေါ်က အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၇။ အလွယ်တကူ ဝယ်ယူလို့ ရတဲ့အပြင် အချိန်လည်း သိပ်မပေးရတာကြောင့် ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး အသားအရေကို ထိန်းသိမ်းလိုသူတွေ၊ အလှကြိုက်သူတွေအတွက် အဆင်ပြေစေပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top