iMyanmarHouse.com - Best Property Website for Myanmar
×


ရန္ျဖစ္တာလည္း ျဖစ္တာေပါ့ေနာ္။ အခ်ိန္တန္ရင္ေတာ့ ျပန္ခ်စ္ဖုိ႔ လိုတာေပါ့။ ရန္ျဖစ္လုိက္ ျပန္ခ်စ္လိုက္ ျဖစ္ဖို႔ ေျပာထားတဲ့အခ်က္ေတြ မေမ့လိုက္နဲ႔ေနာ္။

လင္နဲ႔မယား လွ်ာနဲ႔သြားဆိုသလို အိမ္ေထာင္ေရးမွာ တစ္ခါတေလေတာ့ ရန္ျဖစ္ တာမ်ိဳး ရွိၾကမွာပါေနာ္။ ရန္ျဖစ္ေပမယ့္ အခ်ိန္တန္ရင္ ျပန္ခ်စ္ဖို႔လိုပါတယ္ေနာ္။

ရန္ေတြ ျဖစ္ၾကၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ အခ်စ္ေတြတိုးမလာဘဲ လံုးဝ စကားမေျပာဘဲ ရက္အၾကာႀကီးေနတာ၊ ျပန္ေခၚရင္ေတာင္ စိတ္ထဲမွာ အနာတရ ျဖစ္က်န္ေနခဲ့တာမ်ိဳး ျဖစ္ေလ့ ရွိပါတယ္။ အဲဒါေၾကာင့္ ရန္ျဖစ္ေပမယ့္ ျပန္ခ်စ္ႏိုင္မယ့္ နည္းလမ္းနဲ႔သာ ရန္ျဖစ္ပါေနာ္။ ဒီေတာ့ ရန္ျဖစ္တဲ့အခါ ဘာေတြ ေရွာင္ရမလဲ ေျပာျပမယ္။

နာက်င္စရာေတြ မေျပာပါနဲ႔

လင္မယားခ်င္း ရန္ျဖစ္တဲ့အခါ စိတ္ဆိုး စိတ္ေကာက္လို႔ ေဒါသေတြနဲ႔ တစ္ေယာက္ နဲ႔ တစ္ေယာက္ စိတ္ဆိိုးေအာင္ ႏုိင္ေအာင္ ေျပာၾကေပမယ့္ နာက်င္ရမယ့္ ကိစၥ ေတြေတာ့ မေျပာပါနဲ႔။ ႏိုင္ခ်င္ေဇာနဲ႔ ရွိသမွ် အေၾကာင္းအရာေတြ အကုန္လံုး ငယ္ က်ိဳးငယ္နာေတြေဖာ္ၿပီး ေျပာတာမ်ိဳး လံုးဝ မလုပ္မိဖုိ႔ အရမ္းအေရးႀကီးပါတယ္။

လက္ရွိျပႆနာ ျဖစ္ရတဲ့ အေၾကာင္းအရင္း၊ ျပႆနာျဖစ္ေနတဲ့ ကိစၥကိုပဲ ဦး တည္ၿပီး ေျပာပါေနာ္။ အဲဒီလို မဟုတ္ရင္ေတာ့ ရန္ျဖစ္ၿပီးရင္ေတာင္ စိတ္ဆိုးရ တာေတြ စိတ္နာရတာေတြ ရွိေနၿပီး ျပန္အဆင္ေျပဖို႔ ရက္ၾကာမွာ ျဖစ္သလို ျပန္ခ်စ္ ဖို႔လည္း ေဝးေနမွာပါ။

လက္မပါ ပါနဲ႔

တခ်ိဳ႔ေတြကေတာ့ ရန္ျဖစ္တဲ့အခါ ေဒါသအေလ်ာက္ လက္ပါတတ္ၾကပါတယ္။ ကိုယ့္အိမ္ေထာင္ဘက္ကို နာက်င္ေစခ်င္တဲ့ ရည္ရြယ္ခ်က္နဲ႔ေတာ့ မဟုတ္ေပမယ့္ ေဒါသျဖစ္ေတာ့ စိတ္တိုၿပီး လက္ပါမိတတ္ပါတယ္။ ေဒါသထြက္လုိ႔ ရေပမယ့္ ရုပ္ ပိုင္းဆိုင္ရာ နာက်င္ေအာင္ ရိုက္တာမ်ိဳး မလုပ္ပါနဲ႔ေနာ္။

အရမ္းကို စိတ္ဆိုးေနတယ္ဆုိရင္ ေအာ္ေငါက္တာမ်ိဳးေလာက္ပဲ လုပ္ပါ။ လက္ေတြ ပါၿပီး နာက်င္ေအာင္ လုပ္ရင္ေတာ့ ျပန္ေခ်ာ့ဖို႔ ခက္သလို စိတ္ဆိုးျပန္ေျပေပးဖုိ႔ လည္း သိပ္ကို ၾကာပါတယ္။ ကိုယ့္အိမ္ေထာင္ဘက္ရဲ႕ စိတ္ထဲမွာလည္း ကိုယ္က ရက္စက္တတ္တဲ့သူအျဖစ္ စိတ္စြဲေနေစမွာ ျဖစ္သလို ကိုယ္ကိုယ္တိုင္လည္း စိတ္ မေကာင္း ျဖစ္ေနမိမွာပါပဲေနာ္။

အိမ္ေပၚကေန ဆင္းသြားတာမ်ိဳး မလုပ္ပါနဲ႔

ဒါကေတ့ာ တခ်ိဳ႔စံုတြဲေလးေတြ လုပ္တတ္ၾကပါတယ္။ စိတ္ဆိုးၾက ရန္ျဖစ္ၾကၿပီ ဆိုရင္ မာနေတြ တင္းခံၿပီး အိမ္ေပၚကေန ဆင္းတမ်ိဳးပါ။ ဒါက ျပႆာနကကို ပိုၿပီးႀကီးထြားေစတဲ့ ကိစၥတစ္ရပ္ပါေနာ္။ မိဘအိမ္ကို ဆင္းတယ္ပဲ ထားဦး၊ မိဘ ေတြကလည္း ကိုယ့္အိမ္ေထာင္ဘက္အေပၚကို စိတ္ဆိုးၾကမွာပါ။

ကိုယ့္လင္မယားအခ်င္းခ်င္းက အခ်ိန္တန္ရင္ ျပန္ေျပလည္ေပမယ့္ မိဘတြကေတာ့ သားမက္အေပၚ၊ ေခၽြးမ အေပၚမွာ ေတာ္ရံုနဲ႔ စိတ္မေျပပါဘူး။ ဒီေတာ့ အိမ္ေပၚ ကေန ဆင္းတာမ်ိဳး မလုပ္ပါနဲ႔ေနာ္။

ေတာင္းပန္စရာ ရွိတာ ေတာင္းပန္ပါ

ရန္ျဖစ္ၿပီး ျပန္ခ်စ္ႏိုင္ဖို႔ ျပန္လည္အဆင္ေျပႏိုင္ဖို႔ဆိုတာ ေတာင္းပန္ရမယ့္ ကိစၥေတြ မွာ မာနေတြ ထားမေနဘဲ ေတာင္းပန္စရာရွိတာ ေတာင္းပန္လိုက္ပါ။ ေတာင္း ပန္လိုက္တာက ရန္ျဖစ္ၿပီး ျပန္ခ်စ္ႏိုင္မယ့္ အခ်က္ပဲေလေနာ္။

ရန္ျဖစ္ၿပီးရင္ ႏွစ္ေယာက္စလံုး အျပန္အလွန္ ေတာင္းပန္လုိက္ပါ။ ဒါက စံုတြဲေလးတို႔ ႏွစ္ဦးစလံုးအတြက္ ျပန္လည္ အဆင္ေျပမယ့္ နည္းလမ္းပါ။

ကဲ Marry က စံုတြဲေလးတို႔ေရ ရန္ျဖစ္တာလည္း ျဖစ္တာေပါ့ေနာ္။ အခ်ိန္ တန္ရင္ေတာ့ ျပန္ခ်စ္ဖုိ႔ လိုတာေပါ့။ ရန္ျဖစ္လုိက္ ျပန္ခ်စ္လိုက္ ျဖစ္ဖို႔ ေျပာ ထားတဲ့အခ်က္ေတြ မေမ့လိုက္နဲ႔ေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ရန်ဖြစ်တာလည်း ဖြစ်တာပေါ့နော်။ အချိန်တန်ရင်တော့ ပြန်ချစ်ဖို့ လိုတာပေါ့။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်ဖို့ ပြောထားတဲ့အချက်တွေ မမေ့လိုက်နဲ့နော်။

လင်နဲ့မယား လျှာနဲ့သွားဆိုသလို အိမ်ထောင်ရေးမှာ တစ်ခါတလေတော့ ရန်ဖြစ် တာမျိုး ရှိကြမှာပါနော်။ ရန်ဖြစ်ပေမယ့် အချိန်တန်ရင် ပြန်ချစ်ဖို့လိုပါတယ်နော်။

ရန်တွေ ဖြစ်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် အချစ်တွေတိုးမလာဘဲ လုံးဝ စကားမပြောဘဲ ရက်အကြာကြီးနေတာ၊ ပြန်ခေါ်ရင်တောင် စိတ်ထဲမှာ အနာတရ ဖြစ်ကျန်နေခဲ့တာမျိုး ဖြစ်လေ့ ရှိပါတယ်။ အဲဒါကြောင့် ရန်ဖြစ်ပေမယ့် ပြန်ချစ်နိုင်မယ့် နည်းလမ်းနဲ့သာ ရန်ဖြစ်ပါနော်။ ဒီတော့ ရန်ဖြစ်တဲ့အခါ ဘာတွေ ရှောင်ရမလဲ ပြောပြမယ်။

နာကျင်စရာတွေ မပြောပါနဲ့

လင်မယားချင်း ရန်ဖြစ်တဲ့အခါ စိတ်ဆိုး စိတ်ကောက်လို့ ဒေါသတွေနဲ့ တစ်ယောက် နဲ့ တစ်ယောက် စိတ်ဆိုးအောင် နိုင်အောင် ပြောကြပေမယ့် နာကျင်ရမယ့် ကိစ္စ တွေတော့ မပြောပါနဲ့။ နိုင်ချင်ဇောနဲ့ ရှိသမျှ အကြောင်းအရာတွေ အကုန်လုံး ငယ် ကျိုးငယ်နာတွေဖော်ပြီး ပြောတာမျိုး လုံးဝ မလုပ်မိဖို့ အရမ်းအရေးကြီးပါတယ်။

လက်ရှိပြဿနာ ဖြစ်ရတဲ့ အကြောင်းအရင်း၊ ပြဿနာဖြစ်နေတဲ့ ကိစ္စကိုပဲ ဦး တည်ပြီး ပြောပါနော်။ အဲဒီလို မဟုတ်ရင်တော့ ရန်ဖြစ်ပြီးရင်တောင် စိတ်ဆိုးရ တာတွေ စိတ်နာရတာတွေ ရှိနေပြီး ပြန်အဆင်ပြေဖို့ ရက်ကြာမှာ ဖြစ်သလို ပြန်ချစ် ဖို့လည်း ဝေးနေမှာပါ။

လက်မပါ ပါနဲ့

တချို့တွေကတော့ ရန်ဖြစ်တဲ့အခါ ဒေါသအလျောက် လက်ပါတတ်ကြပါတယ်။ ကိုယ့်အိမ်ထောင်ဘက်ကို နာကျင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပေမယ့် ဒေါသဖြစ်တော့ စိတ်တိုပြီး လက်ပါမိတတ်ပါတယ်။ ဒေါသထွက်လို့ ရပေမယ့် ရုပ် ပိုင်းဆိုင်ရာ နာကျင်အောင် ရိုက်တာမျိုး မလုပ်ပါနဲ့နော်။

အရမ်းကို စိတ်ဆိုးနေတယ်ဆိုရင် အော်ငေါက်တာမျိုးလောက်ပဲ လုပ်ပါ။ လက်တွေ ပါပြီး နာကျင်အောင် လုပ်ရင်တော့ ပြန်ချော့ဖို့ ခက်သလို စိတ်ဆိုးပြန်ပြေပေးဖို့ လည်း သိပ်ကို ကြာပါတယ်။ ကိုယ့်အိမ်ထောင်ဘက်ရဲ့ စိတ်ထဲမှာလည်း ကိုယ်က ရက်စက်တတ်တဲ့သူအဖြစ် စိတ်စွဲနေစေမှာ ဖြစ်သလို ကိုယ်ကိုယ်တိုင်လည်း စိတ် မကောင်း ဖြစ်နေမိမှာပါပဲနော်။

အိမ်ပေါ်ကနေ ဆင်းသွားတာမျိုး မလုပ်ပါနဲ့

ဒါကတေ့ာ တချို့စုံတွဲလေးတွေ လုပ်တတ်ကြပါတယ်။ စိတ်ဆိုးကြ ရန်ဖြစ်ကြပြီ ဆိုရင် မာနတွေ တင်းခံပြီး အိမ်ပေါ်ကနေ ဆင်းတမျိုးပါ။ ဒါက ပြဿာနကကို ပိုပြီးကြီးထွားစေတဲ့ ကိစ္စတစ်ရပ်ပါနော်။ မိဘအိမ်ကို ဆင်းတယ်ပဲ ထားဦး၊ မိဘ တွေကလည်း ကိုယ့်အိမ်ထောင်ဘက်အပေါ်ကို စိတ်ဆိုးကြမှာပါ။

ကိုယ့်လင်မယားအချင်းချင်းက အချိန်တန်ရင် ပြန်ပြေလည်ပေမယ့် မိဘတွကတော့ သားမက်အပေါ်၊ ချွေးမ အပေါ်မှာ တော်ရုံနဲ့ စိတ်မပြေပါဘူး။ ဒီတော့ အိမ်ပေါ် ကနေ ဆင်းတာမျိုး မလုပ်ပါနဲ့နော်။

တောင်းပန်စရာ ရှိတာ တောင်းပန်ပါ

ရန်ဖြစ်ပြီး ပြန်ချစ်နိုင်ဖို့ ပြန်လည်အဆင်ပြေနိုင်ဖို့ဆိုတာ တောင်းပန်ရမယ့် ကိစ္စတွေ မှာ မာနတွေ ထားမနေဘဲ တောင်းပန်စရာရှိတာ တောင်းပန်လိုက်ပါ။ တောင်း ပန်လိုက်တာက ရန်ဖြစ်ပြီး ပြန်ချစ်နိုင်မယ့် အချက်ပဲလေနော်။

ရန်ဖြစ်ပြီးရင် နှစ်ယောက်စလုံး အပြန်အလှန် တောင်းပန်လိုက်ပါ။ ဒါက စုံတွဲလေးတို့ နှစ်ဦးစလုံးအတွက် ပြန်လည် အဆင်ပြေမယ့် နည်းလမ်းပါ။

ကဲ Marry က စုံတွဲလေးတို့ရေ ရန်ဖြစ်တာလည်း ဖြစ်တာပေါ့နော်။ အချိန် တန်ရင်တော့ ပြန်ချစ်ဖို့ လိုတာပေါ့။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်ဖို့ ပြော ထားတဲ့အချက်တွေ မမေ့လိုက်နဲ့နော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top