iMyanmarHouse.com - Best Property Website for Myanmar
×

 ျမန္မာႏိုင္ငံရဲ့ နာမည္ၾကီး မိတ္ကပ္ပညာရွင္ တေယာက္ျဖစ္တဲ့ မထက္ကေတာ့ ပရိသတ္ အားေပးမႈ အခိုင္အမာ ရရွိထားေပမယ့္လည္း အခ်စ္ေရးမွာေတာ့ ကံဆိုးေနပါတယ္။ မထက္ဟာ အသည္းကြဲေနတယ္လို႔ အျမဲတမ္းလိုလို ေျပာေလ့ရွိျပီး သူ႔အေနနဲ႔လည္း အစားထိုးဖို႔ေတာ့ ရွာေနတုန္းပဲလို႔ ေျပာၾကားသြားခဲ့ပါတယ္။ မထက္ကေတာ့ သူ႔အေနနဲ႔လည္း ေမာင္ေလးေတြကို ပိုျပီးေတာ့ ၾကိဳက္ေၾကာင္းလည္း ေျပာၾကားသြား ခဲ့ပါတယ္။
Mc နဲ႔ အင္တာဗ်ဴးမွာေတာ့ မထက္ကေတာ့ “ရွာေနတုန္းပါပဲ။ ဘာလို႔မေတြ႔ေသးတာလည္းဆိုေတာ့ အစ္မက ဂ်ီးမ်ားတယ္ေလ။ အဲ့ေၾကာင့္မေတြ႔ေသးဘူး။ အစ္မက အစ္မကို ဦးစီးဦးေဆာင္ ရွိတာမ်ိဳးလာေစခ်င္တာ. အခုက လာလိုက္ရင္ ကေလးေတြၾကီးပဲ။ ၂၀ ေက်ာ္ ၃၀ ဝန္းက်င္ေလးေတြေပါ့။ အမ်ားစုကေတာ့ ခင္တဲ့စိတ္ သနားတဲ့စိတ္နဲ႔ လာၾကတယ္ထင္ပါတယ္။ ေနာက္ေျပာင္ျပီးေျပာတာလားမွ မသိတာ။ အစ္မကလည္း သိပ္ျပီးေတာ့ စိတ္ထဲမွာ မရွိပါဘူး”

“ကေလးေတြနဲ႔ မတြဲခ်င္တာ မဟုတ္ပါဘူး။ တြဲခ်င္ပါတယ္။ အသက္ၾကီးလာလို႔လား မသိပါဘူး။ ခဏပဲတြဲရတာ အေပ်ာ္တြဲရတာ မၾကိဳက္ဘူး။ အစ္မဘဝမွာလည္း ၾကည့္လိုက္ရင္ တြဲလာတဲ့ ေယာက်ာ္းက ၃ ေယာက္ေလာက္ပဲ ရွိတာေလ။ အီစီကလီေတြ ေပါင္းလိုက္ရင္ေတာင္ ၁၀ ေယာက္ေတာင္ မျပည့္ပါဘူး”

“အစ္မက ေမာင္ေလးေတြကို မၾကိဳက္တာ မဟုတ္ဘူး။ ေမာင္ေလးေတြကိုပဲ ၾကိဳက္တာ။ အၾကီးေတြကုိ ၾကိဳက္ရင္လည္း အဆင္မေျပေလာက္ဘူးေလ။ ေမာင္ေလးေတြကိုပဲ ၾကိဳက္တာ။ ဒါေပမယ့္လည္း ကိုယ့္အသက္အရြယ္က ဒြန္႔လိုရတဲ့အရြယ္လည္း မဟုတ္ေတာ့ ဒီတိုင္း အိေျႏၵရွိရွိေလးပဲ ေနလိုက္ပါတယ္။ ေမာင္ေလးေတြက အေပ်ာ္ၾကံမွာေလ သိတယ္ေလ။ ေမာင္ေလးေတြက Chatbox မွာဆို တန္းစီေနတာပဲ။ ေပ်ာ္ဖို႔ေတာ့ ေကာင္းတာေပါ့။ အပ်င္းလည္း ေျပတာေပါ့။ ေရြးေတာ့ေရြးလိုက္ပါေသးတယ္။ ေခ်ာရင္ေတာ့ ျပန္ေျပာေပါ့။ ဒါေပမယ့္လည္း ဘာစိတ္မွ မရွိပါဘူး။ အဲ့လိုမ်ိဳး အေပ်ာ္ေပါ့။ သိပ္မၾကိဳက္တတ္ပါဘူး”

“ေခ်ာေခ်ာေမာေမာ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ဆိုေတာ့ ၾကိဳက္တာေပါ့။ ဒါေပမယ့္လည္း အဖြားၾကီး ျဖစ္လာျပီဆိုေတာ့ ေရရွည္ေတြးတာေပါ့။ ငါနဲ႔ ျဖစ္ပါ့မလားေပါ့။ အဲ့ဒါနဲ႔ပဲ ေတာ္ပါျပီေပါ့။ ခဏတျဖဳတ္ေတြလည္း စိတ္မရွိေတာ့ပါဘူး။ လာေတာ့ ေျပာၾကဦး။ အပ်င္းလည္း ေျပတာပါ။ အစ္မၾကီးကလည္း အသက္အရြယ္ရလာေတာ့ စိတ္ေတြက ဂေယာက္ဂယက္ ျဖစ္ေနတာေပါ့။ အဲ့ဒါေၾကာင့္ ျပန္မက်ဴမိတာကို နားလည္ေပးပါလို႔။ လာက်ဳတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။ အစ္မ အသည္းကြဲေနတဲ့ အခ်ိန္မွာ ေျဖသိမ့္စရာေလး တခုလို ခံစားရတယ္။ အားလံုးကို ေက်းဇူးအမ်ားၾကီး တင္ပါတယ္” လို႔ ေျပာၾကားသြား ခဲ့ပါတယ္။

Credit: nanmalgyi

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာနိုင်ငံရဲ့ နာမည်ကြီး မိတ်ကပ်ပညာရှင် တယောက်ဖြစ်တဲ့ မထက်ကတော့ ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားပေမယ့်လည်း အချစ်ရေးမှာတော့ ကံဆိုးနေပါတယ်။ မထက်ဟာ အသည်းကွဲနေတယ်လို့ အမြဲတမ်းလိုလို ပြောလေ့ရှိပြီး သူ့အနေနဲ့လည်း အစားထိုးဖို့တော့ ရှာနေတုန်းပဲလို့ ပြောကြားသွားခဲ့ပါတယ်။ မထက်ကတော့ သူ့အနေနဲ့လည်း မောင်လေးတွေကို ပိုပြီးတော့ ကြိုက်ကြောင်းလည်း ပြောကြားသွား ခဲ့ပါတယ်။
Mc နဲ့ အင်တာဗျူးမှာတော့ မထက်ကတော့ “ရှာနေတုန်းပါပဲ။ ဘာလို့မတွေ့သေးတာလည်းဆိုတော့ အစ်မက ဂျီးများတယ်လေ။ အဲ့ကြောင့်မတွေ့သေးဘူး။ အစ်မက အစ်မကို ဦးစီးဦးဆောင် ရှိတာမျိုးလာစေချင်တာ. အခုက လာလိုက်ရင် ကလေးတွေကြီးပဲ။ ၂၀ ကျော် ၃၀ ဝန်းကျင်လေးတွေပေါ့။ အများစုကတော့ ခင်တဲ့စိတ် သနားတဲ့စိတ်နဲ့ လာကြတယ်ထင်ပါတယ်။ နောက်ပြောင်ပြီးပြောတာလားမှ မသိတာ။ အစ်မကလည်း သိပ်ပြီးတော့ စိတ်ထဲမှာ မရှိပါဘူး”

“ကလေးတွေနဲ့ မတွဲချင်တာ မဟုတ်ပါဘူး။ တွဲချင်ပါတယ်။ အသက်ကြီးလာလို့လား မသိပါဘူး။ ခဏပဲတွဲရတာ အပျော်တွဲရတာ မကြိုက်ဘူး။ အစ်မဘဝမှာလည်း ကြည့်လိုက်ရင် တွဲလာတဲ့ ယောကျာ်းက ၃ ယောက်လောက်ပဲ ရှိတာလေ။ အီစီကလီတွေ ပေါင်းလိုက်ရင်တောင် ၁၀ ယောက်တောင် မပြည့်ပါဘူး”

“အစ်မက မောင်လေးတွေကို မကြိုက်တာ မဟုတ်ဘူး။ မောင်လေးတွေကိုပဲ ကြိုက်တာ။ အကြီးတွေကို ကြိုက်ရင်လည်း အဆင်မပြေလောက်ဘူးလေ။ မောင်လေးတွေကိုပဲ ကြိုက်တာ။ ဒါပေမယ့်လည်း ကိုယ့်အသက်အရွယ်က ဒွန့်လိုရတဲ့အရွယ်လည်း မဟုတ်တော့ ဒီတိုင်း အိန္ဒြေရှိရှိလေးပဲ နေလိုက်ပါတယ်။ မောင်လေးတွေက အပျော်ကြံမှာလေ သိတယ်လေ။ မောင်လေးတွေက Chatbox မှာဆို တန်းစီနေတာပဲ။ ပျော်ဖို့တော့ ကောင်းတာပေါ့။ အပျင်းလည်း ပြေတာပေါ့။ ရွေးတော့ရွေးလိုက်ပါသေးတယ်။ ချောရင်တော့ ပြန်ပြောပေါ့။ ဒါပေမယ့်လည်း ဘာစိတ်မှ မရှိပါဘူး။ အဲ့လိုမျိုး အပျော်ပေါ့။ သိပ်မကြိုက်တတ်ပါဘူး”

“ချောချောမောမော တောင့်တောင့်ဖြောင့်ဖြောင့်ဆိုတော့ ကြိုက်တာပေါ့။ ဒါပေမယ့်လည်း အဖွားကြီး ဖြစ်လာပြီဆိုတော့ ရေရှည်တွေးတာပေါ့။ ငါနဲ့ ဖြစ်ပါ့မလားပေါ့။ အဲ့ဒါနဲ့ပဲ တော်ပါပြီပေါ့။ ခဏတဖြုတ်တွေလည်း စိတ်မရှိတော့ပါဘူး။ လာတော့ ပြောကြဦး။ အပျင်းလည်း ပြေတာပါ။ အစ်မကြီးကလည်း အသက်အရွယ်ရလာတော့ စိတ်တွေက ဂယောက်ဂယက် ဖြစ်နေတာပေါ့။ အဲ့ဒါကြောင့် ပြန်မကျူမိတာကို နားလည်ပေးပါလို့။ လာကျုတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အစ်မ အသည်းကွဲနေတဲ့ အချိန်မှာ ဖြေသိမ့်စရာလေး တခုလို ခံစားရတယ်။ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်” လို့ ပြောကြားသွား ခဲ့ပါတယ်။

Credit: nanmalgyi

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top