iMyanmarHouse.com - Best Property Website for Myanmar
×


ဘနားနားလို႔ခ်စ္စနုိးေခၚၾကတဲ့ ျခိမ့္ေကကုိဟာ ေအာင္ျမင္လာျပီးသိပ္မၾကာေသးခင္မွာကုိ သီခ်င္းေတြေရာ Music Video ေတြပါဆက္တိုက္ဆိုသလိုထြက္ကာ ပရိသတ္ေတြရဲ႕စိတ္နွလံုးကုိဖမ္းစားထားခဲ့တာျဖစ္ပါတယ္။ ခႏၶာကုိယ္ပိန္ပိန္သြယ္သြယ္ေလးနဲ႔ ရင္ထဲကလာတဲ့ သီခ်င္းဆိုသံေလးနဲ႔ ပရိသတ္အားေပးမႈေတြမ်ားစြာရလာတဲ့ ျခိ္္မ့္ေကကုိကုိ အခ်ိဳ႕ေသာပရိသတ္ေတြက စုိင္းစိုင္းစျပီးေအာင္ျမင္လာခါစကနဲ႔ တူတယ္လို႔မွတ္ခ်က္ေပးေနၾကတာေတြလည္းရွိပါတယ္။ ျခိမ့္ေကကုိုကို စိုင္းစို္င္းအငယ္စာေလးလို႔ စေနာက္ေနၾကတဲ့ပရိသတ္ေတြလည္းမ်ားျပားလာျပီး အားေပးသူေတြတစ္ေန႔တစ္ျခားတိုးပြားလာတာလည္းျဖစ္ပါတယ္။

ျခိမ့္ေကကုိက ျပီးခဲ့တဲ့ စေနေန႔က ပရိသတ္ေတြနဲ႔ Live လႊင့္ျပီးရင္းရင္းနွီးနွီးစကားေတြဆိုသြားခဲ့သလိုေဖ်ာ္ေျဖမႈေတြလည္းလုပ္သြားခဲ့ပါတယ္။ Live လႊင့္တာလည္း ဟန္ပန္မရွိပဲ အိမ္ေနရင္းအဝတ္အစားနဲ႔ပဲ လႊင့္သြားခဲ့တဲ့ ျခိမ့္ေကကိုက အခ်ိဳ႕ေသာပရိသတ္ေတြေတာင္းဆိုထားတာကုိလည္း မေမ့မေလ်ာ့လိုက္ေလ်ာေပးသြားပါေသးတယ္။ အဲဒါကေတာ့ ျခိမ့္ေကကုိုိကုိ ပရိသတ္ေတြက comment ေတြမွာ စိုင္းစိုင္းသီခ်င္းဆိုျပပါလို႔ ေျပာထားတာကုိ ဆိုျပသြားခဲ့တာပါ။


ပရိသတ္ေတြရဲ႕ေမးခြန္းေတြကို ေျဖေနရင္းနဲ႔ ျခိ္မ့္ေကကိုက “ကြ်န္ေတာ္ ကုိစိုင္းစုိင္းခမ္းလိႈင္ရဲ႕ သူငယ္ခ်င္းေလးပါပဲဆိုတဲ့ သီခ်င္းကုိဆိုျပသြားပါမယ္”လို႔ဆိုျပီး “ငါနဲ႔မင္း သူငယ္ခ်င္းဘဝတစ္ေလွ်ာက္ မင္းရဲ႕အခ်စ္ေတြေပးပါနည္းနည္းေလာက္”ကေနစတင္ျပီးဆိုေတာ့တာပါပဲ။ ပရိသတ္ေတြကလည္း စတစ္ကာေတြနဲ႔အရမ္းကိုအားေပးေနခဲ့ၾကျပီး အဆိုေတာ္ မုိက္ကယ္သားစစ္ကလည္း comment မွာဝင္ေရာက္အားေပးသြားခဲ့တာသိရပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ ျခိ္မ့္ေကကုိရဲ႕ Live Video ကုိထည့္သြင္းေဖာ္ျပေပးလိုက္ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ျခိ္မ့္ေကကုိကုိ ခ်စ္ၾကလား။ ျခိမ့္ေကကုိဆိုျပတဲ့ သူငယ္ခ်င္းေလးပါပဲကုိေရာ သေဘာက်ၾကလား။ ေရွ႕ေလ်ာက္ျခိမ့္ေကကုိရဲ႕ သီခ်င္းေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။


Credit:Can’t Wait To Say

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဘနားနားလို့ချစ်စနိုးခေါ်ကြတဲ့ ခြိမ့်ကေကိုဟာ အောင်မြင်လာပြီးသိပ်မကြာသေးခင်မှာကို သီချင်းတွေရော Music Video တွေပါဆက်တိုက်ဆိုသလိုထွက်ကာ ပရိသတ်တွေရဲ့စိတ်နှလုံးကိုဖမ်းစားထားခဲ့တာဖြစ်ပါတယ်။ ခန္ဓာကိုယ်ပိန်ပိန်သွယ်သွယ်လေးနဲ့ ရင်ထဲကလာတဲ့ သီချင်းဆိုသံလေးနဲ့ ပရိသတ်အားပေးမှုတွေများစွာရလာတဲ့ ခြိ်မ့်ကေကိုကို အချို့သောပရိသတ်တွေက စိုင်းစိုင်းစပြီးအောင်မြင်လာခါစကနဲ့ တူတယ်လို့မှတ်ချက်ပေးနေကြတာတွေလည်းရှိပါတယ်။ ခြိမ့်ကေကိုကို စိုင်းစိုင်းအငယ်စာလေးလို့ စနောက်နေကြတဲ့ပရိသတ်တွေလည်းများပြားလာပြီး အားပေးသူတွေတစ်နေ့တစ်ခြားတိုးပွားလာတာလည်းဖြစ်ပါတယ်။

ခြိမ့်ကေကိုက ပြီးခဲ့တဲ့ စနေနေ့က ပရိသတ်တွေနဲ့ Live လွှင့်ပြီးရင်းရင်းနှီးနှီးစကားတွေဆိုသွားခဲ့သလိုဖျော်ဖြေမှုတွေလည်းလုပ်သွားခဲ့ပါတယ်။ Live လွှင့်တာလည်း ဟန်ပန်မရှိပဲ အိမ်နေရင်းအဝတ်အစားနဲ့ပဲ လွှင့်သွားခဲ့တဲ့ ခြိမ့်ကေကိုက အချို့သောပရိသတ်တွေတောင်းဆိုထားတာကိုလည်း မမေ့မလျော့လိုက်လျောပေးသွားပါသေးတယ်။ အဲဒါကတော့ ခြိမ့်ကေကိိုကို ပရိသတ်တွေက comment တွေမှာ စိုင်းစိုင်းသီချင်းဆိုပြပါလို့ ပြောထားတာကို ဆိုပြသွားခဲ့တာပါ။

ပရိသတ်တွေရဲ့မေးခွန်းတွေကို ဖြေနေရင်းနဲ့ ခြိမ့်ကေကိုက “ကျွန်တော် ကိုစိုင်းစိုင်းခမ်းလှိုင်ရဲ့ သူငယ်ချင်းလေးပါပဲဆိုတဲ့ သီချင်းကိုဆိုပြသွားပါမယ်”လို့ဆိုပြီး “ငါနဲ့မင်း သူငယ်ချင်းဘဝတစ်လျှောက် မင်းရဲ့အချစ်တွေပေးပါနည်းနည်းလောက်”ကနေစတင်ပြီးဆိုတော့တာပါပဲ။ ပရိသတ်တွေကလည်း စတစ်ကာတွေနဲ့အရမ်းကိုအားပေးနေခဲ့ကြပြီး အဆိုတော် မိုက်ကယ်သားစစ်ကလည်း comment မှာဝင်ရောက်အားပေးသွားခဲ့တာသိရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ခြိမ့်ကေကိုရဲ့ Live Video ကိုထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ခြိမ့်ကေကိုကို ချစ်ကြလား။ ခြိမ့်ကေကိုဆိုပြတဲ့ သူငယ်ချင်းလေးပါပဲကိုရော သဘောကျကြလား။ ရှေ့လျောက်ခြိမ့်ကေကိုရဲ့ သီချင်းတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top