iMyanmarHouse.com - Best Property Website for Myanmar
×


ကြ်န္ေတာ္တုိ႔ ဝန္ခံခံ မခံခံ အားလုံးဟာ ကုိယ့္က တစ္ကယ္ခ်စ္ရတဲ့၊ ကုိယ့္ကုိလည္း အမွန္တကယ္ ခ်စ္မယ့္ ခ်စ္သူကုိ လုိခ်င္ၾကတဲ႔ သူေတြခ်ည္းပါ။ ေပ်ာ္ရႊင္တဲ႔အခ်ိန္၊ အဆုိးဆုံး ၾကံဳႀကိဳက္ေနတဲ့အခ်ိန္ ဘယ္အခ်ိန္ေတြမွာမဆုိ ကုိယ့္ေဘးနားမွာ ကုိယ္နဲ႔အတူတူ ေသတပန္ သက္တစ္ဆုံး ေနေပးႏုိင္မယ့္သူကုိ လုိခ်င္ၾကပါလိမ့္မယ္။ အဲဒီေတာ့ ေမးခြန္းက အခ်စ္စစ္ဆုိတာ တကယ္ရွိတယ္လုိ႔ ထင္ပါသလား။

လူတုိင္း၊ အခ်စ္ေရးတုိင္း ဘယ္ျပည့္စုံႏုိင္ပါ့မလဲ။ ဒါေၾကာင့္ တစ္ေယာက္မွားရင္ တစ္ေယာက္သည္းခံ။ တစ္ေယာက္ျပန္မွားေတာ႔ တစ္ေယာက္က ျပန္ခြင့္လႊတ္ေပါ့။ ဒီလုိဆုိလုိလုိ႔ အေပးအယူမွ်မွ်လုိ႔ သုံးလုိက္တာပါ။ေကာင္းၿပီ ဒါဆုိရင္ သင္ သင့္အခ်စ္ကုိ ဘယ္လုိရွာမလဲဆုိတာ ေဖာ္ျပေပးထားပါတယ္။

၁။ သင္ခ်စ္တာကလည္း မွန္ကန္ပါေစ။ (သစၥာရွိပါ)

အရင္ဆုံး သူမ်ားကုိ သြားမခ်စ္ခင္ ကုိယ္ခ်စ္တာ ေသခ်ာဖုိ႔လုိပါတယ္။ ကုိယ္ခ်စ္လုိက္တဲ့ သူကလည္း ကုိယ့္ကုိ အားနည္းစိတ္ေသာကနိမ့္ပါးေနတဲ့ အခ်ိန္ေတြမွာ ကုိယ့္ကုိ ဆက္ခ်စ္ေနႏုိင္မလားဆုိတာကုိယ္လည္း သင္ ေသခ်ာႏုိင္မလားဆုိတာ သိေအာင္လုပ္ရပါမယ္။ သင္ကေကာ သူ႕ကုိ သူက်ရႈံးေနတဲ႔ အခုိက္ေတြမွာ ကူညီေထာက္ပံ့ၿပီး ဆက္ခ်စ္ႏုိင္ပါ့မလားဆုိတာ ေသခ်ာဖုိ႔လုိအပ္ပါ။ ကုိယ္က အရာအားလုံးအတြက္ သူ႔ကုိ ခ်စ္ႏုိင္ဖုိ႔ကုိ အဆင္သင့္ ျဖစ္ေနဖုိ႔ကုိ ဆုိလုိတာပါ။

၂။ ပြင့္လင္းရုိးသားမႈရွိပါ။

အခ်စ္တစ္ခုကုိ ေတြ႕ခ်င္ၿပီဆုိမွာေတာ့ သူရွိတဲ့ ေနရာကုိ ခ်ဥ္းကပ္ရဲရေတာ႔မေပါ့။ ႀကိဳက္မရွက္ ငုိက္မရွက္ ငတ္မရွက္ ဆုိတဲ႔ စကားပုံအတုိင္းပဲ သင္ခ်စ္ေနတာကုိ သူသိေအာင္ လုပ္ကုိလုပ္ရမွာပဲေလ။ ဆုိလုိတာက ပြင့္လင္းစြာနဲ႔ ရုိးရုိးသားသား ခ်ဥ္းကပ္ပုိးပမ္းရင္ သင္ အလုပ္ျဖစ္ပါလိမ့္မယ္။ အဲဒီရုိးသားပြင့္လင္းမႈေၾကာင့္ သင့္ေပၚအေလးအနက္ထား ခ်စ္တဲ႔သူ ေပၚလာႏုိင္လုိ႔ပဲ ျဖစ္ပါတယ္။

၃။ ေပ်ာ္တတ္ေအာင္ ေနပါ။

အခ်စ္နဲ႔ေတြ႔မွေတာ့ ေျပာစရာမလုိပါဘူး။ ေပ်ာ္ၿပီေပါ့။ တကယ္ေတာ့ ဆုိလုိတာက အခ်စ္ေတြ႕ေတြ႕ မေတြ႕ေတြ႕ ေပ်ာ္ရႊင္ေနတတ္ေအာင္ သင္က်င့္ၾကံေနထုိင္ႏုိင္ေအာင္ လုပ္ပါ။ ကုိယ့္အေပၚက သူတစ္ပါးကုိ ကူးစက္တတ္ၿပီး အဲဒီ ကူးစက္သြားေစတဲ႔ ေပ်ာ္ရႊင္မႈကေလးေၾကာင့္ အခ်စ္စစ္ကုိ ေတြ႕ၿပီေလ။

၄။ သူ႔အေပၚ လက္ခံေပးဖုိ႔ လုိပါတယ္။

ခ်စ္မိၿပီဆုိမွေတာ့ လက္မခံႏုိင္ပဲေနမလားလုိ႔ေတာ့ မေမးလုိက္ပါနဲ႔။ ခ်စ္သူျဖစ္သြားတဲ့ ေနာက္ကုိေကာ လက္ခံႏုိင္ဦးမလားလုိ႔ ျပန္ေမးလုိ႔ ရလုိ႔ပါ။ ဆုိလုိတာက ကုိယ္မဟုတ္တဲ့သူကုိ ခ်စ္ၿပီဆုိမွေတာ့ ကုိယ္နဲ႔ ကုိယ္ခ်င္းအားျဖင့္ေရာ စိတ္ခ်င္းအားျဖင့္ပါ မတူႏုိင္ဘူးေလ။ အဲဒီ မတူညီမႈအေပၚ သင့္ကုိ လက္ခံႏုိင္ေအာင္ ႀကိဳးစားဖုိ႔၊ ႀကိဳတင္ျပင္ဆင္ဖုိ႔ကုိ ေျပာခ်င္တာပါ။ ဒါမွသာပဲ သင္လုိခ်င္ေနတဲ့ တကယ့္ တကယ့္ အခ်စ္စစ္ကုိ ရမွာမုိ႔လား။

လူေတြက ကုိယ္ကသာ အခ်စ္စစ္ကုိ ရခ်င္ၾကတာ ကုိယ္တုိင္က အခ်စ္စစ္ကုိ ေပးဖုိ႔ ေမ့ေနၾကတယ္ေလ။ ဒါေၾကာင့္ သင္တကယ္ အခ်စ္စစ္ကုိလုိခ်င္တယ္ဆုိရင္ အေပၚက ေျပာခဲ့တဲ့အရာေတြကုိ ႀကိဳးစားဖုိ႔ မွာခ်င္ပါတယ္။ ခက္ခက္ခဲခဲေတြ မပါတဲ့အတြက္ သင္ လုပ္ႏုိင္မယ္လုိ႔ ယုံၾကည္လ်က္။

Credit:My Style

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ကျွန်တော်တို့ ဝန်ခံခံ မခံခံ အားလုံးဟာ ကိုယ့်က တစ်ကယ်ချစ်ရတဲ့၊ ကိုယ့်ကိုလည်း အမှန်တကယ် ချစ်မယ့် ချစ်သူကို လိုချင်ကြတဲ့ သူတွေချည်းပါ။ ပျော်ရွှင်တဲ့အချိန်၊ အဆိုးဆုံး ကြုံကြိုက်နေတဲ့အချိန် ဘယ်အချိန်တွေမှာမဆို ကိုယ့်ဘေးနားမှာ ကိုယ်နဲ့အတူတူ သေတပန် သက်တစ်ဆုံး နေပေးနိုင်မယ့်သူကို လိုချင်ကြပါလိမ့်မယ်။ အဲဒီတော့ မေးခွန်းက အချစ်စစ်ဆိုတာ တကယ်ရှိတယ်လို့ ထင်ပါသလား။

လူတိုင်း၊ အချစ်ရေးတိုင်း ဘယ်ပြည့်စုံနိုင်ပါ့မလဲ။ ဒါကြောင့် တစ်ယောက်မှားရင် တစ်ယောက်သည်းခံ။ တစ်ယောက်ပြန်မှားတော့ တစ်ယောက်က ပြန်ခွင့်လွှတ်ပေါ့။ ဒီလိုဆိုလိုလို့ အပေးအယူမျှမျှလို့ သုံးလိုက်တာပါ။ကောင်းပြီ ဒါဆိုရင် သင် သင့်အချစ်ကို ဘယ်လိုရှာမလဲဆိုတာ ဖော်ပြပေးထားပါတယ်။

၁။ သင်ချစ်တာကလည်း မှန်ကန်ပါစေ။ (သစ္စာရှိပါ)

အရင်ဆုံး သူများကို သွားမချစ်ခင် ကိုယ်ချစ်တာ သေချာဖို့လိုပါတယ်။ ကိုယ်ချစ်လိုက်တဲ့ သူကလည်း ကိုယ့်ကို အားနည်းစိတ်သောကနိမ့်ပါးနေတဲ့ အချိန်တွေမှာ ကိုယ့်ကို ဆက်ချစ်နေနိုင်မလားဆိုတာကိုယ်လည်း သင် သေချာနိုင်မလားဆိုတာ သိအောင်လုပ်ရပါမယ်။ သင်ကကော သူ့ကို သူကျရှုံးနေတဲ့ အခိုက်တွေမှာ ကူညီထောက်ပံ့ပြီး ဆက်ချစ်နိုင်ပါ့မလားဆိုတာ သေချာဖို့လိုအပ်ပါ။ ကိုယ်က အရာအားလုံးအတွက် သူ့ကို ချစ်နိုင်ဖို့ကို အဆင်သင့် ဖြစ်နေဖို့ကို ဆိုလိုတာပါ။

၂။ ပွင့်လင်းရိုးသားမှုရှိပါ။

အချစ်တစ်ခုကို တွေ့ချင်ပြီဆိုမှာတော့ သူရှိတဲ့ နေရာကို ချဉ်းကပ်ရဲရတော့မပေါ့။ ကြိုက်မရှက် ငိုက်မရှက် ငတ်မရှက် ဆိုတဲ့ စကားပုံအတိုင်းပဲ သင်ချစ်နေတာကို သူသိအောင် လုပ်ကိုလုပ်ရမှာပဲလေ။ ဆိုလိုတာက ပွင့်လင်းစွာနဲ့ ရိုးရိုးသားသား ချဉ်းကပ်ပိုးပမ်းရင် သင် အလုပ်ဖြစ်ပါလိမ့်မယ်။ အဲဒီရိုးသားပွင့်လင်းမှုကြောင့် သင့်ပေါ်အလေးအနက်ထား ချစ်တဲ့သူ ပေါ်လာနိုင်လို့ပဲ ဖြစ်ပါတယ်။

၃။ ပျော်တတ်အောင် နေပါ။

အချစ်နဲ့တွေ့မှတော့ ပြောစရာမလိုပါဘူး။ ပျော်ပြီပေါ့။ တကယ်တော့ ဆိုလိုတာက အချစ်တွေ့တွေ့ မတွေ့တွေ့ ပျော်ရွှင်နေတတ်အောင် သင်ကျင့်ကြံနေထိုင်နိုင်အောင် လုပ်ပါ။ ကိုယ့်အပေါ်က သူတစ်ပါးကို ကူးစက်တတ်ပြီး အဲဒီ ကူးစက်သွားစေတဲ့ ပျော်ရွှင်မှုကလေးကြောင့် အချစ်စစ်ကို တွေ့ပြီလေ။

၄။ သူ့အပေါ် လက်ခံပေးဖို့ လိုပါတယ်။

ချစ်မိပြီဆိုမှတော့ လက်မခံနိုင်ပဲနေမလားလို့တော့ မမေးလိုက်ပါနဲ့။ ချစ်သူဖြစ်သွားတဲ့ နောက်ကိုကော လက်ခံနိုင်ဦးမလားလို့ ပြန်မေးလို့ ရလို့ပါ။ ဆိုလိုတာက ကိုယ်မဟုတ်တဲ့သူကို ချစ်ပြီဆိုမှတော့ ကိုယ်နဲ့ ကိုယ်ချင်းအားဖြင့်ရော စိတ်ချင်းအားဖြင့်ပါ မတူနိုင်ဘူးလေ။ အဲဒီ မတူညီမှုအပေါ် သင့်ကို လက်ခံနိုင်အောင် ကြိုးစားဖို့၊ ကြိုတင်ပြင်ဆင်ဖို့ကို ပြောချင်တာပါ။ ဒါမှသာပဲ သင်လိုချင်နေတဲ့ တကယ့် တကယ့် အချစ်စစ်ကို ရမှာမို့လား။

လူတွေက ကိုယ်ကသာ အချစ်စစ်ကို ရချင်ကြတာ ကိုယ်တိုင်က အချစ်စစ်ကို ပေးဖို့ မေ့နေကြတယ်လေ။ ဒါကြောင့် သင်တကယ် အချစ်စစ်ကိုလိုချင်တယ်ဆိုရင် အပေါ်က ပြောခဲ့တဲ့အရာတွေကို ကြိုးစားဖို့ မှာချင်ပါတယ်။ ခက်ခက်ခဲခဲတွေ မပါတဲ့အတွက် သင် လုပ်နိုင်မယ်လို့ ယုံကြည်လျက်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top