iMyanmarHouse.com - Best Property Website for Myanmar
×
















Credit:nanmalgyi


# Unicode Version # ဖြင့် ဖတ်ပါ #



မော်ဒယ်လောကမှာ တဟုန်ထိုးအောင်မြင်နေပြီး ဖက်ရှင်Queenတစ်ယောက် လည်းဖြစ်တဲ့ သရုပ်ဆောင်လောကမှာပါ ပရိတ်သတ်တွေ အရမ်းချစ်ခင်ရသော မော်ဒယ်သရုပ်ဆောင် သန္တာဗိုလ်ကတော့ မော်ဒယ်လောကမှာ တစ်ချို့သော Sexy ဆန်ဆန်တွေ ဖော်ချွတ်ပြီး ဖြတ်လမ်းနည်းနဲ့ အောင်မြင်မှုကို လိုချင်နေကြတဲ့ သူ တွေကို သူမအနေနဲ့ ဘယ်လိုဝေဖန်သွားလဲဆိုတာကို ပြောပြပေးသွားမှာပါပဲဖြစ်ပါ တယ်။

“သန္တာဗိုလ်ဆိုပြီး ပရိတ်သတ်တွေ စသိကတည်းက အမြဲတမ်း စမတ်ကျကျနဲ့ နေဖြစ်ပြီး Sexyဆန်ဆန်တွေ မဝတ်ဖြစ်တာက ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိ သေးတာပေါ့နော် တစ်ခါတစ်လေကျရင် သူများဝတ်တာတွေ့တော့ သဘောကျ တယ်။ ဒါပေမယ့် ကိုယ်ကိုတိုင်ဝတ်ဆိုရင်တော့ မဝတ်ရဲဘူး အရမ်းကြီး Sexy ဆန် ပြီး ဖော်ဝတ်ရတာမျိုးတွေကိုလည်း ညီမမကြိုက်ဘူး။

နည်းနည်းလေးဖော်ပြီး sexyဆန်တဲ့ပုံစံကို ပိုပြီးသဘောကျတယ်။ အာ့ကြောင့် ညီမဝတ်ရင် ခါးလေးဖော်တာလောက်ပဲ ဖြစ်ဖြစ်ပေါ့နော် Dressတွေဝတ်ရင်လည်း အတို အဲ့လောက်ပဲ ဝတ်ဖြစ်ပါတယ်။ ဒါကတော့ ကိုယ့်အကြိုက်ပေါ့နော် လုပ်ငန်း အရ Sexyဆန်ဆန်ပုံစံတွေရိုက်ပေးဖို့ ကမ်းလှမ်းတာတွေတော့ အများကြီးရှိပါတယ်

ဒါပေမယ့် ညီမကကျတော့ ကိုယ့်မရိုက်ပေးနိုင်တာဖြစ်နေတာဆိုတော့ လက်မခံဖြစ် ပါဘူး။ ညီမချစ်သူကောင်းပြည့်ကတော့ ကိုယ့်ကောင်မလေးဆိုတော့ လုံလုံခြုံခြုံပဲ ဝတ်စေချင်တာပေါ့နော် အရင်တုန်းကဆို ပိုဆိုးတယ် အတိုဝတ်တာက အစ သူပြောချင်တယ် ဒါပေမယ့် နောက်ပိုင်းကျတော့ အလုပ်အရဝတ်ရတာတွေရှိတော့ သူနားလည်ပေးပါတယ်။

ညီမကလည်း ဟော့ဟော့ရမ်းရမ်းတွေမဝတ်တာသူသိတယ်လေ အဲ့ဒါကြောင့် နောက်ပိုင်းတော့ ဒီအဝတ်စားပိုင်းနဲ့ ပတ်သက်ပြီး ဘာမှသိပ်မပြောတော့ပါဘူး။ ညီမစိတ်တိုင်းကျပဲ ဝတ်ခိုင်းပါတယ်။

“အခုခေတ်မှာ အနုပညာရှင်တော်တော်များများက sexyဆန်ဆန် ထိုးဖောက် လာကြတယ်။ ညီမအနေနဲ့ မဝတ်ဖြစ်အောင် ဘယ်လိုထိန်းလဲဆိုတော့ တစ် ယောက်နဲ့တစ်ယောက်တော့ အကြောင်းပြချက်တွေရှိပါတယ်။သူ့အကြိုက် ကိုယ့် အကြိုက်မတူဘူးလေ။

ညီမကကျတော့ ဒါ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ့်ဂုဏ်သိက္ခာပိုင်းကို အများအမြင်မှာ ဖော်ပြီး မဝတ်တာကို မကြိုက်တာများပါတယ်။ များသောအားဖြင့် Facebook comment တွေမှာဆိုလည်း လုံလုံခြုံခြုံဝတ်တဲ့ မိန်းကလေးကို ပိုပြီး သဘောကျတာ တွေ့ရတယ်။ ညီမကတော့ အဲ့လိုဖြတ်လမ်းနည်းနဲ့ အောင်မြင်မှုကိုတော့ မလိုချင်ပါဘူး။

ကိုယ့်ဘာသာကို Sexyဖြစ်ပြီးတော့ ဟော့ဟော့ရမ်းရမ်း ပေါက်ကရတွေ လျှောက် ဝတ်ပြီး လျှောက်လုပ်တာကို နာမည်ကြီးသွားရင်တော့ ဒါ ကောင်းတဲ့နာမည်ကြီး ချင်းမဟုတ်ဘူးလေနော်။

အများအမြင်မှာတော့ ဟယ်..sexyပုံကြီးနဲ့ ပေါက်ကရတွေလျှောက်လုပ်နေတဲ့ သူဆိုပြီး အရင်ဆုံးမြင်မှာပဲလေ အဲ့ဒါကြောင့်မို့ ကိုယ်ကတော့ လူအရမ်းမသိရင် နေပါစေ ကိုယ်သွားမယ့် လမ်းကြောင်းကို ပုံမှန်လေးပဲ အရမ်းကြီးမအောင်မြင် ရင်လည်းနေပါစေ အဲ့လိုဖြတ်လမ်းနည်းနဲ့တော့ ဘယ်တော့မှ အသုံးမချပါဘူး” လို့ပြောပြသွားခဲ့ပါတယ်။

Credit:nanmalgyi

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top