iMyanmarHouse.com - Best Property Website for Myanmar
×


ေခတ္မီ တုိးတက္ လာသည့္ အေလ်ာက္ ဆန္းျပားေသာ လွ်ပ္စစ္ ပစၥည္း မ်ားႏွင့္ လူ႔အသံုး အေဆာင္ ပစၥည္း မ်ားမွာ လည္း တစ္ခု ထက္ တစ္ခု ပုိမို ေကာင္းမြန္ လာသည့္ အတြက္ လူအမ်ား မွာလည္း အသစ္ အဆန္း ဘက္ကုိ ဦးစားေပး ေရြးခ်ယ္ လာၾကသည္။

ယခုေခတ္ၿမိဳ႕ေန လူငယ္ အမ်ားစ ုဖုန္းကုိင္ လာႏုိင္ၿပီး ေဆြ မ်ဳိး သားခ်င္း၊ ခ်စ္သူ သမီးရည္းစား မ်ား ႏွင့္ ဖုန္းေျပာ သည့္အခါ ပံုမွန္ အသံ db (decivel) ထက္ပုိေသာ အသံကုိ ၾကားလွ်င္ျဖစ္ေစ၊ ေန႔စဥ္ ရက္ဆက္ အခ်ိန္ၾကာျမင့္စြာ ဖုန္းေျပာ လွ်င္ျဖစ္ ေစ နားကုိ မထိခုိက္ ႏုိင္ေသာ္လည္း ပံုမွန္ အသံထက္ က်ယ္ေသာ စကား ေျပာသံ ႏွင့္ အခ်ိန္ၾကာေသာ အခါ နား ထိခုိက္ ႏုိင္ေၾကာင္း နား၊ႏွာေခါင္း၊ လည္ေခ်ာင္း ေဆး႐ုံမွ အထူးကု ဆရာ ၀န္ ေဒါက္တာ ၀င္းထုိက္ ၾကည္က ေျပာၾကားသည္။

ဖုန္းကုိ တစ္ေန႔တည္း ဆက္ တုိက္ ေျခာက္နာရီ ႏွင့္ အထက္ေျပာ ၿပီး ဖုန္းေျပာသံမွာ လည္း သတ္မွတ္ ထား ေသာ db (decivel) အသံထက္ က်ယ္ရင္ နားအူ၍ ထံုတတ္ ေၾကာင္း၊ ပံုမွန္ နားေထာင္ ႏုိင္စြမ္း ရွိေသာ အသံ ႏွင့္ ေျပာလွ်င္ နားကုိ မထိခုိက္ ႏုိင္ ေသာ္လည္း ၾကာရွည္ လာခ်ိန္တြင္ နားေလး သြားႏုိင္ ေၾကာင္း၊ ထုိ႔ေၾကာင့္ ၾကာရွည္စြာ ဖုန္းေျပာ တတ္သည့္လူ ငယ္မ်ား၊ ဖုန္းေျပာ လွ်င္ ေအာ္ေျပာ မွ ေက်နပ္ ၾကသည့္ သက္ႀကီးရြယ္အုိ မ်ားမွာ အသံ က်ယ္ေလာင္ စြာ ဖုန္း ေျပာျခင္း မွ ေရွာင္ၾကဥ္ရန္ လိုအပ္ ေၾကာင္း db (decivel) ၁၀၀ ႏွင့္ အ ထက္ ေက်ာ္လွ်င္ နားေလး၊ နားအူ၊ ထုံတတ္ကာ နားကုိ လ်င္ျမန္စြာ ထိ ခိုက္မႈျဖစ္ေစ ႏုိင္ေၾကာင္း သိရသည္။

လူငယ္ အမ်ားစုမွာ အၿမဲတမ္း ဆူညံ ေနေသာ ပတ္၀န္းက်င္ တြင္ ကာလ အတန္ၾကာ ေနထုိင္ၿပီး အေလ့ အက်င့္ ရလာလွ်င္ သို႔မဟုတ္ ဆူညံ ေနေသာ စက္႐ုံ၊ အလုပ္႐ုံ၊ လုပ္ငန္း ခြင္ တုိ႔တြင္ အလုပ္လုပ္ ေနခ်ိန္၌ တ ျဖည္းျဖည္း နားေလး လာတတ္ကာ ႏွစ္ အတန္ၾကာမွသာ မိမိကုိယ္ ကုိ နားေလးျခင္း ကုိ သိသည့္ အတြက္ ျပင္ဆင္ခ်ိန္ မရျခင္း၊ ထုိ႔အျပင္ နားအံု၊ နားရင္းျပင္းျပင္း ထန္ထန္ ႐ိုက္ခတ္မိ ၿပီး အနာတရ ျဖစ္ျခင္း၊ နား အတြင္း အေၾကာင္း အမ်ဳိးမ်ဳိး ေၾကာင့္ ကူး စက္ ေရာဂါပိုး ၀င္ ေရာက္ၿပီး နား ေရာင္ရမ္းျခင္း မ်ားျဖစ္ၾကေၾကာင္း သိရသည္။

အဆုိပါ နားေလး၊ ထံုထုိင္း ေရာဂါ မျဖစ္ ေစရန္ ပံုမွန္ေျပာေန db (decivel) ၆၀ ႏႈန္းျဖင့္ နား ေထာင္ကာ အေလ့အက်င့္ လုပ္သင့္ ေၾကာင္း၊ ထုိ႔ျပင္ ဖုန္းျဖင့္ စကားေျပာ ေနခ်ိန္တြင္ တစ္ဖက္မွ နားေထာင္ ႏုိင္စြမ္း ထက္ က်ယ္ေသာ အသံျဖင့္ ေျပာလွ်င္ နား အတြင္းပုိင္း ရွိ အာ႐ုံခံ ဆဲလ္မ်ား ကုိထိကာ ထံုထုိင္း တတ္ ေၾကာင္း၊ ထုိသုိ႔ ျဖစ္လာလွ်င္ တိတ္ ဆိတ္ၿငိမ္သက္ေသာ ေနရာမ်ားတြင္ တစ္ရက္မွ ႏွစ္ရက္ အထိ အနားယူ သင့္ေၾကာင္း၊ မသက္သာ လွ်င္ နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း အထူးကု ဆရာ၀န္ မ်ားႏွင့္ အျမန္ဆံုး ျပသ ကာ ကာ ကုသမႈ ခံယူ ရမည္ျဖစ္ေၾကာင္း နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း အထူးကု ေဆး႐ုံႀကီး မွ သိရသည္။

Credit:thithtoolwin

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။

ယခုခေတ်မြို့နေ လူငယ် အများစ ုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ db (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ဝန် ဒေါက်တာ ဝင်းထိုက် ကြည်က ပြောကြားသည်။

ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော db (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်ပြော မှ ကျေနပ် ကြသည့် သက်ကြီးရွယ်အို များမှာ အသံ ကျယ်လောင် စွာ ဖုန်း ပြောခြင်း မှ ရှောင်ကြဉ်ရန် လိုအပ် ကြောင်း db (decivel) ၁၀၀ နှင့် အ ထက် ကျော်လျှင် နားလေး၊ နားအူ၊ ထုံတတ်ကာ နားကို လျင်မြန်စွာ ထိ ခိုက်မှုဖြစ်စေ နိုင်ကြောင်း သိရသည်။

လူငယ် အများစုမှာ အမြဲတမ်း ဆူညံ နေသော ပတ်ဝန်းကျင် တွင် ကာလ အတန်ကြာ နေထိုင်ပြီး အလေ့ အကျင့် ရလာလျှင် သို့မဟုတ် ဆူညံ နေသော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ခွင် တို့တွင် အလုပ်လုပ် နေချိန်၌ တ ဖြည်းဖြည်း နားလေး လာတတ်ကာ နှစ် အတန်ကြာမှသာ မိမိကိုယ် ကို နားလေးခြင်း ကို သိသည့် အတွက် ပြင်ဆင်ချိန် မရခြင်း၊ ထို့အပြင် နားအုံ၊ နားရင်းပြင်းပြင်း ထန်ထန် ရိုက်ခတ်မိ ပြီး အနာတရ ဖြစ်ခြင်း၊ နား အတွင်း အကြောင်း အမျိုးမျိုး ကြောင့် ကူး စက် ရောဂါပိုး ဝင် ရောက်ပြီး နား ရောင်ရမ်းခြင်း များဖြစ်ကြကြောင်း သိရသည်။

အဆိုပါ နားလေး၊ ထုံထိုင်း ရောဂါ မဖြစ် စေရန် ပုံမှန်ပြောနေ db (decivel) ၆၀ နှုန်းဖြင့် နား ထောင်ကာ အလေ့အကျင့် လုပ်သင့် ကြောင်း၊ ထို့ပြင် ဖုန်းဖြင့် စကားပြော နေချိန်တွင် တစ်ဖက်မှ နားထောင် နိုင်စွမ်း ထက် ကျယ်သော အသံဖြင့် ပြောလျှင် နား အတွင်းပိုင်း ရှိ အာရုံခံ ဆဲလ်များ ကိုထိကာ ထုံထိုင်း တတ် ကြောင်း၊ ထိုသို့ ဖြစ်လာလျှင် တိတ် ဆိတ်ငြိမ်သက်သော နေရာများတွင် တစ်ရက်မှ နှစ်ရက် အထိ အနားယူ သင့်ကြောင်း၊ မသက်သာ လျှင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် များနှင့် အမြန်ဆုံး ပြသ ကာ ကာ ကုသမှု ခံယူ ရမည်ဖြစ်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီး မှ သိရသည်။

Credit:thithtoolwin

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top