iMyanmarHouse.com - Best Property Website for Myanmar
×


လေ့ကျင့်ခန်း ၁


လေ့ကျင့်ခန်း ၂


လေ့ကျင့်ခန်း ၃


လေ့ကျင့်ခန်း ၎


လေ့ကျင့်ခန်း ၅


Credit:MM

ကျန်းမာရေး


#Unicode Version# ဖြင့်ဖတ်ပါ ။

လည်ပင်ကျယ်တဲ့ ဝတ်စုံလေးတွေဝတ်ချင်တဲ့အခါ တင်းရင်းပြီး ဆွဲဆောင်မူရှိတဲ့ ရင်သားတွေပိုင်ဆိုင်ဖို့လိုအပ်ပါတယ်။ အဲ့ဒီအတွက်တော့ ဈေးကြီးတဲ့ ပလတ်စတစ်ဆာဂျရီ တွေလုပ်နေစရာမလိုပါဘူး။ အခုဖော်ပြပေးထားတဲ့ လေးကျင့်ခန်းတွေကို ပုံမှန်လေ့ကျင့်ပေးရုံနဲ့ ရင်သားကို မြင့်တက်လာစေပြီး တင်ရင်းနိုင်စေပါတယ်။

လေ့ကျင့်ခန်း ၁

လက်ကို လက်သီးဆုတ်ပုံစံပြောင်းပြီး မေးစေ့နားသို့ ထားပါ။ မေးစေ့နဲ့လက်သီးကို ငါး စက္ကန့်ကြာဖိပါ။ ၅ စက္ကန့်နားပြီး ၃ ကြိမ်ကစားပါ။

လေ့ကျင့်ခန်း ၂

ရင်ဘတ်ရှေ့မှာ လက်နှစ်ဖက် ကို ဘုရှားရှိခိုးပုံစံ ထားပါ။ နောက်ကြောမတ်ထားပြီး လက်နှစ်ဖက်ကို ရင်ဘတ်ကြွက်သားတွေသုံးပြီး အားနှင့် ဖိပါ။

လေ့ကျင့်ခန်း ၃

Push-up လုပ်တာတွေဟာ ရင်ဘတ်ကြွက်သားတွေကို သန်မာစေပါတယ်။ တကယ်လို့ push-up လုပ်ဖို့ အစမှာခက်နေမယ်ဆိုရင် ဒူးနှစ်ဖက်ကို အားပြုပြီး စတဲ့ လေ့ကျင့်ခန်းနဲ့စတင်ပါ။ လက်နှစ်ဖက်ကို ထောက်ထားပြီး ခြေထောက်တွေကို ခေါက်ထားပါ။ မြေကို ကိုယ်ခန္တနှိမ့်တဲ့အချိန်မှာ တံတောင်ဆစ် ကို ဘေးဘက်ကိုဖြေးဖြေးချင်း ကွေးချပါ။ ၁၅ ကြိမ်း ၃ ခါဆော့ကစားနိုင်ပါတယ်။ တစ်ခါဆော့ပြီးတိုင်း ၁၀ စက္ကန့်နားပါ။

လေ့ကျင့်ခန်း ၄

နံရံနဲ့အပြိုင်မတ်တပ်ရပ်ပါ။ လက်တွေကိုရှေ့သို့ဆွဲဆန့်လိုက်ပြီးလက်သီးဆုတ်ထားပါ။ မတ်တပ်ရပ်အနေထားနဲ့ push-up ပုံစံ လုပ်ပါ။ ဒီလေ့ကျင့်ခန်းက အင်အားစိုက်ထုတ်ရခြင်းနည်းပေမယ့် ရင်ဘတ်ကြွက်သားတွေအတွက် အထူးကောင်းမွန်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ အကြိမ် ၂၀ ၊ ၃ ခါဆော့ကစားပါ။ ၁ ခါဆော့ပြီးတိုင်း ၁၀ စက္ကန့်နားပါ။

လေ့ကျင့်ခန်း ၅

ဒီလေ့ကျင့်ခန်းကတော့ ကြွက်သားတွေကို ဆန့်တင်းပေးပြီး ရင်သားပုံစံကိုလှပစေပါတယ်။ အလေးမတုံးလေးတွေတော့ ရှိဖို့လိုအပ်ပါတယ်။ ခါးအနည်းငယ်ကွေးကိုင်းပြီး အသက်ရူလိုက်တဲ့အခါ အလေးတုံးကိုင်ထားတဲ့လက်တွေကို ဘေးဘက်ကို ဆန့်ထုတ်လိုက်ပါ။ အသက်ရူထုတ်တဲ့အချိန်မှာတော့ တံတောင်ဆစ်တွေကို ပြန်ကွေးလိုက်ပါ။ ၁၂ ကြိမ် ၂ ခါဆော့ကစားနိုင်ပါတယ်။

Credit:MM

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top