iMyanmarHouse.com - Best Property Website for Myanmar
×


တိုးတက္လာတဲ့လူေနမႈပံုစံနဲ႔အတူ လူအမ်ားၾကားမွာ ေရပန္းစားလာတဲ့ စားေသာက္မႈအေလ့အထေလးတစ္ခုရွိပါတယ္။ ဒါကေတာ့ အရသာလည္းရွိ ျပင္ဆင္ရတာလည္း ျမန္တဲ့ ျပဳျပင္ထားတဲ့အစားအစာ (Processed Food) ေတြစားသံုးလာၾကတာပါ။

ဒီအစားအစာေတြက စားလိုက္တုန္း စိတ္ေက်နပ္မႈရႏိုင္ေပမယ့္ ေရရွည္မွာဘာေတြျဖစ္လာမလဲဆိုတာစဉ္းစားမိရဲ႕လား။ ေရရွည္အတြက္မေကာင္းတာေတာ့ အမွန္ပါပဲ။ ဘယ္လိုမ်ိဳး ဆိုးက်ိဳးျဖစ္ႏိုင္တာလဲသိခ်င္တယ္ဆိုရင္ ဒီေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္ပါေနာ္။

ျပဳျပင္ထားတဲ့အစားအစာေတြက တကယ္ပဲက်န္းမာေရးကိုထိခိုက္ေစသလား

ျပဳျပင္ထားတယ္ဆိုကတည္းက သဘာဝမဟုတ္ေတာ့ဘူးဆိုတာကို သက္သေျပေနတာပါပဲ။ အရိုးစင္းဆံုးေတြးမယ္ဆိုရင္ေတာင္ ဒီအစားအစာထဲမွာ တာရွည္ခံေအာင္ထည့္ထားတာေတြ၊ အရသာေကာင္းေအာင္ျပဳျပင္ထားတာေတြပါေနမယ္ဆိုတာ သိသာပါတယ္။ စားေကာင္းတဲ့အရသာေတြရဲ႕ စြဲေဆာင္မႈေၾကာင့္ တစ္ခါတေလကေန အျမဲလိုလိုစားျဖစ္ေနမိႏိုင္ပါတယ္ေနာ္။



ျပဳျပင္ထားတဲ့ အစားအစာေတြက အာဟာရပါဝင္မႈနည္းသလို အလြန္အမင္းျပဳျပင္ထားတဲ့ ရလဒ္အေနနဲ႔ အမွ်င္ဓာတ္နဲ႔ ဗီတာမင္ ပါဝင္မႈကလည္း ေတာေ္တာ္ေလးနည္းပါးပါတယ္။ ျပဳျပင္ထားတဲ့အစားအစာေတြမွာ ေပါခ်င္းေလာခ်င္းပါေနတာက အခ်ိဳဓာတ္၊အငန္ဓာတ္နဲ႔ ျပည့္ဝဆီေတြပါ။

 ျပဳျပင္ထားတဲ့ အစားအစာေတြကိုစာသံုးတဲ့အခါ စားမိနိုင္ေသးတာေတြက တာရွည္ခံဓာတုပစၥည္းေတြနဲ႔ သဘာဝမဟုတ္တဲ့ အခ်ိဳဓာတ္ေတြပါ။ ဒီေလာက္ဆိုရင္ေတာ့ က်န္းမာေရးအတြက္ေကာင္းဖို႔မရွိဘူးဆိုတာ ေထြေထြထူးထူးေျပာေနစရာေတာင္လိုမယ္မထင္ပါဘူးေနာ္။

အရသာရွိရွိေလးနဲ႔ဗိုက္ျပည့္ေစေပမယ့္ ေရရွည္မွာက် ခႏၶာကိုယ္မွာ နာတာရွည္ေရာဂါေတြခံစားလာရႏိုင္ပါတယ္။ အခုေနာက္ပိုင္းမွာ ဆီးခ်ိဳေရာဂါခံစားရတာေတြမ်ားလာတယ္။ အဝလြန္လာၾကတယ္၊ ခႏၶာကိုယ္ရဲ႕ ခုခံအားေတြက်လာတယ္ဆိုတာရဲ႕ အဓိက တရားခံေတြက အျခားမဟုတ္ပါဘူး။ ျပဳျပင္ထားတဲ့ အစားအစာေတြကို ႏွစ္ႏွစ္ျခိဳက္ျခိဳက္စားသံုးမိေနတာေၾကာင့္ပါ။

ျပဳျပင္ထားတဲ့အစားအစာေတြနဲ႔ ပတ္သက္လို႔ေနာက္ထပ္ေျပာစရာရွိတာတစ္ခုက အစားအစာေတြကို ထည့္ထုပ္ပိုးထားတဲ့ ပလပ္စတစ္ေတြ နဲ႔ ဗူးေတြပါ။ ဒီထုပ္ပိုးတဲ့ပစၥည္းေတြထဲမွာ BPA (bisphenol A) ပါဝင္ေနျပီး ထုပ္ပိုးထားတဲ့အစားအစာေတြေပၚမွာပါ သက္ေရာက္မႈရွိပါတယ္။ BPA က ေဟာ္မုန္းပမာဏကိုထိခိုက္ေစျပီး အမ်ိဳးသမိးေတြမွာ မ်ိဳးပြားစနစ္ကိုထိခိုက္ေစႏိုင္ပါတယ္၊ လို႔ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလက သဘာဝပတ္ဝန္းက်င္သုေတသနျပဳေရးနဲ႔ျပည္သူ႔က်န္းမာေရးဆိုင္ရာ အျပည္ျပည္ဆိုင္ရာ ဂ်ာနယ္မွာထုတ္ေဝခဲ့တဲ့ ေလ့လာမႈမွာပါရွိပါတယ္။

ဒီလိုမ်ိဳးအာဟာရနည္းပါးျပီး စြဲလမ္းေစတတ္တဲ့ ျပဳျပင္ထားတဲ့ အစားအစာေတြမွာ အမ်ားဆံုးပါဝင္ေနတဲ့အရာေတြပါ။ ဒီအစားအေသာက္နဲ႔ပတ္သက္ျပီးေလ့လာမႈတစ္ရပ္လုပ္ခဲ့ပါတယ္။ ဒီေလ့လာမႈအတြင္း လူအေယာက္ ၄၄၅၅၁ ဦးကိုေလ့လာခဲ့ပါတယ္။ ေလ့လာမႈမွာပါဝင္ခဲ့သူေတြရဲ႕ ၇၃ ရာခိုင္ႏႈန္းက အမ်ိဳးသမီးေတြပါ။



 ေလ့လာမႈမွာပါဝင္သူေတြထဲက ၃၄ ရာခိုင္ႏႈန္းက ေန႔စဉ္ ျပဳျပင္ထားတဲ့အစားအစာေတြကိုစားသံုးခဲ့ၾကပါတယ္။ေလ့လာမႈရလဒ္အေနနဲ႔ကေတာ့ ျပဳျပင္ထားတဲ့ အစားအစာေတြကို စားသံုးသူေတြက အျခားသူေတြနဲ႔ႏိႈင္းစာရင္ အသက္ေသဆံုးႏုိင္ေျခ ၁၄ ရာခိုင္ႏႈန္းေက်ာ္ပိုမ်ားေနတယ္။လို႔ေတြ႔ရွိခဲ့ရပါတယ္။

ျပဳျပင္ထားတဲ့အစားအစာေတြေၾကာင့္ ဘာေတြျဖစ္ႏိုင္လဲ

အခ်ိဳ၊အငန္လြန္ကဲလြန္းတဲ့ ျပဳျပင္ထားတဲ့အစားအစာေတြေၾကာင့္ ခႏၶာကိုယ္မွာ ေရာဂါေတြခံစားရႏိုင္ပါတယ္။

    စိတ္ဓာတ္က်တာ
    ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါ
    ေသြးတိုးေရာဂါ
    ေလျဖတ္တာ
    ဆီးခ်ိဳ
    အဝလြန္တာ
    ကင္ဆာ
    ႏွလံုးေရာဂါေတြခံစားရႏုိင္ပါတယ္။

ဒီလိုနာတာရွည္ေရာဂါေတြခံစားရေစမွေတာ့ ျပဳျပင္ထားတဲ့အစားအစာေတြက အသက္တိုေစတယ္ဆိုတာ တကယ္ကိုေသခ်ာေနျပီေလ။ ဒီေန႔ေခတ္ထဲမွာ ျပဳျပင္ထားတဲ့ အစားအစာေတြကိုေရွာင္ရခက္ေပမယ့္ အပိုပါမလာတဲ့ အသက္တစ္ေခ်ာင္းကို ႏွေျမာရင္ေတာ့ ဆင္ျခင္ပါ၊လို႔ တိုက္တြန္းပါရေစေနာ္။

Credit: hellosayarwon

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


တိုးတက်လာတဲ့လူနေမှုပုံစံနဲ့အတူ လူအများကြားမှာ ရေပန်းစားလာတဲ့ စားသောက်မှုအလေ့အထလေးတစ်ခုရှိပါတယ်။ ဒါကတော့ အရသာလည်းရှိ ပြင်ဆင်ရတာလည်း မြန်တဲ့ ပြုပြင်ထားတဲ့အစားအစာ (Processed Food) တွေစားသုံးလာကြတာပါ။

ဒီအစားအစာတွေက စားလိုက်တုန်း စိတ်ကျေနပ်မှုရနိုင်ပေမယ့် ရေရှည်မှာဘာတွေဖြစ်လာမလဲဆိုတာစဉ်းစားမိရဲ့လား။ ရေရှည်အတွက်မကောင်းတာတော့ အမှန်ပါပဲ။ ဘယ်လိုမျိုး ဆိုးကျိုးဖြစ်နိုင်တာလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။

ပြုပြင်ထားတဲ့အစားအစာတွေက တကယ်ပဲကျန်းမာရေးကိုထိခိုက်စေသလား

ပြုပြင်ထားတယ်ဆိုကတည်းက သဘာဝမဟုတ်တော့ဘူးဆိုတာကို သက်သပြေနေတာပါပဲ။ အရိုးစင်းဆုံးတွေးမယ်ဆိုရင်တောင် ဒီအစားအစာထဲမှာ တာရှည်ခံအောင်ထည့်ထားတာတွေ၊ အရသာကောင်းအောင်ပြုပြင်ထားတာတွေပါနေမယ်ဆိုတာ သိသာပါတယ်။ စားကောင်းတဲ့အရသာတွေရဲ့ စွဲဆောင်မှုကြောင့် တစ်ခါတလေကနေ အမြဲလိုလိုစားဖြစ်နေမိနိုင်ပါတယ်နော်။

ပြုပြင်ထားတဲ့ အစားအစာတွေက အာဟာရပါဝင်မှုနည်းသလို အလွန်အမင်းပြုပြင်ထားတဲ့ ရလဒ်အနေနဲ့ အမျှင်ဓာတ်နဲ့ ဗီတာမင် ပါဝင်မှုကလည်း တောေ်တာ်လေးနည်းပါးပါတယ်။ ပြုပြင်ထားတဲ့အစားအစာတွေမှာ ပေါချင်းလောချင်းပါနေတာက အချိုဓာတ်၊အငန်ဓာတ်နဲ့ ပြည့်ဝဆီတွေပါ။

 ပြုပြင်ထားတဲ့ အစားအစာတွေကိုစာသုံးတဲ့အခါ စားမိနိုင်သေးတာတွေက တာရှည်ခံဓာတုပစ္စည်းတွေနဲ့ သဘာဝမဟုတ်တဲ့ အချိုဓာတ်တွေပါ။ ဒီလောက်ဆိုရင်တော့ ကျန်းမာရေးအတွက်ကောင်းဖို့မရှိဘူးဆိုတာ ထွေထွေထူးထူးပြောနေစရာတောင်လိုမယ်မထင်ပါဘူးနော်။

အရသာရှိရှိလေးနဲ့ဗိုက်ပြည့်စေပေမယ့် ရေရှည်မှာကျ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေခံစားလာရနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ ဆီးချိုရောဂါခံစားရတာတွေများလာတယ်။ အဝလွန်လာကြတယ်၊ ခန္ဓာကိုယ်ရဲ့ ခုခံအားတွေကျလာတယ်ဆိုတာရဲ့ အဓိက တရားခံတွေက အခြားမဟုတ်ပါဘူး။ ပြုပြင်ထားတဲ့ အစားအစာတွေကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးမိနေတာကြောင့်ပါ။

ပြုပြင်ထားတဲ့အစားအစာတွေနဲ့ ပတ်သက်လို့နောက်ထပ်ပြောစရာရှိတာတစ်ခုက အစားအစာတွေကို ထည့်ထုပ်ပိုးထားတဲ့ ပလပ်စတစ်တွေ နဲ့ ဗူးတွေပါ။ ဒီထုပ်ပိုးတဲ့ပစ္စည်းတွေထဲမှာ BPA (bisphenol A) ပါဝင်နေပြီး ထုပ်ပိုးထားတဲ့အစားအစာတွေပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ BPA က ဟော်မုန်းပမာဏကိုထိခိုက်စေပြီး အမျိုးသမိးတွေမှာ မျိုးပွားစနစ်ကိုထိခိုက်စေနိုင်ပါတယ်၊ လို့ ၂၀၁၅ ခုနှစ် အောက်တိုဘာလက သဘာဝပတ်ဝန်းကျင်သုတေသနပြုရေးနဲ့ပြည်သူ့ကျန်းမာရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဂျာနယ်မှာထုတ်ဝေခဲ့တဲ့ လေ့လာမှုမှာပါရှိပါတယ်။

ဒီလိုမျိုးအာဟာရနည်းပါးပြီး စွဲလမ်းစေတတ်တဲ့ ပြုပြင်ထားတဲ့ အစားအစာတွေမှာ အများဆုံးပါဝင်နေတဲ့အရာတွေပါ။ ဒီအစားအသောက်နဲ့ပတ်သက်ပြီးလေ့လာမှုတစ်ရပ်လုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုအတွင်း လူအယောက် ၄၄၅၅၁ ဦးကိုလေ့လာခဲ့ပါတယ်။ လေ့လာမှုမှာပါဝင်ခဲ့သူတွေရဲ့ ၇၃ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။

 လေ့လာမှုမှာပါဝင်သူတွေထဲက ၃၄ ရာခိုင်နှုန်းက နေ့စဉ် ပြုပြင်ထားတဲ့အစားအစာတွေကိုစားသုံးခဲ့ကြပါတယ်။လေ့လာမှုရလဒ်အနေနဲ့ကတော့ ပြုပြင်ထားတဲ့ အစားအစာတွေကို စားသုံးသူတွေက အခြားသူတွေနဲ့နှိုင်းစာရင် အသက်သေဆုံးနိုင်ခြေ ၁၄ ရာခိုင်နှုန်းကျော်ပိုများနေတယ်။လို့တွေ့ရှိခဲ့ရပါတယ်။

ပြုပြင်ထားတဲ့အစားအစာတွေကြောင့် ဘာတွေဖြစ်နိုင်လဲ

အချို၊အငန်လွန်ကဲလွန်းတဲ့ ပြုပြင်ထားတဲ့အစားအစာတွေကြောင့် ခန္ဓာကိုယ်မှာ ရောဂါတွေခံစားရနိုင်ပါတယ်။

    စိတ်ဓာတ်ကျတာ
    နှလုံးသွေးကြောဆိုင်ရာရောဂါ
    သွေးတိုးရောဂါ
    လေဖြတ်တာ
    ဆီးချို
    အဝလွန်တာ
    ကင်ဆာ
    နှလုံးရောဂါတွေခံစားရနိုင်ပါတယ်။

ဒီလိုနာတာရှည်ရောဂါတွေခံစားရစေမှတော့ ပြုပြင်ထားတဲ့အစားအစာတွေက အသက်တိုစေတယ်ဆိုတာ တကယ်ကိုသေချာနေပြီလေ။ ဒီနေ့ခေတ်ထဲမှာ ပြုပြင်ထားတဲ့ အစားအစာတွေကိုရှောင်ရခက်ပေမယ့် အပိုပါမလာတဲ့ အသက်တစ်ချောင်းကို နှမြောရင်တော့ ဆင်ခြင်ပါ၊လို့ တိုက်တွန်းပါရစေနော်။

Credit: hellosayarwon

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top