iMyanmarHouse.com - Best Property Website for Myanmar
×


Single ဘဝက ေကာင္းတာေတြ၊ RS ဘဝမွ သာယာတာေတြ ဘာေတြ ခဏနားဦး။ ဒီတစ္ခါေတာ့ ငွက္ေပ်ာတံုးဖက္ရကိန္းဆိုကေ္တာ့မယ့္ ေယာင္းေတြအေၾကာင္း ေျပာပါရေစေနာ္။ ငွက္ေပ်ာတံုးဆိုတာလည္း ဖက္ခ်င္တိုင္း ဖက္လို႔ရတာ မဟုတ္ပါဘူး။ အခုေဖာ္ျပမယ့္ ဝိေသသလကၡဏာေတြ ရွိေနမွသာ ငွက္ေပ်ာတံုးဖက္ရမွာပါ။ ဘယ္လို လကၡဏာေတြလဲဆိုေတာ့..

၁။ စိမ္ေျပနေျပ ေၾကးမ်ားတတ္တယ္။

သူမ်ားေတြ ခ်စ္သူကိုယ္စီ ၾကည္ႏူးေနတာ ျမင္ရေတာ့လည္း အားက်သလိုလို… ဒါေပမဲ့ ကိုယ့္ကိုသေဘာက်လို႔ ခ်ဥ္းကပ္လာတဲ့ သူေတြကိုက် ဟိုဟာေလး အဆင္မေျပဘူး၊ ဘာျဖစ္တယ္၊ ညာျဖစ္တယ္၊ ငါနဲ႔မတန္ဘူး စသျဖင့္ ေၾကးအျဖာျဖာမ်ားေနရင္ေတာ့ အနာဂတ္မွာ ငွက္ေပ်ာတံုးဖက္ရဖို႔ ရာႏႈန္း ၈၀ ပါပဲ။

၂။ ပူပန္လြန္းျခင္း။

ရည္းစားထားဖုိ႔မေျပာနဲ႔။ ကိုယ့္ကိုတစ္ေယာက္ေယာက္က ႀကိဳက္ေနတယ္လို႔ ကုိယ့္ဟာကိုယ္ စိတ္ႀကီးဝင္ေနတဲ့အခ်ိန္မွာေတာင္ သူနဲ႔တြဲရင္ ဘယ္လိုျပႆနာေတြျဖစ္ၿပီး၊ ဘယ္လို ရင္ဆိုင္ရမလဲဆိုတာမ်ိဳးကို မဆီမဆိုင္ ႀကိဳေတြးၿပီး ပူပန္လြန္းေနရင္ေတာ့ အပ်ိဳႀကီး ျဖစ္ဖို႔ နီးေနပါၿပီေနာ္…

၃။ အထင္ေသးလြန္းတယ္။

အထင္ေသးတာမွလည္း တခ်ိဳ႔က ကိုယ္ကိုယ္တုိင္က အရည္အခ်င္းရွိၿပီး ေတာ္ေနလို႔ ဘယ္သူ႔ကိုမွ မွီခိုအားထားခ်င္ေတာ့တာမ်ိဳး မရွိဘဲ ငွက္ေပ်ာတုန္းကေတာ္ ျဖစ္ေတာ့တာပါပဲ။

၄။ က်ားဆို အလာဂ်ီ ထျခင္း။

ဘယ္သူေတြက ေခါင္းထဲရုိက္သြင္းေပးလိုက္တယ္ေတာ့ မသိပါဘူး။ ထစ္ခနဲဆို ေယာက္်ားေတြမေကာင္းဘူး၊ ေယာက္်ားေတြက အဲ့လိုပဲဆိုၿပီး ရြတ္ေနတာကတစ္မ်ိဳး၊ သူမ်ားသမီးရည္းစားျပႆနာတက္ၿပီဆို ဘယ္သူ႔ဘက္က မွားလဲ မေတြးဘဲ ေယာက်္ားေလးဘက္ကိုခ်ည္း အျပစ္ဖို႔ အၾကံေပးတာက တစ္မ်ိဳးနဲ႔ ေယာက္်ားျမင္ရင္ မ်က္လံုးထဲ cross ျဖစ္ၿပီး ၾကည့္မရရင္ေတာ့ ပရီဝက္ဒင္းဓာတ္ပံုဖိုး သက္သာမွာေတာ့ ေသခ်ာေနပါၿပီ။

၅။ ေခ်ာလြန္းျခင္း။

အဟင္းဟင္း။ ကိုယ္ကအရမ္းေခ်ာလြန္းေနေတာ့ ကိုကိုေတြ၊ ေမာင္ေမာင္ေတြက အေခ်ခံရမွာေၾကာက္ၿပီး ေတာ္ရုံနဲ႔အနားမကပ္ရဲ၊ ကိုယ္ကိုယ္တုိင္ကလည္း ကိုယ့္ကိုယ္ကိုယ္အရမ္းႏွေျမာေတာ့ ဘယ္သူ႔လက္ထဲမွ အေရာက္မခံရဲနဲ႔ ေနာက္ဆံုးေတာ့ငွက္ေပ်ာတံုးရဲ႕ဖူးစားဖက္ျဖစ္ေရာ။ အက္လဲ့။

ဒီအခ်က္ေတြထဲက သံုးခ်က္ေလာက္တူေနၿပီ ဆိုရင္ေတာ့ ငွက္ေပ်ာပင္ စိုက္ပ်ိဳးေရး စီမံကိန္းစဆြဲလို႔ရပါၿပီလို႔

Credit: Christina (For Her Myanmar)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

Single ဘဝက ကောင်းတာတွေ၊ RS ဘဝမှ သာယာတာတွေ ဘာတွေ ခဏနားဦး။ ဒီတစ်ခါတော့ ငှက်ပျောတုံးဖက်ရကိန်းဆိုကေ်တာ့မယ့် ယောင်းတွေအကြောင်း ပြောပါရစေနော်။ ငှက်ပျောတုံးဆိုတာလည်း ဖက်ချင်တိုင်း ဖက်လို့ရတာ မဟုတ်ပါဘူး။ အခုဖော်ပြမယ့် ဝိသေသလက္ခဏာတွေ ရှိနေမှသာ ငှက်ပျောတုံးဖက်ရမှာပါ။ ဘယ်လို လက္ခဏာတွေလဲဆိုတော့..

၁။ စိမ်ပြေနပြေ ကြေးများတတ်တယ်။

သူများတွေ ချစ်သူကိုယ်စီ ကြည်နူးနေတာ မြင်ရတော့လည်း အားကျသလိုလို… ဒါပေမဲ့ ကိုယ့်ကိုသဘောကျလို့ ချဉ်းကပ်လာတဲ့ သူတွေကိုကျ ဟိုဟာလေး အဆင်မပြေဘူး၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ငါနဲ့မတန်ဘူး စသဖြင့် ကြေးအဖြာဖြာများနေရင်တော့ အနာဂတ်မှာ ငှက်ပျောတုံးဖက်ရဖို့ ရာနှုန်း ၈၀ ပါပဲ။

၂။ ပူပန်လွန်းခြင်း။

ရည်းစားထားဖို့မပြောနဲ့။ ကိုယ့်ကိုတစ်ယောက်ယောက်က ကြိုက်နေတယ်လို့ ကိုယ့်ဟာကိုယ် စိတ်ကြီးဝင်နေတဲ့အချိန်မှာတောင် သူနဲ့တွဲရင် ဘယ်လိုပြဿနာတွေဖြစ်ပြီး၊ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာမျိုးကို မဆီမဆိုင် ကြိုတွေးပြီး ပူပန်လွန်းနေရင်တော့ အပျိုကြီး ဖြစ်ဖို့ နီးနေပါပြီနော်…

၃။ အထင်သေးလွန်းတယ်။

အထင်သေးတာမှလည်း တချို့က ကိုယ်ကိုယ်တိုင်က အရည်အချင်းရှိပြီး တော်နေလို့ ဘယ်သူ့ကိုမှ မှီခိုအားထားချင်တော့တာမျိုး မရှိဘဲ ငှက်ပျောတုန်းကတော် ဖြစ်တော့တာပါပဲ။

၄။ ကျားဆို အလာဂျီ ထခြင်း။

ဘယ်သူတွေက ခေါင်းထဲရိုက်သွင်းပေးလိုက်တယ်တော့ မသိပါဘူး။ ထစ်ခနဲဆို ယောက်ျားတွေမကောင်းဘူး၊ ယောက်ျားတွေက အဲ့လိုပဲဆိုပြီး ရွတ်နေတာကတစ်မျိုး၊ သူများသမီးရည်းစားပြဿနာတက်ပြီဆို ဘယ်သူ့ဘက်က မှားလဲ မတွေးဘဲ ယောကျ်ားလေးဘက်ကိုချည်း အပြစ်ဖို့ အကြံပေးတာက တစ်မျိုးနဲ့ ယောက်ျားမြင်ရင် မျက်လုံးထဲ cross ဖြစ်ပြီး ကြည့်မရရင်တော့ ပရီဝက်ဒင်းဓာတ်ပုံဖိုး သက်သာမှာတော့ သေချာနေပါပြီ။

၅။ ချောလွန်းခြင်း။

အဟင်းဟင်း။ ကိုယ်ကအရမ်းချောလွန်းနေတော့ ကိုကိုတွေ၊ မောင်မောင်တွေက အချေခံရမှာကြောက်ပြီး တော်ရုံနဲ့အနားမကပ်ရဲ၊ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ်အရမ်းနှမြောတော့ ဘယ်သူ့လက်ထဲမှ အရောက်မခံရဲနဲ့ နောက်ဆုံးတော့ငှက်ပျောတုံးရဲ့ဖူးစားဖက်ဖြစ်ရော။ အက်လဲ့။

ဒီအချက်တွေထဲက သုံးချက်လောက်တူနေပြီ ဆိုရင်တော့ ငှက်ပျောပင် စိုက်ပျိုးရေး စီမံကိန်းစဆွဲလို့ရပါပြီလို့

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top