iMyanmarHouse.com - Best Property Website for Myanmar
×






Credit: nanmalgyi

ကျန်းမာရေး


#Unicode Version# ဖြင့်ဖတ်ပါ ။

ဗီတာမင်ဒီ မြင့်မားခြင်းက အရိုးသန်မာစေသလို ပန်းနာရင်ကျပ်ရောဂါရှိတဲ့ ကလေးတွေကိုလည်း အိမ်တွင်းလေထုညစ်ညမ်းခြင်းကြောင့် ဖြစ်စေနိုင်တဲ့ အန္တရာယ်ဖြစ်စေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရလဒ်တွေကို ပိုပြီး ခံနိုင်ရည်ရှိလာအောင် ကူညီပေးပါတယ်။

သွေးအတွင်း ဗီတာမင်ဒီနည်းပါးခြင်းက ပန်းနာရင်ကျပ်ရှိတဲ့ ကလေးတွေကြားမှာ အခန်းတွင်းလေထုညစ်ညမ်းခြင်းရဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်တယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

သွေးအတွင်း ဗီတာမင်ဒီ မြင့်မားခြင်းက ကလေးတွေရဲ့ ပန်းနာရင်ကျပ်ရောဂါ လက္ခဏာနည်းပါးစေပါတယ်။ အလွန်ဝတဲ့ကလေးတွေကြားမှာ သက်ရောက်မှုတွေ ပိုစွဲမြဲနေတယ်လို့ တွေ့ရှိချက်တွေက ပြသနေပါတယ်။

သုတေသီတွေက ပန်းနာရင်ကျပ်စဖြစ်နေတဲ့ ကျောင်းနေအရွယ်ကလေး (၁၂၀)ကို အိမ်တွင်း လေထုညစ်ညမ်းမှု၊ သွေးအတွင်း ဗီတာမင်ဒီပမာဏ၊ ပန်းနာရပ်ကျပ်လက္ခဏာရပ်တွေဆိုပြီး ကဏ္ဍ (၃) ခုကို စမ်းသပ်ခဲ့ပါတယ်။ ကလေး သုံးပုံတစ်ပုံက အဝလွန်တဲ့သူတွေဖြစ်ပါတယ်။

ဗီတာမင်ဒီပမာဏ တိုးလာဖို့ နည်းတစ်နည်းကတော့ နေရောင်ခြည်ဒဏ်ခံပေးဖို့ပါပဲ။ ဒါပေမဲ့ အမြဲတမ်းတော့ နေရောင်ခြည်ဒဏ်ခံဖို့ မဖြစ်နိုင်ပါဘူး။ အခြားတစ်နည်းကတော့ အဆီဓာတ်ပါဝင်တဲ့ငါး၊ မှို၊ ပေါင်မုန့်၊ လိမ္မော်ဖျော်ရည်၊ နွားနို့တို့လို ဗီတာမင်ဒီကြွယ်ဝတဲ့ ဖြည့်စွက်စာ၊ အစားအစာတွေကို ပိုစားပေးရမှာဖြစ်ပါတယ်။

Credit: nanmalgyi

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top