iMyanmarHouse.com - Best Property Website for Myanmar
×


ဦးေရျပားယားယံျခင္းဟာ လူၾကားသူၾကားသြားတဲ႕အခါ စိတ္အေနွာက္အယွက္ ၊ စိတ္မသက္မသာ အျဖစ္ရဆုံး ကိစၥျဖစ္ပါတယ္။ ဦးေရျပားေပၚမွာရွိတဲ႕ေဗာက္နဲ႕အေရျပားေျခာက္ေသြ႕ျခင္းေတြဟာ ဦးေရျပားယားယံျခင္းကုိအဓိကျဖစ္ေစတဲ႕အေၾကာင္းရင္းေတြျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ အဲ႕ဒီစိတ္ရူပ္စရာေတြကုိ သဘာဝနည္းလမ္းေတြနဲ႕လြယ္လြယ္ကူကူ ကုသနုိင္ဖုိ႕အတြက္ နည္းလမ္းေကာင္းေလးေတြေဖာ္ျပေပးလုိက္ပါတယ္။

ရွားေစာင္းလက္ပတ္ပင္

အေရျပားေျခာက္ေသြ႕ျခင္းဟာ ဦးေရျပားယားယံေစတဲ႕အခ်က္ေတြထဲကတစ္ခုျဖစ္ပါတယ္။ ရွားေစာင္းလက္ပတ္ေတြမွာ အန္တီမုိက္ခရုိဘုိင္ရယ္ ၊ ေရဓာတ္ထိန္းညိွ႕ေပးမႈ နဲ႕ ေခ်ာမြတ္ေစတဲ႕ဂုဏ္သတၱိေတြ ရွိေနပါတယ္။ ဒါေၾကာင့္ ရွားေစာင္းလက္ပတ္ကရတဲ႕ gel ကုိဦးေရဖ်ားေပၚမွာလိမ္းေပးနုိင္ျပီး မိနစ္ ၂၀ ခန္႕ထားကာ ေခါင္းေလ်ာ္ေပးနုိင္ပါတယ္။ တစ္ပတ္မွာ ၂ ၾကိမ္လုပ္ျခင္းျဖင့္ ရလဒ္ကုိသိသာလာေစနုိင္ပါတယ္။

Tea tree oil

Tea tree oil ေတြမွာ ေယာင္ယမ္းျခင္းကုိသက္သာေစျပီး အန္တီမုိက္ခရိုဘုိင္ရယ္ေတြ ပါဝင္တာေၾကာင့္ ယားယံျခင္းအတြက္အထူးေကာင္းမြန္ေစပါတယ္။ ဒါ႕အျပင္ ေဗာက္ျဖစ္ေစတဲ႕ မႈိ နဲ႕ဗုိက္ရပ္စ္ေတြကုိလဲ တုိက္ခုိက္နိုင္တာေၾကာင့္ ကုိယ္သုံးေနက် ေခါင္းေလ်ာ္ရည္ထဲမွာ tea tree oil ကုိထည့္ျပီး ပုံမွန္ေခါင္းေလ်ာ္ေပးနုိင္ပါတယ္။

အုန္းဆီ

အုန္္းဆီဟာ ဦးေရဖ်ားယားယံျခင္းကုိသက္သာေစနုိင္တဲ႕ အျခားေသာ သဘာဝ အစုိဓာတ္ထိန္းညိွ႕ေပးတဲ႕ အရာတစ္ခုျဖစ္ပါတယ္။ အုန္းဆီကုိအနည္းငယ္အပူေပးျပီး ဦးေရဖ်ားေပၚလိမ္းေပးပါ။ တစ္ပတ္ကုိ နွစ္ၾကိမ္လုပ္ေပးျခင္းျဖင့္ ဆံေကသာ ကုိအာဟာရျဖစ္ေစျပီး ယားယံတတ္တဲ႕ဦးေရျပားကုိေခ်ာေမြ႕ေစနုိင္ပါတယ္။

ပ်ားလပုိ႕

ပ်ားလပုိ႕ေတြမွာလဲ ဗီတာမင္ ဘီတူး၊ ဘီဖုိ္က္ နဲ႕ အန္္တီမုိက္ခရုိဘုိင္ရယ္ ေတြပါဝင္ၾကပါတယ္။ ပ်ားလပုိ႕ ၉ ခုနဲ႕ ေရ တစ္ခုစာကုိေရာစပ္ျပီး ဆံပင္ေပါင္းေပးနုိင္ပါတယ္။ ဆံပင္ေပါင္းထားစဥ္မွာ ပုဝါတစ္ခုနဲ႕ ၃ နာရီၾကာပတ္ထားေပးပါ။ အဲ႕ဒီေနာက္ေရနဲ႕ေဆးခ်နုိင္ပါတယ္။

သံလြင္ဆီ

သံလြင္ဆီ ကုိ ဆံေကသာနဲ႕ဦးေရဖ်ားကုိလိမ္းျပီး shower cap နဲ႕ တစ္ညလုံးစာ ၆ နာရီမွ် စြပ္ထားပါ။ အဲ႕ဒီေနာက္ ေခါင္းေလ်ာ္ခ်နုိင္ပါတယ္။ ဒီနည္းလမ္းက အေရျပားယားယံျခင္းကုိသက္သာေစျခင္း၊ အစုိဓာတ္ထိန္းေပးျခင္း နဲ႕ဦးေရျပားကုိလဲ အာဟာရျဖစ္ေစနုိင္ပါတယ္။

Credit: Mingalarbarmorning

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဦးရေပြားယားယံခြင်းဟာ လူကြားသူကြားသွားတဲ့အခါ စိတ်အနှောက်အယှက် ၊ စိတ်မသက်မသာ အဖြစ်ရဆုံး ကိစ္စဖြစ်ပါတယ်။ ဦးရေပြားပေါ်မှာရှိတဲ့ဗောက်နဲ့အရေပြားခြောက်သွေ့ခြင်းတွေဟာ ဦးရေပြားယားယံခြင်းကိုအဓိကဖြစ်စေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီစိတ်ရူပ်စရာတွေကို သဘာဝနည်းလမ်းတွေနဲ့လွယ်လွယ်ကူကူ ကုသနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေဖော်ပြပေးလိုက်ပါတယ်။

ရှားစောင်းလက်ပတ်ပင်

အရေပြားခြောက်သွေ့ခြင်းဟာ ဦးရေပြားယားယံစေတဲ့အချက်တွေထဲကတစ်ခုဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်တွေမှာ အန်တီမိုက်ခရိုဘိုင်ရယ် ၊ ရေဓာတ်ထိန်းညှိ့ပေးမှု နဲ့ ချောမွတ်စေတဲ့ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပတ်ကရတဲ့ gel ကိုဦးရေဖျားပေါ်မှာလိမ်းပေးနိုင်ပြီး မိနစ် ၂၀ ခန့်ထားကာ ခေါင်းလျော်ပေးနိုင်ပါတယ်။ တစ်ပတ်မှာ ၂ ကြိမ်လုပ်ခြင်းဖြင့် ရလဒ်ကိုသိသာလာစေနိုင်ပါတယ်။

Tea tree oil

Tea tree oil တွေမှာ ယောင်ယမ်းခြင်းကိုသက်သာစေပြီး အန်တီမိုက်ခရိုဘိုင်ရယ်တွေ ပါဝင်တာကြောင့် ယားယံခြင်းအတွက်အထူးကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဗောက်ဖြစ်စေတဲ့ မှို နဲ့ဗိုက်ရပ်စ်တွေကိုလဲ တိုက်ခိုက်နိုင်တာကြောင့် ကိုယ်သုံးနေကျ ခေါင်းလျော်ရည်ထဲမှာ tea tree oil ကိုထည့်ပြီး ပုံမှန်ခေါင်းလျော်ပေးနိုင်ပါတယ်။

အုန်းဆီ

အုန်းဆီဟာ ဦးရေဖျားယားယံခြင်းကိုသက်သာစေနိုင်တဲ့ အခြားသော သဘာဝ အစိုဓာတ်ထိန်းညှိ့ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အုန်းဆီကိုအနည်းငယ်အပူပေးပြီး ဦးရေဖျားပေါ်လိမ်းပေးပါ။ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးခြင်းဖြင့် ဆံကေသာ ကိုအာဟာရဖြစ်စေပြီး ယားယံတတ်တဲ့ဦးရေပြားကိုချောမွေ့စေနိုင်ပါတယ်။

ပျားလပို့

ပျားလပို့တွေမှာလဲ ဗီတာမင် ဘီတူး၊ ဘီဖိုက် နဲ့ အန်တီမိုက်ခရိုဘိုင်ရယ် တွေပါဝင်ကြပါတယ်။ ပျားလပို့ ၉ ခုနဲ့ ရေ တစ်ခုစာကိုရောစပ်ပြီး ဆံပင်ပေါင်းပေးနိုင်ပါတယ်။ ဆံပင်ပေါင်းထားစဉ်မှာ ပုဝါတစ်ခုနဲ့ ၃ နာရီကြာပတ်ထားပေးပါ။ အဲ့ဒီနောက်ရေနဲ့ဆေးချနိုင်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီ ကို ဆံကေသာနဲ့ဦးရေဖျားကိုလိမ်းပြီး shower cap နဲ့ တစ်ညလုံးစာ ၆ နာရီမျှ စွပ်ထားပါ။ အဲ့ဒီနောက် ခေါင်းလျော်ချနိုင်ပါတယ်။ ဒီနည်းလမ်းက အရေပြားယားယံခြင်းကိုသက်သာစေခြင်း၊ အစိုဓာတ်ထိန်းပေးခြင်း နဲ့ဦးရေပြားကိုလဲ အာဟာရဖြစ်စေနိုင်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top