iMyanmarHouse.com - Best Property Website for Myanmar
×


ရႈပ္ေထြးလွတဲ့ လူေနမႈစနစ္နဲ႔ စိတ္ညစ္ညဴးစရာေတြနဲ႔ျပည့္ႏွက္ေနတဲ့ လူေနမႈပတ္ဝန္းက်င္မွာ စိတ္ခံစားမႈေၾကာင့္ အလြန္အကြၽံအစားစားမိျခင္းဟာ ျပႆနာတရပ္လို ျဖစ္လာေနပါတယ္။ စိတ္ညစ္လို႔ အရက္ေသာက္သလိုမ်ိဳးကိုပဲ စိတ္ညစ္တာနဲ႔စိတ္ဖိစီးမႈမ်ားတာေတြ၊ ဝမ္းနည္းျခင္း၊ ေဒါသထြက္ျခင္း စတာေတြေၾကာင့္ ပုံမွန္ထက္ပိုၿပီး အစားစားမိျခင္းဟာ ဆယ္ေက်ာ္သက္ေတြနဲ႔လူငယ္ေတြမွာ အမ်ားဆုံးႀကဳံေတြ႕ေနရတာ ျဖစ္ပါတယ္။ဒီျပႆနာကို ထိန္းခ်ဳပ္ႏိုင္မယ့္ နည္းလမ္းတခ်ိဳ႕ကို ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္။

(၁) မိမိကိုယ္ကိုအေျဖရွာပါ

စိတ္ခံစားမႈေၾကာင့္ အလြန္အကြၽံအစားစားမိျခင္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ သင့္ရဲ႕စိတ္ခံစားမႈေတြကို အရင္ဆုံး အေျဖရွာသင့္ပါတယ္။ သင့္ကို စိတ္ဖိစီးေစတဲ့ အေၾကာင္းအရာေတြကို စာအုပ္ထဲမွာ ခ်မွတ္ၿပီး ဒါေတြကို ဘယ္လိုကိုင္တြယ္ေျဖရွင္းမလဲဆိုတာနဲ႔ လက္ရွိအေျခအေနကို ေျပာင္းလဲပစ္ဖို႔ ျပင္ဆင္ရမွာပဲ ျဖစ္ပါတယ္။ မိသားစုဝင္ ဒါမွမဟုတ္ မိတ္ေဆြသူငယ္ခ်င္းေတြရဲ႕ အကူအညီေတြနဲ႔ မိမိလက္ရွိအေျခအေနကို ေသခ်ေဆြးေႏြး တိုင္ပင္သင့္ပါတယ္။

(၂) စိတ္ခံစားမႈေၾကာင့္မဟုတ္ဘဲ တကယ္ဆာမွသာ စားပါ

စိတ္ညစ္လို႔၊ စိတ္ရႈပ္လို႔ အစားစားျခင္းထက္ အမွန္တကယ္ဗိုက္ဆာမွသာ စားသင့္ပါတယ္။ ပ်င္းလို႔ အာလူးေၾကာ္စား တယ္၊ အေအးေသာက္တယ္ စတာမ်ိဳးဟာလည္း စိတ္ခံစားမႈေၾကာင့္ အစားစားတာမ်ိဳးျဖစ္တာေၾကာင့္ စိတ္ခံစားမႈကို ဦးစားေပးၿပီး အစားမစားဖို႔အတြက္ အႀကံျပဳခ်င္ပါတယ္။

(၃) စားခ်င္စိတ္ျဖစ္ေပၚလာတိုင္း ေခတၱစဥ္းစားပါ

စိတ္ခံစားမႈေတြ ျပင္းထန္လာၿပီး အစားစားခ်င္လာတိုင္း ခဏေလာက္ စဥ္းစားၿပီး အခ်ိန္ဆြဲျခင္းက သင့္ကို အေထာက္အကူ ျဖစ္ေစမွာပဲျဖစ္ပါတယ္။ ဘာေၾကာင့္ အစားစားခ်င္လာတာလဲဆိုတာကို ေသခ်ာစြာစဥ္းစားၿပီး အခ်ိန္ဆြဲလိုက္ျခင္းက Emotional Eating ကို ထိန္းခ်ဳပ္ေပးႏိုင္မွာပဲျဖစ္ပါတယ္။

(၄) အစားစားတဲ့အခါတိုင္း အရသာခံ စားပါ

စိတ္ကို ထိန္းခ်ဳပ္မရလို႔ စားလိုက္မိတဲ့အခါတိုင္း အလ်င္စလို စိတ္လိုက္မာန္ပါ စားလိုက္ျခင္းထက္ မိမိစားေနတဲ့အစားအစာကို ေသခ်ာအရသာခံၿပီး စားသုံးျခင္းက အလြန္အကြၽံစားမိျခင္းကို ခ်ဳပ္ထိန္းႏိုင္မွာျဖစ္သလို မိမိဘာေၾကာင့္ စားမိလဲဆိုတာကိုပါ ျပန္လည္စဥ္းစားမိေစမွာ ျဖစ္ပါတယ္။

Credit: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ရှုပ်ထွေးလှတဲ့ လူနေမှုစနစ်နဲ့ စိတ်ညစ်ညူးစရာတွေနဲ့ပြည့်နှက်နေတဲ့ လူနေမှုပတ်ဝန်းကျင်မှာ စိတ်ခံစားမှုကြောင့် အလွန်အကျွံအစားစားမိခြင်းဟာ ပြဿနာတရပ်လို ဖြစ်လာနေပါတယ်။ စိတ်ညစ်လို့ အရက်သောက်သလိုမျိုးကိုပဲ စိတ်ညစ်တာနဲ့စိတ်ဖိစီးမှုများတာတွေ၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း စတာတွေကြောင့် ပုံမှန်ထက်ပိုပြီး အစားစားမိခြင်းဟာ ဆယ်ကျော်သက်တွေနဲ့လူငယ်တွေမှာ အများဆုံးကြုံတွေ့နေရတာ ဖြစ်ပါတယ်။ဒီပြဿနာကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတချို့ကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) မိမိကိုယ်ကိုအဖြေရှာပါ

စိတ်ခံစားမှုကြောင့် အလွန်အကျွံအစားစားမိခြင်းကို ထိန်းချုပ်နိုင်ဖို့အတွက် သင့်ရဲ့စိတ်ခံစားမှုတွေကို အရင်ဆုံး အဖြေရှာသင့်ပါတယ်။ သင့်ကို စိတ်ဖိစီးစေတဲ့ အကြောင်းအရာတွေကို စာအုပ်ထဲမှာ ချမှတ်ပြီး ဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာနဲ့ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ဖို့ ပြင်ဆင်ရမှာပဲ ဖြစ်ပါတယ်။ မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေရဲ့ အကူအညီတွေနဲ့ မိမိလက်ရှိအခြေအနေကို သေချဆွေးနွေး တိုင်ပင်သင့်ပါတယ်။

(၂) စိတ်ခံစားမှုကြောင့်မဟုတ်ဘဲ တကယ်ဆာမှသာ စားပါ

စိတ်ညစ်လို့၊ စိတ်ရှုပ်လို့ အစားစားခြင်းထက် အမှန်တကယ်ဗိုက်ဆာမှသာ စားသင့်ပါတယ်။ ပျင်းလို့ အာလူးကြော်စား တယ်၊ အအေးသောက်တယ် စတာမျိုးဟာလည်း စိတ်ခံစားမှုကြောင့် အစားစားတာမျိုးဖြစ်တာကြောင့် စိတ်ခံစားမှုကို ဦးစားပေးပြီး အစားမစားဖို့အတွက် အကြံပြုချင်ပါတယ်။

(၃) စားချင်စိတ်ဖြစ်ပေါ်လာတိုင်း ခေတ္တစဉ်းစားပါ

စိတ်ခံစားမှုတွေ ပြင်းထန်လာပြီး အစားစားချင်လာတိုင်း ခဏလောက် စဉ်းစားပြီး အချိန်ဆွဲခြင်းက သင့်ကို အထောက်အကူ ဖြစ်စေမှာပဲဖြစ်ပါတယ်။ ဘာကြောင့် အစားစားချင်လာတာလဲဆိုတာကို သေချာစွာစဉ်းစားပြီး အချိန်ဆွဲလိုက်ခြင်းက Emotional Eating ကို ထိန်းချုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

(၄) အစားစားတဲ့အခါတိုင်း အရသာခံ စားပါ

စိတ်ကို ထိန်းချုပ်မရလို့ စားလိုက်မိတဲ့အခါတိုင်း အလျင်စလို စိတ်လိုက်မာန်ပါ စားလိုက်ခြင်းထက် မိမိစားနေတဲ့အစားအစာကို သေချာအရသာခံပြီး စားသုံးခြင်းက အလွန်အကျွံစားမိခြင်းကို ချုပ်ထိန်းနိုင်မှာဖြစ်သလို မိမိဘာကြောင့် စားမိလဲဆိုတာကိုပါ ပြန်လည်စဉ်းစားမိစေမှာ ဖြစ်ပါတယ်။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top