iMyanmarHouse.com - Best Property Website for Myanmar
×


သားဥအိမ္ဆိုတာဘာလဲ ။ ။

သားဥအိမ္ဆိုတာ သေႏၶသားတစ္ခု ျဖစ္တည္လာဖို႕အတြက္ မရွိမျဖစ္လိုအပ္တဲ့ သားဥေတြကိုထုတ္ေပးေနတဲ့ ေနရာတစ္ခုပါ။  သားဥအိမ္ကေန ထုတ္လိုက္တဲ့ သားဥနဲ႔ သုက္ေကာင္ေလးတုိ႕ေတြ႕မွ ကိုယ္ဝန္တစ္ခုျဖစ္တည္လာရတာပါ။  ဒါတင္မကေသးပါဘူး။

ဓမၼတာ စက္ဝန္း ကိုထိန္းခ်ဳပ္တဲ့ ေဟာ္မုန္းေတြကိုလည္ း ဒီသားဥအိမ္ကေနပဲ ထုတ္တဲ့အတြက္ သားဥအိမ္ဆုိတာ အမ်ိဳးသမီးတစ္ေယာက္အတြက္ မရွိမျဖစ္တဲ့ အရာတစ္ခုပါ။ သားဥအိမ္မရွိေတာ့ရင္ ဘာေတြျဖစ္သြားမလဲ ။ ကိုယ္ဝန္ေရာ ရႏုိင္ေသးလား ။ ။

သားဥအိမ္ကို ထုတ္တယ္ဆုိတာ  ဘယ္လိုမ်ိဳးလဲ ။ ။

သားဥအိမ္ထုတ္တာကို ေဆးပညာအရ oophorectomy လို႕ေခၚပါတယ္။ သား အိမ္တစ္ဘက္တစ္ခ်က္စီမွာရွိတဲ့ သားဥအိမ္ တစ္လံုးကိုျဖစ္ေစ၊ ႏွစ္ခုလံုးကုိျဖစ္ေစ  ေမ့ေဆး၊ ( ဒါမွမဟုတ္) ထုံေဆးေပးျ႔ပီး ခြဲထုတ္တဲ့ အၾကီးစားခြဲစိတ္မႈတစ္ခုပါ။

သားဥအိမ္ထုတ္ရတဲ့ အေၾကာင္းအရင္းေတြကေတာ့ သားဥအိမ္နဲ႕ သားဥျပႊန္မွာ ျပည္တည္တာ သားဥအိမ္ကင္ဆာ Endometriosis( သားအိမ္တြင္း ဆဲလ္မ်ားေန ရာလြဲျခင္း) ကင္ဆာ မဟုတ္တဲ့ သားအိမ္မွာအလံုးတည္ျခင္း ( သားဥအိမ္ အရည္ အိတ္တည္ျခင္း) Ovarian torsion ( သားဥအိမ္ လိမ္ေနျခင္း) နဲ႕ သားအိမ္ကင္ ဆာျဖစ္ျပီး သားဥအိမ္ကိုျပန္႕သြားတဲ့အခါ သားဥအိမ္ကင္ဆာျဖစ္ႏုိင္ေခ် ျမင့္မားေန တဲ့အခါ မ်ိဳးေတြမွာ သားဥအိမ္ကိုထုတ္လိုက္ၾကေလ့ရွိပါတယ္။ ။

သားဥအိမ္ကို ထုတ္ေတာ့မယ္ဆိုပါေတာ့။ လူနာရွင္ဘက္က ဘာေတြ သိထားသင့္လဲ ။ ။

သားဥအိမ္ထုတ္တဲ့အခါမွာ သားဥအိမ္ တစ္ခုလံုး ၊ ဒါမွမဟုတ္ရင္ ႏွစ္ခုလံုးထုတ္ေလ့ရွိပါတယ္။ ကိုယ္ဝန္ရျခင္း မရျခင္းနဲ႔ ရာသီစက္ဝန္းအေပၚ သားဥအိမ္က သက္ေရာက္မႈ အမ်ားၾကီးရွိတယ္ဆုိတာ အားလံုးသိျပီးျဖစ္မွာပါ။

သားဥအိမ္ ၂ ဘက္လံုးထုတ္တဲအခါ

ကေလးမရႏုိင္ေတာ့ျခင္း – သားဥအိမ္ ႏွစ္ဘက္လံုးထုတ္လုိက္ရတဲ့ အမ်ိဳးသ မီးေတြဟာ သဘာဝအတိုင္း ကေလးမရႏုိင္ေတာ့ပါဘူး။ ကေလးလိုခ်င္ရင္ ဖန္ျပြန္သေႏၶသားနည္းလမ္းနဲ႔ ယူမွရေတာ့မွာပါ။
  
 ေသြးဆံုးလကၡဏာမ်ားခံစားရျခင္း – ရာသီစက္ဝန္းထိန္းခ်ဳပ္တဲ့ ေဟာ္မုန္းေတြ ထုတ္ေပးတဲ့ သားဥအိမ္မရွိေတာ့တဲ့အခါ ေသြးဆံုးျခင္း လကၡဏာေတြကိုခံစားရ မွာပါ။

သားဥအိမ္ ၁ ဘက္တည္းထုတ္ျခင္း

သားဥအိမ္ ၁ ဘက္တည္းထုတ္ထားရင္ေတာ့ ကေလးရႏုိင္ေသးသလို အရြယ္မ တုိင္ခင္ ေသြးဆံုးတာမ်ိဳးေတြလည္း မျဖစ္ေတာ့ပါဘူး။ ဒါေၾကာင့္ ျဖစ္ႏုိင္ရင္ သားဥ အိမ္ကို တစ္လံုးေတာ့ခ်န္ခဲ့ေစခ်င္ပါတယ္။

ကိုယ္ကလည္း အသက္ငယ္ေသးတယ္၊ အိမ္ေထာင္မက်ေသးဘူး၊ ကေလးထပ္ ယူခ်င္ေသးတယ္ ဆိုရင္ေတာ့ ျဖစ္ႏုိ္င္ရင္သားဥအိမ္ တစ္လံုးပဲ ထုတ္ျပီးေနာက္ တစ္လံုးခ်န္ခဲ့ပါ။

အသက္ကလည္းၾကီးေနျပီ၊ ကေလးထပ္ယူဖို႕လည္း ဆႏၵမရွိေတာ့ဘူးဆိုရင္ေတာ့ ေနာက္ပုိင္း ကင္ဆာရန္ကိုေၾကာက္ရတဲ့အတြက္  သားဥအိမ္ ၂ ခုလံုးထုတ္လုိက္ တာ ပိုေကာင္းပါတယ္။


သားဥအိမ္ ၂ ဘက္လံုးထုတ္လိုက္ရျပီးေနာက္ကိုယ္ဝန္ ရခ်င္ရင္ ဘယ္လိုလုပ္ရမလဲ ။ ။

သားဥအိမ္တစ္လံုး က်န္ခဲ့ရင္ ကုိယ္ဝန္ရဖုိ႕က ျဖစ္ႏုိ္င္ေပမယ့္ သားဥအိမ္ ၂ ဘက္ လံုးထုတ္လိုက္တဲ့အခါ သဘာဝအတိုင္း ကိုယ္ဝန္ရဖို႕က ဘယ္လိုမွ မျဖစ္ႏုိင္ေတာ့ ပါဘူး။ ဒါေပမယ့္ ေမွ်ာ္လင့္ခ်က္တစ္ခုရွိပါေသးတယ္။

ဒါကေတာ့ ဖန္ျပြန္သေႏၶသားနည္းပဲျဖစ္ပါတယ္။ သားဥအိမ္ ၂ ဘက္လံုး မရွိေတာ့ေပမယ့္ သားအိမ္ရွိေနေသးရင္ ဖန္ျပႊန္သေႏၶသားနည္းနဲ႕ ကိုယ္ဝန္ယူ လို႕ရပါေသးတယ္။

သားဥအိမ္ ၂ ဘက္လံုးထုတ္ထားတဲ့ အမ်ိဳးသမီးေတြခံစားရတဲ့ ေသြးဆံုးကုိင္ လကၡဏာေတြကို သက္သာေစဖုိ႕အတြက္ ေဟာ္မုန္းအစားထုိးျခင္း ကုသမႈခံယူလို႕ရပါတယ္။ ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သားဥအိမ်ဆိုတာဘာလဲ ။ ။

သားဥအိမ်ဆိုတာ သန္ဓေသားတစ်ခု ဖြစ်တည်လာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သားဥတွေကိုထုတ်ပေးနေတဲ့ နေရာတစ်ခုပါ။  သားဥအိမ်ကနေ ထုတ်လိုက်တဲ့ သားဥနဲ့ သုက်ကောင်လေးတို့တွေ့မှ ကိုယ်ဝန်တစ်ခုဖြစ်တည်လာရတာပါ။  ဒါတင်မကသေးပါဘူး။

ဓမ္မတာ စက်ဝန်း ကိုထိန်းချုပ်တဲ့ ဟော်မုန်းတွေကိုလည် း ဒီသားဥအိမ်ကနေပဲ ထုတ်တဲ့အတွက် သားဥအိမ်ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ သားဥအိမ်မရှိတော့ရင် ဘာတွေဖြစ်သွားမလဲ ။ ကိုယ်ဝန်ရော ရနိုင်သေးလား ။ ။

သားဥအိမ်ကို ထုတ်တယ်ဆိုတာ  ဘယ်လိုမျိုးလဲ ။ ။

သားဥအိမ်ထုတ်တာကို ဆေးပညာအရ oophorectomy လို့ခေါ်ပါတယ်။ သား အိမ်တစ်ဘက်တစ်ချက်စီမှာရှိတဲ့ သားဥအိမ် တစ်လုံးကိုဖြစ်စေ၊ နှစ်ခုလုံးကိုဖြစ်စေ  မေ့ဆေး၊ ( ဒါမှမဟုတ်) ထုံဆေးပေးြ့ပီး ခွဲထုတ်တဲ့ အကြီးစားခွဲစိတ်မှုတစ်ခုပါ။

သားဥအိမ်ထုတ်ရတဲ့ အကြောင်းအရင်းတွေကတော့ သားဥအိမ်နဲ့ သားဥပြွှန်မှာ ပြည်တည်တာ သားဥအိမ်ကင်ဆာ Endometriosis( သားအိမ်တွင်း ဆဲလ်များနေ ရာလွဲခြင်း) ကင်ဆာ မဟုတ်တဲ့ သားအိမ်မှာအလုံးတည်ခြင်း ( သားဥအိမ် အရည် အိတ်တည်ခြင်း) Ovarian torsion ( သားဥအိမ် လိမ်နေခြင်း) နဲ့ သားအိမ်ကင် ဆာဖြစ်ပြီး သားဥအိမ်ကိုပြန့်သွားတဲ့အခါ သားဥအိမ်ကင်ဆာဖြစ်နိုင်ချေ မြင့်မားနေ တဲ့အခါ မျိုးတွေမှာ သားဥအိမ်ကိုထုတ်လိုက်ကြလေ့ရှိပါတယ်။ ။

သားဥအိမ်ကို ထုတ်တော့မယ်ဆိုပါတော့။ လူနာရှင်ဘက်က ဘာတွေ သိထားသင့်လဲ ။ ။

သားဥအိမ်ထုတ်တဲ့အခါမှာ သားဥအိမ် တစ်ခုလုံး ၊ ဒါမှမဟုတ်ရင် နှစ်ခုလုံးထုတ်လေ့ရှိပါတယ်။ ကိုယ်ဝန်ရခြင်း မရခြင်းနဲ့ ရာသီစက်ဝန်းအပေါ် သားဥအိမ်က သက်ရောက်မှု အများကြီးရှိတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။

သားဥအိမ် ၂ ဘက်လုံးထုတ်တဲအခါ

ကလေးမရနိုင်တော့ခြင်း – သားဥအိမ် နှစ်ဘက်လုံးထုတ်လိုက်ရတဲ့ အမျိုးသ မီးတွေဟာ သဘာဝအတိုင်း ကလေးမရနိုင်တော့ပါဘူး။ ကလေးလိုချင်ရင် ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ ယူမှရတော့မှာပါ။
  
 သွေးဆုံးလက္ခဏာများခံစားရခြင်း – ရာသီစက်ဝန်းထိန်းချုပ်တဲ့ ဟော်မုန်းတွေ ထုတ်ပေးတဲ့ သားဥအိမ်မရှိတော့တဲ့အခါ သွေးဆုံးခြင်း လက္ခဏာတွေကိုခံစားရ မှာပါ။

သားဥအိမ် ၁ ဘက်တည်းထုတ်ခြင်း

သားဥအိမ် ၁ ဘက်တည်းထုတ်ထားရင်တော့ ကလေးရနိုင်သေးသလို အရွယ်မ တိုင်ခင် သွေးဆုံးတာမျိုးတွေလည်း မဖြစ်တော့ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် သားဥ အိမ်ကို တစ်လုံးတော့ချန်ခဲ့စေချင်ပါတယ်။

ကိုယ်ကလည်း အသက်ငယ်သေးတယ်၊ အိမ်ထောင်မကျသေးဘူး၊ ကလေးထပ် ယူချင်သေးတယ် ဆိုရင်တော့ ဖြစ်နိုင်ရင်သားဥအိမ် တစ်လုံးပဲ ထုတ်ပြီးနောက် တစ်လုံးချန်ခဲ့ပါ။

အသက်ကလည်းကြီးနေပြီ၊ ကလေးထပ်ယူဖို့လည်း ဆန္ဒမရှိတော့ဘူးဆိုရင်တော့ နောက်ပိုင်း ကင်ဆာရန်ကိုကြောက်ရတဲ့အတွက်  သားဥအိမ် ၂ ခုလုံးထုတ်လိုက် တာ ပိုကောင်းပါတယ်။


သားဥအိမ် ၂ ဘက်လုံးထုတ်လိုက်ရပြီးနောက်ကိုယ်ဝန် ရချင်ရင် ဘယ်လိုလုပ်ရမလဲ ။ ။

သားဥအိမ်တစ်လုံး ကျန်ခဲ့ရင် ကိုယ်ဝန်ရဖို့က ဖြစ်နိုင်ပေမယ့် သားဥအိမ် ၂ ဘက် လုံးထုတ်လိုက်တဲ့အခါ သဘာဝအတိုင်း ကိုယ်ဝန်ရဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ ပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်တစ်ခုရှိပါသေးတယ်။

ဒါကတော့ ဖန်ပြွန်သန္ဓေသားနည်းပဲဖြစ်ပါတယ်။ သားဥအိမ် ၂ ဘက်လုံး မရှိတော့ပေမယ့် သားအိမ်ရှိနေသေးရင် ဖန်ပြွှန်သန္ဓေသားနည်းနဲ့ ကိုယ်ဝန်ယူ လို့ရပါသေးတယ်။

သားဥအိမ် ၂ ဘက်လုံးထုတ်ထားတဲ့ အမျိုးသမီးတွေခံစားရတဲ့ သွေးဆုံးကိုင် လက္ခဏာတွေကို သက်သာစေဖို့အတွက် ဟော်မုန်းအစားထိုးခြင်း ကုသမှုခံယူလို့ရပါတယ်။ ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top