iMyanmarHouse.com - Best Property Website for Myanmar
×

 မုိးဒီဟာ ဝါရင့္လူရႊင္ေတာ္သရုပ္ေဆာင္ၾကီးတစ္ဦးျဖစ္သလုိ က်ရာေနရာမွာ ပီျပင္ေအာင္ သရုပ္ေဆာင္နိုင္တဲ့အတြက္ ေအာင္ျမင္မႈကုိ ၾကာရွည္စြာထိန္းထားနုိင္တဲ့ သရုပ္ေဆာင္ၾကီးတစ္ဦးျဖစ္ပါတယ္။ အခုအခ်ိန္မွာ အသက္ၾကီးေနျပီျဖစ္တဲ့ မိုးဒီက အနုပညာကုိခံုမင္စြာ ဆက္လက္လုပ္ကုိင္ေနဆဲပါ။ မိုးဒီက မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ အကယ္ဒမီရခဲ့တုန္းက အံ့ၾသစရာတိုက္ဆိုင္မႈေတြကုိေျပာျပသြားခဲ့ပါတယ္။

အကယ္ဒမီဆိုတာက တစ္နွစ္ျပီးတစ္နွစ္ ဒီလိုပဲေဝဖန္မႈေတြနဲ႔ျဖတ္သန္းေနရတာပဲလို႔ ဦးမိုးဒီက “ဘယ္သူပဲ ေရြးေရြး ေပးျပီးတာနဲ႔ ေရြးခ်ယ္တာမွားတယ္။ ဘယ္သူ႔ကုိေပးသင့္တာ ဘယ္သူ႔ကုိေပးသင့္တာဆိုတဲ့ ကုိယ့္ထင္ျမင္ခ်က္ေတြနဲ႔ကုိယ္ လူေတြက မ်ားေတာ့ ေရြးခ်ယ္မႈေတြေဝဖန္မႈေတြနဲ႔ အကယ္ဒမီပြဲျဖစ္လာတဲ့အခ်ိန္ျဖစ္ျပီးသားအခ်ိန္ေတြေလာက္ကေတာ့ ပြက္ေလာရုိက္သြားၾကတာပါပဲ။အမ်ိုဳးမ်ိဳးေတြေပါ့ေလ။ ေနာက္ဆံုးက်ေတာ့လည္း ေသြးေအးသြားၾကတာပါပဲ”လို႔ ေျပာၾကားသြားပါတယ္။

အကယ္ဒမီပြဲသြားမယ့္ အနုပညာရွင္ေတြကုိလည္း မုိးဒီက အၾကံညဏ္ေပးထားပါေသးတယ္။ “လြဲသြားရင္ဒီလိုဒီလုိေၾကာင့္လြဲသြားနုိင္တယ္။ အဲဒါေၾကာင့္လြဲသြားခဲ့ရင္ ခံစားေနရမွာစုိးလို႔ ငါရမွာပဲဆိုတဲ့စိတ္မ်ိဳးနဲ႔ မသြားပါနဲ႔လို႔ထည့္မထားပါနဲ႔လို႔”ေျပာထားပါတယ္။ ဒါ့အျပင္ မိုးဒီက ဘုန္းၾကီးတစ္ပါးက ေဟာလိုက္တဲ့အတိုင္းလုပ္ျပီးေနာက္အကယ္ဒမီရသြားခဲ့တဲ့ တိုက္ဆိုင္တယ္လုိ႔ေခၚရမလားမသိတဲ့ ျဖစ္ရပ္တစ္ခုုကိုလည္းေျပာျပသြားခဲ့ပါတယ္။

ဘုန္းဘုန္းက မိန္႔ၾကားခဲ့ပံုုကို ဦးမုိးဒီက “ဆူးေလဘုိးဘုိးၾကီးရယ္ ဗုိလ္တစ္ေထာင္ဘိုးဘုိးၾကီးရယ္၊ ေမွာ္ဘီဘိုးဘိုးၾကီးရယ္ကုိ ဆယ့္နွစ္နာရီမေက်ာ္ခင္ ေရႊငွက္ေပ်ာသီးနဲ႔ ပြဲသံုးပြဲထုိး၊ထုိးျပီးရင္ ပုဆိုးအနီတုိက္ပံုအဝါ ေရႊဖလားေရာင္ဝတ္ အဲဒီေန႔ကုိအဲဒီအတိုင္းသြား အဲဒီအတိုင္းတက္ အကယ္ဒမီ ၾကိမ္းေသရမယ္။ အဲ့လိုေျပာတာ။ ဘုန္းၾကီးကအဲ့လုိေျပာတာ”လို႔ ေျပာျပထားျပီး ထူးဆန္းစြာ အကယ္ဒမီရခဲ့ပံုကုိ “ကန္ေတာ့ပြဲေတြလည္းထုိးတယ္ အဲဒီအတိုင္းသြားတယ္။ ရသည္ျဖစ္ေစမရသည္ျဖစ္ေစ လုပ္သြားလုိက္တယ္။ ေၾကျငာေတာ့လည္း ဇာတ္ပုိ႔ဆုကုိ ဦးထြန္းထြန္းဝင္းကေၾကျငာတာ။ကုိမိုးဒီလို႔မေၾကျငာဘူး။ သာသားစားခ်င္တာစားလို႔ရျပီ။ ေခ်ာင္းဆိုးေတာ့ဘူး.. အဲ့လုိေၾကျငာတာ။ ဟာ..ငါပဲလို႔ အံ့ၾသသြားတာ”လို႔ ၾကည္နူးဖြယ္ ျပန္ေျပာင္းေျပာျပသြားခဲ့ပါတယ္။

ဦးမိုးဒီက ေလာေလာဆယ္အနုပညာလႈပ္ရွားမႈေတြကုိ “ေလာေလာဆယ္ေတာ့ ဘာကားမွမရွိပါဘူး။ ကမ္းလွမ္းထားတဲ့ကားတစ္ကားေတာ့ရွိတယ္။ အဲဒါကေတာ့ ဇာတ္လမ္းတြဲေပါ့။ ေမးထားတာပဲရွိေသးတယ္။ အခ်ိန္အတိအက်မသိေသးဘူး။ ကတံုးတံုးေပးနုိင္မလားတဲ့။ ဘုန္းၾကီးခန္းကတဲ့။အဲ့ေတာ့..လုပ္ေပးပါမယ္”လို႔ ဖြင့္ဟထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဦးမိုးဒီကုိ ခ်စ္ၾကလား။ ဦးမုိးဒီသရုပ္ေဆာင္တဲ့ဇာတ္ကားေတြ အမ်ားၾကီးထပ္ၾကည့္ခ်င္ၾကေသးလား။ ေျပာခဲ့ၾကပါဦး။

Credit: nanmalgyi

အႏုပညာ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မိုးဒီဟာ ဝါရင့်လူရွှင်တော်သရုပ်ဆောင်ကြီးတစ်ဦးဖြစ်သလို ကျရာနေရာမှာ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့အတွက် အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ သရုပ်ဆောင်ကြီးတစ်ဦးဖြစ်ပါတယ်။ အခုအချိန်မှာ အသက်ကြီးနေပြီဖြစ်တဲ့ မိုးဒီက အနုပညာကိုခုံမင်စွာ ဆက်လက်လုပ်ကိုင်နေဆဲပါ။ မိုးဒီက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ အကယ်ဒမီရခဲ့တုန်းက အံ့သြစရာတိုက်ဆိုင်မှုတွေကိုပြောပြသွားခဲ့ပါတယ်။

အကယ်ဒမီဆိုတာက တစ်နှစ်ပြီးတစ်နှစ် ဒီလိုပဲဝေဖန်မှုတွေနဲ့ဖြတ်သန်းနေရတာပဲလို့ ဦးမိုးဒီက “ဘယ်သူပဲ ရွေးရွေး ပေးပြီးတာနဲ့ ရွေးချယ်တာမှားတယ်။ ဘယ်သူ့ကိုပေးသင့်တာ ဘယ်သူ့ကိုပေးသင့်တာဆိုတဲ့ ကိုယ့်ထင်မြင်ချက်တွေနဲ့ကိုယ် လူတွေက များတော့ ရွေးချယ်မှုတွေဝေဖန်မှုတွေနဲ့ အကယ်ဒမီပွဲဖြစ်လာတဲ့အချိန်ဖြစ်ပြီးသားအချိန်တွေလောက်ကတော့ ပွက်လောရိုက်သွားကြတာပါပဲ။အမျိုုးမျိုးတွေပေါ့လေ။ နောက်ဆုံးကျတော့လည်း သွေးအေးသွားကြတာပါပဲ”လို့ ပြောကြားသွားပါတယ်။

အကယ်ဒမီပွဲသွားမယ့် အနုပညာရှင်တွေကိုလည်း မိုးဒီက အကြံညဏ်ပေးထားပါသေးတယ်။ “လွဲသွားရင်ဒီလိုဒီလိုကြောင့်လွဲသွားနိုင်တယ်။ အဲဒါကြောင့်လွဲသွားခဲ့ရင် ခံစားနေရမှာစိုးလို့ ငါရမှာပဲဆိုတဲ့စိတ်မျိုးနဲ့ မသွားပါနဲ့လို့ထည့်မထားပါနဲ့လို့”ပြောထားပါတယ်။ ဒါ့အပြင် မိုးဒီက ဘုန်းကြီးတစ်ပါးက ဟောလိုက်တဲ့အတိုင်းလုပ်ပြီးနောက်အကယ်ဒမီရသွားခဲ့တဲ့ တိုက်ဆိုင်တယ်လို့ခေါ်ရမလားမသိတဲ့ ဖြစ်ရပ်တစ်ခုကိုလည်းပြောပြသွားခဲ့ပါတယ်။

ဘုန်းဘုန်းက မိန့်ကြားခဲ့ပုံကို ဦးမိုးဒီက “ဆူးလေဘိုးဘိုးကြီးရယ် ဗိုလ်တစ်ထောင်ဘိုးဘိုးကြီးရယ်၊ မှော်ဘီဘိုးဘိုးကြီးရယ်ကို ဆယ့်နှစ်နာရီမကျော်ခင် ရွှေငှက်ပျောသီးနဲ့ ပွဲသုံးပွဲထိုး၊ထိုးပြီးရင် ပုဆိုးအနီတိုက်ပုံအဝါ ရွှေဖလားရောင်ဝတ် အဲဒီနေ့ကိုအဲဒီအတိုင်းသွား အဲဒီအတိုင်းတက် အကယ်ဒမီ ကြိမ်းသေရမယ်။ အဲ့လိုပြောတာ။ ဘုန်းကြီးကအဲ့လိုပြောတာ”လို့ ပြောပြထားပြီး ထူးဆန်းစွာ အကယ်ဒမီရခဲ့ပုံကို “ကန်တော့ပွဲတွေလည်းထိုးတယ် အဲဒီအတိုင်းသွားတယ်။ ရသည်ဖြစ်စေမရသည်ဖြစ်စေ လုပ်သွားလိုက်တယ်။ ကြေငြာတော့လည်း ဇာတ်ပို့ဆုကို ဦးထွန်းထွန်းဝင်းကကြေငြာတာ။ကိုမိုးဒီလို့မကြေငြာဘူး။ သာသားစားချင်တာစားလို့ရပြီ။ ချောင်းဆိုးတော့ဘူး.. အဲ့လိုကြေငြာတာ။ ဟာ..ငါပဲလို့ အံ့သြသွားတာ”လို့ ကြည်နူးဖွယ် ပြန်ပြောင်းပြောပြသွားခဲ့ပါတယ်။

ဦးမိုးဒီက လောလောဆယ်အနုပညာလှုပ်ရှားမှုတွေကို “လောလောဆယ်တော့ ဘာကားမှမရှိပါဘူး။ ကမ်းလှမ်းထားတဲ့ကားတစ်ကားတော့ရှိတယ်။ အဲဒါကတော့ ဇာတ်လမ်းတွဲပေါ့။ မေးထားတာပဲရှိသေးတယ်။ အချိန်အတိအကျမသိသေးဘူး။ ကတုံးတုံးပေးနိုင်မလားတဲ့။ ဘုန်းကြီးခန်းကတဲ့။အဲ့တော့..လုပ်ပေးပါမယ်”လို့ ဖွင့်ဟထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဦးမိုးဒီကို ချစ်ကြလား။ ဦးမိုးဒီသရုပ်ဆောင်တဲ့ဇာတ်ကားတွေ အများကြီးထပ်ကြည့်ချင်ကြသေးလား။ ပြောခဲ့ကြပါဦး။

Credit: nanmalgyi

အနုပညာ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top