iMyanmarHouse.com - Best Property Website for Myanmar
×


ဓမၼတာလာခ်ိန္ကိုက္ခဲတယ္ဆိုတာ အမ်ိဳးသမီးတုိင္း ၾကံဳေတြ႕ေနရတဲ့ ကိစၥတစ္ခုပါ။ ၁ လ တစ္ခါ ေရွာင္လြဲလို႕ မရတဲ့ မိန္းကေလးတုိင္းရဲ႕ အိပ္မက္ဆိုးၾကီးေပါ့ ။

ရာသီလာခ်ိန္ ဗိုက္ေအာင့္တာ၊ ကိုက္ခဲတာ ျဖစ္ရတယ္ဆိုတာ သားဥနဲ႔ သုက္ပိုး မေတြ႕ေတာ့ ကိုယ္ဝန္ရရင္ အဆင္သင့္ျဖစ္ေအာင္ျပင္ဆင္ထားတဲ့ သားအိမ္နံ ရံေတြ ကြာက်တဲ့ အရွိန္ေၾကာင့္ ျဖစ္ရတာပါ။ မိန္းကေလး ေတာ္ေတာ္မ်ားမ်ား ရာသီလာခ်ိန္ ကိုက္ခဲတဲ့ဒဏ္ကို ခံၾကရပါတယ္။

ကိုယ့္ရဲ႕ ေနထုိင္ျပဳမူပံု စားေသာက္မႈ ပံုစံေတြေပၚမူတည္ျပီး ကိုက္ခဲတဲ့ ဒီဂရီေတြ ေျပာင္းလဲသြားတာျဖစ္လို႕ ဘယ္လိုပံုစံမ်ိဳးေတြ လုပ္မိရင္ ဓမၼတာေၾကာင့္ ကိုက္ခဲတာေတြ ပိုဆိုးသြားႏုိင္သလဲဆုိတာ ေျပာျပခ်င္ပါတယ္။  ။

အိပ္ေရးပ်က္ျခင္း ။ ။

ဓမၼတာလာခ်ိန္ဆို ေသြးအားနည္းျပီး လူကအားမရွိသလိုျဖစ္တာေၾကာင့္ အိပ္ေရး ဝဝ အိပ္ဖို႕လိုပါတယ္။ ဒါကို အိပ္ေရးမဝ၊ အိပ္ခ်ိန္ နည္းသြားတဲ့အခါ ကိုယ္တြင္းဖိစီး မႈ stress level ေတြျမင့္လာျပီး ဓမၼတာေၾကာင့္ ကိုက္ခဲတာေတြ ပိုဆုိးတတ္ပါ တယ္။

ကဖင္းဓာတ္မ်ားေသာ အခ်ိဳရည္မ်ားေသာက္ျခင္း ။

ကဖင္းဓာတ္က ကိုက္ခဲနာက်င္မႈေတြကို သက္သာေစဆုိေပမယ့္ ဓမၼတာလာခ်ိန္ ေသာက္ရင္ ရာသီခ်ဳပ္သလိုျဖစ္သြားတတ္လို႕ ပိုျပီး ကိုက္ခဲမႈေတြကို ခံစားရေစ တတ္ပါတယ္။ ဒါေၾကာင့္ဘယ္ေလာက္ ေကာ္ဖီ၊ လက္ဖက္ရည္ၾကိဳက္ၾကိဳက္ ရာသီလာခ်ိန္ ေလွ်ာ့ေသာက္ ( ဒါမွမဟုတ္) မေသာက္တာ အေကာင္းဆံုးပါ။
ေဆးလိပ္ေသာက္ျခင္း ။

ေဆးလိပ္ဟာ ကိုယ္ခႏၶာကို ဆိုးက်ိဳးေတြ ေပးတယ္ဆိုတာကို အားလံုးအသိပါ။ ေဆးလိပ္မွာပါတဲ့ ပါဝင္ပစၥည္းေတြေၾကာင့္ ေဆးလိပ္ေသာက္တဲ့ အမ်ိဳးသမီးေတြဟာ မေသာက္တဲ့ အမ်ိဳးသမီးေတြထက္ ဓမၼတာလာခ်ိ္န္ ကိုက္ခဲမႈေတြ ပိုခံစားရတတ္ပါတယ္။

အရက္ေသာက္ျခင္း ။

အရက္က ေရဓာတ္ခမ္းေျခာက္ျခင္းကို ျဖစ္ေစတတ္သလို ေသြးတြင္းမဂၢနီဆီယမ္ဓာတ္ကိုလည္း ေလ်ာ့က်ေစတဲ့အတြက္ ရာသီလာခ်ိန္ ကိုက္ခဲတာ ပိုျဖစ္ႏုိ္င္ပါတယ္။

သၾကား ။ ။

ရာသီလာခ်ိန္မွာ ခ်ိဳတဲ့ အစားအေသာက္ေတြကို ပိုေတာင့္တေနတတ္တာ မိန္းကေလးတုိင္းပါ။ သၾကားဟာ အင္ဆူလင္ ပမာဏကို ျမင့္တက္ေစျပီး အီစတိုဂ်င္၊ ပရိုဂ်က္စတုန္း ေဟာ္မုန္း ပမာဏကို ကေမာက္ကမ ျဖစ္ေစတာေၾကာင့္ ရာသီလာခ်ိန္ ကိုက္ခဲတာကို ပိုျဖစ္ေစပါတယ္။ ဒါေၾကာင့္ အခ်ိဳစားခ်င္တဲ့အခ်ိန္က် ရင္ သၾကားအစား သစ္သီးအခ်ိဳေတြေျပာင္းစားေပးပါ။

စိတ္ဖိစီးမႈ ။

ရာသီလာခ်ိန္မွာဆို စိတ္ေတြ ဂေယာက္ဂယက္ျဖစ္ျပီး အလိုမက် စိတ္္တိုတာေတြ မိန္းကေလးျဖစ္ၾကပါတယ္။ ဒါေတြ အားလံုးဟာ ေဟာ္မုနး္ကိုသာ အျပစ္တင္ရမွာပါ။ အဲဒီအခ်ိန္မွာ စိတ္ဖိစီးမႈ ေတြပါ ထပ္ျဖစ္လို႕ကေတာ့ ေဟာ္မုန္းေတြ ကေမာက္ကမ ပိုျဖစ္ျပီး ဓမၼတာေၾကာင့္ နာက်င္ကိုက္ခဲတာေတြ ပိုဆိုးေစမွာပါ။

ကိုယ္လက္လႈပ္ရွားမႈမရွိျခင္း ။

ရာသီလာခ်ိန္ ေလ့က်င့္ခန္းတို႕ ကိုယ္လက္လႈပ္ရွားမႈတို႔ လုပ္ေပးရင္ ေသြးလည္ပတ္မႈကို ေကာင္းေစျပီး စိတ္ဖိစီးမႈေတြကို ေျပေလ်ာ့ေစတာေၾကာင့္ ဓမၼတာေၾကာင့္ ျဖစ္တဲ့ ကိုက္ခဲမႈေတြကို သက္သာေစပါတယ္။ ဒါေၾကာင့္ ရာသီလာခ်ိန္ေတြဆုိ တစ္ခ်ိန္လံုးထိုင္ေန လွဲေနမယ့္အစား လႈပ္ရွားမႈေလးေတြ လုပ္ေပးပါ။

ဆား ။ ။

ဓမၼတာလာတဲ့အခ်ိန္ဆိုတာ ကိုယ္ထဲကေသြးေတြ အမ်ားၾကီးထြက္တာေၾကာင့္ ေရဓာတ္ခမ္းေျခာက္မႈ အခ်ိန္မေရြးျဖစ္ႏုိ္င္တဲ့အခ်ိန္ပါ။ အဲဒီ အခ်ိန္မွာ အငန္ကဲတဲ့ အစားအေသာက္ေတြ အမ်ားၾကီး စားလိုက္မိရင္ ပိုလွ်ံေနတဲ့ ကိုယ္တြင္း ဆိုဒီယမ္ ( အငန္) ဓာတ္ကို ဖယ္ရွားဖို႕ ဆီးမ်ားမ်ားသြားေပးရတာေၾကာင့္ ေရဓာတ္ခမ္းေျခာက္ မႈေတြ ပိုျဖစ္လာျပီး ကိုက္ခဲတဲ့ေဝဒနာ ပိုဆိုးလာပါလိမ့္မယ္ ။

ဒီလို ဓမၼတာလာခ်ိန္ ကိုက္ခဲတယ္ဆုိတာကလည္း မိန္းကေလးတုိင္း တစ္လတစ္ခါ ေရွာင္လြဲလို႔မရေအာင္ ၾကံဳေတြတတ္တယ္ဆိုေပမယ့္ ပိုဆိုးမသြားေအာင္ေတာ့ အေပၚမွာ ေျပာထားတဲ့အခ်က္ေတြကို ေရွာင္သင့္ပါတယ္ ။ ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ဓမ္မတာလာချိန်ကိုက်ခဲတယ်ဆိုတာ အမျိုးသမီးတိုင်း ကြုံတွေ့နေရတဲ့ ကိစ္စတစ်ခုပါ။ ၁ လ တစ်ခါ ရှောင်လွဲလို့ မရတဲ့ မိန်းကလေးတိုင်းရဲ့ အိပ်မက်ဆိုးကြီးပေါ့ ။

ရာသီလာချိန် ဗိုက်အောင့်တာ၊ ကိုက်ခဲတာ ဖြစ်ရတယ်ဆိုတာ သားဥနဲ့ သုက်ပိုး မတွေ့တော့ ကိုယ်ဝန်ရရင် အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားတဲ့ သားအိမ်နံ ရံတွေ ကွာကျတဲ့ အရှိန်ကြောင့် ဖြစ်ရတာပါ။ မိန်းကလေး တော်တော်များများ ရာသီလာချိန် ကိုက်ခဲတဲ့ဒဏ်ကို ခံကြရပါတယ်။

ကိုယ့်ရဲ့ နေထိုင်ပြုမူပုံ စားသောက်မှု ပုံစံတွေပေါ်မူတည်ပြီး ကိုက်ခဲတဲ့ ဒီဂရီတွေ ပြောင်းလဲသွားတာဖြစ်လို့ ဘယ်လိုပုံစံမျိုးတွေ လုပ်မိရင် ဓမ္မတာကြောင့် ကိုက်ခဲတာတွေ ပိုဆိုးသွားနိုင်သလဲဆိုတာ ပြောပြချင်ပါတယ်။  ။

အိပ်ရေးပျက်ခြင်း ။ ။

ဓမ္မတာလာချိန်ဆို သွေးအားနည်းပြီး လူကအားမရှိသလိုဖြစ်တာကြောင့် အိပ်ရေး ဝဝ အိပ်ဖို့လိုပါတယ်။ ဒါကို အိပ်ရေးမဝ၊ အိပ်ချိန် နည်းသွားတဲ့အခါ ကိုယ်တွင်းဖိစီး မှု stress level တွေမြင့်လာပြီး ဓမ္မတာကြောင့် ကိုက်ခဲတာတွေ ပိုဆိုးတတ်ပါ တယ်။

ကဖင်းဓာတ်များသော အချိုရည်များသောက်ခြင်း ။

ကဖင်းဓာတ်က ကိုက်ခဲနာကျင်မှုတွေကို သက်သာစေဆိုပေမယ့် ဓမ္မတာလာချိန် သောက်ရင် ရာသီချုပ်သလိုဖြစ်သွားတတ်လို့ ပိုပြီး ကိုက်ခဲမှုတွေကို ခံစားရစေ တတ်ပါတယ်။ ဒါကြောင့်ဘယ်လောက် ကော်ဖီ၊ လက်ဖက်ရည်ကြိုက်ကြိုက် ရာသီလာချိန် လျှော့သောက် ( ဒါမှမဟုတ်) မသောက်တာ အကောင်းဆုံးပါ။
ဆေးလိပ်သောက်ခြင်း ။

ဆေးလိပ်ဟာ ကိုယ်ခန္ဓာကို ဆိုးကျိုးတွေ ပေးတယ်ဆိုတာကို အားလုံးအသိပါ။ ဆေးလိပ်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကြောင့် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေဟာ မသောက်တဲ့ အမျိုးသမီးတွေထက် ဓမ္မတာလာချိန် ကိုက်ခဲမှုတွေ ပိုခံစားရတတ်ပါတယ်။

အရက်သောက်ခြင်း ။

အရက်က ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေတတ်သလို သွေးတွင်းမဂ္ဂနီဆီယမ်ဓာတ်ကိုလည်း လျော့ကျစေတဲ့အတွက် ရာသီလာချိန် ကိုက်ခဲတာ ပိုဖြစ်နိုင်ပါတယ်။

သကြား ။ ။

ရာသီလာချိန်မှာ ချိုတဲ့ အစားအသောက်တွေကို ပိုတောင့်တနေတတ်တာ မိန်းကလေးတိုင်းပါ။ သကြားဟာ အင်ဆူလင် ပမာဏကို မြင့်တက်စေပြီး အီစတိုဂျင်၊ ပရိုဂျက်စတုန်း ဟော်မုန်း ပမာဏကို ကမောက်ကမ ဖြစ်စေတာကြောင့် ရာသီလာချိန် ကိုက်ခဲတာကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် အချိုစားချင်တဲ့အချိန်ကျ ရင် သကြားအစား သစ်သီးအချိုတွေပြောင်းစားပေးပါ။

စိတ်ဖိစီးမှု ။

ရာသီလာချိန်မှာဆို စိတ်တွေ ဂယောက်ဂယက်ဖြစ်ပြီး အလိုမကျ စိတ်တိုတာတွေ မိန်းကလေးဖြစ်ကြပါတယ်။ ဒါတွေ အားလုံးဟာ ဟော်မုန်းကိုသာ အပြစ်တင်ရမှာပါ။ အဲဒီအချိန်မှာ စိတ်ဖိစီးမှု တွေပါ ထပ်ဖြစ်လို့ကတော့ ဟော်မုန်းတွေ ကမောက်ကမ ပိုဖြစ်ပြီး ဓမ္မတာကြောင့် နာကျင်ကိုက်ခဲတာတွေ ပိုဆိုးစေမှာပါ။

ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း ။

ရာသီလာချိန် လေ့ကျင့်ခန်းတို့ ကိုယ်လက်လှုပ်ရှားမှုတို့ လုပ်ပေးရင် သွေးလည်ပတ်မှုကို ကောင်းစေပြီး စိတ်ဖိစီးမှုတွေကို ပြေလျော့စေတာကြောင့် ဓမ္မတာကြောင့် ဖြစ်တဲ့ ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ဒါကြောင့် ရာသီလာချိန်တွေဆို တစ်ချိန်လုံးထိုင်နေ လှဲနေမယ့်အစား လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ။

ဆား ။ ။

ဓမ္မတာလာတဲ့အချိန်ဆိုတာ ကိုယ်ထဲကသွေးတွေ အများကြီးထွက်တာကြောင့် ရေဓာတ်ခမ်းခြောက်မှု အချိန်မရွေးဖြစ်နိုင်တဲ့အချိန်ပါ။ အဲဒီ အချိန်မှာ အငန်ကဲတဲ့ အစားအသောက်တွေ အများကြီး စားလိုက်မိရင် ပိုလျှံနေတဲ့ ကိုယ်တွင်း ဆိုဒီယမ် ( အငန်) ဓာတ်ကို ဖယ်ရှားဖို့ ဆီးများများသွားပေးရတာကြောင့် ရေဓာတ်ခမ်းခြောက် မှုတွေ ပိုဖြစ်လာပြီး ကိုက်ခဲတဲ့ဝေဒနာ ပိုဆိုးလာပါလိမ့်မယ် ။

ဒီလို ဓမ္မတာလာချိန် ကိုက်ခဲတယ်ဆိုတာကလည်း မိန်းကလေးတိုင်း တစ်လတစ်ခါ ရှောင်လွဲလို့မရအောင် ကြုံတွေတတ်တယ်ဆိုပေမယ့် ပိုဆိုးမသွားအောင်တော့ အပေါ်မှာ ပြောထားတဲ့အချက်တွေကို ရှောင်သင့်ပါတယ် ။ ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top